သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကုိင္းတုိင္းအတြင္းက ၿမိဳ႕ႀကီးေတြမွာ မလုိအပ္ဘဲအျပင္မထြက္ရအမိန္႔ထုတ္


(ဓါတ္ပံု - စစ္ကိုင္းတိုင္းေဒသႀကီးစည္ပင္သာယာေရး)

(Zawgyi/Unicode)

ကိုဗစ္ေရာဂါဆက္ျဖစ္ေနတဲ့ျမန္မာႏိုင္ငံက စစ္ကိုင္းတိုင္းမွာလည္း ပိုးေတြ႔သူစမ်ားလာတာေၾကာင့္ အမ်ားဆံုးျဖစ္တဲ့ ကေလးၿမိဳ႕နယ္နဲ႔၊ ေနာက္ စစ္ကိုင္းနဲ႔ ေရြဘိုၿမိဳ႕နယ္ေတြမွာပါ တာ၀န္အရ မျဖစ္မေန အျပင္ထြက္ရတာမ်ဳိးနဲ႔ အေရးေပၚ အေျခအေနေတြကလြဲလုိ႔ အိမ္မွာဘဲ ေနၾကဖုိ႔ ပထမဆုံးအႀကိမ္အျဖစ္ သြားလာမႈ ကန္႔သတ္မႈကုိ ထုတ္ျပန္လုိက္ပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔အေနနဲ႔ မေန႔ ဒီဇင္ဘာ ၁၀ ရက္ေန႔စြဲနဲ႔ ခုလိုအမိန္႔ထုတ္ျပန္ရာမွာ ကေလးၿမိဳ႕နယ္မွာ ခုခ်ိန္ထိ စုစုေပါင္း ပိုးေတြ႔သူ ၂၄၇ ဦး၊ စစ္ကိုင္းၿမိဳ႕မွာ ၂၀၂ ဦးနဲ႔ ေရြဘိုၿမိဳ႕မွာ ၁၂၆ ဦးရွိလာကာ ကူးစက္မူမ်ားလာတာေၾကာင့္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ရတာျဖစ္ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အရင္ကလည္း ျမန္မာတႏိုင္ငံလံုးက အျဖစ္မ်ားေနတဲ့ ရန္ကုန္၊ မႏၱေလး၊ ပဲခူး၊ ဧရာဝတီတိုင္း ေဒသႀကီးနဲ႔ မြန္၊ ကခ်င္အျပင္၊ အျဖစ္မ်ားခဲ့တဲ့ ရခိုင္ျပည္နယ္တုိ႔က ၿမိဳ႕နယ္ေပါင္း ၇၀ ေက်ာ္မွာ အလားတူ အိမ္မွာေနဖို႔ အမိန္႔ေတြ ထုတ္ျပန္ခဲ့ဖူးပါတယ္။

အခုစစ္ကိုင္းတိုင္းက အိမ္မွာေနေရးအမိန္႔မွာလည္း မရွိမျဖစ္အလုပ္ေတြျဖစ္တဲ့ ဘဏ္၊ ေငြေၾကး၊ စားေသာက္ကုန္၊ ေဆးဝါး၊ စက္သံုးဆီ၊ ေရသန္႔၊ ဆက္သြယ္ေရးလုပ္ငန္းေတြမွအပ က်န္တာအားလံုးကို ပိတ္ပင္လိုက္ၿပီး၊ အျပင္ထြက္ခြင့္ကတ္ျပားေတြ ထုတ္ယူၾကဖို႔နဲ႔ ေစ်းကိုလည္း မနက္ ၆ နာရီကေန ၁၂ နာရီအထိသာ ဖြင့္ေပးသြားမွာ ျဖစ္ပါတယ္။

ေစ်းသြားခြင့္နဲ႔ ေဆးရံုေဆခန္းသြားခြင့္ျပဳထားတဲ့ ဒီအမိန္႔ထဲမွာပဲ ေစ်းသည္ေတြအေနနဲ႔ေတာ့ ပါးစပ္နဲ႔ ႏွာေခါင္းစည္း၊ ေနာက္ Face-Shield၊ လက္အိပ္ေတြ တပ္ၾကဖို႔နဲ႔ မလိုက္နာသူေတြကို အေရးယူမယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီအေတာအတြင္း ျမန္မာႏိုင္ငံမွာ မေန႔ ၾကာသပေတးေန႔က ပိုးေတြ႔သူသစ္ ၁,၃၂၁ ဦးနဲ႔၊ ေသဆုံးသူ ၂၇ ထပ္တိုးခဲ့တာေၾကာင့္ စုစုေပါင္းပိုးေတြ႔သူ ၁၀၄,၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူေပါင္း ၂,၂၀၁ ဦးရွိလာၿပီလို႔႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ည (၈) နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါအအျပင္ ဗုဒၶဟုးေန႔က ပိုးေတြ႔သူစုစုေပါင္း ၁၄၂၇ ဦးမွာ၊ ထံုးစံအတိုင္း ပထမဆံုးအမ်ားဆံုးအျဖစ္ ၇၇၆ ဦးေတြ႔ခဲ့တဲ့ ရန္ကုန္တိုင္းၿပီးလွ်င္၊ ၃၀၄ ဦး မႏၱေလးတိုင္းက ဒုတိယ၊ ၁၀၀ ေတြ႔ခဲ့တဲ့ ဧရာဝတီတိုင္းက တတိယနဲ႔၊ စစ္ကိုင္းတိုင္းကေတာ့ ပဲခူးနဲ႔ မေကြးၿပီးလွ်င္၊ ဆဌမအဆင့္မွာ ရွိခဲ့ပါတယ္။

ကခ်င္ျပည္နယ္မွာလည္း ဖားကန္႔အပါအဝင္ ကူးစက္မႈတိုးလာတာေၾကာင့္ သြားလာကန္႔သတ္မူေတြ၊ ေစာင့္ၾကည့္စစ္ေဆးမႈေတြ ပိုလုပ္ေနတယ္လို႔ ဖားကန္႔ၾကက္ေျခနီအသင္းက ဗြီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

မေန႔က တစ္ႏိုင္ငံလံုးမွာ ဓာတ္ခြဲနမူနာ စုစုေပါင္း ၂၂,၂၄၁ ခုကိုစစ္ေဆးခဲ့တာမို႔၊ ပိုးေတြႏႈန္းကေတာ့၊ ဒီဇင္ဘာလ ၁ ရက္ေန႔တုန္းက ၇.၈% ရွိခဲ့ရာကေန၊ အခု ဆယ္ရက္အၾကာမွာ ၅.၉% ကိုက်လာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

စစ်ကိုင်းတိုင်းအတွင်းက မြို့ကြီးတွေမှာ မလိုအပ်ဘဲအပြင်မထွက်ရအမိန့်ထုတ်
(Unicode)

ကိုဗစ်ရောဂါဆက်ဖြစ်နေတဲ့မြန်မာနိုင်ငံက စစ်ကိုင်းတိုင်းမှာလည်း ပိုးတွေ့သူစများလာတာကြောင့် အများဆုံးဖြစ်တဲ့ ကလေးမြို့နယ်နဲ့၊ နောက် စစ်ကိုင်းနဲ့ ရွေဘိုမြို့နယ်တွေမှာပါ တာဝန်အရ မဖြစ်မနေ အပြင်ထွက်ရတာမျိုးနဲ့ အရေးပေါ် အခြေအနေတွေကလွဲလို့ အိမ်မှာဘဲ နေကြဖို့ ပထမဆုံးအကြိမ်အဖြစ် သွားလာမှု ကန့်သတ်မှုကို ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ခုလိုအမိန့်ထုတ်ပြန်ရာမှာ ကလေးမြို့နယ်မှာ ခုချိန်ထိ စုစုပေါင်း ပိုးတွေ့သူ ၂၄၇ ဦး၊ စစ်ကိုင်းမြို့မှာ ၂၀၂ ဦးနဲ့ ရွေဘိုမြို့မှာ ၁၂၆ ဦးရှိလာကာ ကူးစက်မူများလာတာကြောင့် ထိန်းချုပ်နိုင်ဖို့ လုပ်ရတာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင်ကလည်း မြန်မာတနိုင်ငံလုံးက အဖြစ်များနေတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ မွန်၊ ကချင်အပြင်၊ အဖြစ်များခဲ့တဲ့ ရခိုင်ပြည်နယ်တို့က မြို့နယ်ပေါင်း ၇၀ ကျော်မှာ အလားတူ အိမ်မှာနေဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အခုစစ်ကိုင်းတိုင်းက အိမ်မှာနေရေးအမိန့်မှာလည်း မရှိမဖြစ်အလုပ်တွေဖြစ်တဲ့ ဘဏ်၊ ငွေကြေး၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ၊ ရေသန့်၊ ဆက်သွယ်ရေးလုပ်ငန်းတွေမှအပ ကျန်တာအားလုံးကို ပိတ်ပင်လိုက်ပြီး၊ အပြင်ထွက်ခွင့်ကတ်ပြားတွေ ထုတ်ယူကြဖို့နဲ့ ဈေးကိုလည်း မနက် ၆ နာရီကနေ ၁၂ နာရီအထိသာ ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဈေးသွားခွင့်နဲ့ ဆေးရုံဆေခန်းသွားခွင့်ပြုထားတဲ့ ဒီအမိန့်ထဲမှာပဲ ဈေးသည်တွေအနေနဲ့တော့ ပါးစပ်နဲ့ နှာခေါင်းစည်း၊ နောက် Face-Shield၊ လက်အိပ်တွေ တပ်ကြဖို့နဲ့ မလိုက်နာသူတွေကို အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ မနေ့ ကြာသပတေးနေ့က ပိုးတွေ့သူသစ် ၁,၃၂၁ ဦးနဲ့၊ သေဆုံးသူ ၂၇ ထပ်တိုးခဲ့တာကြောင့် စုစုပေါင်းပိုးတွေ့သူ ၁၀၄,၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၂,၂၀၁ ဦးရှိလာပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ည (၈) နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအအပြင် ဗုဒ္ဓဟုးနေ့က ပိုးတွေ့သူစုစုပေါင်း ၁၄၂၇ ဦးမှာ၊ ထုံးစံအတိုင်း ပထမဆုံးအများဆုံးအဖြစ် ၇၇၆ ဦးတွေ့ခဲ့တဲ့ ရန်ကုန်တိုင်းပြီးလျှင်၊ ၃၀၄ ဦး မန္တလေးတိုင်းက ဒုတိယ၊ ၁၀၀ တွေ့ခဲ့တဲ့ ဧရာဝတီတိုင်းက တတိယနဲ့၊ စစ်ကိုင်းတိုင်းကတော့ ပဲခူးနဲ့ မကွေးပြီးလျှင်၊ ဆဌမအဆင့်မှာ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်မှာလည်း ဖားကန့်အပါအဝင် ကူးစက်မှုတိုးလာတာကြောင့် သွားလာကန့်သတ်မူတွေ၊ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့ ဖားကန့်ကြက်ခြေနီအသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မနေ့က တစ်နိုင်ငံလုံးမှာ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၂,၂၄၁ ခုကိုစစ်ဆေးခဲ့တာမို့၊ ပိုးတွေနှုန်းကတော့၊ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက ၇.၈% ရှိခဲ့ရာကနေ၊ အခု ဆယ်ရက်အကြာမှာ ၅.၉% ကိုကျလာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG