သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား အလုပ္သမားဥပေဒသစ္ လူေထာင္ခ်ီ ကန္႔ကြက္ဆႏၵျပ 


အင္ဒိုနီးရွား အလုပ္သမားဥပေဒသစ္ လူေထာင္ခ်ီ ကန္႔ကြက္ဆႏၵျပ 

(Zawgyi/Unicode)

အင္ဒိုနီးရွားႏုိင္ငံမွာ အစိုးရရဲ႕ အလုပ္သမား ဥပေဒသစ္ကို ဆန္႔က်င္ ကန္႔ကြက္ ဆႏၵျပၾကသူေတြနဲ႔ ရဲတပ္ဖြဲ႔ေတြၾကား အဂၤါေန႔က အဓိကရုဏ္းေတြ ျဖစ္ခဲ့ပါတယ္။ ဂ်ကာတာျမိဳ႕ေတာ္မွာ ကြန္ဆားေဗးတစ္ မြတ္ဆလင္ေတြ ေထာင္နဲ႔ခ်ီ အဂၤါေန႔က စုေ၀းခဲ့ၾကျပီး အစိုးရရဲ႕ ဥပေဒသစ္က အလုပ္သမားေတြရဲ႕ အခြင့္အေရးကို ထိခိုက္ေစလိမ့္မယ္လို႔ ဆိုျပီး ဒီဥပေဒကို ျပန္႐ုပ္သိမ္းေပးဖို႔ ေတာင္းဆုိ ဆႏၵျပေနၾကတာပါ။

သမၼတအိမ္ေတာ္ကိုသြားတဲ့ လမ္းေတြကို အာဏာပိုင္ေတြက ပိတ္ဆို႔ထားျပီး လံုျခံဳေရးတပ္ဖြဲ႔ေတြနဲ႔ သူတို႔ကို ေက်ာက္တံုးေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတဲ့ ဆႏၵျပသူေတြၾကားမွာ ျပီးခဲ့တဲ့သီတင္းပတ္တုန္းကလည္း ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ခဲ့တာပါ။ ကမၻာေပၚမွာ မြတ္ဆလင္ အမ်ားဆံုးေနထိုင္တဲ့ အင္ဒိုနီးရွားႏုိင္ငံတ၀ွမ္း ခုလို ဆႏၵျပပြဲေတြ ပ်ံ႕ႏွံ႔ ျဖစ္ပြားေနတာ ျဖစ္ျပီး ျမိဳ႕ၾကီးတခ်ိဳ႕မွာေတာ့ အၾကမ္းဖက္တာေတြ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က လႊတ္ေတာ္မွာအတည္ျပဳခဲ့တဲ့ အလုပ္အကိုင္ဖန္တီးေရး ဥေပဒအရ ႏုိင္ငံရဲ႕ အလုပ္သမားေရးရာ စနစ္နဲ႔ သဘာ၀အရင္းအျမစ္ စီမံခန္႔ခြဲမႈေတြမွာ အေျပာင္းအလဲေတြ ၾကီးၾကီးမားမား ျဖစ္လာႏိုင္ဖြယ္ ရွိေနတာ ျဖစ္ပါတယ္။

ဥပေဒေဟာင္းကို ျပန္လည္ ျပင္ဆင္ေရးဆြဲ အတည္ျပဳခဲ့တာျဖစ္ၿပီး အစိုးရရဲ႕ စီမံခန္႔ခြဲမႈ ယႏၱရား ပိုမို ထိေရာက္ေကာင္းမြန္ေအာင္လုပ္ျပီး ႏုိင္ငံတြင္း ရင္းႏွီးျမွဳပ္ႏွံမႈေတြ ပိုမို ဆြဲေဆာင္ႏုိင္ဖို႔အတြက္ သမၼတ Joko Widodo ရဲ႕ ၾကိဳးပမ္းမႈတစိတ္ တပိုင္းလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အေျပာင္းအလဲ မလိုလားတဲ့ ကြန္ဆားေဗးတစ္ေတြကေတာ့ ဒီဥပေဒသစ္ဟာ အလုပ္သမားေတြရဲ႕ ၀င္ေငြ ေလ်ာ့ေစျပီး ထိခိုက္မႈေတြ ျဖစ္လာႏုိင္တယ္လို႔ ဆိုျပီး ဆန္႔က်င္ကန္႔ကြက္ေနၾကတာျဖစ္ပါတယ္။

.............

အင်ဒိုနီးရှား အလုပ်သမားဥပဒေသစ် လူထောင်ချီ ကန့်ကွက်ဆန္ဒပြ

(Unicode)

အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ အလုပ်သမား ဥပဒေသစ်ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြား အင်္ဂါနေ့က အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ ဂျကာတာမြို့တော်မှာ ကွန်ဆားဗေးတစ် မွတ်ဆလင်တွေ ထောင်နဲ့ချီ အင်္ဂါနေ့က စုဝေးခဲ့ကြပြီး အစိုးရရဲ့ ဥပဒေသစ်က အလုပ်သမားတွေရဲ့ အခွင့်အရေးကို ထိခိုက်စေလိမ့်မယ်လို့ ဆိုပြီး ဒီဥပဒေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာပါ။

သမ္မတအိမ်တော်ကိုသွားတဲ့ လမ်းတွေကို အာဏာပိုင်တွေက ပိတ်ဆို့ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သူတို့ကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကြားမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံတဝှမ်း ခုလို ဆန္ဒပြပွဲတွေ ပျံ့နှံ့ ဖြစ်ပွားနေတာ ဖြစ်ပြီး မြို့ကြီးတချို့မှာတော့ အကြမ်းဖက်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်မှာအတည်ပြုခဲ့တဲ့ အလုပ်အကိုင်ဖန်တီးရေး ဥပေဒအရ နိုင်ငံရဲ့ အလုပ်သမားရေးရာ စနစ်နဲ့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုတွေမှာ အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်လာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဥပဒေဟောင်းကို ပြန်လည် ပြင်ဆင်ရေးဆွဲ အတည်ပြုခဲ့တာဖြစ်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှု ယန္တရား ပိုမို ထိရောက်ကောင်းမွန်အောင်လုပ်ပြီး နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဆွဲဆောင်နိုင်ဖို့အတွက် သမ္မတ Joko Widodo ရဲ့ ကြိုးပမ်းမှုတစိတ် တပိုင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲ မလိုလားတဲ့ ကွန်ဆားဗေးတစ်တွေကတော့ ဒီဥပဒေသစ်ဟာ အလုပ်သမားတွေရဲ့ ဝင်ငွေ လျော့စေပြီး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပြီး ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG