သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔ မြတ္ဆလင္ညီလာခံ မေလးရွား အိမ္ရွင္အျဖစ္ က်င္းပမည္


တူရကီသမၼတ Tayyip Erdogan နဲ႔ မေလးရွား၀န္ႀကီးခ်ဳပ္ Mahathir Mohamad ေတြ႔ဆံုေဆြးေႏြး

(Zawgyi/Unicode)

ကမၻာတ၀ွမ္း မြတ္ဆလင္ေတြ ရင္ဆိုင္ၾကံဳေတြ႔ေနရတဲ့ အက်ပ္အတည္းေတြကို ေဆြးေႏြးၾကဖို႔အတြက္ မြတ္ဆလင္ႏိုင္ငံ ၂၀ ေလာက္က ေခါင္းေဆာင္ေတြနဲ႔ အၾကီးတန္းကိုယ္စားလွယ္ေတြ ဒီကေန႔ မေလးရွားႏုိင္ငံ ကြာလာလာမ္ပူ ၿမိဳ႕ေတာ္ကို စုေ၀း ေရာက္ရွိေနၾကပါတယ္။

ေဆြးေႏြးပြဲ အေၾကာင္းအရာ အေသးစိတ္ကို မထုတ္ျပန္ေသးေပမဲ့လို႔၊ ကက္ရွ္မီးယားအေရး၊ အေရွ႕အလယ္ပိုင္းပဋိပကၡ၊ ဆီးရီးယားနဲ႔ ယီမင္ႏုိင္ငံေတြက ပဋိပကၡေတြ၊ ျမန္မာႏုိင္ငံက ႐ိုဟင္ဂ်ာမြတ္ဆလင္အေရး၊ တ႐ုတ္ႏုိင္ငံ ရွင္က်န္းျပည္နယ္က ၀ီဂါ မြတ္စလင္ေတြရဲ႕ အေရးကိစၥေတြအျပင္ ကမၻာတ၀ွမ္း အစၥလာမ္ဆန္႔က်င္မႈေတြ ႀကီးထြားလာေနတဲ့ အေျခအေနေတြကို ေဆြးေႏြးၾကႏုိင္ဖြယ္ ရွိေနတာပါ။

ဒီကေန႔ ညေနပိုင္းမွာ ညစာ ႀကိဳဆိုပြဲ အခမ္းအနားနဲ႔ စတင္ၿပီး စေန႔ေန႔အထိ က်င္းပသြားမယ့္ ေလးရက္ၾကာ ထိပ္သီးေဆြးေႏြးပြဲအတြင္း မွာေတာ့ ကမၻာ့ႏုိင္ငံ ေခါင္းေဆာင္ေတြထဲမွာ ပြင့္ပြင့္လင္းလင္း ေျပာတတ္သူေတြထဲပါတဲ့ မေလးရွား၀န္ႀကီးခ်ဳပ္ Mahathir Mohamad နဲ႔ တူရကီသမၼတ Tayyip Erdogan တို႔က ကမၻာ့မြတ္ဆလင္ေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္တဲ့ သူတို႔ရဲ႕ အျမင္ေတြကို ေျပာဆိုၾကဖို႔ရွိပါတယ္။

အီရန္သမၼတ Hassan Rouhani နဲ႔ Qatar ဘုရင္ Sheikh Tamim bin Hamid Al-Thani တို႔လည္း ဒီထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္ ၾကမွာပါ။ ဒါေပမဲ့ ဒီႏုိင္ငံေတြနဲ႔ ဆက္ဆံေရးတင္းမာမႈေတြ ရွိေနတဲ့ ေဆာ္ဒီအာေရးဗီးယားႏုိင္ငံကေတာ့ ဒီေဆြးေႏြးပြဲကို ပယ္ခ်ထားပါတယ္။

ကမၻာ့မြတ္ဆလင္ဦးေရ ၂ ဘီလီယံနီးပါးအတြက္ အေရးပါတဲ့ကိစၥရပ္ေတြကို ေဆြးေႏြးကိုင္တြယ္ဖုိ႔ဆိုရင္ ခုလိုေဆြးေႏြးပြဲလုပ္တာက မမွန္ကန္ဘူးလုိ႔ ဆိုျပီး ဒီေဆြးေႏြးပြဲကို တက္မွာမဟုတ္ေၾကာင္း ေဆာ္ဒီႏုိင္ငံက ေျပာဆိုထားတာပါ။ အလားတူ ပါကစၥတန္ႏုိင္ငံကလည္း ေဆြးေႏြးပြဲတက္ေရာက္ဖို႔ အခ်ိန္ကပ္မွ ဖ်က္လုိက္သလုိ၊ ဒါဟာ ေဆာ္ဒီနုိင္ငံရဲ႕ ဖိအားေၾကာင့္ျဖစ္တယ္ဆုိၿပီး သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကမ္ဘာ့ မွတ်ဆလင်ညီလာခံ မလေးရှား အိမ်ရှင်အဖြစ်ကျင်းပမည်

(Unicode)

ကမ္ဘာတဝှမ်း မွတ်ဆလင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးကြဖို့အတွက် မွတ်ဆလင်နိုင်ငံ ၂၀ လောက်က ခေါင်းဆောင်တွေနဲ့ အကြီးတန်းကိုယ်စားလှယ်တွေ ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့တော်ကို စုဝေး ရောက်ရှိနေကြပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာ အသေးစိတ်ကို မထုတ်ပြန်သေးပေမဲ့လို့၊ ကက်ရှ်မီးယားအရေး၊ အရှေ့အလယ်ပိုင်းပဋိပက္ခ၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ပဋိပက္ခတွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်အရေး၊ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်က ဝီဂါ မွတ်စလင်တွေရဲ့ အရေးကိစ္စတွေအပြင် ကမ္ဘာတဝှမ်း အစ္စလာမ်ဆန့်ကျင်မှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေကို ဆွေးနွေးကြနိုင်ဖွယ် ရှိနေတာပါ။

ဒီကနေ့ ညနေပိုင်းမှာ ညစာ ကြိုဆိုပွဲ အခမ်းအနားနဲ့ စတင်ပြီး စနေ့နေ့အထိ ကျင်းပသွားမယ့် လေးရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း မှာတော့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေထဲမှာ ပွင့်ပွင့်လင်းလင်း ပြောတတ်သူတွေထဲပါတဲ့ မလေးရှားဝန်ကြီးချုပ် Mahathir Mohamad နဲ့ တူရကီသမ္မတ Tayyip Erdogan တို့က ကမ္ဘာ့မွတ်ဆလင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင်တွေကို ပြောဆိုကြဖို့ရှိပါတယ်။

အီရန်သမ္မတ Hassan Rouhani နဲ့ Qatar ဘုရင် Sheikh Tamim bin Hamid Al-Thani တို့လည်း ဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက် ကြမှာပါ။ ဒါပေမဲ့ ဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာမှုတွေ ရှိနေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံကတော့ ဒီဆွေးနွေးပွဲကို ပယ်ချထားပါတယ်။

ကမ္ဘာ့မွတ်ဆလင်ဦးရေ ၂ ဘီလီယံနီးပါးအတွက် အရေးပါတဲ့ကိစ္စရပ်တွေကို ဆွေးနွေးကိုင်တွယ်ဖို့ဆိုရင် ခုလိုဆွေးနွေးပွဲလုပ်တာက မမှန်ကန်ဘူးလို့ ဆိုပြီး ဒီဆွေးနွေးပွဲကို တက်မှာမဟုတ်ကြောင်း ဆော်ဒီနိုင်ငံက ပြောဆိုထားတာပါ။ အလားတူ ပါကစ္စတန်နိုင်ငံကလည်း ဆွေးနွေးပွဲတက်ရောက်ဖို့ အချိန်ကပ်မှ ဖျက်လိုက်သလို၊ ဒါဟာ ဆော်ဒီနိုင်ငံရဲ့ ဖိအားကြောင့်ဖြစ်တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG