သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အလြန္ ျမန္မာ့ခရီးသြားလုပ္ငန္းအလားအလာ ဘယ္လိုရွိလာႏုိုင္သလဲ


ဦးပိန္တံတားသို႔ လာေရာက္လည္ပတ္ၾကေသာ ႏိုင္ငံျခားခရီးသြား ဧည့္သည္မ်ား (သတင္းဓာတ္ပံု - မတ္ ၁၁၊ ၂၀၁၂)

[Zawgyi/Unicode]

ကုိဗစ္ေၾကာင့္ ရပ္တန္႔လိုက္ရတဲ့ ခရီးသြားလုပ္ငန္းေတြ ျပန္လည္လည္ပတ္ႏုိင္ဖုိ႔ ဟုိတယ္နဲ႔ ခရီးသြားဝန္ႀကီးဌာနက စီစဥ္ေဆာင္ရြက္ေနၿပီး ျမန္မာႏုိင္ငံဟာ ကုိဗစ္အလြန္ ခရီးသြားလုပ္ငန္း ျပန္လည္ဖြံ႕ၿဖိဳးဖို႔ အလားအလာအေကာင္းဆံုး ၇ ႏိုင္ငံထဲမွာ ပါဝင္ေနတယ္ဆုိတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

၂၀၁၈-၂၀၁၉ ခုႏွစ္မွာ ျမန္မာျပည္ကုိ လာေရာက္လည္ပတ္တဲ့ ကမာၻလွည့္ခရီးသည္ ၄,၀၀၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး သူတုိ႔သံုးစြဲခဲ့တဲ့ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၂ ဘီလီယံေက်ာ္ရွိခဲ့ေပမဲ့ အခုကုိဗစ္ကပ္ေရာဂါကာလ ၂၀၂၀ မွာေတာ့ ခရီးသြားလုပ္ငန္းအားလံုး ရပ္တန္႔လိုက္ရတဲ့အေျခအေနကို ေရာက္ခဲ့တာပါ။

အခုႏွစ္ ဇန္နဝါရီလတုန္းက ဝင္ေရာက္ခဲ့တဲ့ ျပည္ပခရီးသည္ ၄၀၀,၀၀၀ ေက်ာ္ကေန ဧၿပီလအေရာက္မွာေတာ့ ခရီးသည္ ၁၀၀ မျပည့္ေတာ့တဲ့အေနအထား ျဖစ္သြားတယ္လို႔ သိရပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ ၾသဂုတ္ - စက္တင္ဘာအထိ ျပည္ပခရီးသြား လာဖုိ႔ေမွ်ာ္လင့္ခ်က္ အင္မတန္နည္းတဲ့အခ်ိန္မွာ ဟုိတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြရဲ႕ ေမွ်ာ္လင့္ခ်က္ဟာ ျပည္တြင္း ခရီးသြားပဲျဖစ္ပါတယ္။ က်ေနာ္တို႔ အားလံုးသတိျပဳရမယ့္အခ်က္က ကိုဗစ္အလြန္ကာလနဲ႔ ပတ္သက္လို႔ ဘယ္သူမွ အေတြ႕အၾကံဳမရွိေသးပါဘူး။ ဒါေပမဲ့ ေသခ်ာတာကေတာ့ အရင္လိုလူေတြ တအားရႈပ္ေထြးၿပီး ၾကပ္ညပ္ေနတဲ့ေနရာေတြကို သြားလိုတာထက္ သဘာဝပတ္ဝန္းက်င္နဲ႔ နီးစပ္ၿပီးေတာ့ ေလဝင္ေလထြက္ေကာင္းၿပီးေတာ့ Social Distancing လုပ္လုိ႔ရတဲ့ေနရာေတြကို သြားလာတာ ပိုမ်ားလာမယ္လို႔ က်ေနာ္တို႔ယူဆပါတယ္။”

ဒါကေတာ့ အစုိးရရဲ႕ စတုတၳ တႏွစ္တာကာလအတြင္း ေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္တဲ့ရွင္းလင္းပြဲမွာ ဟုိတယ္နဲ႔ ခရီးသြားလာေရး ဒုဝန္ႀကီး ဦးတင္လတ္ေျပာသြားတာပါ။ ရပ္တန္႔လိုက္ရတဲ့ ခရီးသြားလုပ္ငန္းကို ျပန္လည္အသက္သြင္းဖို႔ရာ COVID- 19 Relief Plan ကို ေရးဆြဲၿပီးၿပီလို႔ သူကဆုိပါတယ္။

သဘာဝခရီးသြားအဖြဲ႕ခ်ဳပ္ UNWTO (World Tourism Organization) ရဲ႕ စာရင္းအရ ခရီးသြားလုပ္ငန္း အျမန္ဆံုး ဖြံ႕ၿဖိဳးတိုးတက္လာတဲ့ ႏိုင္ငံ ၂၀ စာရင္းမွာ ျမန္မာႏုိင္ငံက ထိပ္ဆံုးမွာ ပါဝင္ေနပါတယ္။ ျမန္မာႏုိင္ငံဟာ ကိုဗစ္အလြန္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးမႈ အလားအလာအေကာင္းဆံုး ၇ ႏိုင္ငံစာရင္းထဲမွာ ပါဝင္ေနတယ္လို႔ အေမရိကန္ Forbes မဂၢဇင္းထဲက အခ်က္ကုိ ဒုဝန္ႀကီးက ကိုးကားေျပာသြားတာပါ။

ကိုဗစ္အလြန္ကာလမွာေတာ့ ခရီးသြားလုပ္ငန္းသဘာဝဟာ ေျပာင္းလဲသြားမွာျဖစ္လို႔ ခရီးစဥ္အသစ္ေတြ ေဖာ္ထုတ္ႏုိင္ဖုိ႔ကုိလည္း ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ျပည္ပခရီးသြား ဝင္ေရာက္မႈနည္းပါးလို႔ ေဒသဆုိင္ရာ ခရီးသြားလုပ္ငန္းေတြမွာ ဝင္ေငြရရွိမႈအပုိင္းဟာလည္း ေလ်ာ့နည္းသြားတယ္လုိ႔ ဟုိတယ္နဲ႔ ခရီးသြားလာေရး ဒုညႊန္ခ်ဳပ္ ဦးေအာင္ေအးဟန္က အခုလိုေျပာပါတယ္။

“ဧည့္သည္ဝင္ေရာက္မႈ ႏႈိင္းယွဥ္ခ်က္မွာ ၿပီးခဲ့တဲ့ အလားတူကာလ ၂၀၁၉ခုႏွစ္ ဇန္နဝါရီကေန ေမလအထိဝင္ေရာက္ခဲ့တဲ့ ဧည့္သည္ရယ္၊ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီကေန ေမအထိဝင္ေရာက္ခဲ့တဲ့ ဧည့္သည္ေတြမွာ စုစုေပါင္း ၅၅ ရာခိုင္ႏႈန္း ေလွ်ာ့နည္းက်ဆင္းသြားခဲ့ပါတယ္။ အဲေတာ့ ခရီးသြားလုပ္ငန္းရဲ႕ ဧည့္သည္ဝင္ေရာက္မႈ က်ဆင္းသြားတာနဲ႔အတူ ဝင္ေငြရရွိမႈမွာလည္း ေလ်ာ့နည္းက်ဆင္းသြားတာေတြ ရွိပါတယ္။”

ျမန္မာျပည္တြင္း ဝင္ေရာက္လည္ပတ္တဲ့ ျပည္ပခရီးသည္ဦးေရဟာ ၂၀၁၈ တုန္းက ၃.၅ သန္းေက်ာ္ ဝင္ေရာက္ခဲ့ၿပီး၊ ၂၀၁၉ခုႏွစ္မွာ ၄.၄ သန္းနီးပါး တိုးလာတာပါ။

လာမယ့္ ၾသဂုတ္လကေန ႏွစ္ကုန္တဲ့အထိ ျပည္ပခရီးသည္ေတြ ဝင္ေရာက္လာမယ္ဆုိရင္ ဗီဇာေၾကး ေလွ်ာ့ခ်ေပးတာအျပင္ ကန္႔သတ္ဧရိယာေျဖေလ်ာ့ေပးၿပီး ခရီးသြားလုပ္ငန္းနဲ႔ပတ္သက္တဲ့ အေျခခံအေဆာက္အအံုေတြကို အဆင့္ျမွင့္တင္သြားဖို႔ ရွိတယ္လို႔ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အလွန် မြန်မာ့ခရီးသွားလုပ်ငန်းအလားအလာ ဘယ်လိုရှိလာနိုင်သလဲ

ကိုဗစ်ကြောင့် ရပ်တန့်လိုက်ရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဟာ ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးဖို့ အလားအလာအကောင်းဆုံး ၇ နိုင်ငံထဲမှာ ပါဝင်နေတယ်ဆိုတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

၂၀၁၈-၂၀၁၉ ခုနှစ်မှာ မြန်မာပြည်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် ၄,၀၀၀,၀၀၀ ကျော်ရှိခဲ့ပြီး သူတို့သုံးစွဲခဲ့တဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိခဲ့ပေမဲ့ အခုကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀ မှာတော့ ခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်လိုက်ရတဲ့အခြေအနေကို ရောက်ခဲ့တာပါ။

အခုနှစ် ဇန်နဝါရီလတုန်းက ဝင်ရောက်ခဲ့တဲ့ ပြည်ပခရီးသည် ၄၀၀,၀၀၀ ကျော်ကနေ ဧပြီလအရောက်မှာတော့ ခရီးသည် ၁၀၀ မပြည့်တော့တဲ့အနေအထား ဖြစ်သွားတယ်လို့ သိရပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် သြဂုတ် - စက်တင်ဘာအထိ ပြည်ပခရီးသွား လာဖို့မျှော်လင့်ချက် အင်မတန်နည်းတဲ့အချိန်မှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ မျှော်လင့်ချက်ဟာ ပြည်တွင်း ခရီးသွားပဲဖြစ်ပါတယ်။ ကျနော်တို့ အားလုံးသတိပြုရမယ့်အချက်က ကိုဗစ်အလွန်ကာလနဲ့ ပတ်သက်လို့ ဘယ်သူမှ အတွေ့အကြုံမရှိသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ အရင်လိုလူတွေ တအားရှုပ်ထွေးပြီး ကြပ်ညပ်နေတဲ့နေရာတွေကို သွားလိုတာထက် သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်ပြီးတော့ လေဝင်လေထွက်ကောင်းပြီးတော့ Social Distancing လုပ်လို့ရတဲ့နေရာတွေကို သွားလာတာ ပိုများလာမယ်လို့ ကျနော်တို့ယူဆပါတယ်။”

ဒါကတော့ အစိုးရရဲ့ စတုတ္ထ တနှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ရှင်းလင်းပွဲမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုဝန်ကြီး ဦးတင်လတ်ပြောသွားတာပါ။ ရပ်တန့်လိုက်ရတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းဖို့ရာ COVID- 19 Relief Plan ကို ရေးဆွဲပြီးပြီလို့ သူကဆိုပါတယ်။

သဘာဝခရီးသွားအဖွဲ့ချုပ် UNWTO (World Tourism Organization) ရဲ့ စာရင်းအရ ခရီးသွားလုပ်ငန်း အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံ ၂၀ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံဟာ ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အလားအလာအကောင်းဆုံး ၇ နိုင်ငံစာရင်းထဲမှာ ပါဝင်နေတယ်လို့ အမေရိကန် Forbes မဂ္ဂဇင်းထဲက အချက်ကို ဒုဝန်ကြီးက ကိုးကားပြောသွားတာပါ။

ကိုဗစ်အလွန်ကာလမှာတော့ ခရီးသွားလုပ်ငန်းသဘာဝဟာ ပြောင်းလဲသွားမှာဖြစ်လို့ ခရီးစဉ်အသစ်တွေ ဖော်ထုတ်နိုင်ဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်ပခရီးသွား ဝင်ရောက်မှုနည်းပါးလို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွေမှာ ဝင်ငွေရရှိမှုအပိုင်းဟာလည်း လျော့နည်းသွားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုညွှန်ချုပ် ဦးအောင်အေးဟန်က အခုလိုပြောပါတယ်။

“ဧည့်သည်ဝင်ရောက်မှု နှိုင်းယှဉ်ချက်မှာ ပြီးခဲ့တဲ့ အလားတူကာလ ၂၀၁၉ခုနှစ် ဇန်နဝါရီကနေ မေလအထိဝင်ရောက်ခဲ့တဲ့ ဧည့်သည်ရယ်၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ မေအထိဝင်ရောက်ခဲ့တဲ့ ဧည့်သည်တွေမှာ စုစုပေါင်း ၅၅ ရာခိုင်နှုန်း လျှော့နည်းကျဆင်းသွားခဲ့ပါတယ်။ အဲတော့ ခရီးသွားလုပ်ငန်းရဲ့ ဧည့်သည်ဝင်ရောက်မှု ကျဆင်းသွားတာနဲ့အတူ ဝင်ငွေရရှိမှုမှာလည်း လျော့နည်းကျဆင်းသွားတာတွေ ရှိပါတယ်။”

မြန်မာပြည်တွင်း ဝင်ရောက်လည်ပတ်တဲ့ ပြည်ပခရီးသည်ဦးရေဟာ ၂၀၁၈ တုန်းက ၃.၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၉ခုနှစ်မှာ ၄.၄ သန်းနီးပါး တိုးလာတာပါ။

လာမယ့် သြဂုတ်လကနေ နှစ်ကုန်တဲ့အထိ ပြည်ပခရီးသည်တွေ ဝင်ရောက်လာမယ်ဆိုရင် ဗီဇာကြေး လျှော့ချပေးတာအပြင် ကန့်သတ်ဧရိယာဖြေလျော့ပေးပြီး ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။

XS
SM
MD
LG