သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အလုပ္သမားဥပေဒသစ္ကို သမၼတ လက္မွတ္မထိုးဖို႔ အင္ဒိုနီးရွား အလုပ္သမားေတြ သတိေပး


အင္ဒုိနီးရွားမွာ အလုပ္သမားဥပေဒၾကမ္းကို ကန္႔ကြက္ ဆႏၵျပေနသူမ်ား။ (ေအာက္တိုဘာ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

အင္ဒိုနီးရွားသမၼတ Joko Widodo ကသာ အလုပ္သမားေရး ဥပေဒၾကမ္းကို လက္မွတ္ထုိးၿပီး ေနာက္သီတင္းပတ္ထဲ အတည္ျပဳ ျပ႒ာန္းလိုက္မယ္ဆိုရင္ ဂ်ကာတာၿမဳိ႕ေတာ္နဲ႔ ႏိုင္ငံတလႊားမွာ ေထာင္ခ်ီတဲ့ အလုပ္သမားေတြပါတဲ့ ဆႏၵျပပြဲေတြ ေပၚလာမွာျဖစ္တယ္လို႔ အလုပ္သမားသမဂၢႀကီးေတြက စေနေန႔မွာ သတိေပးလိုက္ပါတယ္။

အလုပ္သမားေတြအေပၚ ေခါင္းပုံျဖတ္မယ့္ အဲဒီဥပေဒၾကမ္းကို သူတို႔ဆန္႔က်င္ေၾကာင္း ဒါနဲ႔ပတ္သက္လုိ႔ ေတြ႔ဆုံညႇိႏႈိင္းဖို႔ အဆင္သင့္ရွိေၾကာင္းနဲ႔ လုိအပ္ရင္ လူထုၾကား ခ်ျပ ေဆြးေႏြးသုံးသပ္ဖုိ႔လည္း အဆင္သင့္ရွိေၾကာင္း အင္ဒိုနီးရွား အလုပ္သမားသမဂၢမ်ား အဖဲြ႔ခ်ဳပ္ ေခါင္းေဆာင္ Said Iqbal က ေျပာပါတယ္။

အစိုးရဘက္ကေတာ့ ဒီစည္းမ်ည္းဥပေဒဟာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ အကန္႔အသတ္ ျဖစ္ေနတာကို ေျဖေလွ်ာ့ေပးလိုက္ျခင္းသာျဖစ္ၿပီး အလုပ္သမားေစ်းကြက္ ၿပဳိင္ဆုိင္မႈကို အားေပးရာေရာက္သလို အလုပ္အကိုင္ေတြ ပိုရလာေစမယ္လို႔ တုံ႔ျပန္ ရွင္းလင္းပါတယ္။

အလုပ္သမားသမဂၢေတြကေတာ့ ဥပေဒသစ္ဟာ အလုပ္ရွင္ကိုသာ ဦးစားေပးထားတယ္လုိ႔ သုံးသပ္ပါတယ္။

အလုပ္သမား ဥပေဒၾကမ္းကို ေအာက္တုိဘာ ၅ ရက္ေန႔က လႊတ္ေတာ္မွာ အတည္ျပဳခဲ့ၿပီးေနာက္ အင္ဒုိနီးရွားကၽြန္းစုတလႊား ႏိုင္ငံတြင္း ဆႏၵျပပဲြေတြ ေပၚေပါက္လာခဲ့ၿပီး အၾကမ္းဖက္မႈေတြ ႀကဳိးၾကားႀကဳိးၾကား ျဖစ္ခဲ့သလို ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ ဖမ္းဆီးခံခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အလုပ်သမားဥပဒေသစ်ကို သမ္မတ လက်မှတ်မထိုးဖို့ အင်ဒိုနီးရှား အလုပ်သမားတွေ သတိပေး

အင်ဒိုနီးရှားသမ္မတ Joko Widodo ကသာ အလုပ်သမားရေး ဥပဒေကြမ်းကို လက်မှတ်ထိုးပြီး နောက်သီတင်းပတ်ထဲ အတည်ပြု ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ဂျကာတာမြို့တော်နဲ့ နိုင်ငံတလွှားမှာ ထောင်ချီတဲ့ အလုပ်သမားတွေပါတဲ့ ဆန္ဒပြပွဲတွေ ပေါ်လာမှာဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂကြီးတွေက စနေနေ့မှာ သတိပေးလိုက်ပါတယ်။

အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်မယ့် အဲဒီဥပဒေကြမ်းကို သူတို့ဆန့်ကျင်ကြောင်း ဒါနဲ့ပတ်သက်လို့ တွေ့ဆုံညှိနှိုင်းဖို့ အဆင်သင့်ရှိကြောင်းနဲ့ လိုအပ်ရင် လူထုကြား ချပြ ဆွေးနွေးသုံးသပ်ဖို့လည်း အဆင်သင့်ရှိကြောင်း အင်ဒိုနီးရှား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် Said Iqbal က ပြောပါတယ်။

အစိုးရဘက်ကတော့ ဒီစည်းမျည်းဥပဒေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အကန့်အသတ် ဖြစ်နေတာကို ဖြေလျှော့ပေးလိုက်ခြင်းသာဖြစ်ပြီး အလုပ်သမားဈေးကွက် ပြိုင်ဆိုင်မှုကို အားပေးရာရောက်သလို အလုပ်အကိုင်တွေ ပိုရလာစေမယ်လို့ တုံ့ပြန် ရှင်းလင်းပါတယ်။

အလုပ်သမားသမဂ္ဂတွေကတော့ ဥပဒေသစ်ဟာ အလုပ်ရှင်ကိုသာ ဦးစားပေးထားတယ်လို့ သုံးသပ်ပါတယ်။

အလုပ်သမား ဥပဒေကြမ်းကို အောက်တိုဘာ ၅ ရက်နေ့က လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် အင်ဒိုနီးရှားကျွန်းစုတလွှား နိုင်ငံတွင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး အကြမ်းဖက်မှုတွေ ကြိုးကြားကြိုးကြား ဖြစ်ခဲ့သလို ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG