သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အပစ်ရပ်ရေး မကျိုးပေါက်လျှင် ငြိမ်းချမ်းရေး သဘောတူညီမှု ကန်ဆက်လုပ်မည်


ကာတာတွင် ကျင်းပခဲ့သည့် အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးမှု မြင်ကွင်း။
ကာတာတွင် ကျင်းပခဲ့သည့် အမေရိကန်-တာလီဘန် ငြိမ်းချမ်းရေး ဆွေးနွေးမှု မြင်ကွင်း။

(Zawgyi / Unicode)

အာဖဂန်-တာလီဘန်ကြား ၇ ရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ထိန်းထားနိုင်တာကြောင့် ဒီအခြေအနေတွေက နောက်ဆုံးမှာ တာလီဘန်သူပုန်တွေနဲ့ ဒီသီတင်းပတ်ထဲ ငြိမ်းချမ်းရေးစာချုပ်ကို သူကိုယ်တိုင် လက်မှတ်ထိုးဖို့ကိစ္စအထိကို ဦးတည်သွားစေလိမ့်မယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အာဖဂန်နိုင်ငံတဝှမ်း အကြမ်းဖက်မှုတွေ လျော့ကျစေမယ့် ဒီ ၇ ရက် အပစ်ရပ်စဲရေးကို စနေနေ့မှာ စတင်ခဲ့ပြီး နောက်တနေ့မှာပဲ သမ္မတ Trump ရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာပါ။

“တပတ်ကြာမယ့် ဒီအပစ်ရပ်ကာလ ဘယ်လောက်ထိ အလုပ်ဖြစ်မလဲဆိုတာ ကျနော် စောင့်ကြည့်ချင်ပါတယ်” လို့ အိန္ဒိယနိုင်ငံကို မထွက်ခွာခင် Trump က သတင်းထောက်တွေကို ပြောပါတယ်။

သီတင်းတပတ်ကြာမယ့် ယာယီအပစ်ရပ်ရေးကာလမှာ နောက်ထပ်ကျန်နေသေးတဲ့ ရက်တွေအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေက အာဖဂန်ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ သမ္မတ Trump က ပြောပါတယ်။

အကြမ်းဖက်မှုလျှော့ချရေး အစီအစဉ်အတွက် အမေရိကန်နဲ့ တာလီဘန်သူပုန် တာဝန်ရှိသူတွေ ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က သဘောတူခဲ့ကြပါတယ်။

------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG