သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nagorno-Karabakh ေဒသတိုက္ပဲြ ေလးရက္ေျမာက္ရွိလာ


အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြအၾကား Nagorno-Karabakh ေဒသမွာ တိုက္ပြဲျဖစ္ပြားတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အေျမာက္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာကို ႐ိုက္ယူထားတဲ့ ဗီြဒီယိုေတြကို အဇာဘိုင္ဂ်န္ ကာကြယ္ေရးဌာနက ဒီကေန႔ ထုတ္ျပန္လိုက္္ပါတယ္။

အဇာဘိုင္ဂ်န္ ကာကြယ္ေရးဌာနကထုတ္ျပန္တဲ့ ေနာက္ ဗီဒီယိုတခုမွာေတာ့ Jabrayil ခ႐ိုင္မွာရွိတဲ့ စစ္ဘက္ သိုေလွာင္႐ံုတခု စက္တင္ဘာလ ၂၉ ရက္ေန႔က ဖ်က္ဆီးခံရတာကို ႐ိုက္ယူထားပါတယ္။

အဇာဘိုင္ဂ်န္နဲ႔ အာေမးနီးယား လူမ်ဳိးစုတပ္ဖြဲ႔ေတြၾကား ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီျဖစ္တဲ့ ပဋိပကၡဟာ ၁၉၉၄ ခုနွစ္မွာ အပစ္အခတ္ ရပ္ထားခဲ့ၿပီးကတည္းကဆိုရင္ အဆိုးဆံုးအေျခအေန ျပန္ေရာက္လာေနၿပီးေတာ့ ႏွစ္ဘက္ တိုက္ခုိက္ေနတာ ဒီကေန႔ ေလးရက္ေျမာက္သြားပါၿပီ။

ႏွစ္ဘက္ပိုင္းျခားထားတဲ့ နယ္စပ္မ်ဥ္းတေလ ွ်ာက္ ေနရာေပါင္းစံုကေန တိုက္ခိုက္ေနတယ္လုိ႔ အဇာဘိုင္ဂ်န္ကေရာ၊ Nagorno-Karabakh ေဒသက အာေမးနီးယန္း လူမ်ဳိးစုေတြကပါ ႏွစ္ဘက္လံုးက ေျပာေနၾကတာပါ။

တိုက္ခိုက္မႈေတြဟာ အဲဒီေဒသအျပင္ဘက္မွာပါ ျဖစ္ေနၿပီး တခ်ိန္က ဆိုဗီယက္ျပည္ေထာင္စုဝင္ ႏုိင္ငံေတြျဖစ္ၾကတဲ့ အဇာဘိုင္ဂ်န္နဲ႔ အာေမးနီးယားၾကား တကယ့္စစ္ပြဲႀကီး ျဖစ္လာမယ့္အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ တိုက္ခိုက္မႈေတြ ျပန္ျဖစ္လာကတည္းကဆိုရင္ လူ ဒါဇင္ေပါင္းမ်ားစြာ ေသဆံုးခဲ့ၿပီျဖစ္ၿပီး ရာေပါင္းမ်ားစြာ ဒဏ္ရာရထားတယ္ဆိုတဲ့ သတင္းေတြ ထြက္ထားပါတယ္။

Nagorno-Karabakh ေဒသတိုက္ပဲြ ေလးရက္ေျမာက္ရွိလာ
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Nagorno-Karabakh ဒေသတိုက်ပွဲ လေးရက်မြောက်ရှိလာ

အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ရိုက်ယူထားတဲ့ ဗွီဒီယိုတွေကို အဇာဘိုင်ဂျန် ကာကွယ်ရေးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဇာဘိုင်ဂျန် ကာကွယ်ရေးဌာနကထုတ်ပြန်တဲ့ နောက် ဗီဒီယိုတခုမှာတော့ Jabrayil ခရိုင်မှာရှိတဲ့ စစ်ဘက် သိုလှောင်ရုံတခု စက်တင်ဘာလ ၂၉ ရက်နေ့က ဖျက်ဆီးခံရတာကို ရိုက်ယူထားပါတယ်။

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား လူမျိုးစုတပ်ဖွဲ့တွေကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပဋိပက္ခဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်ထားခဲ့ပြီးကတည်းကဆိုရင် အဆိုးဆုံးအခြေအနေ ပြန်ရောက်လာနေပြီးတော့ နှစ်ဘက် တိုက်ခိုက်နေတာ ဒီကနေ့ လေးရက်မြောက်သွားပါပြီ။

နှစ်ဘက်ပိုင်းခြားထားတဲ့ နယ်စပ်မျဉ်းတလေ ျှာက် နေရာပေါင်းစုံကနေ တိုက်ခိုက်နေတယ်လို့ အဇာဘိုင်ဂျန်ကရော၊ Nagorno-Karabakh ဒေသက အာမေးနီးယန်း လူမျိုးစုတွေကပါ နှစ်ဘက်လုံးက ပြောနေကြတာပါ။

တိုက်ခိုက်မှုတွေဟာ အဲဒီဒေသအပြင်ဘက်မှာပါ ဖြစ်နေပြီး တချိန်က ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတွေဖြစ်ကြတဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားကြား တကယ့်စစ်ပွဲကြီး ဖြစ်လာမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာကတည်းကဆိုရင် လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီဖြစ်ပြီး ရာပေါင်းများစွာ ဒဏ်ရာရထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပါတယ်။

XS
SM
MD
LG