သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Nogorno-Karabakh တုိက္ပြဲ က်ယ္ျပန္႔ႏုိင္ေၾကာင္း အီရန္သတိေပး


အီရန္သမၼတ Rouhani 

(Zawgyi/Unicode)

Armenia - Azerbaijan ႏွစ္ႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနတဲ့ စစ္ပဲြ ေတြကေန အိမ္နီးခ်င္းေဒသကို ကူးစက္ၿပီး ေဒသဆိုင္ရာ စစ္ပဲြအထိ ျဖစ္လာႏိုင္တယ္လို႔ အီရန္သမၼတ Hassan Rouhani က သတိေပးလိုက္ပါတယ္။

ဒီစစ္ေရးပဋိပကၡနဲ႔ ပတ္သက္လို႔ ဗုဒၶဟူးေန႔က်င္းပတဲ့ အီရန္အစိုးရအဖဲြ႔ အစည္းအေဝးပဲြမွာ သမၼတ Rouhani က သူ႔ရဲ႕စိုးရိမ္မႈကို ေျပာဆို လို္က္တာပါ။

အီရန္ဟာ သူ႔ရဲ႕ အေနာက္ေျမာက္ဘက္မွာ Armenia – Azerbaijan ႏိုင္ငံေတြနဲ႔ နယ္နမိတ္ထိစပ္ေနသလို၊ ႏွစ္ႏိုင္ငံစလုံးနဲ႔လည္း သံတမန္ ဆက္ဆံေရး ေကာင္းမြန္ပါတယ္။

စစ္ပြဲေတြက လြင့္စင္လာတဲ့ ေမာ္တာက်ည္ဆံေတြဟာ နယ္စပ္က အီရန္ပုိင္နက္ ၿမဳိ့နဲ႔ ေက်းရ ြာေတြေပၚ က်ၿပီး အေဆာက္အဦေတြ ပ်က္စီးသလို၊ ၆ ႏွစ္အရြယ္ ကေလးတဦး ဒဏ္ရာရပါတယ္။

အဇာဘုိင္ဂ်န္ကို စစ္ကူေပးဖို႔ ဆီးရီးယားက တိုက္ခိုက္ေရးသမားေတြကို ေစလႊတ္တယ္ဆိုၿပီး တူရကီႏိုင္ငံေပၚ စြပ္စဲြမႈေတ ြရွိပါတယ္။ ဘယ္ႏိုင္ငံကပဲျဖစ္ျဖစ္ အီရန္နယ္စပ္ကို အၾကမ္းဖက္ဝါဒစဲြ တုိက္ခိုက္ေရးသမားေတြ ေစလႊတ္တာမ်ဳိးကို အီရန္က သည္းခံမွာ မဟုတ္ဘူးလို႔ သမၼတ Rouhani က ေျပာပါတယ္။ အခုလို စြပ္စဲြခ်က္အေပၚ တူရကီဘက္က ျငင္းဆိုပါတယ္။

Nagorno-Karabakh ပိုင္နက္အျငင္းပြားမႈေၾကာင့္ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ ႏွစ္ဖက္ၾကား တိုက္ပဲြျဖစ္ေနတဲ့ ၁၀ ရက္ေက်ာ္ ကာလအတြင္း အရပ္သားအပါဝင္ စစ္သားေတြ ရာခ်ီ ေသဆုံးခဲ့ရပါတယ္။

အာေမးနီးယန္း လူမ်ဳိးစု အမ်ားစုေနထိုင္ရာ Nagorno-Karabakh ေဒသဟာ အဇာဘိုင္ဂ်န္နယ္ေျမထဲမွာ ရွိၿပီး ၊ ဆိုဗီယက္ျပည္ေထာင္စု ၿပဳိကဲြၿပီးေနာက္ ၁၉၉၁ ခုႏွစ္မွာ အာေမးနီးယန္းေတြက လြတ္လပ္ေရးေၾကညာခဲ့ရာက ပဋိပကၡ ႀကီးထြားလာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

Nogorno-Karabakh တိုက်ပွဲ ကျယ်ပြန့်နိုင်ကြောင်း အီရန်သတိပေး

(Unicode)

Armenia - Azerbaijan နှစ်နိုင်ငံကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲ တွေကနေ အိမ်နီးချင်းဒေသကို ကူးစက်ပြီး ဒေသဆိုင်ရာ စစ်ပွဲအထိ ဖြစ်လာနိုင်တယ်လို့ အီရန်သမ္မတ Hassan Rouhani က သတိပေးလိုက်ပါတယ်။

ဒီစစ်ရေးပဋိပက္ခနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့ကျင်းပတဲ့ အီရန်အစိုးရအဖွဲ့ အစည်းအဝေးပွဲမှာ သမ္မတ Rouhani က သူ့ရဲ့စိုးရိမ်မှုကို ပြောဆို လိုက်တာပါ။

အီရန်ဟာ သူ့ရဲ့ အနောက်မြောက်ဘက်မှာ Armenia – Azerbaijan နိုင်ငံတွေနဲ့ နယ်နမိတ်ထိစပ်နေသလို၊ နှစ်နိုင်ငံစလုံးနဲ့လည်း သံတမန် ဆက်ဆံရေး ကောင်းမွန်ပါတယ်။

စစ်ပွဲတွေက လွင့်စင်လာတဲ့ မော်တာကျည်ဆံတွေဟာ နယ်စပ်က အီရန်ပိုင်နက် မြို့နဲ့ ကျေးရ ွာတွေပေါ် ကျပြီး အဆောက်အဦတွေ ပျက်စီးသလို၊ ၆ နှစ်အရွယ် ကလေးတဦး ဒဏ်ရာရပါတယ်။

အဇာဘိုင်ဂျန်ကို စစ်ကူပေးဖို့ ဆီးရီးယားက တိုက်ခိုက်ရေးသမားတွေကို စေလွှတ်တယ်ဆိုပြီး တူရကီနိုင်ငံပေါ် စွပ်စွဲမှုတေ ွရှိပါတယ်။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် အီရန်နယ်စပ်ကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ရေးသမားတွေ စေလွှတ်တာမျိုးကို အီရန်က သည်းခံမှာ မဟုတ်ဘူးလို့ သမ္မတ Rouhani က ပြောပါတယ်။ အခုလို စွပ်စွဲချက်အပေါ် တူရကီဘက်က ငြင်းဆိုပါတယ်။

Nagorno-Karabakh ပိုင်နက်အငြင်းပွားမှုကြောင့် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်ဖက်ကြား တိုက်ပွဲဖြစ်နေတဲ့ ၁၀ ရက်ကျော် ကာလအတွင်း အရပ်သားအပါဝင် စစ်သားတွေ ရာချီ သေဆုံးခဲ့ရပါတယ်။

အာမေးနီးယန်း လူမျိုးစု အများစုနေထိုင်ရာ Nagorno-Karabakh ဒေသဟာ အဇာဘိုင်ဂျန်နယ်မြေထဲမှာ ရှိပြီး ၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ်မှာ အာမေးနီးယန်းတွေက လွတ်လပ်ရေးကြေညာခဲ့ရာက ပဋိပက္ခ ကြီးထွားလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG