သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရး၀န္ႀကီး Pompeo သီရိလကၤာသမၼတနဲ႔ ေတြ႔ဆံု


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ သီရိလကၤာသမၼတ Gotabaya Rajapaksa တို႔ သီရိလကၤာႏိုင္ငံ ကိုလမ္ဘုိၿမိဳ႕ေတာ္မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ သီရိလကၤာသမၼတ Gotabaya Rajapaksa တို႔ သီရိလကၤာႏိုင္ငံ ကိုလမ္ဘုိၿမိဳ႕ေတာ္မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၈၊ ၂၀၂၀)
အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ သီရိလကၤာသမၼတ Gotabaya Rajapaksa တို႔ သီရိလကၤာႏိုင္ငံ ကိုလမ္ဘုိၿမိဳ႕ေတာ္မွာ ေတြ႔ဆံုတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo ဟာ သီရိလကၤာသမၼတ Gotabaya Rajapaksa နဲ႔ ကိုလမ္ဘုိၿမိဳ႕ေတာ္မွာ ဒီကေန႔ ေတြ႔ဆံုေဆြးေႏြးပါတယ္။

သီရိလကၤာႏုိင္ငံအေနနဲ႔ တ႐ုတ္ႏုိင္ငံနဲ႔ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး "ခက္ခဲေပမဲ့ လိုအပ္တဲ့ ေရြးခ်ယ္မႈေတြ" လုပ္ေဆာင္ရမယ္လုိ႔ အေမရိကန္ကေျပာခဲ့တဲ့အေပၚ ဒါဟာ သီရိလကၤာကို ဗိုလ္က်အႏုိင္က်င့္တာပဲလို႔ တရုတ္က တနလၤာေန႔မွာ ေျပာဆိုကန္႔ကြက္ခဲ့ၿပီးတဲ့ေနာက္ ဝန္ႀကီး Pompeo နဲ႔ သီရိလကၤာသမၼတတို႔ ေတြ႔ၾကတာပါ။

သီရိလကၤာၿပီးရင္ အိႏိၵယသမုဒၵရာတြင္း ေနာက္ကၽြန္းႏုိင္ငံတခုျဖစ္တဲ့ Maldives ကိုပါသြားဖို႔ရွိတဲ့ ဝန္ႀကီး Pompeo ရဲ႕ အခုခရီးစဥ္ဟာ တ႐ုတ္ အေႂကြးႏြံနစ္ေနတဲ့ ႏုိင္ငံငယ္ေတြအေပၚ တ႐ုတ္္ရဲ႕ လႊမ္းမိုးမႈကို တန္ျပန္ဖို႔ ႀကိဳးစားခ်က္တခုအျဖစ္ ျမင္ၾကပါတယ္။

ငါးရက္ၾကာ အာရွခရီးစဥ္မွာ ဝန္ႀကီး Pompeo ဟာ အိႏိၵယကို အရင္ဝင္ခဲ့ၿပီး အဲဒီေနာက္ အခု သီရိလကၤာ၊ ေနာက္ Maldives နဲ႔ ၾကာသပေတးေန႔မွာ အင္ဒိုနီးရွားကို ခရီးဆက္မွာျဖစ္ပါတယ္။

ဒီအေတာအတြင္းမွာပဲ ဝန္ႀကီး Pompeo ဟာ ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြမွာ ဗီယက္နမ္ႏုိ္င္ငံကို လာေရာက္မယ္လုိ႔ ဗီယက္နမ္အစိုးရ သတင္းဝက္ဘ္ဆိုက္တခုမွာ ဒီကေန႔ သတင္းတိုေလး ေဖာ္ျပထားပါတယ္။

ဝန္ႀကီး Pompeo ရဲ႕ နဂိုခရီးစဥ္ထဲမွာ ဗီယက္နမ္မပါသလို ဒါနဲ႔ပတ္သက္ၿပီး အေမရိကန္ ႏုိင္ငံျခားေရးဌာနကလည္း အတည္ျပဳခ်က္ မေပးေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်နိုင်ငံခြားရေးဝန်ကြီး Pompeo သီရိလင်္ကာသမ္မတနဲ့ တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ သီရိလင်္ကာသမ္မတ Gotabaya Rajapaksa နဲ့ ကိုလမ်ဘိုမြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပါတယ်။

သီရိလင်္ကာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး "ခက်ခဲပေမယ့် လိုအပ်တဲ့ ရွေးချယ်မှုတွေ" လုပ်ဆောင်ရမယ်လို့ အမေရိကန်ကပြောခဲ့တဲ့အပေါ် ဒါဟာ သီရိလင်္ကာကို ဗိုလ်ကျအနိုင်ကျင့်တာပဲလို့ တရုတ်က တနင်္လာနေ့မှာ ပြောဆိုကန့်ကွက်ခဲ့ပြီးတဲ့နောက် ဝန်ကြီး Pompeo နဲ့ သီရိလင်္ကာသမ္မတတို့ တွေ့ကြတာပါ။

သီရိလင်္ကာပြီးရင် အိန္ဒိယသမုဒ္ဒရာတွင်း နောက်ကျွန်းနိုင်ငံတခုဖြစ်တဲ့ Maldives ကိုပါသွားဖို့ရှိတဲ့ ဝန်ကြီး Pompeo ရဲ့ အခုခရီးစဉ်ဟာ တရုတ် အကြွေးနွံနစ်နေတဲ့ နိုင်ငံငယ်တွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးစားချက်တခုအဖြစ် မြင်ကြပါတယ်။

ငါးရက်ကြာ အာရှခရီးစဉ်မှာ ဝန်ကြီး Pompeo ဟာ အိန္ဒိယကို အရင်ဝင်ခဲ့ပြီး အဲဒီနောက် အခု သီရိလင်္ကာ၊ နောက် Maldives နဲ့ ကြာသပတေးနေ့မှာ အင်ဒိုနီးရှားကို ခရီးဆက်မှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဝန်ကြီး Pompeo ဟာ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဗီယက်နမ်နိုင်ငံကို လာရောက်မယ်လို့ ဗီယက်နမ်အစိုးရ သတင်းဝက်ဘ်ဆိုက်တခုမှာ ဒီကနေ့ သတင်းတိုလေး ဖော်ပြထားပါတယ်။

ဝန်ကြီး Pompeo ရဲ့ နဂိုခရီးစဉ်ထဲမှာ ဗီယက်နမ်မပါသလို ဒါနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကလည်း အတည်ပြုချက် မပေးသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG