သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏွင္႔ ဥတုရာသီေျပာင္းလဲမႈ အႏၱရာယ္


စစ္ေတာင္းျမစ္ေရတိုက္စားခံရသည့္ တံတားဦး ဘုန္းႀကီးေက်ာင္း အစိတ္အပိုင္းတခ်ိဳ႕ကို ေတြ႔႔ရစဥ္။

(Zawgyi/Unicode)

ရာသီဥတု ေဖာက္ျပန္မႈဒဏ္ ခံရႏုိင္တဲ့ ႏုိင္ငံအျဖစ္ ကၽြမ္းက်င္သူေတြ သတိေပးထားတဲ့ ျမန္မာႏုိင္ငံမွာ အခုကုိပဲ ပတ္၀န္းက်င္ ပ်က္စီးမႈဒဏ္ ခံေနၾကရပါၿပီ။ ပဲခူးတုိင္း တံတားဦးေက်းရြာမွာ ဆုိရင္လည္း ေရတုိက္စားမႈေၾကာင့္ ေဒသခံေတြရဲ႕ လူမႈဘ၀မွာ သာမက ေနာင္မ်ဳိးဆက္ေတြ အနာဂတ္ကုိ ထိခုိက္မယ့္ အႏၱရာယ္နဲ႔ ႀကံဳေနရတာပါ။ ဒီအေၾကာင္း Reuters သတင္းေဆာင္းပါးကုိေတာ့ ကုိေအာင္လြင္ဦးက ေျပာျပေပးမွာ ျဖစ္ပါတယ္။

စစ္ေတာင္းျမစ္ကမ္းေဘးမွာရွိတဲ့ တံတားဦးရြာဟာ မၾကာေသးခင္ႏွစ္ေတြကစလုိ႔ ေရတုိက္စားမႈနဲ႔ ႀကံဳေနရတဲ့အတြက္ ေဒသခံေတြ အခက္ႀကံဳေနရတာပါ။ တခ်ိန္က ရြာလည္မွာရွိခဲ့တဲ့ စာသင္ေက်ာင္းဟာ ဆုိရင္လည္း ကမ္းပါးၿပိဳတဲ့အထဲ ပါသြားတဲ့အတြက္ အခုအခါ ကေလးေတြဟာ နာရီနဲ႔ခ်ီၿပီး တျခားမွာ ေက်ာင္းသြားတက္ေနရတဲ့အေၾကာင္း ေဒသခံ ေက်ာင္းဆရာ ဦးမ်ဳိးမင္းသိန္း ကေျပာျပပါတယ္။

“အခု ေနာက္မွာေတြ႔ေနရတဲ့ ၿပိဳက်ေနတဲ့ အုတ္နံရံက က်ေနာ္တို႔ စာသင္ေက်ာင္းႀကီး ၿပိဳက် ပ်က္စီးခဲ့တယ္။ အခု ၂၀၁၉ ခုႏွစ္မွာ ၿပိဳက် ပ်က္စီးခဲ့တာပါ။ စစ္ေတာင္းျမစ္ေရ တိုက္စားမႈေၾကာင့္ ၿပိဳက် ခဲ့တဲ့ စာသင္ေက်ာင္းႀကီးေပါ့ေနာ္ ။ ဒါက စာသင္ေက်ာင္း အုတ္ျမစ္ေတြ။”

ရာသီဥတုေျပာင္းလဲမႈက လူ႔က်န္းမာေရးကုိ ၿခိမ္းေျခာက္ ဗြီအိုေအ ျမန္မာပုိင္း တီဗြီသတင္းလႊာ နားဆင္ႏုိင္ပါတယ္။

ေရတုိက္စားမႈေၾကာင့္ အုိးအိမ္အေဆာက္အဦးေတြ၊ လုပ္ငန္းေတြ ဆုံး႐ႈံးခဲ့ရသူေတြထဲမွာေတာ့ ရြာလူႀကီး ဦးျမင့္ၾကည္လည္း အပါအ၀င္ ျဖစ္ပါတယ္။

“စီးပြားေရးက ေတာ္ေတာ္ေလးေကာင္းခဲ့တယ္ ဒီေနရာတ၀ိုက္မွာ ဆိုရင္ က်ေန္ာ့စက္ က အရဆံုးေပ့ါ။ စက္လည္း လည္ရတယ္ ဆန္လည္းေကာင္းတယ္။ အဲဒါေတြက အကုန္လံုး ပင္လယ္လာတဲ့အခါက်ေတာ့ ေနလို႔မရဘူး ေရာင္းပစ္လိုက္ရတယ္။”

ေရတုိက္စားမႈ အႏၱရာယ္ေၾကာင့္ တံတားဦးရြာသားေတြ အခုအခါ ကမ္းနဲ႔ အလွမ္းေ၀းတဲ့ ေနရာကုိ ေရႊ႕ေျပာင္းခဲ့ရတာပါ။ ေနရာသစ္မွာ အသက္ ၄ ႏွစ္ကေန ၁၄ ႏွစ္ၾကား ေက်ာင္းသား ၂၆ ေယာက္ကုိ ယာယီေက်ာင္းဖြင့္ၿပီး အေျခခံဘာသာရပ္ေတြကုိ သင္ၾကားေပးေနတဲ့ ေက်ာင္းဆရာ ဦးမ်ဳိးမင္းသိန္း ကေတာ့ ပတ္၀န္းက်င္ ပ်က္စီးမႈေၾကာင့္ ကေလးေတြ အနာဂတ္ကုိပါ ထိခုိက္မွာ စုိးရိမ္တယ္လုိ႔ ေျပာပါတယ္။

“သဘာ၀ေဘးအႏၱရာယ္ေၾကာင့္ အေဆာက္အအံုေတြကို ဖ်က္ဆီးလိုက္တာ မကပဲနဲ႔ ကေလးေတြရဲ႕ အိမ္မက္ေတြ သူတို႔ ရည္မွန္းခ်က္ေတြကို ဖ်က္ဆီးရာ ေရာက္သြားတယ္ေပါ့။ အဲဒါေၾကာင့္မို႔ ေနာက္ေနာင္ က်ေနာ္တို႔ စစ္ေတာင္းျမစ္ ကမ္းက ေဒသေလးေတြကို အဲလို သဘာ၀ေဘးအႏၱရာယ္ထပ္မက်ရေအာင္ ဌာနဆိုင္ရာမ်ားအေနနဲ႔ ျပန္လည္လုပ္ေဆာင္ေပးဖို႔ က်ေနာ္ ဆရာတေယာက္အေနနဲ႔ ေမွ်ာ္လင့္မိတယ္ေပါ့ေနာ္။”

လယ္ယာစုိက္ပ်ဳိးေရးကုိ အဓိကလုပ္ကုိင္ၾကတဲ့ ေဒသမွာ ပင္လယ္ေရငံ ၀င္တဲ့အတြက္ မိ႐ုိးဖလာလုပ္ငန္းေတြအစား ငါးေမြးျမဴေရး အပါအ၀င္ တျခားလုပ္ငန္းေတြ ေျပာင္းလုပ္လာၾကရေပမဲ့ အရင္ေလာက္ေတာ့ အဆင္မေျပၾကပါဘူး။ ရြာလူႀကီး ဦးျမင့္ၾကည္ကေတာ့ ထိခုိက္ဆုံး႐ႈံးမႈေတြ ႀကံဳခဲ့ရတဲ့ တံတားဦးရြာသားေတြ ကုိယ့္ေျခေထာက္ေပၚ ကုိယ္ရပ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတယ္လုိ႔ ဆုိပါတယ္။

“က်ေနာ္ရြာေမွ်ာ္လင့္ခ်က္ေပါ့ေနာ္ ရြာသူရြာသားေတြလည္းေနႏိုင္ေအာင္ က်ေနာ္တို႔ ႀကိဳးစားေနတယ္။ ေနာက္ၿပီးေတာ့ သူတို႔စား၀တ္ေနေရးေျပလည္ေအာင္ ဘယ္လိုဖန္တီးရမလဲဆိုတာ က်ေနာ္တို႔ စဥ္းစား တိုင္ပင္ေနၾကတယ္။ ေက်ာင္းသားေတြရဲ႕ ပညာေရး အဲဒါေတြကိုလည္း က်ေနာ္တုိ႔ ေကာင္းေကာင္းမြန္မြန္ ျဖစ္လာေအာင္ တိုးတက္လာေအာင္ က်ေနာ္တို႔ ညိွႏိႈင္းတိုင္ပင္ေနၾကတယ္။”

ေဒသခံေတြကုိ အကူအညီေပးေနတဲ့ ဆြစ္ဇာလန္ႏုိင္ငံ အေျခစုိက္ မုတၱမပင္လယ္ေကြ႔ စီမံကိန္းကေတာ့ ေရတုိက္စားမႈေၾကာင့္ လြန္ခဲ့တဲ့ ၄ ႏွစ္အတြင္း ပ်က္စီးခဲ့ရတဲ့ ေက်းရြာေပါင္း ၁၀ ရြာေလာက္ရွိတယ္လုိ႔ ေျပာပါတယ္။ ေရတုိက္စားမႈဟာ သဘာ၀ျဖစ္စဥ္တခု ဆုိေပမဲ့လည္း ပင္လယ္ေရ ျမင့္တက္မႈ၊ ရာသီဥတုေတြ ေဖာက္ျပန္မႈေတြေၾကာင့္ အေျခအေနေတြ ပုိဆုိးလာေနတာေၾကာင့္ ေရွ႕လာမယ့္ ႏွစ္ေတြအတြင္း ကမ္း႐ုိးတန္းေဒသက လူေပါင္း ၆ ေသာင္းေက်ာ္ကုိ ထိခုိက္ႏုိင္တယ္လုိ႔လည္း ကၽြမ္းက်င္သူေတြ ခန္႔မွန္းထားၾကတာပါ။

ျပင္းထန္တဲ့ ရာသီဥတုဒဏ္ခံရႏုိင္တဲ့ ေဒသေတြမွာ ေနထုိင္သူ အမ်ားစုအပါအ၀င္ ျမန္မာႏုိင္ငံဟာ ရာသီဥတု ေဖာက္ျပန္မႈဒဏ္ ခံရႏုိင္တဲ့ ႏုိင္ငံတႏုိင္ငံ အျဖစ္နဲ႔လည္း ပတ္၀န္းက်င္အေရး ကၽြမ္းက်င္သူေတြ သတိေပးထားပါတယ္။

ျမန္မာႏွင္႔ ဥတုရာသီေျပာင္းလဲမႈ အႏၱရာယ္
please wait

No media source currently available

0:00 0:03:18 0:00
တိုက္႐ိုက္ လင့္ခ္


................

မြန်မာနှင့် ဥတုရာသီပြောင်းလဲမှု အန္တရာယ်

(Unicode)

ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံရနိုင်တဲ့ နိုင်ငံအဖြစ် ကျွမ်းကျင်သူတွေ သတိပေးထားတဲ့ မြန်မာနိုင်ငံမှာ အခုကိုပဲ ပတ်ဝန်းကျင် ပျက်စီးမှုဒဏ် ခံနေကြရပါပြီ။ ပဲခူးတိုင်း တံတားဦးကျေးရွာမှာ ဆိုရင်လည်း ရေတိုက်စားမှုကြောင့် ဒေသခံတွေရဲ့ လူမှုဘဝမှာ သာမက နောင်မျိုးဆက်တွေ အနာဂတ်ကို ထိခိုက်မယ့် အန္တရာယ်နဲ့ ကြုံနေရတာပါ။ ဒီအကြောင်း Reuters သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်တောင်းမြစ်ကမ်းဘေးမှာရှိတဲ့ တံတားဦးရွာဟာ မကြာသေးခင်နှစ်တွေကစလို့ ရေတိုက်စားမှုနဲ့ ကြုံနေရတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရတာပါ။ တချိန်က ရွာလည်မှာရှိခဲ့တဲ့ စာသင်ကျောင်းဟာ ဆိုရင်လည်း ကမ်းပါးပြိုတဲ့အထဲ ပါသွားတဲ့အတွက် အခုအခါ ကလေးတွေဟာ နာရီနဲ့ချီပြီး တခြားမှာ ကျောင်းသွားတက်နေရတဲ့အကြောင်း ဒေသခံ ကျောင်းဆရာ ဦးမျိုးမင်းသိန်း ကပြောပြပါတယ်။

“အခု နောက်မှာတွေ့နေရတဲ့ ပြိုကျနေတဲ့ အုတ်နံရံက ကျနော်တို့ စာသင်ကျောင်းကြီး ပြိုကျ ပျက်စီးခဲ့တယ်။ အခု ၂၀၁၉ ခုနှစ်မှာ ပြိုကျ ပျက်စီးခဲ့တာပါ။ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ပြိုကျ ခဲ့တဲ့ စာသင်ကျောင်းကြီးပေါ့နော် ။ ဒါက စာသင်ကျောင်း အုတ်မြစ်တွေ။”

ရေတိုက်စားမှုကြောင့် အိုးအိမ်အဆောက်အဦးတွေ၊ လုပ်ငန်းတွေ ဆုံးရှုံးခဲ့ရသူတွေထဲမှာတော့ ရွာလူကြီး ဦးမြင့်ကြည်လည်း အပါအဝင် ဖြစ်ပါတယ်။

“စီးပွားရေးက တော်တော်လေးကောင်းခဲ့တယ် ဒီနေရာတဝိုက်မှာ ဆိုရင် ကျနေ်ာ့စက် က အရဆုံးပေ့ါ။ စက်လည်း လည်ရတယ် ဆန်လည်းကောင်းတယ်။ အဲဒါတွေက အကုန်လုံး ပင်လယ်လာတဲ့အခါကျတော့ နေလို့မရဘူး ရောင်းပစ်လိုက်ရတယ်။”

ရာသီဥတုပြောင်းလဲမှုက လူ့ကျန်းမာရေးကို ခြိမ်းခြောက် ဗွီအိုအေ မြန်မာပိုင်း တီဗွီသတင်းလွှာ နားဆင်နိုင်ပါတယ်။

ရေတိုက်စားမှု အန္တရာယ်ကြောင့် တံတားဦးရွာသားတွေ အခုအခါ ကမ်းနဲ့ အလှမ်းဝေးတဲ့ နေရာကို ရွှေ့ပြောင်းခဲ့ရတာပါ။ နေရာသစ်မှာ အသက် ၄ နှစ်ကနေ ၁၄ နှစ်ကြား ကျောင်းသား ၂၆ ယောက်ကို ယာယီကျောင်းဖွင့်ပြီး အခြေခံဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ ကျောင်းဆရာ ဦးမျိုးမင်းသိန်း ကတော့ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ကလေးတွေ အနာဂတ်ကိုပါ ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“သဘာဝဘေးအန္တရာယ်ကြောင့် အဆောက်အအုံတွေကို ဖျက်ဆီးလိုက်တာ မကပဲနဲ့ ကလေးတွေရဲ့ အိမ်မက်တွေ သူတို့ ရည်မှန်းချက်တွေကို ဖျက်ဆီးရာ ရောက်သွားတယ်ပေါ့။ အဲဒါကြောင့်မို့ နောက်နောင် ကျနော်တို့ စစ်တောင်းမြစ် ကမ်းက ဒေသလေးတွေကို အဲလို သဘာဝဘေးအန္တရာယ်ထပ်မကျရအောင် ဌာနဆိုင်ရာများအနေနဲ့ ပြန်လည်လုပ်ဆောင်ပေးဖို့ ကျနော် ဆရာတယောက်အနေနဲ့ မျှော်လင့်မိတယ်ပေါ့နော်။”

လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတဲ့ ဒေသမှာ ပင်လယ်ရေငံ ဝင်တဲ့အတွက် မိရိုးဖလာလုပ်ငန်းတွေအစား ငါးမွေးမြူရေး အပါအဝင် တခြားလုပ်ငန်းတွေ ပြောင်းလုပ်လာကြရပေမဲ့ အရင်လောက်တော့ အဆင်မပြေကြပါဘူး။ ရွာလူကြီး ဦးမြင့်ကြည်ကတော့ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့ တံတားဦးရွာသားတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

“ကျနော်ရွာမျှော်လင့်ချက်ပေါ့နော် ရွာသူရွာသားတွေလည်းနေနိုင်အောင် ကျနော်တို့ ကြိုးစားနေတယ်။ နောက်ပြီးတော့ သူတို့စားဝတ်နေရေးပြေလည်အောင် ဘယ်လိုဖန်တီးရမလဲဆိုတာ ကျနော်တို့ စဉ်းစား တိုင်ပင်နေကြတယ်။ ကျောင်းသားတွေရဲ့ ပညာရေး အဲဒါတွေကိုလည်း ကျနော်တို့ ကောင်းကောင်းမွန်မွန် ဖြစ်လာအောင် တိုးတက်လာအောင် ကျနော်တို့ ညှိနှိုင်းတိုင်ပင်နေကြတယ်။”

ဒေသခံတွေကို အကူအညီပေးနေတဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် မုတ္တမပင်လယ်ကွေ့ စီမံကိန်းကတော့ ရေတိုက်စားမှုကြောင့် လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ပျက်စီးခဲ့ရတဲ့ ကျေးရွာပေါင်း ၁၀ ရွာလောက်ရှိတယ်လို့ ပြောပါတယ်။ ရေတိုက်စားမှုဟာ သဘာဝဖြစ်စဉ်တခု ဆိုပေမဲ့လည်း ပင်လယ်ရေ မြင့်တက်မှု၊ ရာသီဥတုတွေ ဖောက်ပြန်မှုတွေကြောင့် အခြေအနေတွေ ပိုဆိုးလာနေတာကြောင့် ရှေ့လာမယ့် နှစ်တွေအတွင်း ကမ်းရိုးတန်းဒေသက လူပေါင်း ၆ သောင်းကျော်ကို ထိခိုက်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြတာပါ။ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံရနိုင်တဲ့ ဒေသတွေမှာ နေထိုင်သူ အများစုအပါအဝင် မြန်မာနိုင်ငံဟာ ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံရနိုင်တဲ့ နိုင်ငံတနိုင်ငံ အဖြစ်နဲ့လည်း ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။

XS
SM
MD
LG