သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာရိုုင္း တိရိစာၦန္ကေန လူကိုုကူးႏိုုင္တဲ့ ဗိုုင္းရပ္စ္ပိုုး သုုေတသန


A woman makes noise as she directs the bats away from power tower in Hpa-An, Karen State on March 1, 2020.

03/20/20

(Zawgyi)

ဒီတပတ္ေတာ့ လင္းႏိုု႔အပါအဝင္ သဘာဝ ေတာရိုုင္းသတၱဝါေတြက လူေတြ အတြက္ ဘယ္လိုု အႏၱရာယ္ေတြ ေပးႏုုိင္တယ္ ဆိုုတာကိုု ေတာရိုုင္းတိရိစာၦန္ေတြကေန လူကိုု ကူးစက္ႏိုုင္တဲ့ ေရာဂါပိုုးေတြ အေၾကာင္း သုုေတသနလုုပ္ေနတဲ့ ေဒါက္တာေအာင္သန္းတိုုးက ေျပာျပေပး မွာပါ။

တိုက္႐ိုက္ လင့္ခ္


ကမာၻ႔ကပ္ေရာဂါ အျဖစ္သတ္မွတ္လိုုက္တဲ့ Covid 19 ဟာ တရုုတ္ႏုုိင္ငံ ဝူဟန္ကေန စတင္ခဲ့တာ ျဖစ္ပါတယ္။ ဝူဟန္ပင္လယ္စာေစ်းမွာ ၾကက္၊ ဝက္၊ အမဲလိုု စားေနက် အသားငါးေတြ အျပင္ လင္းႏို႔ေတြ၊ ေႁမြေတြ၊ ေၾကာင္ကတိုးနဲ႔ အျခားေတာ႐ိုင္း တိရစာၦန္ အစံုုပါ ေရာင္းခ်ပါတယ္။ ၂၀၁၉ ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ တရုုတ္ႏိုုင္ငံမွာ ကိုုရိုုနာဗိုုင္းရပ္စ္ ပိုုးသစ္ ေတြ႔ရေၾကာင္း တရုုတ္အစိုုးရက WHO ကမာၻ႔က်န္းမာေရးဌာနကိုု အေၾကာင္းၾကားခဲ့ၿပီး SARS CoV- 2 လိုု႔ နံမယ္ေပးခဲ့ပါတယ္။

ဇန္နဝါရီလမွာ ေစ်းအားလံုုးကိုု ယာယီပိတ္လိုုက္ၿပီး ေတာရိုုင္းတိရိစာၦန္ေတြ ဖမ္းဆီး ေရာင္းခ်၊ စားေသာက္မႈ မလုုပ္ဖုုိ႔ပါ ယာယီပိတ္ပင္ခဲ့ပါတယ္။ ေဖေဖၚဝါရီလဆန္းမွာေတာ့ ခ်ိဳးေဖါက္တဲ့ လူ ၇၀၀ ေလာက္နဲ႔ ေတာတိရိစာၦန္ ၄ ေသာင္းနီးပါးကိုုပါ ဖမ္းဆီးအေရးယူ ပါတယ္။

ဘာေၾကာင့္ပါလဲ။ ၂၀၂၀ ေဖေဖၚဝါရီလ ၂၀ ရက္ေန႔မွာ အကူးစက္ခံရသူ တသိန္း ၇ ေသာင္းေလာက္ ရွိလာၿပီး ၆၆၀၀ ေက်ာ္ကို ေသဆံုုးေစခဲ့တဲ့ Covid 19 ျဖစ္ပြါးမႈဟာ ေတာရိုုင္းတိရိစာၦန္ေတြနဲ႔ ဆက္ႏြယ္ေန တာေၾကာင့္လိုု႔ ေဒါက္တာေအာင္သန္းတိုုးက ေျပာပါတယ္။

” ေတာ႐ိုင္းတိရစာၦန္ေတြမွာလည္း သူတို႔ဘာသာသူတို႔ ျဖစ္ေနတဲ့ ေရာဂါေတြ ရွိတယ္။ Climate change ေတြ စျဖစ္တဲ့အခ်ိန္မွာ သူတို႔ေတြက က်ေနာ္တို႔လူေတြရွိတဲ့ ေနရာေတြေရာက္လာတယ္။ က်ေနာ္တို႔ လူေတြကလည္း လူဦးေရတိုးလာတာနဲ႔အမွ် လယ္ယာေတြခ်ဲ႕ထြင္တယ္။ သူတို႔ေတြကို သြားဖမ္းတာေတြ ရွိတယ္။ ေတာရိုုင္း တိရိစာၦန္ေတြ မွာမွ လူေတြကို ေရာဂါကူးစက္ႏိုင္တဲ့ ေတာ႐ိုင္းတိရစာၦန္ေတြက ႏို႔တိုက္သတၱဝါ mammal ေတြ ျဖစ္တယ္။ mammal ေတြဆိုေတာ့ က်ေနာ္တို႔နဲ႔ Biology နည္းနည္းဆင္တဲ့အပိုုင္း ေတြ ရွိတယ္။ က်ေနာ္တို႔ Wildlife Project မွာဆိုရင္ လင္းႏို႔မွာ ဗိုင္းရပ္မ်ိဳးစုံ ကိန္းေအာင္း ေနတတ္တယ္။ ေရာဂါဗိုင္းရပ္ေတြ ကိန္းေအာင္ေနတဲ့ လင္းႏို႔ကို ဖမ္းဆီးၿပီးေတာ့ တျခားက်ေနာ္တို႔ ပုံမွန္စားေနၾက ၾကက္ေတြ၊ ဝက္ေတြနဲ႔ အနီးကပ္ထားတဲ့အခ်ိန္မွာ ဘယ္လိုျဖစ္ႏိုင္သလဲဆိုရင္ ဒါေတြကိုု က်ေနာ္တို႔ စားမိတဲ့အခါလဲ ေရာဂါျဖစ္လာႏိုင္သလို လင္းႏို႔ကို တိုက္႐ိုက္စားတဲ့အခ်ိန္မွာလဲ ေရာဂါေတြ ကူးလာႏိုင္တယ္။ ေသခ်ာခ်က္မထားတဲ့ ဟင္းေတြကိုု စားတာဆိုုလည္း ျဖစ္ႏိုုင္သလိုုသူတုုိ႔နဲ႔တိုုက္ရိုုက္ ထိေတြ႔တာ အနီးကပ္ ေနလိုု႔ ကူးလာတာေတြလည္း ျဖစ္တယ္။”

သုုေတသနပညာရွင္ ပါေမာကၡ Kristian Anderson ဦးေဆာင္တဲ့ အေမရိကန္ NIH က်န္းမာေရးဌာန၊ ဥေရာပနဲ႔ Australia တကၠသိုုလ္ေတြက သုုေတသနပညာရွင္ေတြက ကမာၻ႔ကပ္ေရာဂါဆိုုး Covid 19 ကိုုရိုုနာဗိုုင္းရပ္စ္ ဟာ လူဖန္တီးယူတာ မဟုုတ္ပဲ သူ႔ျဖစ္စဥ္ origin ဟာ သဘာဝ အေလ်ွာက္ ျဖစ္လာတဲ့ ဗိုုင္းရပ္စ္ပိုုး ျဖစ္ေၾကာင္း သူတုုိ႔ရဲ့ ေတြ႔ရွိခ်က္ကိုု တင္ျပခဲ့ၾကပါတယ္။

မ်ိဳးဗီဇဆိုုင္ရာ သူတိုု႔ရဲ့ ေလ့လာခ်က္အရ SARS CoV- 2 ဒါမွမဟုုတ္ 2019-nCoV မွာျဖစ္စဥ္ ၂ မ်ိဳးရွိႏိုုင္တယ္လုုိ႔ ခန္႔မွန္းပါတယ္။

ဒီဲျဖစ္စဥ္ ၂ မ်ိဳးထဲက တမ်ိဳးက အရင္ကျဖစ္ခဲ့ဘူးတဲ့ တရုုတ္ႏုုိင္ငံမွာစတင္တဲ့ ေၾကာင္ကတိုုး လိုုအေကာင္ ကေန ကူးတဲ့ SARS ေရာဂါဟာတိုု႔ ေဆာ္ဒီအာေရဗ်က စတင္တဲ့ ကုုလားအုုပ္ကေန ကူးတဲ့ MARS ေရာဂါတိုု႔လိုု လူဆီကိုု တျခားသတၱဝါ ဆီကေနကူးၿပီး အသြင္ေျပာင္းလာတဲ့ ျဖစ္စဥ္ကလာေၾကာင္းနဲ႔ အခုုျဖစ္ပြါးေနတဲ့ 2019-nCoV ဒါမွမဟုုတ္ SARS CoV- 2 ဟာ လင္းႏိုု႔ေတြမွာ ရွိတဲ့ ကိုုရိုုနာဗိုုင္းရပ္စ္နဲ႔ သိပ္ကိုုတူတယ္ လိုု႔ေျပာ ပါတယ္။ ဒါေပမယ့္ လင္းႏိုု႔ကေန လူကိုု တိုုက္ရိုုက္ကူးတယ္ဆိုုတဲ့ အေထာက္ထား မေတြ႔ရ ေသးဘူးလုုိ႔ဆိုုပါတယ္။

ျဖစ္စဥ္ေနာက္တမ်ိဳးနဲ႔ ျဖစ္လာတဲ့ဗိုုင္းရပ္စ္ကေတာ့ ဥပမာ အာရွနဲ႔ အာဖရိက ေတြမွာ ေတြ႔ရတဲ့ သင္းေခြခ်ပ္ေတြမွာ ေတြ႔ရတဲ့ ကိုုရိုုနာဗိုုင္းရပ္စ္က SARS CoV- 2 နဲ႔ သိပ္တူၿပီး လူဆီကိုု တိုုက္ရိုုက္ ဒါမွမဟုုတ္ ေၾကာင္ကတိုုးလိုု အေကာင္ကေနတဆင့္ ကူးတာ ျဖစ္ႏုုိင္တယ္လိုု႔ လည္း ေဖၚျပထားပါတယ္။

ေတာေတာင္ထူထပ္တဲ့ ျမန္မာႏိုုင္ငံမွာလည္း သဘာဝေတာရိုုင္း တိရိစာၦန္ေတြကေန လူကိုု ကူးစက္တဲ့ ေရာဂါပိုုးေတြနဲ႔ ပတ္သက္ၿပီး အခ်က္အလက္ေတြ ေကာက္ယူေနတယ္လိုု႔ ေဒါက္တာေအာင္သန္းတိုုးက ေျပာပါတယ္။

“က်ေနာ္တိုု႔ လုုပ္တဲ့ ပေရာဂ်က္က ငါးႏွစ္ ပေရာဂ်က္ေပါ့ေနာ္။ ဒီႏွစ္ဆိုုရင္ သုုေတသနလုုပ္တဲ့ ေနာက္ဆံုုးႏွစ္။ ေနာက္ႏွစ္ဆိုုရင္ research က ရတဲ့ အေျဖေတြကိုု အကုုန္လံုုး ျပန္ၿပီး publish လုုပ္မွာေပါ့ေနာ္။ က်ေနာ္တုုိ႔ ပေရာဂ်က္က ၂ ပိုုင္း။ တိရိစာၦန္ (နုုမူုနာ) ေတြကိုုလည္း ေတာေကာင္ေတြ ဆီကေန sample ယူတယ္။ ပေရာဂ်က္ အေနနဲ႔ ကေတာ့ ေတာေကာင္ေတြကိုု အမဲလိုုက္ဖုုိ႔ အတြက္ အားမေပးဘူး။ ဒါေပမယ့္ ေတာေကာင္လိုုက္ထားတဲ့ (အမဲလိုုက္ထားတဲ့) ဆီကေန ရတဲ့ အသားစေတြကိုု ယူၿပီး က်ေနာ္တိုု႔ စစ္ေဆးတာေတြ ရွိတယ္။”

“က်ေနာ္တိုု႔က အဓိက လူေတြမွာ ဘာေတြ ေရာဂါေတြ ျဖစ္ေနသလဲ သိခ်င္ေတာ့ က်ေနာ္တိုု႔ လူေတြဆီကေန sample နမူနာေတြ အမ်ားႀကီးယူတယ္။ ေသြးေတြ၊ ပါးေစာင္က နမူနာေတြ အမ်ားႀကီးယူရတယ္။အဲဒါအတြက္ results ရလဒ္ေတြကေတာ့ အသစ္ေတြပါ။ က်ေနာ္တုုိ႔ မေမ်ွာ္မွန္းထားတာေတြ ျဖစ္လာမလားဆိုုတာေတာ့ မေျပာတတ္ေသးဘူးေပါ့ေနာ္။ ပေရာဂ်က္က မၿပီးေသးဘူး ဆိုုေပမယ့္ က်ေနာ္တိုု႔ရတဲ့ လူက ရတဲ့ နမူနာေတြဆိုုရင္ ေတာနက္ထဲမွာ လုုပ္ေနတဲ့ လူေတြ၊ ေတာနက္ထဲကေန ၿမိဳ႕ေပၚတက္တဲ့ လူေတြ ဆိုုေတာ့ စိတ္ဝင္စားစရာ ေကာင္းတဲ့ အေျဖေတာ့ ထြက္လာမယ္ ထင္တယ္”

အခုုလိုု အေျဖထုုတ္မေပးႏိုုင္ေသး ေပမယ့္ ေတာရိုုုုင္းတိရိစာၦန္ေတြဆီက ေရာဂါပိုုးေတြ လူေတြကိုု ကူးစက္ၿပီး အႏၦေပးႏိုုင္တဲ့ အတြက္ သတိထားၾကဖိုု႔လည္း တိုုက္တြန္းပါတယ္။ အထူးသျဖင့္ ဗိုုင္းရပ္စ္ပိုုး အႏၦရာယ္နဲ႔ ပတ္သက္ၿပီး လင္းႏိုု႔ေခ်းကိုု စီးပြါးျဖစ္ထုုတ္ေနတဲ့ လုုပ္ငန္းက လူေတြကိုု ပညာေပးဖုုိ႔လိုုေနတယ္လိုု႔ ေျပာပါတယ္။

“က်ေနာ့္ ပေရာဂ်က္က အရင္တုုန္းကလည္း ဒီလိုုပဲ တိရိစာၦန္ကေန လူကိုုကူးတဲ့ ပေရာဂ်က္ တခုုမွာ လုုပ္ဖူးတဲ့ ေတြ႔တဲ့ observation တခုု ျမင္ေတြ႔ရတာကိုု ေျပာျပခ်င္ပါတယ္။ က်ေနာ္တုုိ႔ ဖားအံမွာ လင္းႏိုု႔ဂူ ဆိုုတာ ရွိတယ္။ လင္းႏိုု႔ဂူက တိုုးရစ္ေတြကိုု ဆြဲေဆာင္ႏိုုင္တဲ့ ေနရာတခုု။ လင္းႏိုု႔ဂူဆိုုတာ က်ေနာ္တိုု႔တံတားေအာက္ကေန ဘုုန္းႀကီးေက်ာင္း ကေန တဆင့္သြားရတယ္။ ဂူထဲမွာ ဆိုုရင္ လင္းႏိုု႔ေပါင္း သန္းခ်ီရွိတဲ့။ အဲဒီဂူကိုု ပုုဒ္ျဖတ္ငွါးၿပီးေတာ့ လင္းႏိုု႔ေခ်း ထုုတ္တယ္ ခင္ဗ်။ လင္းႏိုု႔ေခ်းကေန ဓါတ္ေျမၾသဇာတိုု႔ တျခားသံုုးလုုိ႔ ရတဲ့ ေနရာတိုု႔ အတြက္ လင္းႏိုု႔ေခ်းကိုု ေကာက္ၾကတယ္။ ေကာက္တဲ့ အလုုပ္သမေတြ ရွိတယ္။ ဒီအလုုပ္သမေတြက ဘုုန္းႀကီးေက်ာင္းနားမွာပဲ ေနတာ။ သူတိုု႔ေတြအဲဒီလိုု ေကာက္တဲ့အခါ ကိုုယ္ေပၚမွာ အကာအကြယ္ ဘာမွ ဝတ္သြားတာ မရွိဘူး။ ပံုုမွန္ဝတ္ေနက် အက်ီရယ္ ထမီရယ္ပဲ ဖိနပ္ေတာင္ မပါဘူးဗ်။ ဖိနပ္မပါပဲ ဒီအတိုုင္းဝင္ၾကတယ္။ တကယ္လိုု႔ လင္းႏိုု႔ သန္းခ်ီမွာ ေရာဂါ တခုုခုုသာ ရွိခဲ့မယ္ ဆိုုရင္၊ ေနာက္ၿပီးေတာ့ ဒီလင္းႏိုု႔ေခ်း သြားေကာက္တဲ့ အခ်ိန္မွာ ေျခေထာက္မွာ ကြဲရာရွရာ တခုုခုု ရွိခဲ့မယ္ ဆိုုရင္ ေရာဂါကူးလာႏုုိင္တယ္။ အဲဒီကေန တဆင့္ သူ႔မိသားစုု၊ တဆင့္တျခားလုူေတြဆီကိုု ကူးလာႏုုိင္တယ္။ အဲဒီလိုု က်ေနာ္တိုု႔ ဆီမွာလည္း အားနည္းခ်က္ေတြ ရွိေနတယ္။ အဲဒီလိုု ေတာရိုုင္းတိရိစာၦန္ေတြနဲ႔ ထိေတြ႔တဲ့ သူေတြက ပိုုသတိထားဖုုိ႔ လိုုတယ္”

ေဒါက္တာေအာင္သန္းတိုုးရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၺံနဲ႔ နည္းပညာက႑ကိုု ဒီမွာပဲ ရပ္နားလိုုက္ပါရေစ။

(Unicode)

03/20/20

ဒီတပတ်တော့ လင်းနို့အပါအဝင် သဘာဝ တောရိုင်းသတ္တဝါတွေက လူတွေ အတွက် ဘယ်လို အန္တရာယ်တွေ ပေးနိုင်တယ် ဆိုတာကို တောရိုင်းတိရိစ္ဆာန်တွေကနေ လူကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အကြောင်း သုတေသနလုပ်နေတဲ့ ဒေါက်တာအောင်သန်းတိုးက ပြောပြပေး မှာပါ။

ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်လိုက်တဲ့ Covid 19 ဟာ တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဝူဟန်ပင်လယ်စာဈေးမှာ ကြက်၊ ဝက်၊ အမဲလို စားနေကျ အသားငါးတွေ အပြင် လင်းနို့တွေ၊ မြွေတွေ၊ ကြောင်ကတိုးနဲ့ အခြားတောရိုင်း တိရစ္ဆာန် အစုံပါ ရောင်းချပါတယ်။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ် တွေ့ရကြောင်း တရုတ်အစိုးရက WHO ကမ္ဘာ့ကျန်းမာရေးဌာနကို အကြောင်းကြားခဲ့ပြီး SARS CoV- 2 လို့ နံမယ်ပေးခဲ့ပါတယ်။

ဇန်နဝါရီလမှာ ဈေးအားလုံးကို ယာယီပိတ်လိုက်ပြီး တောရိုင်းတိရိစ္ဆာန်တွေ ဖမ်းဆီး ရောင်းချ၊ စားသောက်မှု မလုပ်ဖို့ပါ ယာယီပိတ်ပင်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလဆန်းမှာတော့ ချိုးဖေါက်တဲ့ လူ ၇၀၀ လောက်နဲ့ တောတိရိစ္ဆာန် ၄ သောင်းနီးပါးကိုပါ ဖမ်းဆီးအရေးယူ ပါတယ်။

ဘာကြောင့်ပါလဲ။ ၂၀၂၀ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ အကူးစက်ခံရသူ တသိန်း ၇ သောင်းလောက် ရှိလာပြီး ၆၆၀၀ ကျော်ကို သေဆုံးစေခဲ့တဲ့ Covid 19 ဖြစ်ပွါးမှုဟာ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ဆက်နွယ်နေ တာကြောင့်လို့ ဒေါက်တာအောင်သန်းတိုးက ပြောပါတယ်။

” တောရိုင်းတိရစ္ဆာန်တွေမှာလည်း သူတို့ဘာသာသူတို့ ဖြစ်နေတဲ့ ရောဂါတွေ ရှိတယ်။ Climate change တွေ စဖြစ်တဲ့အချိန်မှာ သူတို့တွေက ကျနော်တို့လူတွေရှိတဲ့ နေရာတွေရောက်လာတယ်။ ကျနော်တို့ လူတွေကလည်း လူဦးရေတိုးလာတာနဲ့အမျှ လယ်ယာတွေချဲ့ထွင်တယ်။ သူတို့တွေကို သွားဖမ်းတာတွေ ရှိတယ်။ တောရိုင်း တိရိစ္ဆာန်တွေ မှာမှ လူတွေကို ရောဂါကူးစက်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေက နို့တိုက်သတ္တဝါ mammal တွေ ဖြစ်တယ်။ mammal တွေဆိုတော့ ကျနော်တို့နဲ့ Biology နည်းနည်းဆင်တဲ့အပိုင်း တွေ ရှိတယ်။ ကျနော်တို့ Wildlife Project မှာဆိုရင် လင်းနို့မှာ ဗိုင်းရပ်မျိုးစုံ ကိန်းအောင်း နေတတ်တယ်။ ရောဂါဗိုင်းရပ်တွေ ကိန်းအောင်နေတဲ့ လင်းနို့ကို ဖမ်းဆီးပြီးတော့ တခြားကျနော်တို့ ပုံမှန်စားနေကြ ကြက်တွေ၊ ဝက်တွေနဲ့ အနီးကပ်ထားတဲ့အချိန်မှာ ဘယ်လိုဖြစ်နိုင်သလဲဆိုရင် ဒါတွေကို ကျနော်တို့ စားမိတဲ့အခါလဲ ရောဂါဖြစ်လာနိုင်သလို လင်းနို့ကို တိုက်ရိုက်စားတဲ့အချိန်မှာလဲ ရောဂါတွေ ကူးလာနိုင်တယ်။ သေချာချက်မထားတဲ့ ဟင်းတွေကို စားတာဆိုလည်း ဖြစ်နိုင်သလိုသူတို့နဲ့တိုက်ရိုက် ထိတွေ့တာ အနီးကပ် နေလို့ ကူးလာတာတွေလည်း ဖြစ်တယ်။”

သုတေသနပညာရှင် ပါမောက္ခ Kristian Anderson ဦးဆောင်တဲ့ အမေရိကန် NIH ကျန်းမာရေးဌာန၊ ဥရောပနဲ့ Australia တက္ကသိုလ်တွေက သုတေသနပညာရှင်တွေက ကမ္ဘာ့ကပ်ရောဂါဆိုး Covid 19 ကိုရိုနာဗိုင်းရပ်စ် ဟာ လူဖန်တီးယူတာ မဟုတ်ပဲ သူ့ဖြစ်စဉ် origin ဟာ သဘာဝ အလျှောက် ဖြစ်လာတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း သူတို့ရဲ့ တွေ့ရှိချက်ကို တင်ပြခဲ့ကြပါတယ်။

မျိုးဗီဇဆိုင်ရာ သူတို့ရဲ့ လေ့လာချက်အရ SARS CoV- 2 ဒါမှမဟုတ် 2019-nCoV မှာဖြစ်စဉ် ၂ မျိုးရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီဲဖြစ်စဉ် ၂ မျိုးထဲက တမျိုးက အရင်ကဖြစ်ခဲ့ဘူးတဲ့ တရုတ်နိုင်ငံမှာစတင်တဲ့ ကြောင်ကတိုး လိုအကောင် ကနေ ကူးတဲ့ SARS ရောဂါဟာတို့ ဆော်ဒီအာရေဗျက စတင်တဲ့ ကုလားအုပ်ကနေ ကူးတဲ့ MARS ရောဂါတို့လို လူဆီကို တခြားသတ္တဝါ ဆီကနေကူးပြီး အသွင်ပြောင်းလာတဲ့ ဖြစ်စဉ်ကလာကြောင်းနဲ့ အခုဖြစ်ပွါးနေတဲ့ 2019-nCoV ဒါမှမဟုတ် SARS CoV- 2 ဟာ လင်းနို့တွေမှာ ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သိပ်ကိုတူတယ် လို့ပြော ပါတယ်။ ဒါပေမယ့် လင်းနို့ကနေ လူကို တိုက်ရိုက်ကူးတယ်ဆိုတဲ့ အထောက်ထား မတွေ့ရ သေးဘူးလို့ဆိုပါတယ်။

ဖြစ်စဉ်နောက်တမျိုးနဲ့ ဖြစ်လာတဲ့ဗိုင်းရပ်စ်ကတော့ ဥပမာ အာရှနဲ့ အာဖရိက တွေမှာ တွေ့ရတဲ့ သင်းခွေချပ်တွေမှာ တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်က SARS CoV- 2 နဲ့ သိပ်တူပြီး လူဆီကို တိုက်ရိုက် ဒါမှမဟုတ် ကြောင်ကတိုးလို အကောင်ကနေတဆင့် ကူးတာ ဖြစ်နိုင်တယ်လို့ လည်း ဖေါ်ပြထားပါတယ်။

တောတောင်ထူထပ်တဲ့ မြန်မာနိုင်ငံမှာလည်း သဘာဝတောရိုင်း တိရိစ္ဆာန်တွေကနေ လူကို ကူးစက်တဲ့ ရောဂါပိုးတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ ဒေါက်တာအောင်သန်းတိုးက ပြောပါတယ်။

“ကျနော်တို့ လုပ်တဲ့ ပရောဂျက်က ငါးနှစ် ပရောဂျက်ပေါ့နော်။ ဒီနှစ်ဆိုရင် သုတေသနလုပ်တဲ့ နောက်ဆုံးနှစ်။ နောက်နှစ်ဆိုရင် research က ရတဲ့ အဖြေတွေကို အကုန်လုံး ပြန်ပြီး publish လုပ်မှာပေါ့နော်။ ကျနော်တို့ ပရောဂျက်က ၂ ပိုင်း။ တိရိစ္ဆာန် (နုမူုနာ) တွေကိုလည်း တောကောင်တွေ ဆီကနေ sample ယူတယ်။ ပရောဂျက် အနေနဲ့ ကတော့ တောကောင်တွေကို အမဲလိုက်ဖို့ အတွက် အားမပေးဘူး။ ဒါပေမယ့် တောကောင်လိုက်ထားတဲ့ (အမဲလိုက်ထားတဲ့) ဆီကနေ ရတဲ့ အသားစတွေကို ယူပြီး ကျနော်တို့ စစ်ဆေးတာတွေ ရှိတယ်။”

“ကျနော်တို့က အဓိက လူတွေမှာ ဘာတွေ ရောဂါတွေ ဖြစ်နေသလဲ သိချင်တော့ ကျနော်တို့ လူတွေဆီကနေ sample နမူနာတွေ အများကြီးယူတယ်။ သွေးတွေ၊ ပါးစောင်က နမူနာတွေ အများကြီးယူရတယ်။အဲဒါအတွက် results ရလဒ်တွေကတော့ အသစ်တွေပါ။ ကျနော်တို့ မမျှော်မှန်းထားတာတွေ ဖြစ်လာမလားဆိုတာတော့ မပြောတတ်သေးဘူးပေါ့နော်။ ပရောဂျက်က မပြီးသေးဘူး ဆိုပေမယ့် ကျနော်တို့ရတဲ့ လူက ရတဲ့ နမူနာတွေဆိုရင် တောနက်ထဲမှာ လုပ်နေတဲ့ လူတွေ၊ တောနက်ထဲကနေ မြို့ပေါ်တက်တဲ့ လူတွေ ဆိုတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြေတော့ ထွက်လာမယ် ထင်တယ်”

အခုလို အဖြေထုတ်မပေးနိုင်သေး ပေမယ့် တောရိုင်းတိရိစ္ဆာန်တွေဆီက ရောဂါပိုးတွေ လူတွေကို ကူးစက်ပြီး အန္ဆပေးနိုင်တဲ့ အတွက် သတိထားကြဖို့လည်း တိုက်တွန်းပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ပိုး အန္ဆရာယ်နဲ့ ပတ်သက်ပြီး လင်းနို့ချေးကို စီးပွါးဖြစ်ထုတ်နေတဲ့ လုပ်ငန်းက လူတွေကို ပညာပေးဖို့လိုနေတယ်လို့ ပြောပါတယ်။

“ကျနော့် ပရောဂျက်က အရင်တုန်းကလည်း ဒီလိုပဲ တိရိစ္ဆာန်ကနေ လူကိုကူးတဲ့ ပရောဂျက် တခုမှာ လုပ်ဖူးတဲ့ တွေ့တဲ့ observation တခု မြင်တွေ့ရတာကို ပြောပြချင်ပါတယ်။ ကျနော်တို့ ဖားအံမှာ လင်းနို့ဂူ ဆိုတာ ရှိတယ်။ လင်းနို့ဂူက တိုးရစ်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတခု။ လင်းနို့ဂူဆိုတာ ကျနော်တို့တံတားအောက်ကနေ ဘုန်းကြီးကျောင်း ကနေ တဆင့်သွားရတယ်။ ဂူထဲမှာ ဆိုရင် လင်းနို့ပေါင်း သန်းချီရှိတဲ့။ အဲဒီဂူကို ပုဒ်ဖြတ်ငှါးပြီးတော့ လင်းနို့ချေး ထုတ်တယ် ခင်ဗျ။ လင်းနို့ချေးကနေ ဓါတ်မြေသြဇာတို့ တခြားသုံးလို့ ရတဲ့ နေရာတို့ အတွက် လင်းနို့ချေးကို ကောက်ကြတယ်။ ကောက်တဲ့ အလုပ်သမတွေ ရှိတယ်။ ဒီအလုပ်သမတွေက ဘုန်းကြီးကျောင်းနားမှာပဲ နေတာ။ သူတို့တွေအဲဒီလို ကောက်တဲ့အခါ ကိုယ်ပေါ်မှာ အကာအကွယ် ဘာမှ ဝတ်သွားတာ မရှိဘူး။ ပုံမှန်ဝတ်နေကျ အကျီရယ် ထမီရယ်ပဲ ဖိနပ်တောင် မပါဘူးဗျ။ ဖိနပ်မပါပဲ ဒီအတိုင်းဝင်ကြတယ်။ တကယ်လို့ လင်းနို့ သန်းချီမှာ ရောဂါ တခုခုသာ ရှိခဲ့မယ် ဆိုရင်၊ နောက်ပြီးတော့ ဒီလင်းနို့ချေး သွားကောက်တဲ့ အချိန်မှာ ခြေထောက်မှာ ကွဲရာရှရာ တခုခု ရှိခဲ့မယ် ဆိုရင် ရောဂါကူးလာနိုင်တယ်။ အဲဒီကနေ တဆင့် သူ့မိသားစု၊ တဆင့်တခြားလုူတွေဆီကို ကူးလာနိုင်တယ်။ အဲဒီလို ကျနော်တို့ ဆီမှာလည်း အားနည်းချက်တွေ ရှိနေတယ်။ အဲဒီလို တောရိုင်းတိရိစ္ဆာန်တွေနဲ့ ထိတွေ့တဲ့ သူတွေက ပိုသတိထားဖို့ လိုတယ်”

ဒေါက်တာအောင်သန်းတိုးရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ဗံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG