သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူစုလူေ၀းမႈေရွာင္ဖို႔ က်န္းမာေရးတာဝန္ရွိသူေတြ ထပ္မံတိုက္တြန္း


ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကားတစီးေပၚမွာ ေတြ႔ရတဲ့ ခရီးသည္မ်ား။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရဆဲ ျဖစ္တာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြကို လိုက္နာၾကဖို႔ လိုအပ္သလို၊ ကပ္ေရာဂါကာလ အစီအမံေတြေၾကာင့္ ေရာဂါကူးစက္မႈ အႏၲရာယ္ျဖစ္ႏိုင္တာကို သတိထားဖို႔လည္း တာဝန္ရွိသူေတြ တိုက္တြန္းေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံး ႀကဳံေနရတဲ့ ရန္ကုန္တိုင္း အပါအဝင္ ျမန္မာႏိုင္ငံအဝန္း ေရာဂါအႏၲရာယ္ကို သတိထားၾကဖို႔နဲ႔ ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းေတြကို လိုက္နာၾကဖို႔ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ ဥကၠ႒၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတိေပးလိုက္ပါတယ္။ ကပ္ေရာဂါရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို တိတိက်က် မသိႏိုင္ေသးခင္မွာ ေရာဂါမကူးစက္ေအာင္ ဆင္ျခင္ဖို႔ လိုအပ္ေၾကာင္းလည္း ကပ္ေရာဂါေနာက္ဆုံး အေျခအေနနဲ႔ ပတ္သက္လို႔ မေန႔တုန္းက အြန္လိုင္းကေျပာတဲ့ မိန႔္ခြန္းမွာ သတိေပးခဲ့တာပါ။

ျပည္တြင္းကူးစက္သူ ေန႔စဥ္ ၁,၀၀၀ ဝန္းက်င္ေလာက္ ရွိေနခ်ိန္မွာ အိမ္ျပင္မထြက္ရ အမိန႔္အပါအဝင္ ကန႔္သတ္ခ်က္ေတြကိုလည္း သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေတြမွာ ထုတ္ျပန္ေနၾကပါတယ္။ ဒါေပမဲ့လည္း မေန႔တုန္းက မႏၲေလးတိုင္းအတြင္း နယ္ေက်ာ္ခရီးသြားခြင့္ ေထာက္ခံခ်က္ရဖို႔ ႀကိဳးပမ္းၾကသူေတြ အမ်ားအျပား စုေဝးခဲ့တဲ့ အေျခအေနမ်ိဳးေတြကိုေတာ့ ေရွာင္ရွားဖို႔ လိုတယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

"သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္ေတြမွာေတာ့ Stay at Home လုပ္တယ္၊ တခ်ိဳ႕ေနရာေတြမွာေတာ့ တိုင္းနဲ႔ျပည္နယ္အစီအစဥ္အလိုက္ Semi-Lockdown ပုံစံမ်ိဳးေတြ လုပ္ၿပီးေတာ့ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္တယ္ဆိုတာ ေကာင္းတဲ့ဟာေတြေတာ့ ရွိပါတယ္။ သို႔ေသာ္ ၿမိဳ႕နယ္ေက်ာ္သြားလာခြင့္တို႔ကို လူအုပ္စုနဲ႔ထုတ္ယူရေလာက္ေအာင္ ျဖစ္ေနတဲ့အစီအစဥ္ေတြကေတာ့ မေကာင္းပါဘူး။ ဒါကေတာ့ ဘယ္လိုမွ မျဖစ္သင့္ပါဘူး၊ နည္းလမ္းရွာသင့္ပါတယ္။ ဒီထဲမွာသာ ေရာဂါျဖစ္ပြားတဲ့သူ၊ ေရာဂါပိုးကူးစက္ခံရၿပီးေတာ့ လကၡဏာမျပတဲ့သူ၊ ဒါမွမဟုတ္ရင္လည္း ေရာဂါပိုးကို အလြန္လ်င္ျမန္စြာ ျဖန႔္ႏိုင္တဲ့ Super Spreader လို႔ေခၚတဲ့အုပ္စုေတြ ပါလာရင္ေတာ့ ေရာဂါျဖစ္ပြားမႈေတြက အမ်ားႀကီးျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ဒါေလးေတြကိုေတာ့ အထူးဆင္ျခင္ၿပီးေတာ့ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး အာဏာပိုင္အဖြဲ႕အစည္းေတြအေနနဲ႔ ဉာဏ္ပညာႀကီးမားစြာနဲ႔ ျပင္ဆင္ၿပီးေတာ့ေဆာင္႐ြက္သင့္ပါတယ္။"

ႏိုင္ငံေတာ္ အတိုင္ပင္ခံရဲ႕ မိန႔္ခြန္းမွာေတာ့ ေရာဂါကူးစက္သူ စုစုေပါင္းရဲ႕ ၇၀ ရာခိုင္ႏႈန္းေက်ာ္ရွိတဲ့ ရန္ကုန္တိုင္းအတြင္း အထူးသတိထားဖို႔ တိုက္တြန္းထားပါတယ္။ ေရာဂါကူးစက္သူ တိုးလာေနၿပီး အခ်ိန္ကာလ ၾကာျမင့္လာတာနဲ႔အမွ် ရန္ကုန္တိုင္းအတြင္း က်န္းမာေရးနဲ႔ လူမႈေရး အကူအညီေပးေနသူေတြအတြက္ အခက္အခဲေတြလည္း ပိုမ်ားလာေနတယ္လို႔ ရန္ကုန္တိုင္း၊ ေစတနာ့ဝန္ထမ္းေတြရဲ႕ တာဝန္ခံ ကိုဒီၿငိမ္းလင္းက ေျပာပါတယ္။

"အလႉရွင္ေတြက ၿပိဳင္းလာတဲ့အခါက်ေတာ့ အထဲမွာရွိတဲ့ Volunteer ေတြအတြက္ အစားအေသာက္ေထာက္ပံ့တာနဲ႔ ေရသန႔္ေထာက္ပံ့တဲ့ ကိစၥမ်ိဳးေတြမွာ အခက္အခဲရွိလာတယ္။ လူနာအဝင္မ်ားရင္ သူတို႔ရဲ႕အသုံးအေဆာင္ပစၥည္းေတြကလည္း မ်ားတယ္ေလ။ အေျခခံပစၥည္းေတြအကုန္လုံးက အစိုးရနဲ႔ ဒီလႉဒါန္းထားတဲ့ အလႉရွင္ေတြကေထာက္ပံ့ၾကတာကိုး။ အဲဒီပစၥည္းပိုင္းေတြနည္းလာတဲ့အခါမွာ က်ေနာ္တို႔ ခါတိုင္းလို ျမန္ျမန္ဆန္ဆန္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္မလုပ္ႏိုင္တဲ့ အပိုင္းေလးေတြရွိလာတာေပါ့။ တခ်ိဳ႕ဟာေလးေတြက ျပန္ၿပီးေတာ့ေလွ်ာ့သုံးရတဲ့အပိုင္းေလးေတြ ရွိလာတယ္၊ အဲလိုအခက္အခဲေလးေတြေတာ့ ရွိတယ္ခင္ဗ်။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္းထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္နဲ႔ ေရာဂါအတည္ျပဳလူနာေပါင္း ၁၀၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူစုလူဝေးမှုရှောင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ ထပ်မံတိုက်တွန်း

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို လိုက်နာကြဖို့ လိုအပ်သလို၊ ကပ်ရောဂါကာလ အစီအမံတွေကြောင့် ရောဂါကူးစက်မှု အန္တရာယ်ဖြစ်နိုင်တာကို သတိထားဖို့လည်း တာဝန်ရှိသူတွေ တိုက်တွန်းနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံအဝန်း ရောဂါအန္တရာယ်ကို သတိထားကြဖို့နဲ့ ရောဂါထိန်းချုပ်ရေး စည်းကမ်းတွေကို လိုက်နာကြဖို့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။ ကပ်ရောဂါရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တိတိကျကျ မသိနိုင်သေးခင်မှာ ရောဂါမကူးစက်အောင် ဆင်ခြင်ဖို့ လိုအပ်ကြောင်းလည်း ကပ်ရောဂါနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ မနေ့တုန်းက အွန်လိုင်းကပြောတဲ့ မိန့်ခွန်းမှာ သတိပေးခဲ့တာပါ။

ပြည်တွင်းကူးစက်သူ နေ့စဉ် ၁,၀၀၀ ဝန်းကျင်လောက် ရှိနေချိန်မှာ အိမ်ပြင်မထွက်ရ အမိန့်အပါအဝင် ကန့်သတ်ချက်တွေကိုလည်း သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ ထုတ်ပြန်နေကြပါတယ်။ ဒါပေမဲ့လည်း မနေ့တုန်းက မန္တလေးတိုင်းအတွင်း နယ်ကျော်ခရီးသွားခွင့် ထောက်ခံချက်ရဖို့ ကြိုးပမ်းကြသူတွေ အများအပြား စုဝေးခဲ့တဲ့ အခြေအနေမျိုးတွေကိုတော့ ရှောင်ရှားဖို့ လိုတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

"သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာတော့ Stay at Home လုပ်တယ်၊ တချို့နေရာတွေမှာတော့ တိုင်းနဲ့ပြည်နယ်အစီအစဉ်အလိုက် Semi-Lockdown ပုံစံမျိုးတွေ လုပ်ပြီးတော့ ရောဂါကူးစက်မှုကို ထိန်းချုပ်တယ်ဆိုတာ ကောင်းတဲ့ဟာတွေတော့ ရှိပါတယ်။ သို့သော် မြို့နယ်ကျော်သွားလာခွင့်တို့ကို လူအုပ်စုနဲ့ထုတ်ယူရလောက်အောင် ဖြစ်နေတဲ့အစီအစဉ်တွေကတော့ မကောင်းပါဘူး။ ဒါကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး၊ နည်းလမ်းရှာသင့်ပါတယ်။ ဒီထဲမှာသာ ရောဂါဖြစ်ပွားတဲ့သူ၊ ရောဂါပိုးကူးစက်ခံရပြီးတော့ လက္ခဏာမပြတဲ့သူ၊ ဒါမှမဟုတ်ရင်လည်း ရောဂါပိုးကို အလွန်လျင်မြန်စွာ ဖြန့်နိုင်တဲ့ Super Spreader လို့ခေါ်တဲ့အုပ်စုတွေ ပါလာရင်တော့ ရောဂါဖြစ်ပွားမှုတွေက အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ဒါလေးတွေကိုတော့ အထူးဆင်ခြင်ပြီးတော့ သက်ဆိုင်ရာအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ဉာဏ်ပညာကြီးမားစွာနဲ့ ပြင်ဆင်ပြီးတော့ဆောင်ရွက်သင့်ပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံရဲ့ မိန့်ခွန်းမှာတော့ ရောဂါကူးစက်သူ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ရန်ကုန်တိုင်းအတွင်း အထူးသတိထားဖို့ တိုက်တွန်းထားပါတယ်။ ရောဂါကူးစက်သူ တိုးလာနေပြီး အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ရန်ကုန်တိုင်းအတွင်း ကျန်းမာရေးနဲ့ လူမှုရေး အကူအညီပေးနေသူတွေအတွက် အခက်အခဲတွေလည်း ပိုများလာနေတယ်လို့ ရန်ကုန်တိုင်း၊ စေတနာ့ဝန်ထမ်းတွေရဲ့ တာဝန်ခံ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

"အလှူရှင်တွေက ပြိုင်းလာတဲ့အခါကျတော့ အထဲမှာရှိတဲ့ Volunteer တွေအတွက် အစားအသောက်ထောက်ပံ့တာနဲ့ ရေသန့်ထောက်ပံ့တဲ့ ကိစ္စမျိုးတွေမှာ အခက်အခဲရှိလာတယ်။ လူနာအဝင်များရင် သူတို့ရဲ့အသုံးအဆောင်ပစ္စည်းတွေကလည်း များတယ်လေ။ အခြေခံပစ္စည်းတွေအကုန်လုံးက အစိုးရနဲ့ ဒီလှူဒါန်းထားတဲ့ အလှူရှင်တွေကထောက်ပံ့ကြတာကိုး။ အဲဒီပစ္စည်းပိုင်းတွေနည်းလာတဲ့အခါမှာ ကျနော်တို့ ခါတိုင်းလို မြန်မြန်ဆန်ဆန် မြိုင်မြိုင်ဆိုင်ဆိုင်မလုပ်နိုင်တဲ့ အပိုင်းလေးတွေရှိလာတာပေါ့။ တချို့ဟာလေးတွေက ပြန်ပြီးတော့လျှော့သုံးရတဲ့အပိုင်းလေးတွေ ရှိလာတယ်၊ အဲလိုအခက်အခဲလေးတွေတော့ ရှိတယ်ခင်ဗျ။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်းထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ရောဂါအတည်ပြုလူနာပေါင်း ၁၀၀,၀၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG