သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မှာ ကျောက်စိမ်းအရွယ်စုံ ၁၃၀ ကျော်ဖမ်းမိ


(ပုံခရက်ဒစ် - မောင်လေးငယ်ငယ်)
(ပုံခရက်ဒစ် - မောင်လေးငယ်ငယ်)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ထီးချိုင့်တံတားလုံခြုံရေးဂိတ်မှာကချင်ပြည်နယ် ဖားကန့်ဒေသကနေ ထွက်ခွာလာတဲ့ ကချင်မန္တလာအဝေးပြေးကားတစီးကို မနေ့က ဇွန်လ ၁၉ ရက်နေ့က ရှာဖွေရာ၊ တရားမဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်း ၁၃၁ တုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထီးချိုင့်မြို့မ ရဲစခန်း တာဝန်ရှိသူက VOA ကိုပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှာ မနက် ၃နာရီကျော်အချိန် တံတားလုံခြုံရေးယူထားတဲ့ အချိန်မှာပဲ ကျောက်စိမ်းတုံးတွေကို ဖမ်းဆီးမိခဲ့တာပါ။ ရဲအာဏာပိုင်တွေရဲ့ စစ်ဆေးမူကိုမခံပဲထွက်ပြေးခဲ့တဲ့ ကချင်မန္တလာ ကားပေါ်မှာ ကချင်ပြည်နယ်ဖားကန့်ကနေ သယ်ဆောင်လာတဲ့ကျောက်စိမ်း အတုံးရေ ၁၃၁တုံးကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထီးချိုင်မြို့မရဲစခန်းက ဒုရဲမူးရဲထွဋ်အောင်ကVOA ကို ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ ကျနော်တို့က တံတားလုံခြုံရေးတာဝန်ရှိတယ်လေ။ တံတားအတွက်ကို တံတားမှာ မူးယစ်ဆေးဝါးတို့ဘာတို့ တရားမဝင်ပစ္စည်းတွေမဝင်ဖို့ ကျနော်တို့ တပ်ဖွဲ့တွေက လုံခြုံရေးယူထားတယ်။ အဲဒီလို လုံခြုံရေးယူထားတော့ ကျနော်တို့ လာတဲ့ကားတွေကို စစ်တယ်လေ။ ကျနော်တို့ ကျန်တဲ့ကားတွေ စစ်နေတဲ့အချိန်အဲဒီကားတစီးက စစ်နေရင်း ကျနော်တို့ကို ကားနဲ့ တိုက်မလိုလုပ်ပြီးမောင်းပြေးသွားတယ်။ လိုက်တော့ ကျနော်တို့ မြတောင်ဆိုတဲ့ လမ်းဆုံကိုရောက်သွားတယ်ပေါ့နော် ။ အဲဒီကားကိုမိတယ် နောက်ပြီးတားပြီးစစ်တော့ ကားခေါင်မိုးပေါ်မှာ ကျောက်စိမ်းတုံးတွေတင်လာတာတွေ့တယ် ၁၃၁ လုံး။ နောက်ပြီး သူ့လွယ်အိတ်ထဲကို ရှာတော့ ဘိန်းဖြူနဲ့ ပနစလင်ပုလင်း၁ လုံးတွေ့တယ်။ အဲဒီတော့ ကျနော်တို့က သူ့ကို ဘိန်းဖြူနဲ့ရော ၊ ကျောက်မျက်ဥပဒေ ၄၂ (ဃ) ၊ မူးယစ်ဆေးဝါး ဥပဒေ ၁၅-၁၆ ဂ နဲ့ ကျနော်တို့အရေးယူထားတယ်။”

ကျောက်စိမ်းတွေရဲ့ ကာလတန်ဖိုးကိုမသိရှိသေးကြောင်း ကချင်ပြည်နယ် ဖားကန့်ဘက်ကနေ ယူလာဆိုတာကိုတော့စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။

“ကချင်ပြည်နယ်က ယူလာတာ ဖားကန့်က ၁၃၁ လုံး။အလေးချိန်ကိုတော့ ကျနော်တို့ စစ်ချိန်ဆဲပဲ။ ကျနော်တို့ ကျောက်မျက်နဲ့ ချိတ်ပြီးတော့မှ အလေးချိန်တို့ တန်ဖိုးတို့ ကျောက်မျက်က သတ်မှတ်ပေးလိမ့်မယ့် လောလောဆယ်ကတော့ ၁၃၁ လုံးပေါ့ ဆိုက်အစုံပေါ့နော်။ ဒီကားက ကချင်ပြည်နယ် နဲ့ မန္တလေးနဲ့ သွားတဲ့ကား ကချင်မန္တလာကား။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေတိုက်ပွဲတွေဖြစ်နေတာလည်း ကချင်ပြည်နယ်တွင်းက ထွက်နေတဲ့ ကျောက်စိမ်းအပါအဝင် သံယံဇာတကိစ္စတွေနဲ့ ဆက်စပ်မူတွေရှိနေတယ်လို့ပြောလို့ ရပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက မကြာခဏဆိုသလို ရှိနေပြီ တခါတရံမှာ ရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို တခါတရံ မှာတော့ ဒါဇင်နဲ့ချီ ပြီး ပျောက်ဆုံးသေဆုံးနေကြရတာလည်း ဖြစ်ခဲ့ရတာပါ။ ၂၀၁၆ ခုနှစ်ထဲမှာပဲ မြေစာပုံ ပြိုကျမှုကြောင့် လူ ၁ဒါဇင်ကျော် သေဆုံးရပြီး နောက်မှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အထိတောင်းဆိုမူတွေလည်းရှိခဲ့ပေမဲ့ လည်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကလည်း ရပ်နားသွားမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG