(Zawgyi / Unicode)
ႏုိင္ငံအေတာ္မ်ားမ်ားမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ခြင့္ျပဳခ်က္ ရလာတာနဲ႔အတူ COVID-19 ကူးစက္မႈႏႈန္းမ်ားတဲ့ ႏိုင္ငံေတြမွာ ကာကြယ္ေဆး အေစာတလ်င္ထိုးေပးဖို႔ လိုအပ္လာေနပါတယ္။
ေတာင္ကိုရီးယားမွာ တရက္ကူးစက္မႈႏႈန္း ၁,၀၀၀ ေက်ာ္ေနတာ ၂ ရက္ဆက္တိုက္ရွိေနၿပီ ျဖစ္တယ္လို႔ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာနက ဒီကေန႔ ေျပာပါတယ္။
အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္မွာလည္း ၿပီးခဲ့တဲ့အပတ္က တရက္တည္းမွာတင္ ကူးစက္သူ ၂၅,၀၀၀ ေက်ာ္ရွိတာပါ။ အခုထိ အေမရိကန္မွာ COVID-19 ကူးစက္သူေပါင္း ၁၆ သန္းရွိၿပီး ၃ သိန္းနီးပါး ေသဆုံးခဲ့ၿပီးလည္း ျဖစ္ပါတယ္။
ဥေရာပႏိုင္ငံေတြထဲ အီတလီမွာလည္း ကူးစက္မႈႏႈန္း မ်ားေနတာပါ။ ႏိုဝင္ဘာလ အေစာပိုင္းကေန အခုထိ အီတလီမွာ ကုိဗစ္ေၾကာင့္ ေသဆုံးသူ ၂၅,၀၀၀ ေက်ာ္ရွိပါတယ္။
Johns Hopkins တကၠသိုလ္ စာရင္းေတြအရ တကမာၻလုံး ကူးစက္သူ ၇၁ သန္းေက်ာ္နဲ႔ ေသဆုံးသူက ၁.၆ သန္း ရွိပါတယ္။
လူတိုင္း ေရာဂါစစ္ေဆးမႈ မလုပ္ၾကတာနဲ႔ တခ်ိဳ႕က ေရာဂါကူးစက္ထားေပမယ့္ လကၡဏာမျပတာေၾကာင့္ ကူးစက္တဲ့သူ အေရအတြက္ ဒီ့ထက္ပိုႏိုင္တယ္လို႔ ျပည္သူ႔က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။
အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာနက အေမရိကန္ Pfizer နဲ႔ ဂ်ာမနီ BioNTech ေဆးကုမၸဏီတို႔ ပူးတြဲထုတ္တဲ့ ကာကြယ္ေဆးကို အေရးေပၚ အသုံးျပဳခြင့္ ေပးလိုက္ၿပီမို႔ တနလၤာေန႔မွာ ကာကြယ္ေဆးထိုးဖို႔ အစီအစဥ္ေတြကို စတင္ေတာ့မွာ ျဖစ္ပါတယ္။
မကၠဆီကိုကလည္း ေသာၾကာေန႔က Pfizer BioNTech ကာကြယ္ေဆး အေရးေပၚ အသုံးျပဳခြင့္ ေပးလိုက္တဲ့အတြက္ ၿဗိတိန္၊ ဘာရိန္း၊ ကေနဒါနဲ႔ ေဆာ္ဒီအာေရဗ် အပါအဝင္ ဒီေဆးကို အသုံးျပဳခြင့္ေပးတဲ့ႏိုင္ငံ ၆ ႏိုင္ငံရွိၿပီ ျဖစ္ပါတယ္။
------------------------
(Unicode)
ကိုဗစ်ကာကွယ်ဆေး အတည်ပြုမှု ရလာချိန် နိုင်ငံတချို့ ကူးစက်မှုတိုးနေ
နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ခွင့်ပြုချက် ရလာတာနဲ့အတူ COVID-19 ကူးစက်မှုနှုန်းများတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေး အစောတလျင်ထိုးပေးဖို့ လိုအပ်လာနေပါတယ်။
တောင်ကိုရီးယားမှာ တရက်ကူးစက်မှုနှုန်း ၁,၀၀၀ ကျော်နေတာ ၂ ရက်ဆက်တိုက်ရှိနေပြီ ဖြစ်တယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့အပတ်က တရက်တည်းမှာတင် ကူးစက်သူ ၂၅,၀၀၀ ကျော်ရှိတာပါ။ အခုထိ အမေရိကန်မှာ COVID-19 ကူးစက်သူပေါင်း ၁၆ သန်းရှိပြီး ၃ သိန်းနီးပါး သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေထဲ အီတလီမှာလည်း ကူးစက်မှုနှုန်း များနေတာပါ။ နိုဝင်ဘာလ အစောပိုင်းကနေ အခုထိ အီတလီမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၅,၀၀၀ ကျော်ရှိပါတယ်။
Johns Hopkins တက္ကသိုလ် စာရင်းတွေအရ တကမ္ဘာလုံး ကူးစက်သူ ၇၁ သန်းကျော်နဲ့ သေဆုံးသူက ၁.၆ သန်း ရှိပါတယ်။
လူတိုင်း ရောဂါစစ်ဆေးမှု မလုပ်ကြတာနဲ့ တချို့က ရောဂါကူးစက်ထားပေမယ့် လက္ခဏာမပြတာကြောင့် ကူးစက်တဲ့သူ အရေအတွက် ဒီ့ထက်ပိုနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အမေရိကန် Pfizer နဲ့ ဂျာမနီ BioNTech ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်တဲ့ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပြီမို့ တနင်္လာနေ့မှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကို စတင်တော့မှာ ဖြစ်ပါတယ်။
မက္ကဆီကိုကလည်း သောကြာနေ့က Pfizer BioNTech ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့် ပေးလိုက်တဲ့အတွက် ဗြိတိန်၊ ဘာရိန်း၊ ကနေဒါနဲ့ ဆော်ဒီအာရေဗျ အပါအဝင် ဒီဆေးကို အသုံးပြုခွင့်ပေးတဲ့နိုင်ငံ ၆ နိုင်ငံရှိပြီ ဖြစ်ပါတယ်။