သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီးယူအဖြဲ႔၀င္ ၂၇ ႏုိင္ငံစလုံး ကုိဗစ္ကာကြယ္ေဆး တၿပိဳင္ထဲရမည္ (ဂ်ာမနီ၀န္ႀကီးခ်ဳပ္)


ဂ်ာမနီ၀န္ႀကီးခ်ဳပ္ Angela Merkel

(Zawgyi/Unicode)

COVID -19 ကာကြယ္ေဆးကို အီးယူ ဥေရာပသမဂၢအဖြဲ႔ဝင္ ၂၇ ႏိုင္ငံစလံုး တၿပိဳင္နက္ထဲမွာပဲ ရရွိမွာ ျဖစ္ေၾကာင္း အီးယူ အလွည့္က် ဥကၠဌ ဂ်ာမဏီႏိုင္ငံရဲ့ ဝန္ႀကီးခ်ဳပ္ Angela Merkel က Brussels ထိပ္သီးအစည္းေဝးအၿပီး ေသာၾကာေန႔က ေျပာပါတယ္။

ကာကြယ္ေဆးကို ျဖန္႔ေဝေပးပို႔ရာမွာ ညွိႏႈိင္းေဆာင္ရြက္မႈဟာ သိပ္ကို အေရးႀကီးတယ္ ဆိုတာကို ေျပာခဲ့သလို ဒီလို လုပ္မွ အဖြဲ႔ဝင္ ႏိုင္ငံတုိင္းကို ကာကြယ္ေဆးက တၿပိဳင္နက္ထဲမွာ ေရာက္ရွိမွာ ျဖစ္ေၾကာင္း ေျပာသြားတာပါ။ အဖြဲ႔ဝင္ ႏုိင္ငံေပါင္းက ၂၇ ႏိုင္ငံံ အတြက္ တခ်ိန္ထဲေရာက္ဖို႔ မေသခ်ာေပမယ့္ ညွိႏႈိင္းေဆာင္ရြက္ေန က်အတိုင္း လုပ္ေဆာင္မွာ ျဖစ္ၿပီး အဖြဲ႔ဝင္ႏိုင္ငံအားလံုး တေျပးညီရရွိေစမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

COVID -19 ကပ္ေရာဂါေၾကာင့္ ယိုယြင္းေနတဲ့ စီးပြားေရး ျပန္နလံထူလာ ေစဖို႔ ေငြေၾကးရန္ပံုေငြ ယူရိုေငြ ၁.၈ ထရီလီယံကိုလည္း ဒီထိပ္သီးအစည္းေဝးကေန ၾကာသပေတးေန႔က အီးယူေခါင္းေဆာင္ေတြ ခ်ေပးႏိုင္ခဲ့ပါတယ္။

COVID -19 ကာကြယ္ေဆး ကိစၥ အျပင္ တူရကီ၊ လစ္ဗ်ားနဲ Nagorno-Karabakh ႔ေဒသ အေရးအပါအဝင္ အေၾကာင္းအရာမ်ိဳးစံုကို က်ယ္က်ယ္ျပန္႔ျပန္႔ အေျခအတင္ ေဆြးေႏြးခဲ့ၾကတဲ့ အီးယူေခါင္းေဆာင္ေတြရဲ့ ထိပ္သီးအစည္းအေဝးဟာ ညလံုးေပါက္ ျဖစ္သြားခဲ့တာပါ။ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ ကာကြယ္ေရး အတြက္ အီးယူေခါင္းေဆာင္ေတြၾကား သေဘာတူညီမႈ ရဖို႔ သိပ္ကို အေရးပါေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ Merkel က အစည္းေဝးမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံစလုံး ကိုဗစ်ကာကွယ်ဆေး တပြိုင်ထဲရမည် (ဂျာမနီဝန်ကြီးချုပ်)

(Unicode)

COVID -19 ကာကွယ်ဆေးကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံး တပြိုင်နက်ထဲမှာပဲ ရရှိမှာ ဖြစ်ကြောင်း အီးယူ အလှည့်ကျ ဥက္ကဌ ဂျာမဏီနိုင်ငံရဲ့ ဝန်ကြီးချုပ် Angela Merkel က Brussels ထိပ်သီးအစည်းဝေးအပြီး သောကြာနေ့က ပြောပါတယ်။

ကာကွယ်ဆေးကို ဖြန့်ဝေပေးပို့ရာမှာ ညှိနှိုင်းဆောင်ရွက်မှုဟာ သိပ်ကို အရေးကြီးတယ် ဆိုတာကို ပြောခဲ့သလို ဒီလို လုပ်မှ အဖွဲ့ဝင် နိုင်ငံတိုင်းကို ကာကွယ်ဆေးက တပြိုင်နက်ထဲမှာ ရောက်ရှိမှာ ဖြစ်ကြောင်း ပြောသွားတာပါ။ အဖွဲ့ဝင် နိုင်ငံပေါင်းက ၂၇ နိုင်ငံံ အတွက် တချိန်ထဲရောက်ဖို့ မသေချာပေမယ့် ညှိနှိုင်းဆောင်ရွက်နေ ကျအတိုင်း လုပ်ဆောင်မှာ ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး တပြေးညီရရှိစေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

COVID -19 ကပ်ရောဂါကြောင့် ယိုယွင်းနေတဲ့ စီးပွားရေး ပြန်နလံထူလာ စေဖို့ ငွေကြေးရန်ပုံငွေ ယူရိုငွေ ၁.၈ ထရီလီယံကိုလည်း ဒီထိပ်သီးအစည်းဝေးကနေ ကြာသပတေးနေ့က အီးယူခေါင်းဆောင်တွေ ချပေးနိုင်ခဲ့ပါတယ်။

COVID -19 ကာကွယ်ဆေး ကိစ္စ အပြင် တူရကီ၊ လစ်ဗျားနဲ Nagorno-Karabakh့ဒေသ အရေးအပါအဝင် အကြောင်းအရာမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် အခြေအတင် ဆွေးနွေးခဲ့ကြတဲ့ အီးယူခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးဟာ ညလုံးပေါက် ဖြစ်သွားခဲ့တာပါ။ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ကာကွယ်ရေး အတွက် အီးယူခေါင်းဆောင်တွေကြား သဘောတူညီမှု ရဖို့ သိပ်ကို အရေးပါကြောင်းလည်း ဝန်ကြီးချုပ် Merkel က အစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG