သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း ျပန္စဖို႔ခက္


ကိုဗစ္ကပ္ေရာဂါ မျဖစ္ပြားခင္က ပုဂံကို လာေရာက္လည္ပတ္တဲ့ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္အခ်ဳိ႕။ (ေအာက္တိုဘာ ၃၀၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ အႀကီးက်ယ္ ထိခိုက္ေနရတဲ့ ခရီးသြားလုပ္ငန္းေတြ ျပန္စႏိုင္ဖို႔ လတ္တေလာ အေျခအေနအရ မလြယ္ကူေသးေၾကာင္း ႏိုင္ငံတကာနဲ႔ ျပည္တြင္း ခရီးသြားလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ခရီးသြားလုပ္ငန္းက႑ ရပ္တန္႔မေနရေအာင္ ျပည္တြင္း အေပ်ာ္တမ္းခရီးစဥ္ေတြနဲ႔ ျပန္စၾကဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အစိုးရက လႈ႔ံေဆာ္ခဲ့ၿပီး ေနာက္မွာ ခုလို ေျပာဆိုလိုက္ၾကတာပါ။ အျပည့္အစုံကုိ ကုိဉာဏ္ဝင္းေအာင္ စုစည္း တင္ျပထားပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္း လုံးဝနီးပါး ရပ္ဆိုင္းေနတာပါ။ ဒီဇင္ဘာလ ၂ ရက္ေန႔က ထုတ္ျပန္တဲ့ ျမန္မာႏုိင္ငံ ဟုိတယ္နဲ႔ ခရီးသြားလာေရး ဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ ခရီးသြားလုပ္ငန္းေတြ ျပန္လည္စတင္ႏိုင္ေရး ကနဦးႀကဳိးပမ္းမႈအျဖစ္ ေလယာဥ္ေပၚကေနၿပီး ျမင္ကြင္းေတြ လိုက္လံၾကည့္႐ႈတဲ့ ခရီးစဥ္ေတြ၊ ျမစ္တြင္း သေဘၤာခရီးစဥ္ေတြနဲ႔ Caravan Tour လို႔ေခၚတဲ့ ကုန္းတြင္းယာဥ္တန္းနဲ႔ အဏၰဝါ ခရီးသြားလုပ္ငန္းေတြကို က်န္းမာေရးဌာနရဲ႕ ကိုဗစ္ကာကြယ္ေရး စည္းကမ္းခ်က္ေတြနဲ႔အညီ ဒီဇင္ဘာလဆန္းပုိင္းကေန ဒီဇင္ဘာ လကုန္ပိုင္းအတြင္း ေဆာင္ရြက္သြားႏိုင္ဖို႔ လ်ာထားေၾကာင္း တိုက္တြန္းထားပါတယ္။

ဒါေပမယ့္ လုပ္ငန္းရွင္ေတြဘက္က ခရီးသြားလုပ္ငန္းေတြ ျပန္စခ်င္ရင္ေတာင္မွ ျပည္တြင္းခရီးသြားေတြက ကိုဗစ္ကူးစက္မွာ စိုးရိမ္တာေၾကာင့္ သြားလာၾကဦးမွာ မဟုတ္ဘူးလို႔ ျမန္မာ့ခရီးသြားလုပ္ငန္း ေစ်းကြက္ျမႇင့္တင္ေရးအဖြဲ႔ အႀကံေပးပုဂၢဳိလ္ ဦးၿဖဳိးေဝရာဇာက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ပုဂၢလိကအျမင္ကေတာ့ လက္ရွိအခ်ိန္မွာ လူေတြ ခရီးသြားလိမ့္မယ္လို႔ မထင္ေသးဘူးခင္ဗ်။ ဘာေၾကာင့္လဲဆိုေတာ့ ခုေလာေလာဆယ္မွာ ကိုဗစ္က ထိန္းခ်ဳပ္လို႔မွ မရေသးတာ။ အဲဒီေတာ့ တကယ္လို႔ အျပင္ထြက္ၿပီ ဆိုလို႔ရွိရင္လည္း Positive ျဖစ္တယ္ဆိုတာ ေတြ႔လို႔ရွိရင္ အဲဒီေရာက္တဲ့ေနရာမွာ ကြာရမ္တင္း ဝင္ရေတာ့မယ္ေလ။ အဲဒီေတာ့ က်ေနာ့္အျမင္ကေတာ့ လက္ရွိအခ်ိန္မွာ ခဏေလး ၿငိမ္ေနတာ ပိုေကာင္းမယ္လို႔ ထင္ပါတယ္။”

အစိုးရက တိုက္တြန္းသလို ျပည္တြင္းခရီးသြားလုပ္ငန္းေတြ ျပန္စဖို႔ လက္ေတြ႔မွာ မျဖစ္ႏိုင္ေသးေၾကာင္း ရန္ကုန္အေျခစိုက္ Smart Way Travel ခရီးသြားလုပ္ငန္း တာဝန္ခံ ကိုသန္းထြဋ္ေအာင္ (ေခၚ) Anthony Yang က ေျပာပါတယ္။

“အစိုးရ ခုလို ခရီးသြားလုပ္ငန္းရွင္ေတြအတြက္ စဥ္းစားေပးတာကေတာ့ ဒါ ေကာင္းတဲ့အခ်က္ေပါ့။ ဒါေပမယ့္ ခရီးသြားလုပ္ငန္းရွင္ေတြဘက္က ျပန္ၾကည့္မယ္ဆိုလို႔ရွိရင္ ကိုဗစ္အေျခအေနက ဘယ္လိုဆက္ျဖစ္မယ္၊ ဘယ္ေတာ့ၿပီးမလဲဆိုတာ မသိႏိုင္ဘူး။ ကာကြယ္ေဆးကလည္း ဘယ္ေတာ့ ျမန္မာျပည္ ေရာက္လာမလဲ ဆုိတာလည္း ေျပာရခက္တယ္။ အဲဒီေတာ့ ဒီ ခရီးသြားက႑ေတြ ဖြင့္လုိက္လို႔ ေရာဂါကူးစက္မႈ ဒီထက္ဆိုးဖို႔ပဲ ရွိလာမယ္ဆိုရင္ ဒီလုပ္ငန္းေတြကို ျပန္စဖို႔က လက္ေတြ႔ဆန္ခ်င္မွ ဆန္လိမ့္မယ္။”

ကိုဗစ္ေၾကာင့္ အထိနာေနရတဲ့ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္း ျပန္ဦးေမာ့ဖို႔ အေတာ္ကို ျပန္႐ုန္းထရမွာျဖစ္တယ္လို႔ ဦးၿဖဳိးေဝရာဇာက သုံးသပ္ပါတယ္။

“က်ေနာ္တို႔မွာ ဟိုတယ္တလုံးရွိပါတယ္၊ ဘားအံၿမဳိ႕မွာေလ။ မႏွစ္က ၂၀၁၉ ႏုိဝင္ဘာလကစၿပီး ဖြင့္ခဲ့တာေပါ့။ ဖြင့္ၿပီးေတာ့ လပိုင္းေလာက္ပဲ လုပ္ငန္းလည္ပတ္ရေသးတယ္၊ ကိုဗစ္ ပထမလႈိင္းေၾကာင့္ မတ္လအကုန္ေလာက္မွာ ပိတ္လုိက္ရတယ္။ ပိတ္ၿပီးေတာ့ ဇြန္လအကုန္ေလာက္မွာ စမ္းဖြင့္ၾကည့္လုိက္တယ္ေပါ့။ ဇူလိုင္၊ ၾသဂုတ္ ၂ လမွာေတာ့ ခရီးသြားဧည့္သည္ေတြ ေတာ္ေတာ္ေလး မ်ားခဲ့တယ္။ မ်ားၿပီးေတာ့ စက္တင္ဘာလဆန္းကစၿပီး ခုထိ ပိတ္ထားရတာေပ့ါေလ။ အဲဒီေတာ့ ေျပာရမယ္ဆိုရင္ အရင္တုန္းက ဝန္ထမ္း ၇၀-၈၀ ရွိတယ္ဆိုရင္ အခု အေယာက္ ၂၀ ေလာက္ပဲ ရွိေတာ့တာဆိုေတာ့ ၇၅ ရာခုိင္ႏႈန္းေလာက္ ေလွ်ာ့လိုက္ရတဲ့သေဘာပဲ။ အဲဒါကေတာ့ လုပ္ငန္း ျပန္လည္ပတ္ႏိုင္တယ္ ဆုိရင္ေတာင္ အျမတ္ရဖို႔ ဆိုတာကေတာ့ ေတာ္ေတာ္ေလး ျပန္လုပ္ႏိုင္မွရမယ္။”

ျမန္မာ့ခရီးသြားေစ်းကြက္ တြင္က်ယ္လာဖို႔ဆုိရင္ ႏိုင္ငံတကာမွာ ျမန္မာကို လူပိုသိလာေအာင္ တာဝန္ရွိသူေတြဘက္က ႀကဳိးပမ္းေပးဖို႔ လိုတယ္လို႔ Smart Way Travel တာဝန္ခံ ကိုသန္းထြဋ္ေအာင္က အႀကံျပဳပါတယ္။

“နံပါတ္ ၁ ျမန္မာႏိုင္ငံကို ကမၻာကသိေအာင္ လုပ္ရမယ္။ နံပါတ္ ၂ တႏွစ္ပတ္လုံး အဆက္မျပတ္ ပဲြေတြရွိေနေအာင္ လုပ္ရမယ္။ ေနာက္ၿပီးေတာ့ လူမွန္ေနရာမွန္ အသုံးခ်ဖို႔အတြက္ လိုအပ္တယ္။ ေျပာခ်င္တာကေတာ့ Tour ကုမၸဏီထဲမွာမွ ထိုင္းေစ်းကြက္ကိုပိုင္တဲ့ ကုမၸဏီေတြရွိသလို တ႐ုတ္ေစ်းကြက္ကိုပိုင္တဲ့ ကုမၸဏီေတြ ရွိတယ္။ တကမၻာလုံးက လူေတြကို ဆြဲေဆာင္ဖုိ႔အတြက္ အဲဒီလူေတြ အားလုံးကို သူတို႔နဲ႔သက္ဆုိင္တဲ့ ေနရာေတြမွာ ေနရာေပး အသုံးခ်ရမယ္။”

ျမန္မာႏိုင္ငံမွာ လတ္တေလာအခ်ိန္ထိ ကိုဗစ္ကူးစက္မႈ ျမင့္မားေနဆဲျဖစ္ၿပီး အထူးသျဖင့္ ရန္ကုန္နဲ႔ မႏၱေလးတုိင္းေတြမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကိုဗစ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်စဖို့ခက်

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် အကြီးကျယ် ထိခိုက်နေရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်ဖို့ လတ်တလော အခြေအနေအရ မလွယ်ကူသေးကြောင်း နိုင်ငံတကာနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။ ခရီးသွားလုပ်ငန်းကဏ္ဍ ရပ်တန့်မနေရအောင် ပြည်တွင်း အပျော်တမ်းခရီးစဉ်တွေနဲ့ ပြန်စကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစိုးရက လှုံ့ဆော်ခဲ့ပြီး နောက်မှာ ခုလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုံးဝနီးပါး ရပ်ဆိုင်းနေတာပါ။ ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေး ကနဦးကြိုးပမ်းမှုအဖြစ် လေယာဉ်ပေါ်ကနေပြီး မြင်ကွင်းတွေ လိုက်လံကြည့်ရှုတဲ့ ခရီးစဉ်တွေ၊ မြစ်တွင်း သင်္ဘောခရီးစဉ်တွေနဲ့ Caravan Tour လို့ခေါ်တဲ့ ကုန်းတွင်းယာဉ်တန်းနဲ့ အဏ္ဏဝါ ခရီးသွားလုပ်ငန်းတွေကို ကျန်းမာရေးဌာနရဲ့ ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ဒီဇင်ဘာလဆန်းပိုင်းကနေ ဒီဇင်ဘာ လကုန်ပိုင်းအတွင်း ဆောင်ရွက်သွားနိုင်ဖို့ လျာထားကြောင်း တိုက်တွန်းထားပါတယ်။

ဒါပေမယ့် လုပ်ငန်းရှင်တွေဘက်က ခရီးသွားလုပ်ငန်းတွေ ပြန်စချင်ရင်တောင်မှ ပြည်တွင်းခရီးသွားတွေက ကိုဗစ်ကူးစက်မှာ စိုးရိမ်တာကြောင့် သွားလာကြဦးမှာ မဟုတ်ဘူးလို့ မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဦးဖြိုးဝေရာဇာက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ပုဂ္ဂလိကအမြင်ကတော့ လက်ရှိအချိန်မှာ လူတွေ ခရီးသွားလိမ့်မယ်လို့ မထင်သေးဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ခုလောလောဆယ်မှာ ကိုဗစ်က ထိန်းချုပ်လို့မှ မရသေးတာ။ အဲဒီတော့ တကယ်လို့ အပြင်ထွက်ပြီ ဆိုလို့ရှိရင်လည်း Positive ဖြစ်တယ်ဆိုတာ တွေ့လို့ရှိရင် အဲဒီရောက်တဲ့နေရာမှာ ကွာရမ်တင်း ဝင်ရတော့မယ်လေ။ အဲဒီတော့ ကျနော့်အမြင်ကတော့ လက်ရှိအချိန်မှာ ခဏလေး ငြိမ်နေတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။”

အစိုးရက တိုက်တွန်းသလို ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်စဖို့ လက်တွေ့မှာ မဖြစ်နိုင်သေးကြောင်း ရန်ကုန်အခြေစိုက် Smart Way Travel ခရီးသွားလုပ်ငန်း တာဝန်ခံ ကိုသန်းထွဋ်အောင် (ခေါ်) Anthony Yang က ပြောပါတယ်။

“အစိုးရ ခုလို ခရီးသွားလုပ်ငန်းရှင်တွေအတွက် စဉ်းစားပေးတာကတော့ ဒါ ကောင်းတဲ့အချက်ပေါ့။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေဘက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကိုဗစ်အခြေအနေက ဘယ်လိုဆက်ဖြစ်မယ်၊ ဘယ်တော့ပြီးမလဲဆိုတာ မသိနိုင်ဘူး။ ကာကွယ်ဆေးကလည်း ဘယ်တော့ မြန်မာပြည် ရောက်လာမလဲ ဆိုတာလည်း ပြောရခက်တယ်။ အဲဒီတော့ ဒီ ခရီးသွားကဏ္ဍတွေ ဖွင့်လိုက်လို့ ရောဂါကူးစက်မှု ဒီထက်ဆိုးဖို့ပဲ ရှိလာမယ်ဆိုရင် ဒီလုပ်ငန်းတွေကို ပြန်စဖို့က လက်တွေ့ဆန်ချင်မှ ဆန်လိမ့်မယ်။”

ကိုဗစ်ကြောင့် အထိနာနေရတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်ဦးမော့ဖို့ အတော်ကို ပြန်ရုန်းထရမှာဖြစ်တယ်လို့ ဦးဖြိုးဝေရာဇာက သုံးသပ်ပါတယ်။

“ကျနော်တို့မှာ ဟိုတယ်တလုံးရှိပါတယ်၊ ဘားအံမြို့မှာလေ။ မနှစ်က ၂၀၁၉ နိုဝင်ဘာလကစပြီး ဖွင့်ခဲ့တာပေါ့။ ဖွင့်ပြီးတော့ လပိုင်းလောက်ပဲ လုပ်ငန်းလည်ပတ်ရသေးတယ်၊ ကိုဗစ် ပထမလှိုင်းကြောင့် မတ်လအကုန်လောက်မှာ ပိတ်လိုက်ရတယ်။ ပိတ်ပြီးတော့ ဇွန်လအကုန်လောက်မှာ စမ်းဖွင့်ကြည့်လိုက်တယ်ပေါ့။ ဇူလိုင်၊ သြဂုတ် ၂ လမှာတော့ ခရီးသွားဧည့်သည်တွေ တော်တော်လေး များခဲ့တယ်။ များပြီးတော့ စက်တင်ဘာလဆန်းကစပြီး ခုထိ ပိတ်ထားရတာပေ့ါလေ။ အဲဒီတော့ ပြောရမယ်ဆိုရင် အရင်တုန်းက ဝန်ထမ်း ၇၀-၈၀ ရှိတယ်ဆိုရင် အခု အယောက် ၂၀ လောက်ပဲ ရှိတော့တာဆိုတော့ ၇၅ ရာခိုင်နှုန်းလောက် လျှော့လိုက်ရတဲ့သဘောပဲ။ အဲဒါကတော့ လုပ်ငန်း ပြန်လည်ပတ်နိုင်တယ် ဆိုရင်တောင် အမြတ်ရဖို့ ဆိုတာကတော့ တော်တော်လေး ပြန်လုပ်နိုင်မှရမယ်။”

မြန်မာ့ခရီးသွားဈေးကွက် တွင်ကျယ်လာဖို့ဆိုရင် နိုင်ငံတကာမှာ မြန်မာကို လူပိုသိလာအောင် တာဝန်ရှိသူတွေဘက်က ကြိုးပမ်းပေးဖို့ လိုတယ်လို့ Smart Way Travel တာဝန်ခံ ကိုသန်းထွဋ်အောင်က အကြံပြုပါတယ်။

“နံပါတ် ၁ မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် လုပ်ရမယ်။ နံပါတ် ၂ တနှစ်ပတ်လုံး အဆက်မပြတ် ပွဲတွေရှိနေအောင် လုပ်ရမယ်။ နောက်ပြီးတော့ လူမှန်နေရာမှန် အသုံးချဖို့အတွက် လိုအပ်တယ်။ ပြောချင်တာကတော့ Tour ကုမ္ပဏီထဲမှာမှ ထိုင်းဈေးကွက်ကိုပိုင်တဲ့ ကုမ္ပဏီတွေရှိသလို တရုတ်ဈေးကွက်ကိုပိုင်တဲ့ ကုမ္ပဏီတွေ ရှိတယ်။ တကမ္ဘာလုံးက လူတွေကို ဆွဲဆောင်ဖို့အတွက် အဲဒီလူတွေ အားလုံးကို သူတို့နဲ့သက်ဆိုင်တဲ့ နေရာတွေမှာ နေရာပေး အသုံးချရမယ်။”

မြန်မာနိုင်ငံမှာ လတ်တလောအချိန်ထိ ကိုဗစ်ကူးစက်မှု မြင့်မားနေဆဲဖြစ်ပြီး အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG