သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nagorno-Karabakh အပစ္ရပ္စဲမႈ က်ဳိးေပါက္


Nagorno-Karabakh ေဒသ တုိက္ပြဲေတြအတြင္း ပ်က္စီးသြားတဲ့ ေနအိမ္အနီး သြားလာေနတဲ့ အမ်ဳိးသမီးတဦး။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ၾကား Nagorno-Karabakh ေဒသအတြက္ စေနေန႔မွာရခဲ့တဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈ ရွိေနတယ္လို႔ တဖက္နဲ႔တဖက္ အျပန္အလွန္ စြပ္စြဲေနၾကတဲ့အတြက္ ႐ုရွား ၾကားဝင္ေစ့စပ္ေပးတဲ့ ဒီအပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္ၿပီး ေမးခြန္းေတြ ထုတ္လာၾကပါတယ္။

႐ုရွားသမၼတ Vladimir Putin ရဲ႕ ပံ့ပိုးမႈနဲ႔ ေမာ္စကိုမွာ အျမန္က်င္းပတဲ့ ေဆြးေႏြးပြဲေတြေနာက္ပိုင္း ရခဲ့တဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အရ Nagorno-Karabakh ေဒသထဲက အာေမးနီးယားတပ္ေတြနဲ႔ အဇာဘိုင္ဂ်န္တပ္ေတြၾကား အက်ဥ္းသားနဲ႔ တုိက္ပြဲတြင္း ေသဆံုးရသူေတြရဲ႕ ႐ုပ္အေလာင္းေတြ အလဲအလွယ္လုပ္ဖို႔ အပစ္အခတ္ရပ္စဲရမွာ ျဖစ္ပါတယ္။

အခု တုိက္ပြဲေတြျဖစ္ေနတဲ့ Nagorno-Karabakh ေဒသဟာ အဇာဘိုင္ဂ်န္ထဲမွာ ရွိေနေပမဲ့ ေဒသခံေတြက အာေမးနီးယားမ်ိဳးႏြယ္ေတြ ျဖစ္ပါတယ္။

စက္တင္ဘာ ၂၇ ရက္က စတင္ခဲ့တဲ့ တုိက္ပြဲေတြေၾကာင့္ ရာေပါင္းမ်ားစြာ ေသဆံုးခဲ့ရတဲ့ေနာက္မွာ ႏွစ္ဖက္ေဆြးေႏြးမႈကို ေမာ္စကိုမွာ ပထမဆံုး ျပဳလုပ္ခဲ့တာပါ။ ဒါေပမယ့္ စေနေန႔ ေန႔လယ္မွာ စတင္သက္ေရာက္တဲ့ ဒီအပစ္အခတ္ရပ္စဲမႈ သေဘာတူညီခ်က္ရၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ဒီသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ေၾကာင္း ႏွစ္ဖက္ အျပန္အလွန္ စြပ္စြဲခဲ့ၾကတာ ျဖစ္ပါတယ္။

အဇာဘိုင္ဂ်န္သမၼတ Ilham Aliyev ကေတာ့ ႏွစ္ဖက္ ႏိုင္ငံေရးအရ အေျဖရွာဖို႔ ႀကိဳးစားေနၿပီျဖစ္ေၾကာင္း ႐ုရွားသတင္းဌာနတခုျဖစ္တဲ့ RBC ကို ေျပာၾကားခဲ့သလို တိုက္ခိုက္မႈေတြ ဆက္ရွိေနႏိုင္တယ္လို႔လည္း ေျပာပါတယ္။

အဇာဘိုင္ဂ်န္ ႏုိင္ငံျခားေရးဝန္ႀကီးကလည္း အေလာင္းေတြ အလဲအလွယ္လုပ္ဖို႔ ၾကက္ေျခနီအဖြဲ႔ လုပ္ေဆာင္ၿပီးခ်ိန္အထိပဲ အပစ္အခတ္ ရပ္စဲေရးရွိမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အာေမးနီးယား ႏုိင္ငံျခားေရးဝန္ႀကီးကေတာ့ အပစ္အခတ္ ရပ္စဲေရး ေအာင္ျမင္ေအာင္ ႀကိဳးစားဖို႔ သံတမန္နည္းလမ္း အားလံုးကို သံုးသြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov က သူ ၾကားဝင္ေစ့စပ္ေပးတဲ့ ေဆြးေႏြးမႈဟာ ဆယ္နာရီေက်ာ္ ၾကာျမင့္ခဲ့တာျဖစ္ၿပီး လူသားခ်င္းစာနာမႈေပၚ အေျခခံတဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ေၾကာင္း စေနမနက္ အေစာပိုင္းမွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

Nagorno-Karabakh အပစ္ရပ္စဲမႈ က်ဳိးေပါက္
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

Nagorno-Karabakh အပစ်ရပ်စဲမှု ကျိုးပေါက်

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား Nagorno-Karabakh ဒေသအတွက် စနေနေ့မှာရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်မှု ရှိနေတယ်လို့ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲနေကြတဲ့အတွက် ရုရှား ကြားဝင်စေ့စပ်ပေးတဲ့ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်လာကြပါတယ်။

ရုရှားသမ္မတ Vladimir Putin ရဲ့ ပံ့ပိုးမှုနဲ့ မော်စကိုမှာ အမြန်ကျင်းပတဲ့ ဆွေးနွေးပွဲတွေနောက်ပိုင်း ရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ Nagorno-Karabakh ဒေသထဲက အာမေးနီးယားတပ်တွေနဲ့ အဇာဘိုင်ဂျန်တပ်တွေကြား အကျဉ်းသားနဲ့ တိုက်ပွဲတွင်း သေဆုံးရသူတွေရဲ့ ရုပ်အလောင်းတွေ အလဲအလှယ်လုပ်ဖို့ အပစ်အခတ်ရပ်စဲရမှာ ဖြစ်ပါတယ်။

အခု တိုက်ပွဲတွေဖြစ်နေတဲ့ Nagorno-Karabakh ဒေသဟာ အဇာဘိုင်ဂျန်ထဲမှာ ရှိနေပေမဲ့ ဒေသခံတွေက အာမေးနီးယားမျိုးနွယ်တွေ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရာပေါင်းများစွာ သေဆုံးခဲ့ရတဲ့နောက်မှာ နှစ်ဖက်ဆွေးနွေးမှုကို မော်စကိုမှာ ပထမဆုံး ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် စနေနေ့ နေ့လယ်မှာ စတင်သက်ရောက်တဲ့ ဒီအပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ရပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဒီသဘောတူညီချက်ကို ချိုးဖောက်ကြောင်း နှစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev ကတော့ နှစ်ဖက် နိုင်ငံရေးအရ အဖြေရှာဖို့ ကြိုးစားနေပြီဖြစ်ကြောင်း ရုရှားသတင်းဌာနတခုဖြစ်တဲ့ RBC ကို ပြောကြားခဲ့သလို တိုက်ခိုက်မှုတွေ ဆက်ရှိနေနိုင်တယ်လို့လည်း ပြောပါတယ်။

အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးကလည်း အလောင်းတွေ အလဲအလှယ်လုပ်ဖို့ ကြက်ခြေနီအဖွဲ့ လုပ်ဆောင်ပြီးချိန်အထိပဲ အပစ်အခတ် ရပ်စဲရေးရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။

အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ အပစ်အခတ် ရပ်စဲရေး အောင်မြင်အောင် ကြိုးစားဖို့ သံတမန်နည်းလမ်း အားလုံးကို သုံးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က သူ ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးမှုဟာ ဆယ်နာရီကျော် ကြာမြင့်ခဲ့တာဖြစ်ပြီး လူသားချင်းစာနာမှုပေါ် အခြေခံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း စနေမနက် အစောပိုင်းမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

XS
SM
MD
LG