သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-အင္ဒိုနီးရွား မဟာဗ်ဴဟာပူးေပါင္းေဆာင္ရြက္မႈ ပိုမိုခိုင္မာေရး ေဆြးေႏြး


အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ႏွင့္ အင္ဒိုနီးရွားနိုင္ငံျခားေရး ဝန္ႀကီး Retno Marsudi တို႔ ေတြ႔ဆံုေဆြးေႏြး

(Zawgyi/Unicode)

Jakarta ၿမိဳ႕ကို ေရာက္ရွိေနတဲ့ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က အင္ဒိုနီးရွားနိုင္ငံျခားေရး ဝန္ႀကီး Retno Marsudi နဲ႔ ၾကာသပေတးေန႔မွာ ေတြ႕ဆုံေဆြးႏြးၿပီးတဲ့ေနာက္ ေတာင္တ႐ုတ္ပင္လယ္ဆိုင္ရာ ပူးတြဲ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္နဲ႔ အင္ဒိုနီးရွား ၂ နိုင္ငံအၾကား စီးပြားေရးနဲ႔ ကာကြယ္ေရး ပူးေပါင္း ေဆာင္ရြက္မႈေတြ ခိုင္မာေအာင္ လုပ္ေဆာင္ ဖို႔ နည္းလမ္းသစ္ေတြ ရွာေဖြသြားမယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈအေနနဲ႔ အင္ဒိုနီးရွား ကာကြယ္ေရး ဝန္ႀကီး ဒီလထဲ အေမရိကန္နိုင္ငံကို လာေရာက္ၿပီး အေမရိကန္ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း၊ ေဆြးေႏြးပြဲမွာ ကာကြယ္ေရး စြမ္းရည္ ပိုမို ခိုင္မာဖို႔ နဲ႔ စစ္လက္နက္ ဝယ္ယူေရး၊ ေလ့က်င့္ေရး၊ ေထာက္လွမ္းေရး သတင္းေတြ ဖလွယ္ေရးနဲ႔ ေဒသတြင္း ေရေၾကာင္း လုံျခဳံေရး ပူးေပါင္း ေဆာင္ရြက္ဖို႔ ကိစၥေတြကို ေဆြးေႏြးခဲ့ေၾကာင္း ဝန္ႀကီး Pompeo က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒါ့အျပင္ တ႐ုတ္နဲ႔ အင္ဒိုနီးရွားတို႔ အျငင္းပြားေနတဲ့ Natuna ကၽြန္းအနားက ေရျပင္ အခ်ဳပ္အျခာအာဏာကို ကာကြယ္ရာမွာ အင္ဒို နီးရွားတို႔က ျပတ္ျပတ္သားသား ေဆာင္ရြက္ခဲ့မႈအေပၚမွာလည္း Pompeo က ခ်ီးက်ဴးစကား ေျပာၾကားခဲ့ပါတယ္။

အင္ဒိုနီးရွား ခရီးစဥ္ဟာ အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးရဲ့ အာရွ ၅ နိုင္ငံ ခရီးစဥ္ရဲ့ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ ဒီခရီးစဥ္က တ႐ုတ္နဲ႔ အေမရိကန္ ႏွစ္နိုင္ငံ ဆက္ဆံေရး တင္းမာေနခ်ိန္မွာ ေဒသတြင္း စီးပြားေရးနဲ႔ မဟာဗ်ဴဟာ ဆက္ဆံေရး ခိုင္မာေအာင္ လုပ္ေဆာင္ဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။

ဒီ ခရီးစဥ္ မတိုင္ခင္ Pompeo က အိႏၵိယ၊ သီရိလကၤာ နဲ႔ ေမာ္လဒိုက္နိုင္ငံေတြကို သြားေရာက္ခဲ့ပါတယ္။ အင္ဒိုနီးရွားကေန ဗီယက္နမ္နိုင္ငံကို ဆက္လက္ သြားေရာက္ဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကန်-အင်ဒိုနီးရှား မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး ဆွေးနွေး

(Unicode)

Jakarta မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွးပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ဆိုင်ရာ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှား ၂ နိုင်ငံအကြား စီးပွားရေးနဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ခိုင်မာအောင် လုပ်ဆောင် ဖို့ နည်းလမ်းသစ်တွေ ရှာဖွေသွားမယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး ဒီလထဲ အမေရိကန်နိုင်ငံကို လာရောက်ပြီး အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲမှာ ကာကွယ်ရေး စွမ်းရည် ပိုမို ခိုင်မာဖို့ နဲ့ စစ်လက်နက် ဝယ်ယူရေး၊ လေ့ကျင့်ရေး၊ ထောက်လှမ်းရေး သတင်းတွေ ဖလှယ်ရေးနဲ့ ဒေသတွင်း ရေကြောင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီး Pompeo က သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် တရုတ်နဲ့ အင်ဒိုနီးရှားတို့ အငြင်းပွားနေတဲ့ Natuna ကျွန်းအနားက ရေပြင် အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ အင်ဒို နီးရှားတို့က ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့မှုအပေါ်မှာလည်း Pompeo က ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား ခရီးစဉ်ဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒီခရီးစဉ်က တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ဒေသတွင်း စီးပွားရေးနဲ့ မဟာဗျူဟာ ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီ ခရီးစဉ် မတိုင်ခင် Pompeo က အိန္ဒိယ၊ သီရိလင်္ကာ နဲ့ မော်လဒိုက်နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားကနေ ဗီယက်နမ်နိုင်ငံကို ဆက်လက် သွားရောက်ဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG