သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္ ကိုဗစ္ထိန္းခ်ဳပ္ေရး တိုးျမွင့္လုပ္ေဆာင္ေန


ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႔နယ္မွာ Mask တပ္ဖို႔ ႏိႈးေဆာ္ေနတဲ့ ျမင္ကြင္း။ Department of Public Health Kachin State - ႏိုဝင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံေျမာက္ပိုင္း ကခ်င္ျပည္နယ္မွာ မၾကာေသးခင္ကစလို႔ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာတာေၾကာင့္ ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးပမ္းေနရတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေပးပို႔ထားပါတယ္။

ကခ်င္ျပည္နယ္မွာ ေက်ာက္စိမ္းလုပ္ငန္းေတြေၾကာင့္ ထင္ရွားတဲ့ ဖားကန႔္ေဒသ အပါအဝင္ ေနရာတခ်ိဳ႕မွာ ကပ္ေရာဂါကူးစက္မႈေတြ တိုးလာတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန႔္သတ္ထားၿပီး ေစာင့္ၾကည့္စစ္ေဆးမႈေတြကိုလည္း တိုးျမႇင့္ေနပါတယ္။ မၾကာေသးခင္ကစလို႔ ေရာဂါပိုးရွိသူ အတည္ျပဳလူနာေတြ မ်ားလာတာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကို လိုက္နာေအာင္ စီစဥ္ေနရတယ္လို႔လည္း ဖားကန႔္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္းခြဲဥကၠ႒ ဦးသန္းေဇာ္ကြန္းက VOA ကိုေျပာပါတယ္။

"ပထမလႈိင္းတုန္းကေတာ့ ေပါ့ေပါ့ပါးပါးေလးျဖတ္သန္းရတယ္။ ဖားကန႔္မွာ ပိုးေတြ႕မလာဘူးေပါ့။ Second Wave မွာက်ေတာ့ ပိုးေတြ႕တဲ့ ေတာင္ၿပိဳ႐ြာ တ႐ြာထဲတုန္းက ထိန္းခ်ဳပ္ဖို႔ကလြယ္တယ္။ ေတာင္ၿပိဳ႐ြာကို ကန႔္သတ္နယ္ေျမအျဖစ္ သတ္မွတ္ၿပီးေတာ့မွ ဒီေက်း႐ြာထဲမွာရွိတဲ့ျပည္သူေတြရဲ႕ စားဝတ္ေနေရး၊ က်န္းမာေရးအတြက္ ေစာင့္ေရွာက္မႈေတြကို အခ်ိန္နဲ႔တေျပးညီ ၾကပ္ၾကပ္မတ္မတ္ထိန္းခ်ဳပ္လို႔ရတယ္။ အခုကက်ေတာ့ ပိုးေတြ႕လာတဲ့ဟာက ေနရာေတြကစိပ္စိပ္လာတဲ့အခါက်ေတာ့ ထိန္းခ်ဳပ္ဖို႔ကခက္သြားၿပီ။"

ျမန္မာႏိုင္ငံမွာ ဒီႏွစ္ဆန္းပိုင္းကစလို႔ ေရာဂါကူးစက္မႈေတြ ႀကဳံရခ်ိန္က ကခ်င္ျပည္နယ္မွာ အတည္ျပဳလူနာ မရွိခဲ့ေပမဲ့ တေက်ာ့ျပန္ ကူးစက္မႈေတြ တိုးလာရာက အခုအခါ ဖားကန႔္ၿမိဳ႕နယ္မွာတင္ အတည္ျပဳလူနာ ၂၂၈ ဦးအထိ ရွိေနပါတယ္။ ေရာဂါကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန႔္သတ္တာ အပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရး အစီအမံေတြကို တိုးျမႇင့္ေဆာင္႐ြက္ ေနတယ္လို႔လည္း ဝိုင္းေမာ္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဌာန ဦးစီးမႉး ေဒါက္တာသိန္းၿမိဳ႕က VOA ကိုေျပာပါတယ္။

"လူနာေတြအေျခအေနကေတာ့ တေယာက္ကေတာ့စိုးရိမ္ရတယ္။ က်န္တဲ့လူနာေတြကေတာ့ အကုန္လုံးေကာင္းၾကပါတယ္။ လက္ရွိက်ေနာ္တို႔ၿမိဳ႕မွာ ေဆး႐ုံတက္ေနရတဲ့သူကေတာ့ တေယာက္မွမရွိဘူး။ ျမစ္ႀကီးနားမွာကေတာ့ က်ေနာ္တို႔ၿမိဳ႕နဲ႔ ပတ္သက္ၿပီး ေဆး႐ုံတက္ေနရတာကေတာ့ သုံးေယာက္ရွိတာေပါ့။ အဲဒီေတာ့ အေျခအေနေတြကေတာ့ က်ေနာ္တို႔လူနာ စုစုေပါင္း ၆ ေယာက္ရွိတယ္။ အဲဒါေတြအတြက္ ကာကြယ္တဲ့အေနနဲ႔ အဓိကကေတာ့ ရန္ကုန္နဲ႔ မႏၲေလး၊ ေနာက္ ဖားကန႔္ကေန ျပန္လာသူေတြကေန ေရာဂါပါလာတတ္တဲ့အခါက်ေတာ့ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ဂိတ္ေတြ စစ္ေဆးထားတယ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ စာရင္းေတြအရ ကခ်င္ျပည္နယ္မွာ ပိုးေတြ႕အတည္ျပဳလူနာ ၃၅၃ ဦးရွိပါတယ္။ ကပ္ေရာဂါကာလ အခ်ိန္ၾကာလာတာနဲ႔အမွ် ကခ်င္ျပည္နယ္မွာ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္း ကူညီသူေတြ ၾကားမွာလည္း အခက္အခဲေတြ တိုးလာေနတယ္လို႔ ေဒါက္တာသိန္းၿမိဳ႕က ေျပာပါတယ္။

"က်န္းမာေရးဝန္ထမ္းေတြလည္း သူ႔ဌာနနဲ႔သူရွိရမယ့္ဝန္ထမ္းေတြကိုလည္း အကုန္လုံးဆရာဝန္၊ ဆရာမေတြ ျပည့္စုံေအာင္ျဖည့္ထားပါတယ္။ ဝန္ထမ္းပိုင္းလည္း လစ္ဟာမႈမရွိဘူး၊ အကာအကြယ္ပစၥည္းလည္း လစ္ဟာမႈမရွိဘူး။ လူမႈေရးအဖြဲ႕အစည္းေတြလည္း တက္ႂကြပါတယ္။ ၾကာလာေတာ့ နည္းနည္းေလး ေမာလာတဲ့သေဘာပဲ ရွိပါတယ္၊ စိတ္ဓာတ္ခြန္အားေတာ့ ခဏခဏေပးရတာေပါ့။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေတာ့ ဝန္နဲ႔ အားမမွ်ေအာင္ တာဝန္ထမ္းေဆာင္ေနၾကတဲ့ က်န္းမာေရး ဝန္ထမ္းေတြအေနနဲ႔ ကပ္ေရာဂါကူးစက္မခံရေအာင္ အထူးသတိရွိဖို႔ တိုက္တြန္းထားပါတယ္။ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၁၀၀ ေက်ာ္နဲ႔ အတည္ျပဳလူနာေပါင္းကေတာ့ ၁၀၃,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကချင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေး တိုးမြှင့်လုပ်ဆောင်နေ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ မကြာသေးခင်ကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာကြောင့် ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းလုပ်ငန်းတွေကြောင့် ထင်ရှားတဲ့ ဖားကန့်ဒေသ အပါအဝင် နေရာတချို့မှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး စောင့်ကြည့်စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်နေပါတယ်။ မကြာသေးခင်ကစလို့ ရောဂါပိုးရှိသူ အတည်ပြုလူနာတွေ များလာတာကြောင့် ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကို လိုက်နာအောင် စီစဉ်နေရတယ်လို့လည်း ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းဇော်ကွန်းက VOA ကိုပြောပါတယ်။

"ပထမလှိုင်းတုန်းကတော့ ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းရတယ်။ ဖားကန့်မှာ ပိုးတွေ့မလာဘူးပေါ့။ Second Wave မှာကျတော့ ပိုးတွေ့တဲ့ တောင်ပြိုရွာ တရွာထဲတုန်းက ထိန်းချုပ်ဖို့ကလွယ်တယ်။ တောင်ပြိုရွာကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီးတော့မှ ဒီကျေးရွာထဲမှာရှိတဲ့ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေကို အချိန်နဲ့တပြေးညီ ကြပ်ကြပ်မတ်မတ်ထိန်းချုပ်လို့ရတယ်။ အခုကကျတော့ ပိုးတွေ့လာတဲ့ဟာက နေရာတွေကစိပ်စိပ်လာတဲ့အခါကျတော့ ထိန်းချုပ်ဖို့ကခက်သွားပြီ။"

မြန်မာနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းကစလို့ ရောဂါကူးစက်မှုတွေ ကြုံရချိန်က ကချင်ပြည်နယ်မှာ အတည်ပြုလူနာ မရှိခဲ့ပေမဲ့ တကျော့ပြန် ကူးစက်မှုတွေ တိုးလာရာက အခုအခါ ဖားကန့်မြို့နယ်မှာတင် အတည်ပြုလူနာ ၂၂၈ ဦးအထိ ရှိနေပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာ အပါအဝင် ရောဂါထိန်းချုပ်ရေး အစီအမံတွေကို တိုးမြှင့်ဆောင်ရွက် နေတယ်လို့လည်း ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာသိန်းမြို့က VOA ကိုပြောပါတယ်။

"လူနာတွေအခြေအနေကတော့ တယောက်ကတော့စိုးရိမ်ရတယ်။ ကျန်တဲ့လူနာတွေကတော့ အကုန်လုံးကောင်းကြပါတယ်။ လက်ရှိကျနော်တို့မြို့မှာ ဆေးရုံတက်နေရတဲ့သူကတော့ တယောက်မှမရှိဘူး။ မြစ်ကြီးနားမှာကတော့ ကျနော်တို့မြို့နဲ့ ပတ်သက်ပြီး ဆေးရုံတက်နေရတာကတော့ သုံးယောက်ရှိတာပေါ့။ အဲဒီတော့ အခြေအနေတွေကတော့ ကျနော်တို့လူနာ စုစုပေါင်း ၆ ယောက်ရှိတယ်။ အဲဒါတွေအတွက် ကာကွယ်တဲ့အနေနဲ့ အဓိကကတော့ ရန်ကုန်နဲ့ မန္တလေး၊ နောက် ဖားကန့်ကနေ ပြန်လာသူတွေကနေ ရောဂါပါလာတတ်တဲ့အခါကျတော့ မြို့ဝင်မြို့ထွက်ဂိတ်တွေ စစ်ဆေးထားတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ စာရင်းတွေအရ ကချင်ပြည်နယ်မှာ ပိုးတွေ့အတည်ပြုလူနာ ၃၅၃ ဦးရှိပါတယ်။ ကပ်ရောဂါကာလ အချိန်ကြာလာတာနဲ့အမျှ ကချင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ကူညီသူတွေ ကြားမှာလည်း အခက်အခဲတွေ တိုးလာနေတယ်လို့ ဒေါက်တာသိန်းမြို့က ပြောပါတယ်။

"ကျန်းမာရေးဝန်ထမ်းတွေလည်း သူ့ဌာနနဲ့သူရှိရမယ့်ဝန်ထမ်းတွေကိုလည်း အကုန်လုံးဆရာဝန်၊ ဆရာမတွေ ပြည့်စုံအောင်ဖြည့်ထားပါတယ်။ ဝန်ထမ်းပိုင်းလည်း လစ်ဟာမှုမရှိဘူး၊ အကာအကွယ်ပစ္စည်းလည်း လစ်ဟာမှုမရှိဘူး။ လူမှုရေးအဖွဲ့အစည်းတွေလည်း တက်ကြွပါတယ်။ ကြာလာတော့ နည်းနည်းလေး မောလာတဲ့သဘောပဲ ရှိပါတယ်၊ စိတ်ဓာတ်ခွန်အားတော့ ခဏခဏပေးရတာပေါ့။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ဝန်နဲ့ အားမမျှအောင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ကပ်ရောဂါကူးစက်မခံရအောင် အထူးသတိရှိဖို့ တိုက်တွန်းထားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၁၀၀ ကျော်နဲ့ အတည်ပြုလူနာပေါင်းကတော့ ၁၀၃,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG