သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္နယ္စပ္တိုက္ပဲြ ဆက္ ျဖစ္ပြား


အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြအၾကား Nagorno-Karabakh ေဒသမွာ တိုက္ပြဲျဖစ္ပြားတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြအၾကား Nagorno-Karabakh ေဒသမွာ ဒုတိယေယာက္ေျမာက္ေန႔အျဖစ္ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားခဲ့ပါတယ္။ တိုက္ခိုက္မႈေတြကို ရပ္ဆိုင္းဖို႔ ႏိုင္ငံတကာက ေတာင္းဆိုေနတဲ့ၾကားက ဒီကေန႔ တနလၤာေန႔မွာလည္း တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။

အေျမာက္လက္နက္ေတြ အမ်ားအျပား သုံးစြဲေနတယ္လို႔ ႏွစ္ဘက္စလုံးက စြပ္စြဲထားၾကၿပီး အဇာဘိုင္ဂ်န္ ကာကြယ္ေရး ဝန္ႀကီးဌာနက အာေမးနီးယားတို႔ Terter ၿမိဳ႕ကို အေျမာက္နဲ႔ ပစ္ေနတယ္လို႔ ေျပာပါတယ္။ အဇာဘိုင္ဂ်န္တို႔ ေလေၾကာင္းနဲ႔ အေျမာက္ ထိုးစစ္ေတြ စတင္တယ္လို႔ ေျပာခဲ့ခ်ိန္ တနဂၤေႏြေန႔ကတည္းကစလို႔ တနလၤာေန႔အထိ ခြဲထြက္ေရး Nagorno-Karabakh ေဒသက တိုက္ခိုက္ေရးသမား ၃၀ ထက္မနည္း ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres

အခုလို တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားေနတာကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres က ရႈတ္ခ်လိုက္ၿပီး အသက္ေသဆုံးမႈေတြနဲ႔ အရပ္သားေတြအေပၚ ထိခိုက္ေနမႈေတြအေပၚ စိတ္မေကာင္း ျဖစ္ရေၾကာင္း ေျပာပါတယ္။ တိုက္ခိုက္မႈေတြ ခ်က္ခ်င္း ရပ္ပစ္ဖို႔၊ တင္းမာမႈ ေလွ်ာ့ခ်ဖို႔နဲ႔ ေစ့စပ္ေဆြးေႏြးပြဲေတြ မဆိုင္းမတြ ျပန္ၿပီး စတင္ဖို႔ အတြင္းေရးမႉးခ်ဳပ္ Guterres က ေတာင္းဆို ေၾကာင္းနဲ႔ မၾကာခင္ အဇာဘိုင္ဂ်န္ သမၼတနဲ႔ အာေမးနီးယား ဝန္ႀကီးခ်ဳပ္တို႔နဲ႔ ဆက္သြယ္ စကားေျပာမွာ ျဖစ္ေၾကာင္း သူ႔ ရဲ႕ ေျပာခြင့္ရက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရးအတြက္ ဥေရာပ လုံၿခဳံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရး ေကာင္စီ OSCE ရဲ႕ OSCE Minsk အဖြဲ႕ရဲ႕ အခန္းက႑ကို ေထာက္ခံေၾကာင္း ေျပာပါတယ္။

အၾကမ္းဖက္ တိုက္ခိုက္မႈေတြ ျမင့္တက္ ေနမႈအေပၚ ျပစ္တင္ ရႈတ္ခ်ေၾကာင္း၊ OSCE Minsk အဖြဲ႕နဲ႔အတူ ေစ့စပ္ေဆြးေႏြးပြဲေတြ အျမန္ဆုံး စတင္ဖို႔ တိုက္တြန္းေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Morgan Ortagus က ေၾကညာခ်က္ ထုတ္ျပန္ တိုက္တြန္းထားပါတယ္။

အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ ႏွစ္ႏိုင္ငံစလုံးက စစ္အုပ္ခ်ဳပ္ေရး အေျခအေန ေၾကညာထားၿပီး တပ္သား စုေဆာင္းမႈေတြ ျပဳလုပ္ေနတာပါ။ အာဇာဘိုင္ဂ်န္ပိုင္ Nagorno-Karabakh ေဒသဟာ အေမးနီးယားနယ္စပ္မွာရွိသလို၊ အဲဒီမွာ မူလအားျဖင့္ အာေမးနီးယားဌာေနတိုင္းရင္းသားေတြ အမ်ားစုေနထိုင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နယ်စပ်တိုက်ပွဲ ဆက် ဖြစ်ပွား

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေအကြား Nagorno-Karabakh ဒေသမှာ ဒုတိယယောက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားက ဒီကနေ့ တနင်္လာနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အမြောက်လက်နက်တွေ အများအပြား သုံးစွဲနေတယ်လို့ နှစ်ဘက်စလုံးက စွပ်စွဲထားကြပြီး အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက အာမေးနီးယားတို့ Terter မြို့ကို အမြောက်နဲ့ ပစ်နေတယ်လို့ ပြောပါတယ်။ အဇာဘိုင်ဂျန်တို့ လေကြောင်းနဲ့ အမြောက် ထိုးစစ်တွေ စတင်တယ်လို့ ပြောခဲ့ချိန် တနင်္ဂနွေနေ့ကတည်းကစလို့ တနင်္လာနေ့အထိ ခွဲထွက်ရေး Nagorno-Karabakh ဒေသက တိုက်ခိုက်ရေးသမား ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုလို တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ရှုတ်ချလိုက်ပြီး အသက်သေဆုံးမှုတွေနဲ့ အရပ်သားတွေအပေါ် ထိခိုက်နေမှုတွေအပေါ် စိတ်မကောင်း ဖြစ်ရကြောင်း ပြောပါတယ်။ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ပစ်ဖို့၊ တင်းမာမှု လျှော့ချဖို့နဲ့ စေ့စပ်ဆွေးနွေးပွဲတွေ မဆိုင်းမတွ ပြန်ပြီး စတင်ဖို့ အတွင်းရေးမှူးချုပ် Guterres က တောင်းဆို ကြောင်းနဲ့ မကြာခင် အဇာဘိုင်ဂျန် သမ္မတနဲ့ အာမေးနီးယား ဝန်ကြီးချုပ်တို့နဲ့ ဆက်သွယ် စကားပြောမှာ ဖြစ်ကြောင်း သူ့ ရဲ့ ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးရေးအတွက် ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ OSCE ရဲ့ OSCE Minsk အဖွဲ့ရဲ့ အခန်းကဏ္ဍကို ထောက်ခံကြောင်း ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ မြင့်တက် နေမှုအပေါ် ပြစ်တင် ရှုတ်ချကြောင်း၊ OSCE Minsk အဖွဲ့နဲ့အတူ စေ့စပ်ဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်ဖို့ တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံစလုံးက စစ်အုပ်ချုပ်ရေး အခြေအနေ ကြေညာထားပြီး တပ်သား စုဆောင်းမှုတွေ ပြုလုပ်နေတာပါ။ အာဇာဘိုင်ဂျန်ပိုင် Nagorno-Karabakh ဒေသဟာ အမေးနီးယားနယ်စပ်မှာရှိသလို၊ အဲဒီမှာ မူလအားဖြင့် အာမေးနီးယားဌာနေတိုင်းရင်းသားတွေ အများစုနေထိုင်ကြပါတယ်။

XS
SM
MD
LG