(Zawgyi/Unicode)
Nagorno-Karabakh ေဒသ အေရးနဲ႔ပတ္သက္ၿပီး ျဖစ္ပြားေနတဲ့ တလနီးပါးၾကာ တိုက္ပြဲေတြရပ္စဲေရး အကူညီေပးႏိုင္ဖုိ႔အတြက္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ဟာ ေသာၾကာေန႔မွာ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ ၂ ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔ ဝါရွင္တန္ဒီစီ မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။
ဝန္ႀကီး Pompeo က အာေမးနီးယား ႏိုင္ငံျခားေရးဝန္ႀကီး Zohrab Mnatsakanyan နဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံျခားေရးဝန္ႀကီး Jeyhun Bayramov တို႔ကို အေမရိကန္ ႏိုင္ငံျခားေရးဌာနကို ဖိတ္ၾကားၿပီး သီးျခားစီ ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။ ဒီသီတင္းပတ္ အေစာပိုင္းတုန္းကေတာ ့ လက္ရွိတိုက္ပြဲေတြ ျဖစ္ပြါးေနတဲ့ေဒသ အေျခေနနဲ႔ ပတ္သက္ၿပီး ၂ ဖက္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ့ အျမင္ေတြ ကို သိခ်င္တယ္လို႔ ေျပာခဲ့တာပါ။
အဲဒီေဒသမွာ ႏွစ္ေပါင္း ၃၀ ေလာက္ၾကာမွ ျပန္ျဖစ္လာတဲ့ တိုက္ပြဲေတြ ရပ္စဲေအာင္ ရုရွားၾကားဝင္ ေဆာင္ရြက္ေပးတဲ့ အပစ္ခတ္ရပ္စဲေရး ၂ ႀကိမ္တိုင္တုိင္ မေအာင္မျမင္ျဖစ္ခဲ့တဲ့ ေနာက္မွာ အေမရိကန္က အခုလုိ ၂ ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးးေတြနဲ႔ ေတြ႔ဆံုဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။
တိုက္ပြဲေတြရဲ့ အေနထား လက္ရွိအေျခေနမ်ိဳး ေရာက္လာခ်ိန္မွာ သံတမန္ေရးအရ အေျဖရွာႏိုင္မယ္လို႔ သူမထင္ေၾကာင္း အာေမးနီးယားဝန္ႀကီးခ်ဳပ္ Nikol Pashinyan က ဗုဒၶဟူးေန႔မွာ ေျပာခဲ့တာပါ။
တိုက္ပြဲေတြစျဖစ္ခဲ့ခ်ိန္ကစၿပီး အဲဒီေဒသမွာ အခုခ်ိန္အထိ ေသဆံုးရသူေပါင္း ၅၀၀၀ ေလာက္ရွိႏိုင္တယ္လို႔ ရုရွားသမၼတ Vladimir Putin ကေျပာပါတယ္။ အဇာဘိုင္ဂ်န္သမၼတ Ilham Aliyev ကေတာ့ Nagorno-Karabakh ေဒသတိုက္ပြဲေတြ ရပ္စဲေစခ်င္ရင္ အဲဒီမွာရွိတဲ့ အာေမးနီးယားတပ္ေတြကို ျပန္ရုတ္သိမ္းရမွာ ျဖစ္ေၾကာင္းေျပာပါတယ္။
တူရကီကလည္း တကယ္လို႔ အဇာဘိုင္ဂ်န္က အကူညီေတာင္းလာမယ္ ဆိုရင္ သူ႔တပ္ေတြကို လႊတ္ဖို႔ေရာ စစ္ေရးအကူညီေပးဖို႔ အတြက္ပါ အခ်ိန္မဆိုင္းပဲ ခ်က္ခ်င္းေပးမယ္လို႔ ေျပာ ပါတယ္။ ဝန္ႀကီး Pompeo ကေတာ့ ဒီပဋိပကၡ ပိုႀကီးထြားလာေအာင္ တျခားႏိုင္ငံေတြက မီးထိုးေပးတာမ်ိဳး မလုပ္ဖို႔ ပန္ၾကားခဲ့ပါတယ္။
...........
Nagorno-Karabakh ပဋိပက္ခ ပြေလည်ရေး ကန်ကြားဝင်ကြိုးပမ်းမည်
(Unicode)
Nagorno-Karabakh ဒေသ အရေးနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ တလနီးပါးကြာ တိုက်ပွဲတွေရပ်စဲရေး အကူညီပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ သောကြာနေ့မှာ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဝါရှင်တန်ဒီစီ မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီး Pompeo က အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီး Zohrab Mnatsakanyan နဲ့ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး Jeyhun Bayramov တို့ကို အမေရိကန် နိုင်ငံခြားရေးဌာနကို ဖိတ်ကြားပြီး သီးခြားစီ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းတုန်းကတော့ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ဒေသ အခြေနေနဲ့ ပတ်သက်ပြီး ၂ ဖက် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အမြင်တွေ ကို သိချင်တယ်လို့ ပြောခဲ့တာပါ။
အဲဒီဒေသမှာ နှစ်ပေါင်း ၃၀ လောက်ကြာမှ ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေ ရပ်စဲအောင် ရုရှားကြားဝင် ဆောင်ရွက်ပေးတဲ့ အပစ်ခတ်ရပ်စဲရေး ၂ ကြိမ်တိုင်တိုင် မအောင်မမြင်ဖြစ်ခဲ့တဲ့ နောက်မှာ အမေရိကန်က အခုလို ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲတွေရဲ့ အနေထား လက်ရှိအခြေနေမျိုး ရောက်လာချိန်မှာ သံတမန်ရေးအရ အဖြေရှာနိုင်မယ်လို့ သူမထင်ကြောင်း အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့တာပါ။
တိုက်ပွဲတွေစဖြစ်ခဲ့ချိန်ကစပြီး အဲဒီဒေသမှာ အခုချိန်အထိ သေဆုံးရသူပေါင်း ၅၀၀၀ လောက်ရှိနိုင်တယ်လို့ ရုရှားသမ္မတ Vladimir Putin ကပြောပါတယ်။ အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev ကတော့ Nagorno-Karabakh ဒေသတိုက်ပွဲတွေ ရပ်စဲစေချင်ရင် အဲဒီမှာရှိတဲ့ အာမေးနီးယားတပ်တွေကို ပြန်ရုတ်သိမ်းရမှာ ဖြစ်ကြောင်းပြောပါတယ်။
တူရကီကလည်း တကယ်လို့ အဇာဘိုင်ဂျန်က အကူညီတောင်းလာမယ် ဆိုရင် သူ့တပ်တွေကို လွှတ်ဖို့ရော စစ်ရေးအကူညီပေးဖို့ အတွက်ပါ အချိန်မဆိုင်းပဲ ချက်ချင်းပေးမယ်လို့ ပြော ပါတယ်။ ဝန်ကြီး Pompeo ကတော့ ဒီပဋိပက္ခ ပိုကြီးထွားလာအောင် တခြားနိုင်ငံတွေက မီးထိုးပေးတာမျိုး မလုပ်ဖို့ ပန်ကြားခဲ့ပါတယ်။