သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာေမးနီးယားနဲ႔ အဇာဘုိင္ဂ်န္အၾကား တုိက္ပြဲေတြ ျပင္းထန္ေနဆဲ


Nagorno-Karabakh ေဒသ တုိက္ပြဲအတြင္း လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတဲ့ အာေမးနီးယား စစ္သားတဦး။ (စက္တင္ဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အပစ္အခတ္ ရပ္စဲၾကပါလို႔ ႏုိင္ငံတကာက တုိက္တြန္းေနတဲ့ၾကားကပဲ နယ္ေျမအျငင္းပြားမႈ ျဖစ္ေနတဲ့ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ ႏွစ္ႏုိင္ငံၾကား Nagorno-Karabakh ေဒသတဝိုက္မွာ ႏွစ္ဖက္တပ္ေတြ ၇ ရက္ေျမာက္လာတဲ့အထိ စေနေန႔ကလည္း တိုက္ပဲြ ျပင္းထန္ခဲ့ပါတယ္။

အဲဒီေဒသရဲ႕ ၿမဳိ႕ေတာ္ Stepanakert ဟာ အဇာဘိုင္ဂ်န္တပ္ေတြ ဗုံးႀကဲတုိက္ခိုက္တဲ့ပစ္မွတ္ ျဖစ္ေနတယ္လို႔ အာေမးနီးယားဘက္က ေျပာပါတယ္။

ခဲြထြက္ေရးေဒသျဖစ္တဲ့ Nagorno-Karabakh ေဒသရဲ႕ ေခါင္းေဆာင္ေတြက ဒါဟာ သူတို႔ရဲ႕ ေနာက္ဆုံးတိုက္ပဲြျဖစ္တယ္၊ ႏိုင္ငံတကာကလည္း Nagorno-Karabakh ေဒသ လြတ္လပ္ေရးကို အသိအမွတ္ျပဳၾကပါ၊ ဒါမွ ၿငိမ္းခ်မ္းေရးရမွာ ျဖစ္တယ္လို႔ စေနေန႔က ႏုိင္ငံတကာကို ျပန္လည္တုံ႔ျပန္ ေျပာဆုိခဲ့ပါတယ္။

အခုတုိက္ပဲြေတြအတြက္ အေမရိကန္၊ ျပင္သစ္၊ ႐ုရွားတို႔က ႐ႈတ္ခ်ခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ အိမ္ရွင္အျဖစ္ လက္ခံမယ္လို႔ ႐ုရွားဘက္က ကမ္းလွမ္းပါတယ္။ ၁၉၉၀ ႏွစ္လြန္ကာလေတြကစလို႔ Nagorno-Karabakh ေဒသ ပိုင္ဆုိင္မႈ အျငင္းပြားလာခဲ့တာ ဆယ္စုႏွစ္နဲ႔ခ်ီ ရွိလာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စတင္ခဲ့တဲ့ ႏွစ္ဖက္တုိက္ပဲြအတြင္း လူရာေက်ာ္ ေသဆုံးခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ

အပစ်အခတ် ရပ်စဲကြပါလို့ နိုင်ငံတကာက တိုက်တွန်းနေတဲ့ကြားကပဲ နယ်မြေအငြင်းပွားမှု ဖြစ်နေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား Nagorno-Karabakh ဒေသတဝိုက်မှာ နှစ်ဖက်တပ်တွေ ၇ ရက်မြောက်လာတဲ့အထိ စနေနေ့ကလည်း တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

အဲဒီဒေသရဲ့ မြို့တော် Stepanakert ဟာ အဇာဘိုင်ဂျန်တပ်တွေ ဗုံးကြဲတိုက်ခိုက်တဲ့ပစ်မှတ် ဖြစ်နေတယ်လို့ အာမေးနီးယားဘက်က ပြောပါတယ်။

ခွဲထွက်ရေးဒေသဖြစ်တဲ့ Nagorno-Karabakh ဒေသရဲ့ ခေါင်းဆောင်တွေက ဒါဟာ သူတို့ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တယ်၊ နိုင်ငံတကာကလည်း Nagorno-Karabakh ဒေသ လွတ်လပ်ရေးကို အသိအမှတ်ပြုကြပါ၊ ဒါမှ ငြိမ်းချမ်းရေးရမှာ ဖြစ်တယ်လို့ စနေနေ့က နိုင်ငံတကာကို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

အခုတိုက်ပွဲတွေအတွက် အမေရိကန်၊ ပြင်သစ်၊ ရုရှားတို့က ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အိမ်ရှင်အဖြစ် လက်ခံမယ်လို့ ရုရှားဘက်က ကမ်းလှမ်းပါတယ်။ ၁၉၉၀ နှစ်လွန်ကာလတွေကစလို့ Nagorno-Karabakh ဒေသ ပိုင်ဆိုင်မှု အငြင်းပွားလာခဲ့တာ ဆယ်စုနှစ်နဲ့ချီ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လူရာကျော် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG