သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ကုိဗစ္ေထာက္ပံ့ေၾကး အစီအစဥ္ကုိ မေက်နပ္တဲ့ တုိင္ၾကားစာ ၂ သိန္းေက်ာ္ေနၿပီ


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ ေမလ ၁၇ ရက္ေန႔က က်န္းမာေရးစစ္ရန္ ေစာင့္ေနသူမ်ား (Photo by Sai Aung Main / AFP)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါကာလ စား၀တ္ေနေရး အခက္အခဲႀကံဳေနရတဲ့ အေျခခံလူတန္းစားေတြကုိ အစုိးရက ေထာက္ပံ့ေၾကးေပးတဲ့ အစီအစဥ္အေပၚ မေက်နပ္မႈေတြကုိ တုိင္ၾကားစာေပါင္း ၂ သိန္းေက်ာ္ ရွိေနတဲ့အေၾကာင္း မ အိမ့္သႏၲာထြန္းေျပာျပမွာပါ။

ကပ္ေရာဂါကာလမွာ အခက္အခဲႀကဳံေနရတဲ့ ပုံမွန္ဝင္ေငြမရွိသူ အေျခခံလူတန္းစားေတြကို အစိုးရက ေထာက္ပံ့ေနတာ အခုဆိုရင္ ၄ ႀကိမ္ ရွိလာေပမဲ့ မေက်နပ္မႈေတြ ေပၚေပါက္ေနဆဲျဖစ္ၿပီး တိုင္ၾကားစာေတြလည္း အခုဆိုရင္ ၂ သိန္းေက်ာ္ရွိေနၿပီလို႔ ျပည္ေထာင္စုဝန္ႀကီး႐ုံး ဝန္ႀကီး ဦးမင္းသူက Facebook လူမႈကြန္ရက္မွာ ေျပာဆိုလုိက္တာျဖစ္ပါတယ္။

တိုင္ၾကားစာေတြက ၁သိန္း ၈ ေသာင္းေက်ာ္ကို စိစစ္ၿပီးစီးပြားၿပီး၊ အမ်ားစုျဖစ္တဲ့ ၉၆ ရာခုိင္ႏႈန္းေက်ာ္ကေတာ့ ရသင့္လ်က္နဲ႔ မရတာေၾကာင့္ တုိင္ၾကားသူေတြ ျဖစ္ေၾကာင္း ေတြ႔ရွိရၿပီး၊ ရသင့္သူေတြကို ျမန္ျမန္ဆန္ဆန္ေထာက္ပံ့ႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ္လို႔လည္း ေရးသားထားပါတယ္။

ကပ္ေရာဂါ အဆုိးဆုံးႀကံဳေနရတာေၾကာင့္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္းထဲက ေထာက္ပံ့ေၾကးရရွိဖို႔ ေလ်ာက္ထားသူ ၃ေသာင္းေလာက္ရွိတဲ့ လႈိင္သာယာ အေနာက္ပိုင္းၿမိဳ႕နယ္မွာေတာ့ အုပ္ခ်ဳပ္ေရး အာဏာပုိင္ေတြအျပင္ ရပ္မိရပ္ဖေတြ၊ ေစတနာ့၀န္ထမ္းေတြနဲ႔ အကူအညီ လုိအပ္ေနသူေတြကုိ စိစစ္ေနတယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္းအုပ္ခ်ဳပ္ေရးမႈး ဦးေနမင္းထြန္းက ေျပာပါတယ္။

“ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္ေတြမွာ အေဆာင္ေတြက မ်ားတယ္ခင္ဗ်။ အေဆာင္ေတြကမ်ားေတာ့ အေဆာင္တစ္ေဆာင္ တစ္ခန္းမွာ သူငယ္ခ်င္း ၃ ေယာက္ေလာက္ စုၿပီးေတာ့ ငွားေနၾကတာေတြရွိပါတယ္။ သူတို႔က တစ္ေယောက္ကို အိမ္ေထာင္စုတစ္စုဆိုၿပီးေတာ့ လာေလွ်ာက္တာေတြလည္း ေတြ႕ရပါတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ပယ္ရပါတယ္။ တစ္ခ်ိဳ႕ဆို ၃ ေယာက္ေပါင္းၿပီး တစ္စုဆိုၿပီးေတာ့ လာေလွ်ာက္တာေတြလည္းရွိတတ္ပါတယ္။ သူတို႔ေတြသည္ စက္႐ုံလုပ္သားေတြ ျဖစ္ေနတယ္ဆိုတဲ့အတြက္ ကြၽန္ေတာ္တို႔ ပယ္ရတာပါ။အကုန္လုံးကို ကြၽန္ေတာ္တို႔ မေပးပါဘူး။ သို႔ေသာ္ အေဆာင္မွာေနတယ္၊ မိသားစုတစ္စုတည္းျဖစ္တယ္။ တစ္ေယာက္ေလာက္ပဲ ဝင္ေငြရွိတယ္။ သူဝင္ေငြကို က်န္တဲ့ ၃ေယာက္ေလာက္က မွီခိုေနရတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က စိစစ္ၿပီးေတာ့ ထည့္သြင္းေလွ်ာက္ထားတဲ့အထဲမွာ ေနာက္တိုးအေနနဲ႔စီစဥ္ေဆာင္႐ြက္ပါတယ္ခင္ဗ်။ ပယ္တာကေတာ့ နည္းပါတယ္။ ေျပာရမယ္ဆို အခ်ိဳးအစားေပါ့ေႏွာ္၊ ၃ ပုံပုံတစ္ပုံေပါ့ေႏွာ္ တစ္ပုံေလာက္ကေတာ့ ပယ္ရတာေပါ့။ ၂ ပုံေလာက္ကေတာ့ စိစစ္ၿပီးေဆာင္႐ြက္ေပးပါတယ္။”

အေျခခံလူတန္းစားေတြ အမ်ားအျပားရွိရာ ေဒါပုံၿမိဳ႕နယ္ သေဘာၤက်င္းရပ္ကြက္မွာလည္း ေထာက္ပံ့ေၾကး ရသင့္လ်က္နဲ႔ မရတဲ့သူေတြ ရွိေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ေဒါပုံၿမိဳ႕နယ္ သေဘာၤက်င္းရပ္ကြက္ ပရဟိတလူငယ္အဖြဲ႕ရဲ႕ တြဲဖက္တည္ေထာင္သူ ကိုသီဟကေတာ့ ကပ္ေရာဂါကာလမွာ စား၀တ္ေနေရး အခက္အခဲ ႀကံဳေနရေပမဲ့ အကူအညီေတာင္းဖုိ႔ သတင္းအခ်က္အလက္ မရတာကလည္း လုိအပ္တဲ့သူေတြ မရပဲျဖစ္ေနရတဲ့ အေၾကာင္းရင္းတခုျဖစ္ေနတယ္လုိ႔ ေျပာပါတယ္။

“မရတာကေတာ့ ရာခိုင္ႏႈန္းကေတာ့ အစ္ကိုတို႔ တစ္ရပ္ကြက္တည္းတင္ အိမ္ေထာင္စုက ၁၅၀၀ ေလာက္ရွိတယ္။ အဲ့မွာ ရတာကမွ ၅၄၀ ပဲရတယ္။ သုံးခ်ိဳးတစ္ခ်ိဳးပဲရတယ္ ႏွစ္ခ်ိဳးက မရဘူးေပါ့။. အဲ့ဒီ ၂ ခ်ိဳးမရတဲ့ သူေတြကလည္း ပထမေတာ့ နည္းနည္း ဆူညံဆူညံေတာ့ ျဖစ္လိုက္ေသးတယ္။ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့ အဲ့လို သြားေလွ်ာက္ရမယ္တို႔ ဘာတို႔ ေနာက္ၿပီးေတာ့ အဲ့မွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြကအစ အဲ့ဒါကို ရပ္ကြက္ထဲမွာ မေၾကညာဘူး။ မေၾကညာေတာ့ ရပ္ကြက္ေနျပည္သူေတြက ေလွ်ာက္ရေကာင္းမွန္းမသိၾကဘူး။ တိုင္ရမယ္ဆိုတဲ့ဟာက အလုပ္ရႈပ္တယ္။ ေနာက္တစ္ခုကက်ေတာ့ လူထုက ဘာကိုသြားျမင္လဲဆိုေတာ့ တိုင္တာက သြားတိုင္ရမယ္ ေဖာင္တင္မယ္ အလုပ္ရႈပ္မယ္ ၿပီးရင္ ဒီလိုကာလႀကီးမွာသြားရမွာ ေရာဂါေတြၾကားထဲက အဲ့ဒီတစ္ခ်က္ေၾကာင့္မသြားခ်င္ဘူး။ ေနာက္တစ္ခုကက်ေတာ အဲ့ဒါရဲ႕ အက်ိဳးဆက္က သက္ေရာက္မႈရွိမရွိဆိုတာမသိရဘူး။ တိုင္တိုင္းရမွာလား၊ ေသခ်ာလား၊ တိုင္တိုင္းရမွာ မေသခ်ာတဲ့အတြက္ေၾကာင့္မို႔လို႔ လူထုက စိတ္ဝင္စားေပမယ့္ မလုပ္ေတာ့တဲ့ အေျခအေနမ်ိဳး အစ္ကို႔ပတ္ဝန္းက်င္မွာေတာ့ အဲ့လိုမ်ိဳးေတြေတြ႕ေနရတယ္။”

အစုိးရက ေထာက္ပံ့တဲ့ အစီအစဥ္မွာ ပြင့္လင္းျမင္သာမႈေတြ အားနည္းခဲ့ေၾကာင္း ေ၀ဖန္မႈေတြ ထြက္ေပၚေနတဲ့အတြက္ ကူညီေထာက္ပံ့ေပးခဲ့တဲ့ အိမ္ေထာင္စုေတြက အိမ္ေထာင္ဦးစီး အမည္စာရင္းေတြနဲ႔ ေထာက္ပံ့တဲ့ ႏႈန္းထားေတြကို ရပ္ကြက္ေက်းေ႐ြာ အုပ္ခ်ဳပ္ေရးမႈး႐ုံးေတြမွာ အမ်ားသိေအာင္ ထုတ္ျပန္ထားဖို႔ ၫႊန္ၾကားထားတယ္လို႔လည္း ျပည္ေထာင္စုဝန္ႀကီး႐ုံး ဝန္ႀကီး ဦးမင္းသူက ေျပာပါတယ္။

အစိုးရကေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ ႀကဳံခဲ့ရၿပီးေနာက္ စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရတဲ့အထဲက အေျခခံလူတန္းစားအျဖစ္ သတ္မွတ္ထားသူေတြကို ပထမအႀကိမ္အျဖစ္ ဧၿပီလနဲ႔ ဇြန္လမွာ အိမ္ေထာင္စုေပါင္း ၅.၄ သန္းအတြက္ က်ပ္ ၇၂ ဘီလီယံ၊ ဒုတိယအႀကိမ္ ဇူလိုင္နဲ႔ ၾသဂုတ္လအတြက္ အိမ္ေထာင္စု ၅.၄ သန္းအတြက္ တစ္အိမ္ေထာင္ က်ပ္၂ ေသာင္းႏႈန္းနဲ႔ ၂၁၈ ဘီလီယံေက်ာ္၊ တတိယအႀကိမ္ စက္တင္ဘာလအတြက္ အိမ္ေထာင္စုေပါင္း ၅.၇ သန္းခန႔္အတြက္ ၁၁၃ ဘီလီယံေက်ာ္ ေထာက္ပံ့ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အခုေနာက္ဆုံး စတုတၳအႀကိမ္ ေထာက္ပံ့တဲ့ အစီအစဥ္မွာေတာ့ ကပ္ေရာဂါကူးစက္မႈ အမ်ားဆုံး ႀကဳံေနရတဲ့အတြက္ အိမ္ျပင္မထြက္ရ အမိန႔္ထုတ္ထားတဲ့ ေဒသေတြက အေျခခံလူတန္းစား မိသားစုတစုကို ၄ ေသာင္းႏႈန္းနဲ႔ က်န္ေဒသေတြမွာေတာ့ မိသားစုတစုကို ၂ ေသာင္းႏႈန္းနဲ႔ ခန႔္မွန္းေျခ အိမ္ေထာင္စုေပါင္း ၆ သန္းေက်ာ္အတြက္ က်ပ္ေငြ ဘီလီယံ ၁၆၀ ေက်ာ္ သုံးစြဲဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်အပေါ် မကျေနပ်မှုတွေကို တိုင်ကြားစာပေါင်း ၂ သိန်းကျော် ရှိနေတဲ့အကြောင်း မ အိမ့်သန္တာထွန်းပြောပြမှာပါ။

ကပ်ရောဂါကာလမှာ အခက်အခဲကြုံနေရတဲ့ ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့နေတာ အခုဆိုရင် ၄ ကြိမ် ရှိလာပေမဲ့ မကျေနပ်မှုတွေ ပေါ်ပေါက်နေဆဲဖြစ်ပြီး တိုင်ကြားစာတွေလည်း အခုဆိုရင် ၂ သိန်းကျော်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးရုံး ဝန်ကြီး ဦးမင်းသူက Facebook လူမှုကွန်ရက်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

တိုင်ကြားစာတွေက ၁သိန်း ၈ သောင်းကျော်ကို စိစစ်ပြီးစီးပွားပြီး၊ အများစုဖြစ်တဲ့ ၉၆ ရာခိုင်နှုန်းကျော်ကတော့ ရသင့်လျက်နဲ့ မရတာကြောင့် တိုင်ကြားသူတွေ ဖြစ်ကြောင်း တွေ့ရှိရပြီး၊ ရသင့်သူတွေကို မြန်မြန်ဆန်ဆန်ထောက်ပံ့နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ရေးသားထားပါတယ်။

ကပ်ရောဂါ အဆိုးဆုံးကြုံနေရတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းထဲက ထောက်ပံ့ကြေးရရှိဖို့ လျောက်ထားသူ ၃သောင်းလောက်ရှိတဲ့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်မှာတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေအပြင် ရပ်မိရပ်ဖတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အကူအညီ လိုအပ်နေသူတွေကို စိစစ်နေတယ်လို့ လှိုင်သာယာမြို့နယ် အနောက်ပိုင်းအုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ပြောပါတယ်။

“ပြောရမယ်ဆိုရင် ကျွန်တော်တို့မြို့နယ်တွေမှာ အဆောင်တွေက များတယ်ခင်ဗျ။ အဆောင်တွေကများတော့ အဆောင်တစ်ဆောင် တစ်ခန်းမှာ သူငယ်ချင်း ၃ ယောက်လောက် စုပြီးတော့ ငှားနေကြတာတွေရှိပါတယ်။ သူတို့က တစ်ယေောက်ကို အိမ်ထောင်စုတစ်စုဆိုပြီးတော့ လာလျှောက်တာတွေလည်း တွေ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ပယ်ရပါတယ်။ တစ်ချို့ဆို ၃ ယောက်ပေါင်းပြီး တစ်စုဆိုပြီးတော့ လာလျှောက်တာတွေလည်းရှိတတ်ပါတယ်။ သူတို့တွေသည် စက်ရုံလုပ်သားတွေ ဖြစ်နေတယ်ဆိုတဲ့အတွက် ကျွန်တော်တို့ ပယ်ရတာပါ။အကုန်လုံးကို ကျွန်တော်တို့ မပေးပါဘူး။ သို့သော် အဆောင်မှာနေတယ်၊ မိသားစုတစ်စုတည်းဖြစ်တယ်။ တစ်ယောက်လောက်ပဲ ဝင်ငွေရှိတယ်။ သူဝင်ငွေကို ကျန်တဲ့ ၃ယောက်လောက်က မှီခိုနေရတယ်ဆိုရင်တော့ ကျွန်တော်တို့က စိစစ်ပြီးတော့ ထည့်သွင်းလျှောက်ထားတဲ့အထဲမှာ နောက်တိုးအနေနဲ့စီစဉ်ဆောင်ရွက်ပါတယ်ခင်ဗျ။ ပယ်တာကတော့ နည်းပါတယ်။ ပြောရမယ်ဆို အချိုးအစားပေါ့နှော်၊ ၃ ပုံပုံတစ်ပုံပေါ့နှော် တစ်ပုံလောက်ကတော့ ပယ်ရတာပေါ့။ ၂ ပုံလောက်ကတော့ စိစစ်ပြီးဆောင်ရွက်ပေးပါတယ်။”

အခြေခံလူတန်းစားတွေ အများအပြားရှိရာ ဒေါပုံမြို့နယ် သဘောၤကျင်းရပ်ကွက်မှာလည်း ထောက်ပံ့ကြေး ရသင့်လျက်နဲ့ မရတဲ့သူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေါပုံမြို့နယ် သဘောၤကျင်းရပ်ကွက် ပရဟိတလူငယ်အဖွဲ့ရဲ့ တွဲဖက်တည်ထောင်သူ ကိုသီဟကတော့ ကပ်ရောဂါကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရပေမဲ့ အကူအညီတောင်းဖို့ သတင်းအချက်အလက် မရတာကလည်း လိုအပ်တဲ့သူတွေ မရပဲဖြစ်နေရတဲ့ အကြောင်းရင်းတခုဖြစ်နေတယ်လို့ ပြောပါတယ်။

“မရတာကတော့ ရာခိုင်နှုန်းကတော့ အစ်ကိုတို့ တစ်ရပ်ကွက်တည်းတင် အိမ်ထောင်စုက ၁၅၀၀ လောက်ရှိတယ်။ အဲ့မှာ ရတာကမှ ၅၄၀ ပဲရတယ်။ သုံးချိုးတစ်ချိုးပဲရတယ် နှစ်ချိုးက မရဘူးပေါ့။. အဲ့ဒီ ၂ ချိုးမရတဲ့ သူတွေကလည်း ပထမတော့ နည်းနည်း ဆူညံဆူညံတော့ ဖြစ်လိုက်သေးတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အဲ့လို သွားလျှောက်ရမယ်တို့ ဘာတို့ နောက်ပြီးတော့ အဲ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကအစ အဲ့ဒါကို ရပ်ကွက်ထဲမှာ မကြေညာဘူး။ မကြေညာတော့ ရပ်ကွက်နေပြည်သူတွေက လျှောက်ရကောင်းမှန်းမသိကြဘူး။ တိုင်ရမယ်ဆိုတဲ့ဟာက အလုပ်ရှုပ်တယ်။ နောက်တစ်ခုကကျတော့ လူထုက ဘာကိုသွားမြင်လဲဆိုတော့ တိုင်တာက သွားတိုင်ရမယ် ဖောင်တင်မယ် အလုပ်ရှုပ်မယ် ပြီးရင် ဒီလိုကာလကြီးမှာသွားရမှာ ရောဂါတွေကြားထဲက အဲ့ဒီတစ်ချက်ကြောင့်မသွားချင်ဘူး။ နောက်တစ်ခုကကျတော အဲ့ဒါရဲ့ အကျိုးဆက်က သက်ရောက်မှုရှိမရှိဆိုတာမသိရဘူး။ တိုင်တိုင်းရမှာလား၊ သေချာလား၊ တိုင်တိုင်းရမှာ မသေချာတဲ့အတွက်ကြောင့်မို့လို့ လူထုက စိတ်ဝင်စားပေမယ့် မလုပ်တော့တဲ့ အခြေအနေမျိုး အစ်ကို့ပတ်ဝန်းကျင်မှာတော့ အဲ့လိုမျိုးတွေတွေ့နေရတယ်။”

အစိုးရက ထောက်ပံ့တဲ့ အစီအစဉ်မှာ ပွင့်လင်းမြင်သာမှုတွေ အားနည်းခဲ့ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အတွက် ကူညီထောက်ပံ့ပေးခဲ့တဲ့ အိမ်ထောင်စုတွေက အိမ်ထောင်ဦးစီး အမည်စာရင်းတွေနဲ့ ထောက်ပံ့တဲ့ နှုန်းထားတွေကို ရပ်ကွက်ကျေးရွော အုပ်ချုပ်ရေးမှုးရုံးတွေမှာ အများသိအောင် ထုတ်ပြန်ထားဖို့ ညွှန်ကြားထားတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးရုံး ဝန်ကြီး ဦးမင်းသူက ပြောပါတယ်။

အစိုးရကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံခဲ့ရပြီးနောက် စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့အထဲက အခြေခံလူတန်းစားအဖြစ် သတ်မှတ်ထားသူတွေကို ပထမအကြိမ်အဖြစ် ဧပြီလနဲ့ ဇွန်လမှာ အိမ်ထောင်စုပေါင်း ၅.၄ သန်းအတွက် ကျပ် ၇၂ ဘီလီယံ၊ ဒုတိယအကြိမ် ဇူလိုင်နဲ့ သြဂုတ်လအတွက် အိမ်ထောင်စု ၅.၄ သန်းအတွက် တစ်အိမ်ထောင် ကျပ်၂ သောင်းနှုန်းနဲ့ ၂၁၈ ဘီလီယံကျော်၊ တတိယအကြိမ် စက်တင်ဘာလအတွက် အိမ်ထောင်စုပေါင်း ၅.၇ သန်းခန့်အတွက် ၁၁၃ ဘီလီယံကျော် ထောက်ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အခုနောက်ဆုံး စတုတ္ထအကြိမ် ထောက်ပံ့တဲ့ အစီအစဉ်မှာတော့ ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့အတွက် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ဒေသတွေက အခြေခံလူတန်းစား မိသားစုတစုကို ၄ သောင်းနှုန်းနဲ့ ကျန်ဒေသတွေမှာတော့ မိသားစုတစုကို ၂ သောင်းနှုန်းနဲ့ ခန့်မှန်းခြေ အိမ်ထောင်စုပေါင်း ၆ သန်းကျော်အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀ ကျော် သုံးစွဲဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG