သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Nagorno-Karabakh ေဒသ အပစ္အခတ္ရပ္စဲေရး စတင္


Nagorno-Karabakh ေဒသ တုိက္ပြဲေတြေၾကာင့္ အဇာဘုိင္ဂ်န္ႏုိင္ငံ Ganja ၿမိဳ႕က ပ်က္စီးေနတဲ့ အေဆာက္အဦးေတြၾကားက ျဖတ္သြားတဲ့ အမ်ဳိးသမီးတဦး။ (ေအာက္တိုဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အျငင္းပြားေနတဲ့ Nagorno-Karabakh ေဒသတြင္း အပစ္အခတ္ရပ္စဲထားေရးကို စေနေန႔မြန္းလြဲပိုင္းက စတင္ဖို႔ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔ သေဘာတူခဲ့ၾကပါတယ္။ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergey Lavrov က ႏွစ္ဖက္ၾကား ၁၀ နာရီၾကာ ေဆြးေႏြးမႈေတြကို ညႇိႏိႈင္းေစ့စပ္ေပးခဲ့ၿပီးေနာက္ ဒီသေဘာတူညီခ်က္ကို စေနေန႔အေစာပိုင္းမွာ ေမာ္စကိုကေန ေၾကညာခ်က္ ထုတ္ခဲ့တာပါ။

ဒီ အပစ္ရပ္သေဘာတူညီခ်က္အရ အက်ဥ္းသားေတြ အျပန္အလွန္ လဲလွယ္ၾကဖို႔နဲ႔ ေသဆံုးတဲ့အေလာင္းေတြ ျပန္လည္ေကာက္ယူဖို႔ ေဆာင္ရြက္ၾကမွာ ျဖစ္ပါတယ္။

သီတင္းႏွစ္ပတ္ၾကာ တုိက္ပဲြေတြ ျဖစ္ခဲ့ၾကၿပီးတဲ့ေနာက္ အာေမးနီးယားနဲ႔ အဇာဘုိင္ဂ်န္ ႏုိင္ငံျခားေရးဝန္ႀကီးေတြၾကား ညႇိႏႈိင္းၾကဖို႔ ႐ုရွားသမၼတ Vladimir Putin ရဲ႕ ဖိတ္ေခၚခ်က္အရ အခုလို ေဆြးေႏြးႏုိင္ခဲ့ၾကတာပါ။

ေသာၾကာေန႔တုန္းကပဲ ကုလသမဂၢ လူ႔အခြင့္အေရး အႀကီးအကဲ Michelle Bachelet က အရပ္သားေသဆံုးမႈ အရမ္းမ်ားလွတဲ့ Nagorno-Karabakh ေဒသတြင္း “ခ်က္ခ်င္း အပစ္ရပ္” ၾကဖို႔ တိုက္တြန္းခဲ့တာပါ။

ၿပီးခဲ့တဲ့ရက္ေတြအတြင္း လူေနထူထပ္တဲ့ ေနရာေတြကို ပစ္မွတ္ထားၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြ ရွိခဲ့တာကို အထူးစိုးရိမ္ပူပန္ေၾကာင္း Bachelet ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ သူတို႔႐ုံးက လက္ခံရရွိတဲ့ သတင္းေတြအရ တိုက္ခိုက္မႈေတြ ျပင္းထန္ခဲ့တဲ့ စက္တင္ဘာ ၂၇ ရက္ကစလို႔ ကေလးေတြအပါအဝင္ ေသဆံုးခဲ့တဲ့ အရပ္သား ၅၀ ေက်ာ္ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒီစစ္ပြဲမွာ ေသဆံုးသူ စစ္သား ၄၀၀ ဝန္းက်င္ရွိၿပီး ေထာင္ေပါင္းမ်ားစြာေသာ အရပ္သားေတြ အိုးအိမ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရပါတယ္။

၁၉၉၀ ကတည္းက ျဖစ္လာတဲ့ အာေမးနီးယား-အဇာဘုိင္ဂ်န္ တုိက္ပြဲေတြ အဆံုးသတ္ေရး ၾကားဝင္ညႇိႏႈိင္းေပးဖုိ႔ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္အတြင္း အေမရိကန္၊ ျပင္သစ္နဲ႔ ႐ုရွားတို႔က ကမ္းလွမ္းခဲ့ေပမယ့္ ႏွစ္ဖက္စလံုးက လ်စ္လ်ဴ႐ႈခဲ့ၾကပါတယ္။

Nagorno-Karabakh ေဒသ အပစ္အခတ္ရပ္စဲေရး စတင္
please wait

No media source currently available

0:00 0:01:32 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

Nagorno-Karabakh ဒေသ အပစ်အခတ်ရပ်စဲရေး စတင်

အငြင်းပွားနေတဲ့ Nagorno-Karabakh ဒေသတွင်း အပစ်အခတ်ရပ်စဲထားရေးကို စနေနေ့မွန်းလွဲပိုင်းက စတင်ဖို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ သဘောတူခဲ့ကြပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က နှစ်ဖက်ကြား ၁၀ နာရီကြာ ဆွေးနွေးမှုတွေကို ညှိနှိုင်းစေ့စပ်ပေးခဲ့ပြီးနောက် ဒီသဘောတူညီချက်ကို စနေနေ့အစောပိုင်းမှာ မော်စကိုကနေ ကြေညာချက် ထုတ်ခဲ့တာပါ။

ဒီ အပစ်ရပ်သဘောတူညီချက်အရ အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ကြဖို့နဲ့ သေဆုံးတဲ့အလောင်းတွေ ပြန်လည်ကောက်ယူဖို့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

သီတင်းနှစ်ပတ်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပြီးတဲ့နောက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးတွေကြား ညှိနှိုင်းကြဖို့ ရုရှားသမ္မတ Vladimir Putin ရဲ့ ဖိတ်ခေါ်ချက်အရ အခုလို ဆွေးနွေးနိုင်ခဲ့ကြတာပါ။

သောကြာနေ့တုန်းကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Michelle Bachelet က အရပ်သားသေဆုံးမှု အရမ်းများလှတဲ့ Nagorno-Karabakh ဒေသတွင်း “ချက်ချင်း အပစ်ရပ်” ကြဖို့ တိုက်တွန်းခဲ့တာပါ။

ပြီးခဲ့တဲ့ရက်တွေအတွင်း လူနေထူထပ်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာကို အထူးစိုးရိမ်ပူပန်ကြောင်း Bachelet ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူတို့ရုံးက လက်ခံရရှိတဲ့ သတင်းတွေအရ တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်ကစလို့ ကလေးတွေအပါအဝင် သေဆုံးခဲ့တဲ့ အရပ်သား ၅၀ ကျော်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီစစ်ပွဲမှာ သေဆုံးသူ စစ်သား ၄၀၀ ဝန်းကျင်ရှိပြီး ထောင်ပေါင်းများစွာသော အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

၁၉၉၀ ကတည်းက ဖြစ်လာတဲ့ အာမေးနီးယား-အဇာဘိုင်ဂျန် တိုက်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးဖို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အမေရိကန်၊ ပြင်သစ်နဲ့ ရုရှားတို့က ကမ်းလှမ်းခဲ့ပေမယ့် နှစ်ဖက်စလုံးက လျစ်လျူရှုခဲ့ကြပါတယ်။

XS
SM
MD
LG