[Zawgyi/Unicode]
ပဋိပကၡျဖစ္ေနတဲ့ Nagorno-Karabakh ေဒသမွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္တခုရေရး ႐ုရွားႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးတာ ေအာင္ျမင္မႈမရခဲ့ပါဘူး။
အဇာဘုိင္ဂ်န္နဲ႔ အာေမးနီးယားႏုိင္ငံတို႔အၾကား ဒီေဒသပိုင္ဆိုင္မႈအတြက္ အျငင္းပြားေနတာကေန ၂၅ ႏွစ္ေက်ာ္ၾကာကာလအတြင္း အဆိုးရြားဆံုး ထိပ္တိုက္ပဋိပကၡနဲ႔ ၾကံဳေနရတာျဖစ္ၿပီးေတာ့ ျပန္ျဖစ္လာတဲ့ တိုက္ခိုက္မႈေတြအတြက္ တဘက္နဲ႔ တဘက္ အျပန္အလွန္ ျပစ္တင္ေျပာဆိုေနၾကတာပါ။
ၿပီးခဲ့တဲ့စေနေန႔က စတင္ခဲ့ရမွာျဖစ္တဲ့ အပစ္အခတ္ရပ္စဲေရး မေအာင္ျမင္ခဲ့တာေၾကာင့္ ႏွစ္ႏုိ္င္ငံၾကား ေစ့စပ္ညွိႏိႈင္းဖို႔ ဘယ္ေလာက္ေတာင္ ခက္ခဲတယ္ဆိုတာ ျပေနပါတယ္။
ဒါေၾကာင့္လည္း စက္တင္ဘာလ ၂၇ ရက္ေန႔ကစတင္ခဲ့တဲ့ တေက်ာ့ျပန္ပဋိပကၡထဲ ႐ုရွားနဲ႔ တူရကီႏုိင္ငံေတြ ပါလာၿပီး ပိုႀကီးမားတဲ့ပဋိပကၡျဖစ္လာမယ့္ အလားအလာေပၚလာသလို ကက္စ္ပီယန္ပင္လယ္ကေန စြမ္းအင္တင္ပို႔တာကိုလည္း ၿခိမ္းေျခာက္ႏိုင္ေျခ ရွိလာေနပါၿပီ။
အဇာဘုိင္ဂ်န္နဲ႔ အာေမးနီးယား ႏွစ္ႏုိင္ငံစလံုးဟာ တခ်ိန္က ဆိုဗီယက္ျပည္ေထာင္စုဝင္ ႏုိင္ငံေတြျဖစ္ခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ ႐ုရွားက အာေမးနီးယားကို အားေပးေထာက္ခံေနၿပီး အဇာဘိုင္ဂ်န္ကိုေတာ့ အိမ္နီးခ်င္း မဟာမိတ္ႏုိင္ငံျဖစ္တဲ့ တူရကီက အားေပး ေထာက္ခံေနတာပါ။
Nagorno-Karabakh ေဒသကေတာ့ အာေမးနီးယန္းအမ်ားစု ေနထိုင္တဲ့ေဒသျဖစ္ၿပီး ဆုိုဗီယက္ျပည္ေထာင္စုေခတ္က အဇာဘုိင္ဂ်န္ႏုိင္ငံတြင္းမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ တည္ရွိခဲ့တာပါ။
၁၉၈၈ ခုႏွစ္မွာ အာေမးနီးယားႏုိင္ငံနဲ႔ေပါင္းဖို႔ ႀကိဳးစားတာကေန စစ္ပြဲႀကီးျဖစ္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္ အပစ္အခတ္ရပ္စဲခ်ိန္မွာေတာ့ အာေမးနီးယားတပ္ဖြဲ႔ေတြက Nagorno-Karabakh ေဒသကိုသာမက အနီးအနားကေဒသေတြကိုပါ သိမ္းယူခဲ့ပါတယ္။
အခုေတာ့ တူရကီရဲ႕ အေထာက္အပံ့နဲ႔ စစ္အင္အားပိုႀကီးလာတဲ့ အဇာဘိုင္ဂ်န္က ဒီေဒသကို သူတို႔ပိုင္အျဖစ္ ျပန္သိမ္းယူဖို႔ အင္အားသံုးခြင့္ရွိတယ္ဆိုၿပီး လုပ္လာတာကေန တေက်ာ့ျပန္ပဋိပကၡ ျဖစ္လာတာပါ။
[Unicode Version]
Nagorno-Karabakh အပစ်ရပ်ရေး ရုရှားကြားဝင်ပေမဲ့ မအောင်မြင်
ပဋိပက္ခဖြစ်နေတဲ့ Nagorno-Karabakh ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုရရေး ရုရှားနိုင်ငံက ကြားဝင်စေ့စပ်ပေးတာ အောင်မြင်မှုမရခဲ့ပါဘူး။
အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့အကြား ဒီဒေသပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာကနေ ၂၅ နှစ်ကျော်ကြာကာလအတွင်း အဆိုးရွားဆုံး ထိပ်တိုက်ပဋိပက္ခနဲ့ ကြုံနေရတာဖြစ်ပြီးတော့ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေအတွက် တဘက်နဲ့ တဘက် အပြန်အလှန် ပြစ်တင်ပြောဆိုနေကြတာပါ။
ပြီးခဲ့တဲ့စနေနေ့က စတင်ခဲ့ရမှာဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး မအောင်မြင်ခဲ့တာကြောင့် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းဖို့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ ပြနေပါတယ်။
ဒါကြောင့်လည်း စက်တင်ဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ တကျော့ပြန်ပဋိပက္ခထဲ ရုရှားနဲ့ တူရကီနိုင်ငံတွေ ပါလာပြီး ပိုကြီးမားတဲ့ပဋိပက္ခဖြစ်လာမယ့် အလားအလာပေါ်လာသလို ကက်စ်ပီယန်ပင်လယ်ကနေ စွမ်းအင်တင်ပို့တာကိုလည်း ခြိမ်းခြောက်နိုင်ခြေ ရှိလာနေပါပြီ။
အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား နှစ်နိုင်ငံစလုံးဟာ တချိန်က ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံတွေဖြစ်ခဲ့ကြပါတယ်။ အခုချိန်မှာတော့ ရုရှားက အာမေးနီးယားကို အားပေးထောက်ခံနေပြီး အဇာဘိုင်ဂျန်ကိုတော့ အိမ်နီးချင်း မဟာမိတ်နိုင်ငံဖြစ်တဲ့ တူရကီက အားပေး ထောက်ခံနေတာပါ။
Nagorno-Karabakh ဒေသကတော့ အာမေးနီးယန်းအများစု နေထိုင်တဲ့ဒေသဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်က အဇာဘိုင်ဂျန်နိုင်ငံတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ရှိခဲ့တာပါ။
၁၉၈၈ ခုနှစ်မှာ အာမေးနီးယားနိုင်ငံနဲ့ပေါင်းဖို့ ကြိုးစားတာကနေ စစ်ပွဲကြီးဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲချိန်မှာတော့ အာမေးနီးယားတပ်ဖွဲ့တွေက Nagorno-Karabakh ဒေသကိုသာမက အနီးအနားကဒေသတွေကိုပါ သိမ်းယူခဲ့ပါတယ်။
အခုတော့ တူရကီရဲ့ အထောက်အပံ့နဲ့ စစ်အင်အားပိုကြီးလာတဲ့ အဇာဘိုင်ဂျန်က ဒီဒေသကို သူတို့ပိုင်အဖြစ် ပြန်သိမ်းယူဖို့ အင်အားသုံးခွင့်ရှိတယ်ဆိုပြီး လုပ်လာတာကနေ တကျော့ပြန်ပဋိပက္ခ ဖြစ်လာတာပါ။