[Zawgyi/Unicode]
ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ ကခ်င္ျပည္နယ္က ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းေတြ ရပ္ဆုိင္းထားတာကုိ ေနာက္ထပ္ ၂ လ သက္တမ္းတိုးလိုက္တဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ အိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။
မိုးရာသီကာလမွာ အႏၲရာယ္ရွိတာေၾကာင့္ လုံးခင္း၊ ဖားကန္႔၊ ခႏၲီးႏွင့္ ေမာ္လူး-ေမာ္ဟန္ ရတနာနယ္ေျမေတြမွာ ေက်ာက္မ်က္ တူးေဖာ္ထုတ္လုပ္တဲ့ လုပ္ငန္းေတြကို ဇူလိုင္လ ၁ရက္ေန႔ကေန စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ယာယီရပ္နားထားခဲ့တာပါ။ ယာယီရပ္ဆုိင္းထားတာ သက္တမ္းကုန္သြားခ်ိန္မွာပဲ ေဒသတြင္းမွာ ကိုဗစ္ေရာဂါကူးစက္မႈေတြ ပိုမ်ားလာတဲ့အတြက္ ထိန္းခ်ဳပ္ႏုိင္ေအာင္ ေအာက္တိုဘာ ၁ ရက္ေန႔ကေန ႏိုဝင္ဘာလ ၃၀ ရက္ေန႔အထိ လုပ္ငန္းေတြကို ဆက္လက္ရပ္ဆုိင္းထားဖုိ႔ တာ၀န္ရွိသူေတြ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း႐ုံးခ်ဳပ္က အမႈေဆာင္အရာရွိ ဦးမင္းသူက ေျပာပါတယ္။
“ၿပီးခဲ့တဲ့ မိုးတြင္းကာလတုန္းကေတာ့ မိုးတြင္းကာလျဖစ္တဲ့တြက္ ေျမၿပိဳမႈေတြ ဘာညာျဖစ္မွာစိုးလို႔ ပထမ မိုးတြင္းကာလ ၃ လ ကို ယာယီရပ္နားခဲ့တာေပါ့ေနာ္။ ယာယီရပ္နားၿပီးေတာ့ ေနာက္တစ္ခါ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းကေနၿပီးေတာ့ပဲ ေနာက္ထပ္ ၂ လလည္း ကိုဗစ္ကာလျဖစ္တဲ့ အတြက္ ယာယီရပ္နားဖို႔ သူတို႔တင္ျပခ်က္အရ က်ေနာ္တို႔႔ကလည္း အထက္ဌာနေတြကို က်ေနာ္တို႔ တင္ျပၿပီးေတာ့ နားခဲ့တာေပါ့ေနာ္။ အခုတစ္ခါက်ေတာ့လည္း အဲ့ဒီလိုပါပဲဗ်။ အခုဟာကေတာ့ ပိုၿပီး ေတာ့ အဲ့ဒီဖားကန္႔ဘက္မွာ ပိုၿပီးေတာ့ ပိုးေတြ႕လူနာေတြလည္း မ်ားလာတယ္။ Stay at Home ေတြ လုပ္လာတယ္။ ပိုၿပီးေတာ့ semi lockdown လုပ္တာေတြလည္း ရွိတယ္။ အဲ့ဒီဘက္မွာ အဝင္အထြက္ေတြက မ်ားလာတဲ့ အေနအထားမ်ိဳးရွိေတာ့၊ ဒီအေနအထားမွာ ေက်ာက္မ်က္အသင္းအေနနဲ႔ သူတို႔ကေတာ့ ထပ္မံယာယီရပ္နားႏိုင္ေရးကို ညႇိႏိႈင္းတင္ျပလာပါတယ္။ အဲ့ဒါနဲ႔ က်ေနာ္တို႔ကလည္း အထက္ ဌာနကို တင္ျပၿပီးေတာ့ ထပ္ၿပီးေတာ့ ယာယီရပ္နားတဲ့ အေျခအေနပါဗ်။”
ျမန္မာႏုိင္ငံအ၀န္း ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ကခ်င္ျပည္နယ္က ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ငန္းေတြေၾကာင့္ ထင္ရွားတဲ့ ဖားကန္႔ေဒသမွာလည္း ကူးစက္သူ အတည္ျပဳလူနာေတြ တုိးလာေနာတပါ။ ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့အတြက္ က်န္းမာေရး၀န္ထမ္းေတြအျပင္ ေဒသခံအာဏာပုိင္ေတြပါ ပူးေပါင္းၿပီး ထိန္းခ်ဳပ္ႏုိင္ဖုိ႔ စီစဥ္ေနတယ္လုိ႔လည္း ဖားကန္႔ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။
“ဖားကန္႔မွာဆိုတာထက္ လုံးခင္းမွာနဲ႔ ဆိတ္မူေပါ့ဗ်ာ၊ အကုန္လုံး ၂၀၀ ေက်ာ္ျဖစ္သြားတာေပ့ါ။ Positive ျဖစ္တဲ့လူနာက အဲ့ဒီေတာ့ နည္းနည္းမ်ားလာတယ္လို႔ ထင္တာပဲေလ။ COVID-19 ထိန္းခ်ဳပ္ေရး Mobile Team ဆိုၿပီးေတာ့ ဖြဲ႕ထားတာေပါ့ဗ်ာ။ အဲ့ဒီမွာကေတာ့ အုပ္ခ်ဳပ္ေရးပါမယ္၊ ရဲလည္းပါမယ္၊ တပ္ကလည္း ပါမယ္ေနာက္ ဌာနဆိုင္ရာေတြလည္းပါမယ္ေပါ့ဗ်ာ။ လဝကတို႔ ဘာတို႔ ေနာက္ၿပီးေတာ့ က်န္းမာေရးဌာနေပါ့။ အကုန္လုံးေပါင္းၿပီးေတာ့မွ က်ေနာ္တို႔က ညပိုင္းတို႔ ေန႔ပိုင္းတို႔ လွည့္လည္ၿပီးေတာ့ ေလာ္စပီကာနဲ႔ ေအာ္တာမ်ိဳး။ Team နဲ႔ကေတာ့ မလိုက္နာတဲ့သူေတြကို COVID 19 စည္းကမ္းဥပေဒမလိုက္နာတဲ့သူ၊ ေဖာက္ဖ်က္တဲ့သူ၊ တခ်ိဳ႕နည္းနည္းပါးပါးလုပ္တဲ့သူေတြကို က်ေနာ္တို႔ကေတာ့ ထိန္းသိမ္းႏိုင္ေအာင္ COVID Team ဆိုၿပီးေတာ့ ဖြဲ႕ထားၿပီးေတာ့ လွည့္ပတ္ေနပါတယ္။”
ကခ်င္ျပည္နယ္မွာ ေရာဂါကူးစက္မႈေတြတိုးလာတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြကို ကန္႔သတ္တာအပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကိုလည္း တိုးျမွင့္ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။
ကခ်င္ျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ မေန႔တုန္းကအထိ ကခ်င္ျပည္နယ္မွာ ကုိဗစ္ေရာဂါပုိး ကူးစက္သူ အတည္ျပဳလူနာ ၂၉၀ ေက်ာ္ ရွိေနၿပီး အမ်ားဆုံးျဖစ္တဲ့ ဖားကန္႔ေဒသမွာေတာ့ ၂၂၈ ေယာက္ရွိေနပါတယ္။
[Unicode Version]
ကိုဗစ်အန္တရာယ်ကြောင့် ကချင်ကျောက်တူးလုပ်ငန်း နောက်ထပ် ၂ လတိုးရပ်ဆိုင်း
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကို နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်တဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။
မိုးရာသီကာလမှာ အန္တရာယ်ရှိတာကြောင့် လုံးခင်း၊ ဖားကန့်၊ ခန္တီးနှင့် မော်လူး-မော်ဟန် ရတနာနယ်မြေတွေမှာ ကျောက်မျက် တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဇူလိုင်လ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီရပ်နားထားခဲ့တာပါ။ ယာယီရပ်ဆိုင်းထားတာ သက်တမ်းကုန်သွားချိန်မှာပဲ ဒေသတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ပိုများလာတဲ့အတွက် ထိန်းချုပ်နိုင်အောင် အောက်တိုဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ တာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်က အမှုဆောင်အရာရှိ ဦးမင်းသူက ပြောပါတယ်။
“ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းကတော့ မိုးတွင်းကာလဖြစ်တဲ့တွက် မြေပြိုမှုတွေ ဘာညာဖြစ်မှာစိုးလို့ ပထမ မိုးတွင်းကာလ ၃ လ ကို ယာယီရပ်နားခဲ့တာပေါ့နော်။ ယာယီရပ်နားပြီးတော့ နောက်တစ်ခါ ကျောက်မျက်လုပ်ငန်းရှင်များအသင်းကနေပြီးတော့ပဲ နောက်ထပ် ၂ လလည်း ကိုဗစ်ကာလဖြစ်တဲ့ အတွက် ယာယီရပ်နားဖို့ သူတို့တင်ပြချက်အရ ကျနော်တို့ကလည်း အထက်ဌာနတွေကို ကျနော်တို့ တင်ပြပြီးတော့ နားခဲ့တာပေါ့နော်။ အခုတစ်ခါကျတော့လည်း အဲ့ဒီလိုပါပဲဗျ။ အခုဟာကတော့ ပိုပြီး တော့ အဲ့ဒီဖားကန့်ဘက်မှာ ပိုပြီးတော့ ပိုးတွေ့လူနာတွေလည်း များလာတယ်။ Stay at Home တွေ လုပ်လာတယ်။ ပိုပြီးတော့ semi lockdown လုပ်တာတွေလည်း ရှိတယ်။ အဲ့ဒီဘက်မှာ အဝင်အထွက်တွေက များလာတဲ့ အနေအထားမျိုးရှိတော့၊ ဒီအနေအထားမှာ ကျောက်မျက်အသင်းအနေနဲ့ သူတို့ကတော့ ထပ်မံယာယီရပ်နားနိုင်ရေးကို ညှိနှိုင်းတင်ပြလာပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ကလည်း အထက် ဌာနကို တင်ပြပြီးတော့ ထပ်ပြီးတော့ ယာယီရပ်နားတဲ့ အခြေအနေပါဗျ။”
မြန်မာနိုင်ငံအဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကြောင့် ထင်ရှားတဲ့ ဖားကန့်ဒေသမှာလည်း ကူးစက်သူ အတည်ပြုလူနာတွေ တိုးလာနောတပါ။ ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအပြင် ဒေသခံအာဏာပိုင်တွေပါ ပူးပေါင်းပြီး ထိန်းချုပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။
“ဖားကန့်မှာဆိုတာထက် လုံးခင်းမှာနဲ့ ဆိတ်မူပေါ့ဗျာ၊ အကုန်လုံး ၂၀၀ ကျော်ဖြစ်သွားတာပေ့ါ။ Positive ဖြစ်တဲ့လူနာက အဲ့ဒီတော့ နည်းနည်းများလာတယ်လို့ ထင်တာပဲလေ။ COVID-19 ထိန်းချုပ်ရေး Mobile Team ဆိုပြီးတော့ ဖွဲ့ထားတာပေါ့ဗျာ။ အဲ့ဒီမှာကတော့ အုပ်ချုပ်ရေးပါမယ်၊ ရဲလည်းပါမယ်၊ တပ်ကလည်း ပါမယ်နောက် ဌာနဆိုင်ရာတွေလည်းပါမယ်ပေါ့ဗျာ။ လဝကတို့ ဘာတို့ နောက်ပြီးတော့ ကျန်းမာရေးဌာနပေါ့။ အကုန်လုံးပေါင်းပြီးတော့မှ ကျနော်တို့က ညပိုင်းတို့ နေ့ပိုင်းတို့ လှည့်လည်ပြီးတော့ လော်စပီကာနဲ့ အော်တာမျိုး။ Team နဲ့ကတော့ မလိုက်နာတဲ့သူတွေကို COVID 19 စည်းကမ်းဥပဒေမလိုက်နာတဲ့သူ၊ ဖောက်ဖျက်တဲ့သူ၊ တချို့နည်းနည်းပါးပါးလုပ်တဲ့သူတွေကို ကျနော်တို့ကတော့ ထိန်းသိမ်းနိုင်အောင် COVID Team ဆိုပြီးတော့ ဖွဲ့ထားပြီးတော့ လှည့်ပတ်နေပါတယ်။”
ကချင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေတိုးလာတာကြောင့် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်တာအပါအဝင် ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကိုလည်း တိုးမြှင့်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့တုန်းကအထိ ကချင်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာ ၂၉၀ ကျော် ရှိနေပြီး အများဆုံးဖြစ်တဲ့ ဖားကန့်ဒေသမှာတော့ ၂၂၈ ယောက်ရှိနေပါတယ်။