(Zawgyi/Unicode)
COVID- 19 ကပ္ေရာဂါဒဏ္ခံခဲ့ရတဲ့ေနာက္ပိုင္းမွာ အဆင္မေျပမႈေတြနဲ႔ ျပည့္ေနတဲ့ ကမာၻႀကီးအတြက္ အသစ္တဖန္ေျပာင္းလဲမႈေတြ စတင္ၾကဖို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔မွာ ပန္ၾကားလိုက္ပါတယ္။
ဒီဇင္ဘာလ ၁၁ ရက္ ေနာ္ေဝႏိုင္ငံ Oslo က ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ေပးပြဲ အခမ္းအနားရဲ့ အစိတ္အပိုင္းတခု အျဖစ္ ဒီကပ္ေရာဂါရဲ့ ရိုက္ခတ္မႈနဲ႔ ေရရွည္အက်ိဳးဆက္ေတြအေၾကာင္း အြန္လိုင္းဖိုရမ္ ေဆြးေႏြးပြဲမွာ အတြင္းေရးမႈးခ်ဳပ္က အခုလို ေျပာၾကားလိုက္တာပါ။
"ကမာၻတလႊား ဆင္းရဲတြင္းနက္မႈ ဆိုးဆိ္ုးဝါးဝါး တိုးလာၿပီး အငတ္ေဘး ၿခိမ္းေျခာက္မႈေတြ ႀကံဳေနရသလို အခုလို ခံစားေနရမႈေတြရဲ့ ရိုက္ခတ္မႈေၾကာင့္ ေရရွည္အတြက္ အင္အားခ်ိနဲ႔မႈေတြ၊ မညီမ ွ်မႈေတြ၊ မတရားမႈေတြ ျဖစ္လာေစေၾကာင္း ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဒဏ္ခံရခ်ိန္မွာ ဒါေတြကိ ျမင္လာရတာျဖစ္ၿပီး ဒီလို ျဖစ္ေနတဲ့ ကမာၻႀကီးအတြက္ အသစ္တဖန္ ေျပာင္းလဲမႈေတြ ျပန္စၾကဖို႔ " တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။
ဒါ့အျပင္ ဒီကပ္ေရာဂါေၾကာင့္ လူမႈေရးနဲ႔ စီးပြားေရးဆိုင္ရာ ရိုက္ခတ္မႈေတြဟာ သိပ္ကို ႀကီးမားသလို ဆက္ၿပီးလည္း တိုးလာေနေၾကာင္းနဲ႔. ဒီကပ္ေရာဂါအတြက္ ကာကြယ္ေဆးရလာတာကလည္း ဒါကို ေက်ာ္လႊား ႏိုင္မွာ မဟုတ္တဲ့အတြက္ ႏိုင္ငံတကာက ပူးေပါင္းေဆာင္ရြက္ၾကဖို႔လည္း ပန္ၾကားခဲ့ပါတယ္။
ဒီႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏိုဘဲလ္ဆုရ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ WFP က အမႈေဆာင္ ဒါရိုက္တာ David Beasley ကလည္း လာမယ့္ ၂၀၂၁ မွာ ခက္ခက္ခဲခဲရုန္းကန္ရဖို႔ ရွိတဲ့အတြက္ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ အခ်ိန္ ျဖစ္ေၾကာင္း ေျပာပါတယ္။
.............
ကိုဗစ်အလွန်မှာ ကမ္ဘာကြီးကို အသစ်တဖန်ပြောင်းလဲဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
(Unicode)
COVID- 19 ကပ်ရောဂါဒဏ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ အဆင်မပြေမှုတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးအတွက် အသစ်တဖန်ပြောင်းလဲမှုတွေ စတင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ ပန်ကြားလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် နော်ဝေနိုင်ငံ Oslo က နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းအနားရဲ့ အစိတ်အပိုင်းတခု အဖြစ် ဒီကပ်ရောဂါရဲ့ ရိုက်ခတ်မှုနဲ့ ရေရှည်အကျိုးဆက်တွေအကြောင်း အွန်လိုင်းဖိုရမ် ဆွေးနွေးပွဲမှာ အတွင်းရေးမှုးချုပ်က အခုလို ပြောကြားလိုက်တာပါ။
"ကမ္ဘာတလွှား ဆင်းရဲတွင်းနက်မှု ဆိုးဆိုးဝါးဝါး တိုးလာပြီး အငတ်ဘေး ခြိမ်းခြောက်မှုတွေ ကြုံနေရသလို အခုလို ခံစားနေရမှုတွေရဲ့ ရိုက်ခတ်မှုကြောင့် ရေရှည်အတွက် အင်အားချိနဲ့မှုတွေ၊ မညီမ ျှမှုတွေ၊ မတရားမှုတွေ ဖြစ်လာစေကြောင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရချိန်မှာ ဒါတွေကိ မြင်လာရတာဖြစ်ပြီး ဒီလို ဖြစ်နေတဲ့ ကမ္ဘာကြီးအတွက် အသစ်တဖန် ပြောင်းလဲမှုတွေ ပြန်စကြဖို့ " တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကပ်ရောဂါကြောင့် လူမှုရေးနဲ့ စီးပွါးရေးဆိုင်ရာ ရိုက်ခတ်မှုတွေဟာ သိပ်ကို ကြီးမားသလို ဆက်ပြီးလည်း တိုးလာနေကြောင်းနဲ့. ဒီကပ်ရောဂါအတွက် ကာကွယ်ဆေးရလာတာကလည်း ဒါကို ကျော်လွှား နိုင်မှာ မဟုတ်တဲ့အတွက် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပန်ကြားခဲ့ပါတယ်။
ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က အမှုဆောင် ဒါရိုက်တာ David Beasley ကလည်း လာမယ့် ၂၀၂၁ မှာ ခက်ခက်ခဲခဲရုန်းကန်ရဖို့ ရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန် ဖြစ်ကြောင်း ပြောပါတယ်။