သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nagorno-Karabakh အေရး ကုလလံုျခံဳေရးေကာင္စီေဆြးေႏြးဖြယ္ရွိ


အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြအၾကား Nagorno-Karabakh ေဒသမွာ တိုက္ပြဲျဖစ္ပြားတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - AFP PHOTO / Azerbaijani Defence Ministry - စက္တင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ တပ္ဖြဲ႕ေတြအၾကား Nagorno-Karabakh ေဒသမွာ အရွိန္ျမင့္လာေနတဲ့ တုိက္ပြဲေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီက အဂၤါေန႔ေႏွာင္းပိုင္းမွာ ေဆြးေႏြးမယ္လို႔ ခန္႔မွန္းရပါတယ္။ ဥေရာပ ၅ ႏိုင္ငံျဖစ္တဲ့ ၿဗိတိန္၊ ဘယ္လ္ဂ်ီယံ၊ အက္စ္တိုးနီးယား၊ ျပင္သစ္နဲ႔ ဂ်ာမဏီႏုိင္ငံေတြက တံခါးပိတ္ ေဆြးေႏြးပြဲက်င္းပေပးဖို႔ ကုလလုံၿခဳံေရးေကာင္စီကို ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

တုိက္ပြဲေတြ ခ်က္ခ်င္းရပ္ၿပီး တင္းမာမႈေတြေလ ွ်ာ့ခ်ဖို႔၊ ႀကိဳတင္သတ္မွတ္ခ်က္ေတြ မထားဘဲ အဓိပၸါယ္ျပည့္၀တဲ့ ေတြ႔ဆုံေဆြးေႏြးပြဲေတြ အခိ်န္မဆုိင္းဘဲ ညွိႏႈိင္းေဆာင္ရြက္ၾကဖို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က အဇာဘိုင္ဂ်န္သမၼတ Ilham Aliyev နဲ႔ေရာ အာေမးနီးယား၀န္ႀကီးခ်ဳပ္ Nikol Pashinian ကိုပါ ေျပာဆိုတိုက္တြန္းခဲ့တယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ရဲ ႔ေျပာခြင့္ရသူက ဆိုပါတယ္။

အဇာဘိုင္ဂ်န္ဘက္က အေျမာက္ေတြနဲ႔ ပစ္ခတ္တို္က္ခုိက္ခဲ့တဲ့ တနဂၤေႏြေန႔ကစၿပီး ေသဆုံးသူတပ္သား ၅၈ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ Nagorno-Karabakh ေဒသတာ၀န္ရိွသူေတြကေျပာပါတယ္။ အရပ္သား ၂ ဦး ေသဆုံးခဲ့တယ္လို႔လည္း ဆိုပါတယ္။ အဇာဘုိင္ဂ်န္ဘက္က တပ္သား ဘယ္ႏွစ္ေယာက္ ေသဆုံးသလဲဆိုတ့ဲ တရား၀င္သတင္းေတြေတာ့ ထြက္မလာပါဘူး။

လက္နက္ႀကီးေတြ သုံးတယ္ဆိုၿပီး ႏွစ္ဘက္တပ္ဖြဲ႔ေတြ အျပန္အလွန္စြပ္စြဲေနၾကတာပါ။ အာေမးနီးယားနဲ႔ ရုရွားတို႔ မဟာမိတ္ဖြဲ႔ထားၿပီး အဇာဘိုင္ဂ်န္က တူရကီရဲ ႔ ေက်ာေထာက္ေနာက္ခံမႈ ရထားတဲ့အတြက္ ဒီအေရးမွာ ေဒသတြြင္းအင္အားႀကီးႏိုင္ငံေတြ ပါ၀င္လာမွာကိုလည္း စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။ ရုရွားအစိုးရေျပာခြင့္ရသူ Dmitry Peskov ကလည္း ဒီျဖစ္ရပ္ေၾကာင့္ ေမာ္စကိုနဲ႔ အျခားႏုိင္ငံေတြ စိုးရိမ္စရာျဖစ္လာေနတဲ့အတြက္ တုိက္ပြဲေတြ ခ်က္ခ်င္းရပ္ဖို႔ တနလၤာေန႔က တုိက္တြန္းခဲ့ပါတယ္။ တူရကီသမၼတ အာဒို၀မ္ကလည္း ရုရွားမဟာမိတ္ အာေမးနီးယားတပ္ဖြဲ႔ေတြ ေဒသတြင္းကေန ခ်က္ခ်င္းရုပ္မွသာ ၿငိမ္းခ်မ္းေရးရႏုိင္မယ္လု႔ိ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Nagorno-Karabakh အရေး ကုလလုံခြုံရေးကောင်စီဆွေးနွေးဖွယ်ရှိ

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေအကြား Nagorno-Karabakh ဒေသမှာ အရှိန်မြင့်လာနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အင်္ဂါနေ့နှောင်းပိုင်းမှာ ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။ ဥရောပ ၅ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေက တံခါးပိတ် ဆွေးနွေးပွဲကျင်းပပေးဖို့ ကုလလုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး တင်းမာမှုတွေလေ ျှာ့ချဖို့၊ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ အချိန်မဆိုင်းဘဲ ညှိနှိုင်းဆောင်ရွက်ကြဖို့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နဲ့ရော အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinian ကိုပါ ပြောဆိုတိုက်တွန်းခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ဆိုပါတယ်။

အဇာဘိုင်ဂျန်ဘက်က အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး သေဆုံးသူတပ်သား ၅၈ ယောက်ထက်မနည်း ရှိသွားပြီလို့ Nagorno-Karabakh ဒေသတာဝန်ရှိသူတွေကပြောပါတယ်။ အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ အဇာဘိုင်ဂျန်ဘက်က တပ်သား ဘယ်နှစ်ယောက်သေဆုံးသလဲဆိုတဲ့ တရားဝင်သတင်းတွေတော့ ထွက်မလာပါဘူး။

လက်နက်ကြီးတွေ သုံးတယ်ဆိုပြီး နှစ်ဘက်တပ်ဖွဲ့တွေ အပြန်အလှန်စွပ်စွဲနေကြတာပါ။ အာမေးနီးယားနဲ့ ရုရှားတို့ မဟာမိတ်ဖွဲ့ထားပြီး အဇာဘိုင်ဂျန်က တူရကီရဲ့ ကျောထောက်နောက်ခံမှု ရထားတဲ့အတွက် ဒီအရေးမှာ ဒေသတွင်းအင်အားကြီးနိုင်ငံတွေ ပါဝင်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov ကလည်း ဒီဖြစ်ရပ်ကြောင့် မော်စကိုနဲ့ အခြားနိုင်ငံတွေ စိုးရိမ်စရာဖြစ်လာနေတဲ့အတွက် တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တနင်္လာနေ့က တိုက်တွန်းခဲ့ပါတယ်။ တူရကီသမ္မတ အာဒိုဝမ်ကလည်း ရုရှားမဟာမိတ် အာမေးနီးယားတပ်ဖွဲ့တွေ ဒေသတွင်းကနေ ချက်ချင်းရုပ်မှသာ ငြိမ်းချမ်းရေးရနိုင်မယ်လု့ိ ပြောပါတယ်။

XS
SM
MD
LG