သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း COVID 19 ထိန္းခ်ဳပ္ေရး တိုးျမွင့္ေဆာင္ရြက္


PPE ဝတ္စံုျပည့္ဝတ္ထားတဲ့ က်န္းမာေရးဝန္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႔ရ။ (စက္တင္ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တုိးေနခ်ိန္မွာပဲ အမ်ားျပည္သူနဲ႔ သက္ဆုိင္ရာ ေနရာေတြမွာ လူစုလူေ၀း လုပ္တာေတြကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ တာ၀န္ရွိသူေတြ ႀကိဳးပမ္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကူးစက္သူ အတည္ျပဴလူနာ ေန႔စဥ္ ၈၀၀ ေက်ာ္ေလာက္နဲ႔ အမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တုိင္းမွာ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားေပမဲ့ အမ်ားျပည္သူနဲ႔ဆုိင္တဲ့ ေနရာေတြမွာ လူအမ်ားအျပားနဲ႔ စည္ကားေနတာေၾကာင့္ ထိန္းခ်ဳပ္ဖုိ႔ ႀကိဳးပမ္းေနပါတယ္။ မၾကာေသးခင္ရက္ေတြက လူအမ်ားအျပား အပမ္းေျဖလာေရာက္ခဲ့ၾကတဲ့ ရန္ကုန္ၿမိဳ႕လယ္ကမဟာဗႏၶဳလပန္းၿခံကိုလည္း ဒီကေန႔ကစၿပီး ရက္အကန႔္အသတ္မရွိ ပိတ္လိုက္ပါတယ္။

အခုလို အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ေနရာေတြမွာ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္လုိက္တဲ့အတြက္ ေရာဂါကူးစက္ႏိုင္ေျခကုိ ေလွ်ာ့ခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ရန္ကုန္တိုင္း ဖ်ားနာကုအခမဲ့ေဆးခန္းေတြရဲ႕ တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက VOA ကိုေျပာပါတယ္။

"ကိုဗစ္ကအဓိက လူစုလူေဝးလုပ္ရင္ေတာ့ ကူးစက္မႈျမန္မယ္၊ မ်ားမယ္။ ဒီလူစုလူေဝးမရွိေတာ့ဘူး၊ တဦးတေယာက္အေနနဲ႔ Mask တပ္မယ္၊ အကာအကြယ္ပစၥည္းေတြနဲ႔ ေသခ်ာအျပင္ထြက္မယ္ဆိုရင္ ကူးစက္မႈကိုေလွ်ာ့ခ်ႏိုင္တယ္။ အခု ဒီလုပ္ေဆာင္မႈေတြက အမွန္တကယ္ဆို ေနာက္ေတာင္က်ေနၿပီ၊ အေစာႀကီးကတည္းက လုပ္သင့္တယ္ေပါ့ေနာ္။ အခုေတာ့ အခ်ိန္ေတာ့ မေႏွာင္းေသးပါဘူး။ ဒါေပမဲ့ ဒီဟာက ထိေရာက္မယ္လို႔ေတာ့ ျမင္ပါတယ္။ ေနာက္ပိုင္း အခုလိုလူစုလူေဝးျဖစ္ေစမဲ့ ပြဲလမ္းသဘင္ေတြ၊ အခမ္းအနားေတြ အဲဒါေတြကိုေတာ့ ျဖစ္ႏိုင္ရင္ အခုကေနစၿပီးေတာ့ မလုပ္ဘူးဆိုရင္၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာမယ္ဆိုရင္ေပါ့ေနာ္။ ျပည္သူေတြဘက္က ပူးေပါင္းပါဝင္မယ္ဆိုရင္ ၁,၀၀၀ ေအာက္ကို ခ်က္ခ်င္းဆိုသလို ေရာက္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္။"

အမ်ားျပည္သူနဲ႔ဆိုင္တဲ့ အပန္းေျဖေနရာေတြမွာ အသြားအလာေတြ ကန္႔သတ္လုိက္တဲ့အတြက္ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ေလွ်ာ့ခ်ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကေပမဲ့ ၿမိဳ႕ခံေတြရဲ႕ ေန႔စဥ္ဘ၀ေတြမွာ မထိခုိက္ေအာင္လုပ္ဖုိ႔ တုိက္တြန္းသူေတြလည္း ရွိပါတယ္။ အထူးသျဖင့္ ကပ္ေရာဂါကူးစက္မႈေတြ ျမန္မာႏုိင္ငံမွာ အဆုိးဆုံး အေျခအေနနဲ႔ ႀကံဳေနရတဲ့အတြက္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတဲ့ ရန္ကုန္တုိင္းအတြင္း ကပ္ေရာဂါကာလ အခ်ိန္ၾကာလာတာနဲ႔အမွ် ၿမိဳ႕ခံေတြအတြက္ အခက္အခဲႀကံဳေနရတာေတြကိုလည္း ထည့္သြင္း စဥ္းစားဖုိ႔ လုိေနၿပီလုိ႔ ရန္ကုန္ၿမိဳ႕ခံ ကိုထက္ညီေသာ္က ေျပာပါတယ္။

"ပိတ္သင့္တယ္လို႔ေတာ့ထင္တာပဲ၊ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြေရာဂါကူးဖို႔အတြက္ လူစုေဝးဖို႔အတြက္ ခြင့္ျပဳေပးထားတဲ့ ေနရာႀကီးလိုမ်ိဳးျဖစ္ေနတာ။ ၿပီးေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ စားတယ္ေသာက္တယ္ဆိုတာကေတာ့ Mask တပ္ထားလည္း ဖြင့္ၿပီးစားရမွာပဲ။ နဂိုကတည္းကလည္း ေရာဂါကူးတဲ့ပုံစံက တေယာက္ကေန ႏွစ္ေယာက္၊ ႏွစ္ေယာက္ကေန ေလးေယာက္ပုံစံမ်ိဳးကူးေနတာျဖစ္တဲ့အတြက္ ပိတ္သြားရတယ္ဆိုတာကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ကူးႏိုင္ေလာက္တဲ့ေနရာတခုလည္္္းနည္းသြားတယ္။ Risk လည္းနည္းသြားတာ ျဖစ္မယ္လို႔ေတာ့ ထင္တယ္။ အဲဒီေတာ့ ကူးတာကေတာ့ ေလွ်ာ့ခ်ႏိုင္တယ္။ ဒါေပမဲ့ က်န္ေတာ့က်န္ေနဦးမွာေပါ့။ လူေတြက အခန္းက်ဥ္းေလးထဲ ေနရတာမ်ားေတာ့ မြန္းက်ပ္တယ္။ အျပင္ထြက္ခ်င္တယ္ဆိုရင္လည္း အဲဒီကိစၥေတြအတြက္ အစိုးရက ဘယ္လိုစီစဥ္ေပးမလဲ မေျပာတတ္ဘူး၊ Long Term Plan ရွိမလားေပါ့ေနာ္။ စဥ္းစားၾကည့္တာေတာ့ ဒီေနရာေတြကို အသုံးျပဳခြင့္ေပးေတာ့ေပးမယ္။ ဒါေပမဲ့ ဘယ္လိုအသုံးျပဳခြင့္ေပးမွာလဲ။ ဘတ္စ္ကားေတြေပၚမွာလည္း ပုံမွန္သြားလာေနသူေတြ အနည္းနဲ႔အမ်ားေတာ့ရွိတာပဲ။ အဲလိုလူေတြအတြက္ေရာ အစိုးရက ဘယ္လိုပုံစံနဲ႔စီစဥ္မလဲဆိုတာေပါ့။"

ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္သူ အတည္ျပဳလူနာ ဒုတိယအမ်ားဆုံးရွိေနတဲ့ မႏၲေလးတုိင္းထဲက ၿမိဳ႕နယ္တခ်ဳိ႕မွာလည္း မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔ ၫႊန္ၾကားထားၿပီး မလိုက္နာသူေတြကို ဒဏ္ေငြ႐ိုက္ အေရးယူတာေတြလည္း ရွိေနပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၀၀၀ ေက်ာ္နဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၁၀၀,၀၀၀ ေလာက္အထိ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းတွင်း COVID 19 ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ အများပြည်သူနဲ့ သက်ဆိုင်ရာ နေရာတွေမှာ လူစုလူဝေး လုပ်တာတွေကို ထိန်းချုပ်နိုင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကူးစက်သူ အတည်ပြူလူနာ နေ့စဉ် ၈၀၀ ကျော်လောက်နဲ့ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လူအများအပြားနဲ့ စည်ကားနေတာကြောင့် ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ မကြာသေးခင်ရက်တွေက လူအများအပြား အပမ်းဖြေလာရောက်ခဲ့ကြတဲ့ ရန်ကုန်မြို့လယ်ကမဟာဗန္ဓုလပန်းခြံကိုလည်း ဒီကနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။

အခုလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်လိုက်တဲ့အတွက် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရန်ကုန်တိုင်း ဖျားနာကုအခမဲ့ဆေးခန်းတွေရဲ့ တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက VOA ကိုပြောပါတယ်။

"ကိုဗစ်ကအဓိက လူစုလူဝေးလုပ်ရင်တော့ ကူးစက်မှုမြန်မယ်၊ များမယ်။ ဒီလူစုလူဝေးမရှိတော့ဘူး၊ တဦးတယောက်အနေနဲ့ Mask တပ်မယ်၊ အကာအကွယ်ပစ္စည်းတွေနဲ့ သေချာအပြင်ထွက်မယ်ဆိုရင် ကူးစက်မှုကိုလျှော့ချနိုင်တယ်။ အခု ဒီလုပ်ဆောင်မှုတွေက အမှန်တကယ်ဆို နောက်တောင်ကျနေပြီ၊ အစောကြီးကတည်းက လုပ်သင့်တယ်ပေါ့နော်။ အခုတော့ အချိန်တော့ မနှောင်းသေးပါဘူး။ ဒါပေမဲ့ ဒီဟာက ထိရောက်မယ်လို့တော့ မြင်ပါတယ်။ နောက်ပိုင်း အခုလိုလူစုလူဝေးဖြစ်စေမဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ အဲဒါတွေကိုတော့ ဖြစ်နိုင်ရင် အခုကနေစပြီးတော့ မလုပ်ဘူးဆိုရင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမယ်ဆိုရင်ပေါ့နော်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မယ်ဆိုရင် ၁,၀၀၀ အောက်ကို ချက်ချင်းဆိုသလို ရောက်သွားမယ်လို့ မျှော်လင့်ပါတယ်။"

အများပြည်သူနဲ့ဆိုင်တဲ့ အပန်းဖြေနေရာတွေမှာ အသွားအလာတွေ ကန့်သတ်လိုက်တဲ့အတွက် ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ မျှော်လင့်နေကြပေမဲ့ မြို့ခံတွေရဲ့ နေ့စဉ်ဘဝတွေမှာ မထိခိုက်အောင်လုပ်ဖို့ တိုက်တွန်းသူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ကပ်ရောဂါကူးစက်မှုတွေ မြန်မာနိုင်ငံမှာ အဆိုးဆုံး အခြေအနေနဲ့ ကြုံနေရတဲ့အတွက် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ကပ်ရောဂါကာလ အချိန်ကြာလာတာနဲ့အမျှ မြို့ခံတွေအတွက် အခက်အခဲကြုံနေရတာတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုနေပြီလို့ ရန်ကုန်မြို့ခံ ကိုထက်ညီသော်က ပြောပါတယ်။

"ပိတ်သင့်တယ်လို့တော့ထင်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေရောဂါကူးဖို့အတွက် လူစုဝေးဖို့အတွက် ခွင့်ပြုပေးထားတဲ့ နေရာကြီးလိုမျိုးဖြစ်နေတာ။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် စားတယ်သောက်တယ်ဆိုတာကတော့ Mask တပ်ထားလည်း ဖွင့်ပြီးစားရမှာပဲ။ နဂိုကတည်းကလည်း ရောဂါကူးတဲ့ပုံစံက တယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ လေးယောက်ပုံစံမျိုးကူးနေတာဖြစ်တဲ့အတွက် ပိတ်သွားရတယ်ဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကူးနိုင်လောက်တဲ့နေရာတခုလည်းနည်းသွားတယ်။ Risk လည်းနည်းသွားတာ ဖြစ်မယ်လို့တော့ ထင်တယ်။ အဲဒီတော့ ကူးတာကတော့ လျှော့ချနိုင်တယ်။ ဒါပေမဲ့ ကျန်တော့ကျန်နေဦးမှာပေါ့။ လူတွေက အခန်းကျဉ်းလေးထဲ နေရတာများတော့ မွန်းကျပ်တယ်။ အပြင်ထွက်ချင်တယ်ဆိုရင်လည်း အဲဒီကိစ္စတွေအတွက် အစိုးရက ဘယ်လိုစီစဉ်ပေးမလဲ မပြောတတ်ဘူး၊ Long Term Plan ရှိမလားပေါ့နော်။ စဉ်းစားကြည့်တာတော့ ဒီနေရာတွေကို အသုံးပြုခွင့်ပေးတော့ပေးမယ်။ ဒါပေမဲ့ ဘယ်လိုအသုံးပြုခွင့်ပေးမှာလဲ။ ဘတ်စ်ကားတွေပေါ်မှာလည်း ပုံမှန်သွားလာနေသူတွေ အနည်းနဲ့အများတော့ရှိတာပဲ။ အဲလိုလူတွေအတွက်ရော အစိုးရက ဘယ်လိုပုံစံနဲ့စီစဉ်မလဲဆိုတာပေါ့။"

မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ အတည်ပြုလူနာ ဒုတိယအများဆုံးရှိနေတဲ့ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာလည်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားထားပြီး မလိုက်နာသူတွေကို ဒဏ်ငွေရိုက် အရေးယူတာတွေလည်း ရှိနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀၀,၀၀၀ လောက်အထိ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG