သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်အစိုးရရဲ့ COVID-19 ကိုင်တွယ်ပုံနှေးကွေးတဲ့အပေါ် ပညာရှင်တချို့ ဝေဖန်


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် ဗြိတိသျှ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ချက်ဟာ သိပ်ကို နှေးကွေးလွန်းနေကြောင်းနဲ့ ဒီကပ်ရောဂါကို မကျော်လွှား နိုင်ခင်မှာပဲ လူပေါင်း ၄ သောင်းလောက် အထိ သေဆုံးနိုင်ချေ ရှိနေတယ်လို့ လန်ဒန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပါမောက္ခ က ပြောကြားလိုက်ပါတယ်။

ဗြိတိန်အစိုးရ အနေနဲ့ အခုလို တုံ့ပြန်ဆောင်ရွက်မှုတွေ နှေးကွေးစေတဲ့ စနစ်ကြီးရဲ့ အမှားတွေကို ရှာဖွေဖေါ်ထုတ်ဖို့ လိုအပ်နေတယ်လို့ ပါမောက္ခ Anthony Costello က လွှတ်တော်ကော်မတီကို သောကြာနေ့မှာ ပြောကြားလိုက်တာပါ။

ဥရောပ နိုင်ငံတွေက အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ကြတဲ့နောက် သီတင်းတပတ်လောက်ကြာမှ မတ်လ ၂၃ ရက်နေ့မှာ ဗြိတိန်က lockdown လုပ်မယ်လို့ ကြေညာခဲ့တာပါ။ ဒါ့အပြင် ကြာသပတေးနေ့ကတော့ နောက်ထပ် သီတင်း ၃ ပတ် ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ဒီရောဂါ တကျော့ထပ်ဆိုးလာမယ်လို့ သူခန့်မှန်းကြောင်းနဲ့ အစိုးရ အနေနဲ့ လူထုတွင်း ရောဂါစမ်းသပ်မှုတွေ အမြန်လုပ်နိုင်အောင်နဲ့ စမ်းသပ်မှုအဖြေတွေ အမြန်ထုတ်ပေးနိုင်အောင် စနစ်တခုကို ချမှတ်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းလည်း ပါမောက္ခ Costello က လွှတ်တော် ကော်မတီကို ပြောပါတယ်။

ဒီဗိုင်းရပ်စ်ရောဂါကို ကုသဖို့ ဆေးကို Oxford တက္ကသိုလ် သုတေသန ပညာရှင်တဦးက အစောဆုံး စက်တင်ဘာလ လောက်မှာထုတ်နိုင်ဖို့ ၈၀ % သေချာ ကြောင်း ပြောတယ်လို့လည်း Costello ကပြောခဲ့ တာပါ။

ဗြိတိန်နိုင်ငံမှာ ကြာသပတေးနေ့ အထိ ဒီရောဂါနဲ့ သေဆုံးရသူက (၁၄ ၇၂၉) ၁၄၀၀၀ နီးပါး ရှိသွားပါပြီ။

တိုက်ရိုက် လင့်ခ်

................


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG