သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဇာဘိုင်ဂျန် နဲ့ အာမေးနီးယား ဝန်ကြီးတွေ ကန်ဝန်ကြီး Mike Pompeo နဲ့ သီးခြားစီဆွေးနွေး


ကန်ဝန်ကြီး Mike Pompeo
ကန်ဝန်ကြီး Mike Pompeo

(Zawgyi/Unicode)

Nagorno-Karabakh ဒေသအရေးနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဝါရှင်တန်ဒီစီမှာ သီးခြားစီတွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ တပ်သားတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ၂ ဖက် တိုက်ပွဲတွေ ရပ်စဲစေဖို့ အရင်က ရုရှားဦးဆောင်တဲ့ နိုင်ငံတကာက လက်တွဲဆောင်ရွက်မှုတွေမှာ အမေရိကန်က ထရမ့် အစိုးရအဖွဲ့ပါ ပါဝင်လာတာ ဖြစ်ပါတယ်။

အဇာဘိုင်ဂျန်ပိုင်နက်ထဲမှာ ရှိနေတဲ့ Nagorno-Karabakh ဒေသမှာ နေထိုင်သူအများစုဟာ အာမေးနီးယားအစိုးရက ပံ့ပိုးပေးနေတဲ့ အာမေးနီးယား လူမျိုး တွေ ဖြစ်ပြီး သူတို့ ၂ ဖက် တိုက်ပွဲတွေ ရပ်စဲပြီး ဆွေးနွေးပွဲ စကားဝိုင်းမှာ ပြန်ညှိနှိုင်းကြဖို့ အမေရိကန်က ပန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေ ရပ်စဲစေဖို့ ၂ ဖက် ညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး ဖြေရှင်းရမှာ ဖြစ်သလို တတိယနိုင်ငံက အင်အားသုံးပါဝင်မှု မလုပ်ဖို့ ဒီသီတင်းပတ် အစောပိုင်းမှာ ဝန်ကြီး Pompeo က ပြောကြားခဲ့တာပါ။

ဒီလအစောပိုင်းမှာ ရရှိခဲ့တဲ့ ရုရှားကြားဝင်ဆောင်ရွက်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂ ခု စလုံး ပျက်ပြားခဲ့ရတာ ဖြစ်ပြီး ရုရှားအနေနဲ့ အရင်ဆိုဗီယက်ပြည်ထောင်စု လက်အောက်ခံ ၂ နိုင်ငံကြား အပစ်အခတ် ရပ်စဲအောင်လုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေရတာ ဖြစ်ပါတယ်။

အခု သောကြာနေ့ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေဟာ ဒီ ၂ နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး ရေရှည်တည်မြဲစေဖို့ နိုင်ငံတကာရဲ့ သံတမန်ရေးကြိုးပမ်းမှုတွေ ထဲမှာ အမေရိကန်ကသံတမန်ရေးအရ ပါဝင်လာတဲ့ အရေးပါတဲ့ ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

အခုလို ဆွေးနွေးပွဲ မစခင်မှာပဲ Nagorno-Karabakh ဒေသတွင်း အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တို့ကြား တိုက်ပွဲတွေကတော့ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။ ဒီဒေသအရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က လူ ၃ သောင်းလောက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့စဉ်က အမေရိကန်နဲ့ ပြင်သစ်တို့က ပံ့ပိုးပေးခဲ့ကြတဲ့ ရုရှား အများဆုံးပါဝင်ဆောင်ရွက်တဲ့ ညှိနှိုင်းမှု တွေကနေ တိုက်ပွဲတွေ ရပ်စဲသွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG