သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဘာ၀၀န္းက်င္နဲ႔ လူမႈဘ၀ေတြ ထိခိုက္လာတဲ့ သဲထုတ္လုပ္မႈ


ေရေၾကာင္းသြားလာမႈအတြက္ အသုံးဝင္ေနဆဲ ဧရာဝတီျမစ္ေၾကာင္း တေနရာရွိ သေဘၤာဆိပ္ကမ္းတခု။ (ဓာတ္ပုံ - AP)

(Zawgyi / Unicode)

သဘာ၀ရင္းျမစ္ေတြျဖစ္တဲ့ ေလနဲ႔ ေရၿပီးရင္ လူသားေတြ အမ်ားဆုံး အသံုးျပဳေနၾကတာက သဲေျမေတြျဖစ္ပါတယ္။ လမ္းေတြ၊ တံတားေတြ၊ လူေနအေဆာက္အအုံေတြနဲ႔ ကားမွန္ေတြကေန မိုဘိုင္းတယ္လီဖုန္း ထုတ္လုပ္မႈေတြထိ လူသုံးကုန္ပစၥည္းမ်ိဳးစုံမွာ သဲေတြကို မျဖစ္မေန ထည့္သြင္း အသုံးျပဳေနၾကရတာပါ။ ၿမိဳ႕ရြာဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ အေျခခံအေဆာက္အအုံေတြ တည္ေဆာက္တဲ့ ေနရာမွာလည္း သဲေတြကို မရွိမျဖစ္ အသုံးျပဳေနၾကတာ ျဖစ္ပါတယ္။ ကမၻာ့လူဦးေရ တုိးတက္လာၿပီး ၿမိဳ႕ျပေတြ ခ်ဲ႕ထြင္လာတာနဲ႔အမွ် ၀ယ္လိုအားမ်ားလွတဲ့ သဘာ၀ရင္းျမစ္ျဖစ္တဲ့ သဲေတြကို မဆင္မျခင္ ထုတ္ယူေနတဲ့အတြက္ သဘာ၀ပတ္၀န္းက်င္နဲ႔ လူမႈဘ၀ေတြအေပၚ ဘယ္လို အက်ိဳးသက္ေရာက္မႈေတြ ရွိေနပါသလဲ။ အျပည့္အစုံကို နန္းေလာင္၀္က တင္ျပထားပါတယ္။

ဥတုရာသီ ေျပာင္းလဲမႈ ျဖစ္ေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈေၾကာင့္ ကမၻာ့၀င္႐ိုးစြန္းက ေရခဲေတာင္ေတြ အရည္ေပ်ာ္ၿပိီး ပင္လယ္ေရေတြ ျမင့္တက္လာတာေၾကာင့္ ကမၻာတ၀ွမ္းက သဲေသာင္ေတြ တျဖည္းျဖည္း ေပ်ာက္ကြယ္လာေနပါတယ္။ ဒီႏႈန္းအတုိင္း ဆက္သြားေနမယ္ဆိုရင္ေတာ့ ဒီရာစုႏွစ္အကုန္မွာ ကမၻာေပၚက သဲေသာင္ျပင္တ၀က္ေလာက္ ေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ Nature Climate Change ရဲ႕ ေနာက္ဆုံးေလ့လာမႈမွာ ေဖာ္ျပထားပါတယ္။ ကမၻာ့ကမ္း႐ိုးတန္းေတြရဲ႕ ၃ ပုံ ၁ ပုံဟာ သဲေသာင္ကမ္းစပ္ေတြျဖစ္ၿပီး အဲဒီေနရာ အေတာ္မ်ားမ်ားကိုေတာ့ ကမၻာလွည့္ ခရီးသည္ေတြအတြက္ အပန္းေျဖစခန္းေတြ၊ ဟိုတယ္ေတြ၊ စက္႐ုံအလုပ္႐ုံေတြ၊ ၿမိဳ႕ရြြာေတြနဲ႔ စုိက္ပ်ိဳးေျမေတြ ေနရာယူထားတာ ျဖစ္ပါတယ္။ ပင္လယ္ေရျမင့္တက္ၿပီး ေရတုိက္စားမႈဒဏ္ကို လက္ေတြ႔ရင္ဆုိင္ေနရတဲ့ ျမန္မာႏုိင္ငံ မြန္ျပည္နယ္၊ သံလြင္ျမစ္ကမ္းေဘးက လယ္ေျမ ၂၄ ဧက ပုိင္ခဲ့ဖူးတဲ့ ဦးသန္းေဇာ္ဦးကေတာ့ သူပိုင္လယ္ေျမေနရာေဟာင္းေတြကို စက္ေလွစီးၿပီး လုိက္ျပပါတယ္။

“ဒီေနရာေတြမွာလည္း လယ္ေျမေတြပဲေပါ့။ ေျမစၿပိဳေတာ့ ဒီလိုမ်ိဳး နည္းနည္းခ်င္းစီ လွီးၿပီး ၿပိဳသြားတာ။ ေနာက္ေတာ့ အရင္းကေန အကြင္းလိုက္ျပတ္ၿပီး ၿပိဳက်သြားတာ။”

ေဒသခံ တျခားလယ္သမားတဦးကလည္း သူပုိင္ေျမဧက ၁၅ ဧကစလုံး ေရတုိက္စားတဲ့အထဲ ပါသြားတယ္လု႔ိ ေျပာပါတယ္။ ေတာင္သူေတြရဲ႕ ေျပာဆိုခ်က္ကို ျမန္မာအစိုးရရဲ႕ တရား၀င္မွတ္တမ္းမွတ္ရာေတြနဲ႔ အတည္မျပဳႏုိင္ေပမယ့္ သူတု႔ိေျပာဆိုခ်က္ေတြကို ေဒသခံေတြက အတည္ျပဳၾကပါတယ္။ သဲေတြ ထုတ္ယူသုံးစြဲတာေၾကာင့္လည္း ကမၻာတ၀ွမ္းက ႏုနယ္တဲ့ ဇီ၀ေဂဟစနစ္ေတြ ေျပာင္းလဲလာရသလို ေရတုိက္စားၿပီး ျမစ္ကမ္းအနီးက ကမ္းပါးၿပိဳတာေတြ၊ ေရႀကီးေရလွ်ံတာေတြနဲ႔ ေရခန္းတာေတြ အျဖစ္မ်ားလာတယ္လို႔လည္း ကုလသမဂၢ သဘာ၀ပတ္၀န္းက်င္ေအဂ်င္စီ (UNEP) ရဲ႕ ၂၀၁၉ ခုႏွစ္ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။

ခုလို သဲေတြဆုံး႐ႈံးေနရတဲ့ ျဖစ္ရပ္ဟာ သဘာ၀ပတ္၀န္းက်င္နဲ႔ ပတ္သက္လို႔ ၂၁ ရာစုမွာ ရင္ဆုိင္ေနရတဲ့ အဓိက စိန္ေခၚခ်က္ႀကီးတခု ျဖစ္တယ္လို႔ိလည္း UNEP က ေျပာပါတယ္။

ၾသစေၾတးလ်လို ေရပတ္လည္၀ိုင္းေနတဲ့ ႏုိင္ငံမွာေတာ့ ေရတုိက္စားလို႔ ပါသြားတဲ့ ကမ္းေျခက သဲေတြအတြက္ စြန္႔ပစ္ဖန္ပုလင္းေတြ၊ ဖန္ထည္ေတြကို အမႈန္႔ႀကိတ္ၿပီး အစားထုိးေနရသလို အေမရိကန္ျပည္ေထာင္စုမွာဆိုရင္လည္း ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာ သဲအစားထိုးအျဖစ္ စြန္႔ပစ္ ဖန္ထည္ေတြကို ႀကိတ္ၿပီး ေရာေႏွာအသုံးျပဳေနၾကပါတယ္။

မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္ထဲက ေဒသခံ ေတာင္သူေတြကေတာ့ ျမစ္ေရတုိက္စားလို႔ ကမ္းပါးေတြ ၿပိဳလာရတာဟာ ျမစ္ထဲကသဲေတြကို စုပ္ယူေနၾကလို႔ ျဖစ္တယ္လို႔ ေျပာၾကပါတယ္။ စင္ကာပူႏုိင္ငံက ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာ သုံးဖို႔ ေခ်ာင္းဆုံအနီး ျမစ္ၾကမ္းျပင္ကသဲေတြ လာၿပီး စုပ္ယူေနတာေၾကာင့္ ျမစ္ကမ္းပါးေတြ ၿပိဳလာတယ္လို႔လည္း ေဒသခံေတြက ေျပာၾကပါတယ္။ ျမန္မာအစိုးရနဲ႔ သဲထုတ္ယူတဲ့ ကုမၸဏီေတြကေတာ့ ဒီေျပာဆိုခ်က္ေတြကို ျငင္းဆိုထားတာပါ။ ေဒသခံေတာင္သူ ဦးျမင့္စံကလည္း ခုလိုေျပာပါတယ္။

“ဟိုးမွာ ျမင္ေနရတာက သဲေတြစုပ္တဲ့ သေဘၤာေပါ့။ အနားသြားရင္ေတာ့ အႀကီးႀကီးပဲ။ သူက က်ေနာ္တို႔န႔ဲ ေတာ္ေတာ္ေလးေတာ့ လွမ္းေသးတာေပါ့။ ေန႔ဘက္က်ရင္ သူက ဘာမွမလုပ္ဘူး၊ ေက်ာက္ေပါက္ၿပီးေတာ့ (ေက်ာက္ခ်ၿပီးေတာ့) သူေနတယ္။ မိုးခ်ဳပ္လို႔ရွိရင္ေတာ့ အဲဒီလယ္ေျမေတြနားက ျမစ္ေၾကာင္းေတြမွာ သူက သဲလာစုပ္တယ္။ က်ေနာ္တို႔လယ္ေတြက ဟိုးေရျပင္ထဲမွာ ျမင္ေနရတဲ့ ေလွေတြ အေ၀းေလာက္ထိ ရွိတယ္။ သဲသေဘၤာလာၿပီးတဲ့ေနာက္ပိုင္း တျဖည္းျဖည္းနဲ႔ ၿပိဳက်သြားတာ။ သဲသေဘၤာလာၿပီးတဲ့ေနာက္ပိုင္း ကမ္းပါးေတြ တျဖည္းျဖည္းနဲ႔ ၿပိဳက်ရင္း ကုန္သြားတာ ခုဆိုရင္ ေရျပင္ပဲက်န္ေတာ့တာေပါ့။”

ေဆာက္လုပ္ေရးမွာ အမ်ားဆုံး အသုံးျပဳၾကတဲ့ ျမစ္ၾကမ္းျပင္ကေန သဲေျမေတြ ထုတ္ယူမႈေၾကာင့္ သဘာ၀ပတ္၀န္းက်င္အေပၚ ထိခိုက္တယ္ဆုိၿပီး မေလးရွားနဲ႔ အင္ဒိုနီးရွားႏုိင္ငံတို႔က စင္ကာပူႏုိင္ငံနဲ႔ သဲအေရာင္းအ၀ယ္ကိစၥကို ရပ္ပစ္ခ့ဲၾကပါတယ္။ အင္ဒိုနီးရွားကေတာ့ သဲတင္ပို႔မႈကို ၂၀၀၇ ခုႏွစ္မွာ ရပ္ဆုိင္းပစ္ခဲ့တဲ့အတြက္ စင္ကာပူရဲ႕ ေဆာက္လုပ္ေရးေတြ ရပ္လုနီး ျဖစ္ခဲ့ရပါတယ္။ ကေမာၻဒီးယားကလည္း ၂၀၁၇ ခုႏွစ္မွာပဲ သဲအေရာင္းအ၀ယ္ ရပ္ပစ္လုိက္တာပါ။ ဒါေၾကာင့္လည္း ျမန္မာႏုိင္ငံက သဲေတြ၀ယ္ယူဖို႔ စင္ကာပူက မ်က္စိက်လာတာလို႔လည္း သုံးသပ္မႈေတြ ရွိေနပါတယ္။

ကမၻာတ၀ွမ္း လူဦးေရတိုးလာေနၿပီး လူေနမႈပုံစံ ေျပာင္းလဲလာတဲ့အတြက္ လာမယ့္ဆယ္စုႏွစ္အတြင္း သဲ၀ယ္လိုအားေတြ ႏွစ္ဆေလာက္ တက္လာလိမ့္မယ္လို႔လည္း OCED လို႔ေခၚတဲ့ အေမရိကန္အေျခစိုက္ စီးပြားေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖြဲ႔က ေျပာဆိုထားပါတယ္။ ေက်ာက္ေတြ၊ သဲေတြေနရာမွာ ပလတ္စတစ္ေတြနဲ႔ အစားထုိးၿပီး ေဆာက္လုပ္ေရးလုပ္လို႔ မရဘူးလို႔လည္း OCED က ေထာက္ျပပါတယ္။ ပင္လယ္ေရျမင့္တက္မႈေၾကာင့္ ကမ္းပါးေတြၿပိဳၿပီး လယ္ေျမဆုံး႐ႈံးခဲ့ရသလို ေရငံေတြ၀င္ၿပီး ေျမယာဆုံး႐ႈံးေနရတဲ့ ျမန္မာလယ္သမားေတြကေတာ့ အသက္ေမြး၀မ္းေၾကာင္း လုပ္ငန္းအတြက္ အစိုးရဘက္က အကူအညီေပးဖို႔ လိုလားေနပါတယ္။ ေဒသခံ လယ္သမားႀကီး ဦးသန္းေဇာ္ဦးကလည္း ခုလိုေျပာပါတယ္။

“အဲဒီေတာ့ က်ေနာ္တို႔အနာဂတ္က မေရရာဘူး၊ ဒါကို အစိုးရအေနနဲ႔ ဆိုပါစို႔၊ က်ေနာ္တို႔ ငါးကန္တူးႏုိင္ေအာင္ ခြင့္ျပဳခ်က္ေတြ၊ ငါးကန္တူးဖို႔ ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ အရင္းအႏွီးေတြ အဲဒီလိုမ်ိဳး ရမယ္ဆိုရင္ေတာ့ အဲဒါေလးေတြကိုေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္တာေပါ့။ အဲဒါဆိုရင္ေတာ့ က်ေနာ္တို႔ အနာဂတ္ေလးေတြ ဆက္သြားလို႔ ရဦးမွာေပါ့။”

ကုလသမဂၢရဲ ႔ ကိန္းဂဏန္းေတြအရ ၂၀၁၈ ခုႏွစ္မွာ ျမန္မာႏုိင္ငံကေန စင္ကာပူကို ေဒၚလာ ၆ သန္းေက်ာ္ တန္ဖိုးရွိတဲ့ သဲတန္ခိ်န္ ၁ သန္းနီးပါး တင္ပို႔ခဲ့တာပါ။ မေလးရွားက စင္ကာပူႏုိင္ငံကို သဲတင္ပို႔မႈ တားျမစ္္လိုက္တဲ့အတြက္ ျမန္မာ့သဲ ၀ယ္လိုအား တက္လာလိမ့္မယ္လို႔လည္း ျမန္မာ့ဆိပ္ကမ္း တာ၀န္ရွိသူေတြက ခန္႔မွန္းေနတာပါ။ စင္ကာပူႏုိင္ငံမွာ မွတ္ပုံတင္ထားတဲ့ Starhigh Asia Pacific Pte Ltd ပုိင္ သေဘၤာေတြ ေခ်ာင္းဆုံမွာ ၂၀၁၃ ခုႏွစ္ကတည္းက သဲေတြစုပ္ယူလာတာလို႔ ေခ်ာင္းဆုံလႊတ္ေတာ္အမတ္ ေဒၚၾကည္ၾကည္ျမက ေျပာပါတယ္။ ေဒသခံလယ္သမားေတြ ေျမယာဆုံး႐ႈံးေနရတဲ့ အေပၚမွာလည္း သူက စိုးရိမ္ေနတာပါ။

“သူတို႔အတြက္ေတာ့ အစားထိုးတဲ့ ပုံစံမ်ိဳးေလးေတြ လုပ္ေပးမွပဲ အဆင္ေျပမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ က်မတို႔ကလည္း ကိုယ္စားလွယ္ဆိုေတာ့ က်မတို႔မွာက ေဘာပင္နဲ႔ စာရြက္ပဲ ရွိတာေလ။ က်မတို႔က ျပည္သူ႔အသံကို ေအာ္ေပး႐ုံပဲရမွာ။ လုပ္ေပးရမွာက အစိုးရတာ၀န္ဆိုေတာ့ လယ္သမားေတြအတြက္ေတာ့ က်မ ေတာ္ေတာ္ေလးကို ရင္ေလးမိပါတယ္။”

၂၀၁၈-၂၀၁၉ ခုႏွစ္ထဲမွာ ေခ်ာင္းဆုံကေန သဲတန္ခ်ိန္ ၁ သိန္းခြဲေလာက္ ထုတ္ယူခဲ့တယ္လို႔ ေဒၚၾကည္ၾကည္ျမက ခန္႔မွန္းပါတယ္။ Starhigh ကုမၸဏီဟာ ေဒသႏၱရအစိုးရ လုိင္စင္နဲ႔ သဲေတြစုပ္ယူေနတာပါ။ ဒါေပမယ့္လည္း အဲဒီလိုင္စင္မွာ ဘယ္ေလာက္အတုိင္းအတာပဲ ထုတ္ယူရမယ္ ဆုိတာမ်ိဳးေတာ့ ကန္႔သတ္မထားပါဘူး။ ျမန္မာအစိုးရကေတာ့ ေသာင္တူးစက္ေတြနဲ႔ သဲေတြထုတ္ယူေနတာဟာ သဘာ၀ပတ္၀န္းက်င္အေပၚ ထိခိုက္မႈ သိပ္မရွိသလုိဘဲ ေသာင္ထြန္းၿပီး ျမစ္ေတြ တိမ္ေကာလာတဲ့အတြက္ ေရလမ္းရွင္းေပးဖို႔ေတာင္ လိုအပ္ေနတယ္ဆိုၿပီး ေျပာဆိုထားတာပါ။

ကမၻာတ၀ွမ္း ႏွစ္စဥ္ထုတ္ယူေနတဲ့ သဲတန္ခ်ိန္ ၂၈ ဘီလီယံ၀န္းက်င္ ရွိတယ္လို႔ OECD က ခန္႔မွန္းထားတာပါ။ ဒါေပမယ့္လည္း တကယ္တမ္း သဲထုတ္ယူမႈက ဒီထက္မက မ်ားႏုိင္ပါေသးတယ္။ ကြန္ကရစ္ေဆာက္လုပ္ေရးအတြက္ ဘိလပ္ေျမ ၁ တန္မွာ သဲ ၁၀ တန္ အသုံးျပဳရတယ္လို႔ ကုလသမဂၢက ေလ့လာေတြ႔ရွိထားပါတယ္။ အေမရိကန္ ဘူမိေဗဒ စစ္တမ္းအရ တကမၻာလုံး အတုိင္းအတာနဲ႔ဆိုရင္ ႏွစ္စဥ္ ဘိလပ္ေျမတန္ခ်ိန္ ၄.၁ ဘီလီယံထိ ထုတ္လုပ္ေနတာ ျဖစ္တဲ့အတြက္ ဒီႏႈန္းနဲ႔ဆိုရင္ေတာ့ ကမၻာတ၀ွမ္း ႏွစ္စဥ္ သဲတန္ခ်ိန္ ၄၀ ဘီလီယံထက္မနည္း ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳေနၾကတဲ့ သေဘာလည္း ျဖစ္ပါတယ္။

---------------------------------

(Unicode)

သဘာ၀၀န်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်လာတဲ့ သဲထုတ်လုပ်မှု

သဘာဝရင်းမြစ်တွေဖြစ်တဲ့ လေနဲ့ ရေပြီးရင် လူသားတွေ အများဆုံး အသုံးပြုနေကြတာက သဲမြေတွေဖြစ်ပါတယ်။ လမ်းတွေ၊ တံတားတွေ၊ လူနေအဆောက်အအုံတွေနဲ့ ကားမှန်တွေကနေ မိုဘိုင်းတယ်လီဖုန်း ထုတ်လုပ်မှုတွေထိ လူသုံးကုန်ပစ္စည်းမျိုးစုံမှာ သဲတွေကို မဖြစ်မနေ ထည့်သွင်း အသုံးပြုနေကြရတာပါ။ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့ နေရာမှာလည်း သဲတွေကို မရှိမဖြစ် အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်လာပြီး မြို့ပြတွေ ချဲ့ထွင်လာတာနဲ့အမျှ ဝယ်လိုအားများလှတဲ့ သဘာဝရင်းမြစ်ဖြစ်တဲ့ သဲတွေကို မဆင်မခြင် ထုတ်ယူနေတဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေပါသလဲ။ အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ဥတုရာသီ ပြောင်းလဲမှု ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ပြီး ပင်လယ်ရေတွေ မြင့်တက်လာတာကြောင့် ကမ္ဘာတဝှမ်းက သဲသောင်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။ ဒီနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဒီရာစုနှစ်အကုန်မှာ ကမ္ဘာပေါ်က သဲသောင်ပြင်တဝက်လောက် ပျောက်ကွယ်သွားလိမ့်မယ်လို့ Nature Climate Change ရဲ့ နောက်ဆုံးလေ့လာမှုမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကမ်းရိုးတန်းတွေရဲ့ ၃ ပုံ ၁ ပုံဟာ သဲသောင်ကမ်းစပ်တွေဖြစ်ပြီး အဲဒီနေရာ အတော်များများကိုတော့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် အပန်းဖြေစခန်းတွေ၊ ဟိုတယ်တွေ၊စက်ရုံအလုပ်ရုံတွေ၊ မြို့ရွာတွေနဲ့ စိုက်ပျိုးမြေတွေ နေရာယူထားတာ ဖြစ်ပါတယ်။

ပင်လယ်ရေမြင့်တက်ပြီး ရေတိုက်စားမှုဒဏ်ကို လက်တွေ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံလွင်မြစ်ကမ်းဘေးက လယ်မြေ ၂၄ ဧက ပိုင်ခဲ့ဖူးတဲ့ ဦးသန်းဇော်ဦးကတော့ သူပိုင်လယ်မြေနေရာဟောင်းတွေကို စက်လှေစီးပြီး လိုက်ပြပါတယ်။

“ဒီနေရာတွေမှာလည်း လယ်မြေတွေပဲပေါ့။ မြေစပြိုတော့ ဒီလိုမျိုး နည်းနည်းချင်းစီ လှီးပြီး ပြိုသွားတာ။ နောက်တော့ အရင်းကနေ အကွင်းလိုက်ပြတ်ပြီး ပြိုကျသွားတာ။”

ဒေသခံ တခြားလယ်သမားတဦးကလည်း သူပိုင်မြေဧက ၁၅ ဧကစလုံး ရေတိုက်စားတဲ့အထဲ ပါသွားတယ်လု့ိ ပြောပါတယ်။ တောင်သူတွေရဲ့ ပြောဆိုချက်ကို မြန်မာအစိုးရရဲ့ တရားဝင်မှတ်တမ်းမှတ်ရာတွေနဲ့ အတည်မပြုနိုင်ပေမယ့် သူတု့ိပြောဆိုချက်တွေကို ဒေသခံတွေက အတည်ပြုကြပါတယ်။ သဲတွေ ထုတ်ယူသုံးစွဲတာကြောင့်လည်း ကမ္ဘာတဝှမ်းက နုနယ်တဲ့ ဇီဝဂေဟစနစ်တွေ ပြောင်းလဲလာရသလို ရေတိုက်စားပြီး မြစ်ကမ်းအနီးက ကမ်းပါးပြိုတာတွေ၊ ရေကြီးရေလျှံတာတွေနဲ့ ရေခန်းတာတွေ အဖြစ်များလာတယ်လို့လည်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အေဂျင်စီ (UNEP) ရဲ့ ၂၀၁၉ ခုနှစ်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ခုလို သဲတွေဆုံးရှုံးနေရတဲ့ ဖြစ်ရပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ၂၁ ရာစုမှာ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကြီးတခု ဖြစ်တယ်လို့ိလည်း UNEP က ပြောပါတယ်။

သြစတြေးလျလို ရေပတ်လည်ဝိုင်းနေတဲ့ နိုင်ငံမှာတော့ ရေတိုက်စားလို့ ပါသွားတဲ့ ကမ်းခြေက သဲတွေအတွက် စွန့်ပစ်ဖန်ပုလင်းတွေ၊ ဖန်ထည်တွေကို အမှုန့်ကြိတ်ပြီး အစားထိုးနေရသလို အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဲအစားထိုးအဖြစ် စွန့်ပစ် ဖန်ထည်တွေကို ကြိတ်ပြီး ရောနှောအသုံးပြုနေကြပါတယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ထဲက ဒေသခံ တောင်သူတွေကတော့ မြစ်ရေတိုက်စားလို့ ကမ်းပါးတွေ ပြိုလာရတာဟာ မြစ်ထဲကသဲတွေကို စုပ်ယူနေကြလို့ ဖြစ်တယ်လို့ ပြောကြပါတယ်။ စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးဖို့ ချောင်းဆုံအနီး မြစ်ကြမ်းပြင်ကသဲတွေ လာပြီး စုပ်ယူနေတာကြောင့် မြစ်ကမ်းပါးတွေ ပြိုလာတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ မြန်မာအစိုးရနဲ့ သဲထုတ်ယူတဲ့ ကုမ္ပဏီတွေကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားတာပါ။ ဒေသခံတောင်သူ ဦးမြင့်စံကလည်း ခုလိုပြောပါတယ်။

“ဟိုးမှာ မြင်နေရတာက သဲတွေစုပ်တဲ့ သင်္ဘောပေါ့။ အနားသွားရင်တော့ အကြီးကြီးပဲ။ သူက ကျနော်တို့နဲ့ တော်တော်လေးတော့ လှမ်းသေးတာပေါ့။ နေ့ဘက်ကျရင် သူက ဘာမှမလုပ်ဘူး၊ ကျောက်ပေါက်ပြီးတော့ (ကျောက်ချပြီးတော့) သူနေတယ်။ မိုးချုပ်လို့ရှိရင်တော့ အဲဒီလယ်မြေတွေနားက မြစ်ကြောင်းတွေမှာ သူက သဲလာစုပ်တယ်။ ကျနော်တို့လယ်တွေက ဟိုးရေပြင်ထဲမှာ မြင်နေရတဲ့ လှေတွေ အဝေးလောက်ထိ ရှိတယ်။ သဲသင်္ဘောလာပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြိုကျသွားတာ။ သဲသင်္ဘောလာပြီးတဲ့နောက်ပိုင်း ကမ်းပါးတွေ တဖြည်းဖြည်းနဲ့ ပြိုကျရင်း ကုန်သွားတာ ခုဆိုရင် ရေပြင်ပဲကျန်တော့တာပေါ့။”

ဆောက်လုပ်ရေးမှာ အများဆုံး အသုံးပြုကြတဲ့ မြစ်ကြမ်းပြင်ကနေ သဲမြေတွေ ထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်တယ်ဆိုပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က စင်ကာပူနိုင်ငံနဲ့ သဲအရောင်းအဝယ်ကိစ္စကို ရပ်ပစ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားကတော့ သဲတင်ပို့မှုကို ၂၀၀၇ ခုနှစ်မှာ ရပ်ဆိုင်းပစ်ခဲ့တဲ့အတွက်စင်ကာပူရဲ့ ဆောက်လုပ်ရေးတွေ ရပ်လုနီး ဖြစ်ခဲ့ရပါတယ်။ ကမ္ဘောဒီးယားကလည်း ၂၀၁၇ ခုနှစ်မှာပဲ သဲအရောင်းအဝယ် ရပ်ပစ်လိုက်တာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက သဲတွေဝယ်ယူဖို့ စင်ကာပူက မျက်စိကျလာတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ကမ္ဘာတဝှမ်း လူဦးရေတိုးလာနေပြီး လူနေမှုပုံစံ ပြောင်းလဲလာတဲ့အတွက် လာမယ့်ဆယ်စုနှစ်အတွင်း သဲဝယ်လိုအားတွေ နှစ်ဆလောက် တက်လာလိမ့်မယ်လို့လည်း OCED လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြောဆိုထားပါတယ်။ ကျောက်တွေ၊ သဲတွေနေရာမှာ ပလတ်စတစ်တွေနဲ့ အစားထိုးပြီး ဆောက်လုပ်ရေးလုပ်လို့ မရဘူးလို့လည်း OCED က ထောက်ပြပါတယ်။ ပင်လယ်ရေမြင့်တက်မှုကြောင့် ကမ်းပါးတွေပြိုပြီး လယ်မြေဆုံးရှုံးခဲ့ရသလို ရေငံတွေဝင်ပြီး မြေယာဆုံးရှုံးနေရတဲ့ မြန်မာလယ်သမားတွေကတော့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် အစိုးရဘက်က အကူအညီပေးဖို့ လိုလားနေပါတယ်။ ဒေသခံ လယ်သမားကြီး ဦးသန်းဇော်ဦးကလည်း ခုလိုပြောပါတယ်။

“အဲဒီတော့ ကျနော်တို့အနာဂတ်က မရေရာဘူး၊ ဒါကို အစိုးရအနေနဲ့ ဆိုပါစို့၊ ကျနော်တို့ ငါးကန်တူးနိုင်အောင် ခွင့်ပြုချက်တွေ၊ ငါးကန်တူးဖို့ ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီးတွေ အဲဒီလိုမျိုး ရမယ်ဆိုရင်တော့ အဲဒါလေးတွေကိုတော့ ကျနော်တို့ မျှော်လင့်တာပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ အနာဂတ်လေးတွေ ဆက်သွားလို့ ရဦးမှာပေါ့။”

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံကနေ စင်ကာပူကို ဒေါ်လာ ၆ သန်းကျော် တန်ဖိုးရှိတဲ့ သဲတန်ချိန် ၁ သန်းနီးပါး တင်ပို့ခဲ့တာပါ။ မလေးရှားက စင်ကာပူနိုင်ငံကို သဲတင်ပို့မှု တားမြစ်လိုက်တဲ့အတွက် မြန်မာ့သဲ ဝယ်လိုအား တက်လာလိမ့်မယ်လို့လည်း မြန်မာ့ဆိပ်ကမ်း တာဝန်ရှိသူတွေက ခန့်မှန်းနေတာပါ။ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Starhigh Asia Pacific Pte Ltd ပိုင် သင်္ဘောတွေ ချောင်းဆုံမှာ ၂၀၁၃ ခုနှစ်ကတည်းက သဲတွေစုပ်ယူလာတာလို့ ချောင်းဆုံလွှတ်တော်အမတ် ဒေါ်ကြည်ကြည်မြက ပြောပါတယ်။ ဒေသခံလယ်သမားတွေ မြေယာဆုံးရှုံးနေရတဲ့ အပေါ်မှာလည်း သူက စိုးရိမ်နေတာပါ။

“သူတို့အတွက်တော့ အစားထိုးတဲ့ ပုံစံမျိုးလေးတွေ လုပ်ပေးမှပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျမတို့ကလည်း ကိုယ်စားလှယ်ဆိုတော့ ကျမတို့မှာက ဘောပင်နဲ့ စာရွက်ပဲ ရှိတာလေ။ ကျမတို့က ပြည်သူ့အသံကို အော်ပေးရုံပဲရမှာ။ လုပ်ပေးရမှာက အစိုးရတာဝန်ဆိုတော့ လယ်သမားတွေအတွက်တော့ ကျမ တော်တော်လေးကို ရင်လေးမိပါတယ်။”

၂၀၁၈-၂၀၁၉ ခုနှစ်ထဲမှာ ချောင်းဆုံကနေ သဲတန်ချိန် ၁ သိန်းခွဲလောက် ထုတ်ယူခဲ့တယ်လို့ ဒေါ်ကြည်ကြည်မြက ခန့်မှန်းပါတယ်။ Starhigh ကုမ္ပဏီဟာဒေသန္တရအစိုးရ လိုင်စင်နဲ့ သဲတွေစုပ်ယူနေတာပါ။ ဒါပေမယ့်လည်း အဲဒီလိုင်စင်မှာ ဘယ်လောက်အတိုင်းအတာပဲ ထုတ်ယူရမယ် ဆိုတာမျိုးတော့ ကန့်သတ်မထားပါဘူး။ မြန်မာအစိုးရကတော့ သောင်တူးစက်တွေနဲ့ သဲတွေထုတ်ယူနေတာဟာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု သိပ်မရှိသလိုဘဲ သောင်ထွန်းပြီး မြစ်တွေ တိမ်ကောလာတဲ့အတွက် ရေလမ်းရှင်းပေးဖို့တောင် လိုအပ်နေတယ်ဆိုပြီး ပြောဆိုထားတာပါ။

ကမ္ဘာတဝှမ်း နှစ်စဉ်ထုတ်ယူနေတဲ့ သဲတန်ချိန် ၂၈ ဘီလီယံဝန်းကျင် ရှိတယ်လို့ OECD က ခန့်မှန်းထားတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း သဲထုတ်ယူမှုက ဒီထက်မက များနိုင်ပါသေးတယ်။ ကွန်ကရစ်ဆောက်လုပ်ရေးအတွက် ဘိလပ်မြေ ၁ တန်မှာ သဲ ၁၀ တန် အသုံးပြုရတယ်လို့ ကုလသမဂ္ဂက လေ့လာတွေ့ရှိထားပါတယ်။ အမေရိကန် ဘူမိဗေဒ စစ်တမ်းအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် နှစ်စဉ် ဘိလပ်မြေတန်ချိန် ၄.၁ ဘီလီယံထိ ထုတ်လုပ်နေတာ ဖြစ်တဲ့အတွက် ဒီနှုန်းနဲ့ဆိုရင်တော့ ကမ္ဘာတဝှမ်း နှစ်စဉ် သဲတန်ချိန် ၄၀ ဘီလီယံထက်မနည်း ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG