သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nagorno-Karabakh တုိက္ပြဲ အပစ္ရပ္ဖုိ႔ ကုလပန္ၾကား


ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet

(Zawgyi/Unicode)

Nagorno-Karabakh ေဒသနဲ႔ ပတ္သက္ၿပီး အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ၾကား သီတင္း ၂ ပတ္ နီးပါး ျဖစ္ပြါးေနတဲ့ တုိက္ပြဲေတြေၾကာင့္ အရပ္သားေသဆံုးမႈ မ်ားေနခ်ိန္မွာပဲ ဒီေဒသတြင္း အပစ္အခတ္ခ်က္ခ်င္းရပ္စဲဖုိ႔ ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet က ပန္ၾကားလိုက္ပါတယ္။

လူေနထူထပ္တဲ့ ေနရာေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနေၾကာင္း သိရတဲ့ အတြက္ အထူး စိုးရိမ္ေၾကာင္းလည္း လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။ ဒါ့အျပင္ ဒီတုိက္ပြဲေတြ အတြင္း ကေလးငယ္ေတြ အပါအဝင္ အရပ္သား ၅၀ ေက်ာ္ ေသဆံုးခဲ့ရတယ္ ဆိုတဲ့ အတည္မျပဳႏုိင္ေသးတဲ့ သတင္းေတြ ရရွိထားေၾကာင္းလည္း ေျပာပါတယ္။

စက္တင္ဘာလ ၂၇ ရက္ေန႔က စတင္ခဲ့တဲ့ တိုက္ပြဲေတြအတြင္း စစ္သား ၄၀၀ ေက်ာ္ေသဆံုးရၿပီး ေထာင္ေပါင္းမ်ားစြာ ေနအိမ္ေတြစြန္႔ခြာ ထြက္ေျပးေနရတာ ျဖစ္ပါတယ္။

ဒီတိုက္ပြဲေတြ အဆံုးသတ္ေစဖုိ႔အတြက္ ရုရွားအစိုးရက ၾကားဝင္ေဆာင္ရြက္ေပးမယ့္ ေဆြးေႏြးပြဲေတြမွာ အာေမးနီးယား နဲ႔ အဇာဘုိင္ဂ်န္ ၂ ဖက္စလံုးက ပါဝင္ဖုိ႔ သေဘာတူခဲ့ေၾကာင္း ရုရွား ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာၾကားခ်က္ ထြက္လာၿပီး နာရီပိုင္း အတြင္းမွာပဲ Michelle Bachelet ရဲ့ ပန္ၾကားခ်က္ ထြက္လာတာ ျဖစ္ပါတယ္။

ဒီေဒသတြင္း တုိက္ပြဲေတြဟာ ၾကာသပေတးေန႔မွာလည္း ဆက္လက္ျဖစ္ပြါးေနတာပါ။ တိုက္ပြဲစတင္ခ့ဲ ခ်ိန္ကစၿပီး ပထမဆံုး အႀကိမ္အျဖစ္ ေတြ႔ဆံုညွိႏႈိင္းဖုိ႔ ရုရွားသမၼတ Vladimir Putin ရဲ့ ဖိတ္ေခၚမႈကို ၂ ႏုိင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြက လက္ခံခဲ့တာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္းမွာ အေမရိကန္၊ ျပင္သစ္နဲ႔ ရုရွားတို႔က အပစ္အခတ္ ခ်က္ခ်င္း ရပ္စဲဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ၂ ႏိုင္ငံစလံုးက လ ွ်စ္လ ွ်ဴရႈခဲ့ၾကတာ ျဖစ္ပါတယ္။

Nagorno-Karabakh တုိက္ပြဲ အပစ္ရပ္ဖုိ႔ ကုလပန္ၾကား
please wait

No media source currently available

0:00 0:00:50 0:00
တိုက္႐ိုက္ လင့္ခ္


..............

Nagorno-Karabakh တိုက်ပွဲ အပစ်ရပ်ဖို့ ကုလပန်ကြား

(Unicode)

Nagorno-Karabakh ဒေသနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား သီတင်း ၂ ပတ် နီးပါး ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှု များနေချိန်မှာပဲ ဒီဒေသတွင်း အပစ်အခတ်ချက်ချင်းရပ်စဲဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပန်ကြားလိုက်ပါတယ်။

လူနေထူထပ်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရတဲ့ အတွက် အထူး စိုးရိမ်ကြောင်းလည်း လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲတွေ အတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရတယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ရရှိထားကြောင်းလည်း ပြောပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်သား ၄၀၀ ကျော်သေဆုံးရပြီး ထောင်ပေါင်းများစွာ နေအိမ်တွေစွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေ အဆုံးသတ်စေဖို့အတွက် ရုရှားအစိုးရက ကြားဝင်ဆောင်ရွက်ပေးမယ့် ဆွေးနွေးပွဲတွေမှာ အာမေးနီးယား နဲ့ အဇာဘိုင်ဂျန် ၂ ဖက်စလုံးက ပါဝင်ဖို့ သဘောတူခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားချက် ထွက်လာပြီး နာရီပိုင်း အတွင်းမှာပဲ Michelle Bachelet ရဲ့ ပန်ကြားချက် ထွက်လာတာ ဖြစ်ပါတယ်။

ဒီဒေသတွင်း တိုက်ပွဲတွေဟာ ကြာသပတေးနေ့မှာလည်း ဆက်လက်ဖြစ်ပွါးနေတာပါ။ တိုက်ပွဲစတင်ခဲ့ ချိန်ကစပြီး ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံညှိနှိုင်းဖို့ ရုရှားသမ္မတ Vladimir Putin ရဲ့ ဖိတ်ခေါ်မှုကို ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက လက်ခံခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်းမှာ အမေရိကန်၊ ပြင်သစ်နဲ့ ရုရှားတို့က အပစ်အခတ် ချက်ချင်း ရပ်စဲဖို့ တောင်းဆိုခဲ့ပေမယ့် ၂ နိုင်ငံစလုံးက လ ျှစ်လ ျှူရှုခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG