(Zawgyi/Unicode)
ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ ျဖစ္ေပၚလာမယ့္ ေဘး ဒုကၡေတြကို ေရွာင္လႊဲနိုင္ဖို႔ အေရး ကမၻာ့နိုင္ငံေတြ ဝိုင္းဝန္း ေဆာင္ရြက္ၾကဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္Antonio Guterresက အေဆာတလ်င္ ေမတၱာ ရပ္ခံလိုက္ပါတယ္။
ေလာေလာဆယ္ ကမၻာၿဂိဳလ္ႀကီးဟာ က်ိဳးပဲ့ ေနၿပီလို႔ဘဲ ခပ္ရွင္းရွင္း ေျပာလိုေၾကာင္း၊ လူသားေတြက သဘာဝ ပတ္ဝန္းက်င္အေပၚ စစ္ဆင္ႏႊဲေနတာ ျဖစ္လို႔ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံသလို ျဖစ္ေနေၾကာင္း၊ သဘာဝတရားႀကီးက အခုတင္ပဲ ေဒါသတႀကီး ျပန္လည္ တုန္႔ျပန္ တိုက္ခိုက္လာေနၿပီ ျဖစ္ေၾကာင္း အတြင္းေရးမႉးခ်ဳပ္ Antonio Guterresက ေျပာပါတယ္။
ဒါ့အျပင္ ကမၻာ့ ဇီဝမ်ိဳးစုံ ပ်ိဳကြဲဆုံးရႈံးေနသလို ေဂဟဗဒစနစ္ ေပ်ာက္ဆုံးလာေနေၾကာင္း၊ ကႏၲာရေတြ က်ယ္ေျပာလာသလို စြတ္စို ေတာ ေတြလည္း ဆုံးရႈံေနၿပီး ႏွစ္စဥ္ သစ္ေတာ ဟက္တာ ၁၀ သန္း ဆုံးရႈံးေနတယ္လို႔လည္း Antonio Guterres က ေျပာပါတယ္။
ပါရီ ဥတုရာသီဆိုင္ရာ သေဘာတူ စာခ်ဳပ္ ငါးႏွစ္ျပည့္ အခမ္းအနား ကမၻာ့ ေခါင္းေဆာင္ေတြရဲ့ ထိပ္သီး ေဆြးေႏြးပြဲကို စေနေန႔မွာ မက်င္းပခင္ အႀကိဳ နယူးေယာက္ျပည္နယ္ ကိုလံဘီယာ တကၠသိုလ္က ပရိသတ္ကို အြန္လိုင္းကေန မိန္႔ခြန္းေျပာၾကားရာမွာ အတြင္းေရးမႉးခ်ဳပ္က အခုလို ေျပာၾကားခဲ့တာပါ။
အဲဒီ သေဘာတူ စာခ်ဳပ္ကို ကမၻာ့နိုင္ငံတိုင္း နီးပါးက လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ၿပီး ကမၻာႀကီး ပူေႏြးလာမႈကို ကန္႔သတ္ေရးနဲ႔ ဖန္လုံအိမ္ ဓါတ္ေငြ႕ ထုတ္လႊတ္မႈကို ဒီရာစုတဝက္ အေရာက္ သိသိသာသာ ေလၽွာ့ခ်ေရး သေဘာတူညီထားၾကတာပါ။
အေမရိကန္ ျပည္ေထာင္စုက ပါရီ ဥတုရာသီ သေဘာတူ စာခ်ဳပ္ကေန ဒီႏွစ္ထဲ ႏႈတ္ထြက္ခဲ့ေပမယ့္ လာမယ့္ အစိုးရသစ္ ေရြးေကာက္ ခံ သမၼတJoe Bidenလက္ထက္မွာေတာ့ စာခ်ဳပ္ထဲ ျပန္လည္ ဝင္ေရာက္ဖို႔ စီစဥ္ေနပါတယ္။
.............
ကမ္ဘာကြီး ပိုမိုပူနွေးလာမှုရဲ့ အန္တရာယ် ကာကွယ်ဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
(Unicode)
ဥတုရာသီ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် ဘေး ဒုက္ခတွေကို ရှောင်လွှဲနိုင်ဖို့ အရေး ကမ္ဘာ့နိုင်ငံတွေ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်Antonio Guterresက အဆောတလျင် မေတ္တာ ရပ်ခံလိုက်ပါတယ်။
လောလောဆယ် ကမ္ဘာဂြိုလ်ကြီးဟာ ကျိုးပဲ့ နေပြီလို့ဘဲ ခပ်ရှင်းရှင်း ပြောလိုကြောင်း၊ လူသားတွေက သဘာဝ ပတ်ဝန်းကျင်အပေါ် စစ်ဆင်နွှဲနေတာ ဖြစ်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံသလို ဖြစ်နေကြောင်း၊ သဘာဝတရားကြီးက အခုတင်ပဲ ဒေါသတကြီး ပြန်လည် တုန့်ပြန် တိုက်ခိုက်လာနေပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် Antonio Guterresက ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာ့ ဇီဝမျိုးစုံ ပျိုကွဲဆုံးရှုံးနေသလို ဂေဟဗဒစနစ် ပျောက်ဆုံးလာနေကြောင်း၊ ကန္တာရတွေ ကျယ်ပြောလာသလို စွတ်စို တော တွေလည်း ဆုံးရှုံနေပြီး နှစ်စဉ် သစ်တော ဟက်တာ ၁၀ သန်း ဆုံးရှုံးနေတယ်လို့လည်းAntonio Guterresက ပြောပါတယ်။
ပါရီ ဥတုရာသီဆိုင်ရာ သဘောတူ စာချုပ် ငါးနှစ်ပြည့် အခမ်းအနား ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကို စနေနေ့မှာ မကျင်းပခင် အကြို နယူးယောက်ပြည်နယ် ကိုလံဘီယာ တက္ကသိုလ်က ပရိသတ်ကို အွန်လိုင်းကနေ မိန့်ခွန်းပြောကြားရာမှာ အတွင်းရေးမှူးချုပ်က အခုလို ပြောကြားခဲ့တာပါ။
အဲဒီ သဘောတူ စာချုပ်ကို ကမ္ဘာ့နိုင်ငံတိုင်း နီးပါးက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ကန့်သတ်ရေးနဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ဒီရာစုတဝက် အရောက် သိသိသာသာ လျှော့ချရေး သဘောတူညီထားကြတာပါ။
အမေရိကန် ပြည်ထောင်စုက ပါရီ ဥတုရာသီ သဘောတူ စာချုပ်ကနေ ဒီနှစ်ထဲ နှုတ်ထွက်ခဲ့ပေမယ့် လာမယ့် အစိုးရသစ် ရွေးကောက် ခံ သမ္မတJoe Bidenလက်ထက်မှာတော့ စာချုပ်ထဲ ပြန်လည် ဝင်ရောက်ဖို့ စီစဉ်နေပါတယ်။