တရုတ်နိုင်ငံ ဟူးဘေနယ် ဝူဟန်မြို့က စတင်ခဲ့တဲ့ Cononavrius ဟာ အခုအခါ ဥရောပ၊ အာဖရိကအထိ ပျံ့နှံ့ရောက်ရှိနေပြီး ဒီ Virus ပိုးကြောင့် အသက်ရှှုလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ မိုင်ပေါင်းထောင်ချီပြီး နယ်စပ်ချင်းထိတွေ့နေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့မှု သိပ်မကြားရသလို ရော၈ါဖြစ်ပွါးတဲ့လူနာ မတွေ့ရသေးဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု သိပ်ကောင်းနေလို့လား ရှာဖွေဖော်ထုတ်မှု ညံ့လို့လား၊ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီတကြိမ်တော့ ဆရာ့ကို ဆရာဝန်တယောက်အနေနဲ့ ဆက်သွယ်မေးမြန်းလိုတာ ဖြစ်ပါတယ်။ အဓိကအကြောင်းအရာကတော့ တရုတ်ပြည်က စတင်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ မိုင်ပေါင်းထောင်ချီပြီး ဆက်စပ်နေတယ်။ နောက်ပြီးတော့ နယ်စပ်ဖြတ်တဲ့ဂိတ်ကလည်း တနေရာတည်း မဟုတ်ပါဘူး။ ရွာတရွာထဲမှာ အလယ်ကနေ နယ်စပ်မျဉ်းကဖြတ်နေတဲ့၊ အိမ်တအိမ်ထဲမှာ အိမ်ဦးခန်းက ဒီဘက်မှာ၊ အိမ်နောက်ဘေးခန်းက ဟိုဘက်မှာ စသည်ဖြင့် အများကြီး ဒီနယ်စပ်မှာ ရှိနေပါတယ်။ ဒီလောက် နယ်စပ်ချင်းထိတွေ့နေတဲ့ ဒေသမှာ ကမ္ဘာ့နိုင်ငံတွေ ကိုရိုနာဗိုင်းရပ် ကူးစက်မှု ဖြစ်ပွားမှုနဲ့ နှိုင်းယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာ အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က အမှန်တကယ် စမ်းစစ်ကြည့်နိုင်ရဲ့လားဆိုပြီးတော့ မေးချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး မြန်မာနိုင်ငံ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ဒီရောဂါနဲ့ ပတ်သက်တဲ့ အခြေအနေကို ဆရာ ဘယ်လောက် သိထားပါလဲ။
ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ တုပ်ကွေးတွေ ဘာတွေဖြစ်တယ်ဆိုရင် ကိုရိုနာဗိုင်းရပ် မတိုင်ခင်ကတည်းကတော့ ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက်ထားပြီးတော့ လုပ်လေ့လုပ်ထ ရှိပါတယ်။ ဥပမာ လေယာဉ်ကွင်းတွေမှာ ကိုယ်အပူချိန် စစ်ဆေးတဲ့ဟာမျိုး။ နိုင်ငံခြားခရီးတွေက ပြန်လာတဲ့အခါ စစ်ဆေးတာတွေကို တွေ့ရလေ့ရှိတယ်။ တွေ့ပြီဆိုရင်လဲ သေသေချာချာ စနစ်တကျလေး လုပ်လေ့လုပ်ထ ရှိပါတယ်။ အခု ကိုရိုနာဗိုင်းရပ် ဖြစ်တဲ့အချိန်မှာ အတတ်နိုင်ဆုံးတော့ တုံ့ပြန်ဆောင်ရွက်ဖို့ လုပ်နေတယ်။ တဘက်မှာလဲ အားမရကြတဲ့ ပြောဆိုသံတွေကိုလည်း ကြားရတယ်။ ဥပမာ နယ်စပ်ချင်း ဆက်စပ်နေပြီးတော့ နယ်စပ်ကို မပိတ်ဘူးလားလို့ ပြောကြတယ်။
မေး ။ ။ နယ်စပ်ကလဲ ပိတ်ရခက်တဲ့ အခြေအနေ။ တကယ်တော့ ကျနော်လည်း အဲဒါကို မေးချင်တာ။ ဆရာက လေဆိပ်အဝင်အထွက်ဆိုရင်တော့ ဒီနေရာကတော့ သိပ်သိသာတယ်။ Facility လည်း ထားနိုင်တယ်။ အဲဒီ နယ်စပ်မှာ မိုင်ထောင်ချီပြီးတော့ ဆက်စပ်နေတာ ဘယ်လိုလုပ်ပြီးတော့ အဲဒါကို မှန်မှန်ကန်ကန် စစ်ဆေးနိုင်တယ်လို့ ပြောလို့ရမလဲ။
ဖြေ ။ ။ နယ်စပ်ထောင်ချီပြီး ရှိတယ်ဆိုပေမယ့် ဝူဟန်က အရှေ့ပိုင်း။ ကျနော်တို့ မြန်မာနိုင်ငံနယ်စပ်က တရုတ်ပြည်ရဲ့ အနောက်ပိုင်း။ အဲဒီတော့ တရုတ်ပြည် အရှေ့နဲ့ အနောက်ဆိုတာကိုက အတော်လေး ဝေးကွာသေးတယ်။ လေယာဉ်စီးပြီး သွားမယ်ဆိုရင်တောင် ကျနော်ထင်တယ် လေးနာရီ။ ငါးနာရီ ခရီးလောက် ရှိမယ်။ ဒါကြောင့်မို့ တရုတ်ပြည်နဲ့ ဆက်စပ်နေတယ်လို့ ပြောပေမယ့် ပိုပြီးတိတိကျကျပြောရင် ဝူဟန်နဲ့ အဆက်အစပ်ရှိလားဆိုတာ ပိုပြီးမှန်မယ်၊ ပိုပြီးပြောသင့်တယ်လို့ ကျနော် ဒီလိုလေး စဉ်းစားပါတယ်။
မေး ။ ။ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ ထုတ်တဲ့အထဲမှာတော့ မြန်မာနိုင်ငံမှာ ကူးစက်ပျံ့ပွားသူ လုံးဝမရှိသေးဘူးဆိုတဲ့ သဘောမျိုး ရေးထားတာကို တွေ့ရပါတယ်။ အဲဒီလောက်အထိ မှန်နိုင်ပါသလား။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးဘူးလို့ ဆိုလိုတဲ့ စာကြောင်းပေါ် နားလည်မှုပေါ် မူတည်မှာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြောရမယ်ဆိုရင်တော့ သူတို့စစ်ဆေးမိသမျှအထဲမှာတော့ မတွေ့သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ မြန်မာတနိုင်ငံလုံးမှာ မရှိသေးဘူးလို့ ပြောတဲ့အဓိပ္ပါယ်လို့ ကျနော် မယူပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယား Tourist တယောက် မြန်မာပြည်ကိုလာတယ်။ တွေ့တယ်၊ ပြန်သွားတယ်၊ သူနဲ့ဆက်စပ်ခဲ့တဲ့လူတွေ ဘယ်သူတွေရှိလဲဆိုတာကို တောင်ကိုရီးယားက ပြန်ပြီးသတင်းပို့ပေးတယ်။ ကျန်းမာရေးဌာနက သွားပြီးတော့ကြည့်တယ်။ ဆိုတော့ ကြည့်ရတာကတော့ အိမ်မှာပဲ ဒီလူတွေကို စောင့်ကြည့်တဲ့ သဘောမျိုး ရှိလိမ့်မယ်ထင်တယ်။ ကျန်းမာရေးပညာပေးတော့ ပေးခဲ့တယ်။ ဒါထက်ပိုပြီး လုပ်ဖို့လိုမလား။ ဥပမာ မန္တလေးမှာ ဝူဟန်က ပြန်လာတဲ့လူတွေအတွက်ထားတဲ့ နေရာကိုဖွင့်တယ်။ ရန်ကုန်မှာဖွင့်တယ်လို့ ကျနော် မကြားရသေးဘူး။ မန္တလေးမှာ ပြင်ဆင်တဲ့ကော်မတီဖွဲ့တယ်။ ရန်ကုန်မှာ ဖွဲ့သလား။ နောက်ပြီးတော့ အခု တရုတ်၊ ကိုရီးယားခရီးသွားတွေ လာသွားလို့ ဖြစ်လာတယ်ဆိုရင် အဲဒီ Tourism Site ပုဂံ၊ ညောင်ဦး၊ တောင်ကြီး၊ အင်းလေး အစဒေသတွေမှာကော ဒီလိုပြင်ဆင်ချက်တွေ အသင့်ထားသလား။ quarantine လုပ်တယ် - လူတွေကို သီးခြားထားလိုက်မယ်ဆိုရင် အဲဒီအတွက် ပြင်ဆင်ထားမှုမှာ မန္တလေးကလွဲ ကျန်တဲ့နေရာတွေမှာ မတွေ့ရဘူး။
မေး ။ ။ ကျနော်လည်း အဓိက အဲဒါကို မေးချင်တာပါ။ မြန်မာနိုင်ငံမှာ အဲဒီလောက် လုပ်နိုင်တဲ့ facility တွေ ရှိရဲ့လား။ လုပ်ကောလုပ်နိုင်ရဲ့လားဆိုတာ အဓိကမေးစရာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဘယ်လောက် ကျန်းမာရေးဝန်ကြီးဌာနက သူတို့တွေ့တဲ့စာရင်းအရသာ ပြောလိုက်တာ တပြည်လုံးမှာ တကယ်ဖြစ်နေတဲ့ အခြေအနေနဲ့ တော်တော်လေးများ ကွာဟနေသလား။
ဖြေ ။ ။ ကျနော်တို့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ များသောအားဖြင့် အခုလို ပညာပေးထားပြီးဆိုလို့ရှိရင်တော့ ဖျားနာလို့ ပြင်ပဆေးခန်းတွေကို ရောက်တယ်ဆိုရင်လဲ ပြင်ပဆေးခန်းမှာထိုင်တဲ့ ဆရာဝန်တွေက ဒီဟာကို ချက်ချင်းအကြောင်းကြားလောက်အောင်တော့ အသိပညာ နိုးကြားမှု ရှိတယ်လို့တော့ ထင်ပါတယ်။
မေး ။ ။ နောက်တခုက လူထုရဲ့ တုံ့ပြန်မှု - လူထုကလည်း တချို့က မြန်မာနိုင်ငံလူတွေရဲ့ ကျန်းမာရေးအသိ၊ ဘယ်လောက်မြင့်မားသလဲ။ များသောအားဖြင့် တချို့ကိစ္စတွေမှာ မျက်စိကန်းတစေမကြောက်လို့ ဟိုတုန်းက ပြောခဲ့တာ ရှိပါတယ်။ အခုအခါမှာကော လူထုက လက်ကိုသန့်စင်ဖို့၊ လိုအပ်တဲ့ နှားခေါင်းစည်း အုပ်ထားဖို့ဆိုတာမျိုး လူတိုင်းလိုလို သတိရှိကြပါလား။ အဲဒီပစ္စည်းအရေအတွက်ကော လုံလုံလောက်လောက် ရှိရဲ့လား။
ဖြေ ။ ။ လူတွေမှာ အသိရှိပါတယ်။ အခုလောက်ပြောနေကြပြီဆိုရင် သတင်းတွေကို သူတို့ကြားနေကြပြီ။ Facebook တွေကို သုံးနေကြတော့ သူတို့သိနေကြပါတယ်။ ဒါပေမဲ့ အဲဒီပတ်ဝန်းကျင်ကို ဖန်တီးနိုင်သလား။ အစိုးရရဲ့ အခန်းကဏ္ဍက အဲဒီမှာ အရေးကြီးပါပြီ။ အဲဒီနေရာမှာ အားနည်းချက်ရှိတယ်လို့ ကျနော် မြင်ပါတယ်။ ဥပမာအားဖြင့် လူတွေသွားလာများတဲ့နေရာမှာ လက်ဆေးဖို့ ပြောပေမယ့် လက်ဆေးဖို့ ဆပ်ပြာ ဒါတွေက အစိုးရက တာဝန်ယူဆောင်ရွက်ရမှာ။ ဥပမာ ကျနော်တို့က အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့ပဲပြောတယ်။ အမှိုက်ပုံထားမပေးဘူး အစိုးရက။ အဲဒီအတွက် အရေးပေါ်ဘတ်ဂျက်တွေကို ချထားဖို့လိုတယ်။ ခေတ်သစ်အစိုးရတွေဟာ များသောအားဖြင့် ပညာရေးနဲ့ ကျန်းမာရေးဟာ သူတို့အတွက် အဓိကကျတဲ့အလုပ်အဖြစ်နဲ့ ထားကြတယ်။ မြန်မာနိုင်ငံမှာက အဲဒီနှစ်ခုကို အဓိကကျတဲ့အလုပ်အနေနဲ့ မထားဘဲနဲ့ အခြားသောကိစ္စတွေက ပိုမိုကြီးကျယ်သကဲ့သို့ လုပ်ပြီးတော့ ဘာမှအကောင်အထည် မဖော်တာမျိုးကို တွေ့ရတယ်။
မေး ။ ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျန်းမာရေးအသုံးစရိတ်၊ ပညာရေးအသုံးစရိတ်တွေကို အရင်ကထက် အများကြီးတိုးပြီးတော့ သုံးလာတယ်ဆိုပြီးတော့ တွေ့ရပါတယ်။ အဲဒါတွေကော လုံလုံလောက်လောက် ရှိပါရဲ့လား။ အခုလို ပြည်သူလူထု အသိပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူတို့ရဲ့အသိပညာ နိုးကြားမှုအတွက်။
ဖြေ ။ ။ အဲဒီနေရာမှာတော့ အားနည်းချက်တွေ ရှိတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ဘတ်ဂျက်ကို ချထားပေးလိုက်ပြီ၊ အသုံးစရိတ်တွေ သုံးကြပြီဆိုရင် ဘယ်လိုနေရာမျိုးတွေမှာ သုံးသလဲဆိုပြီးတော့ ပြန်လည်ခွဲခြမ်းစိတ်ဖြာမှုတွေ လိုတယ်။ ဥပမာအားဖြင့် အဆောက်အဦးတွေမှာ များသောအားဖြင့် အသုံးပြုကြတယ်။ အဆောက်အဦးတွေ မလိုဘူးမပြောလိုပါဘူး၊ လိုပါတယ်။ ဒါပေမဲ့ အဆောက်အဦးက တဘက်က ကိုယ်တွေအတွက် ပိုက်ဆံကျန်တယ်။ ချပေးလိုက်တဲ့ တာဝန်ခံနဲ့ အရာရှိတွေအတွက် ပိုက်ဆံကျန်တယ်။ ဒါကြောင့်မို့ အဆောက်အဦးတွေ တွန်းဆောက်တယ်။ အဲဒီတော့ ကျန်းမာရေးဆိုင်ရာကိစ္စတွေ လူထုကနေယူရမယ့် ပညာရေး။ ကလေးတွေရဲ့ ပညာရေးတိုးတက်ဖို့နေရာတွေမှာ သုံးသလား။ အဲဒီတော့ ပြန်ပြီးတော့ ဘတ်ဂျက်ကို သုံးသပ်တဲ့အခါမှာကိုက ပညာရေးဆိုင်ရာ အသုံးစရိတ်ကို ဘယ်လိုခွဲခြားပြီး သုံးသလဲဆိုတဲ့ နံပတ်တစ် အစိုးရမှာ ပွင့်လင်းမြင်သာမှု အားနည်းတယ်။ ကျန်းမာရေးဌာနကလည်း ဒါတွေကို ဖွင့်ပြလေ့ဖွင့်ပြမှုလည်း မရှိဘူး။ တဘက်မှာ NGO တွေကလည်း အဲဒီလောက်အထိ တောင်းဆိုလေ့ တောင်းဆိုတာလဲ မရှိသေးဘူး။
အဲဒီတော့ ကျနော်တို့က အခုန ဆရာမေးတဲ့မေးခွန်းက မေးထိုက်တဲ့မေးခွန်း ဖြစ်တယ်။ ပိုပြီးအသေးစိတ်ကြည့်ဖို့ လိုတယ်။ ဥပမာ အဆောက်အဦးတွေ ဆောက်တဲ့နေရာမှာပဲ အများကြီးချပြီးတော့ ကျန်းမာရေးအသုံးစရိတ် တက်သွားသလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အဦး ဆောက်တဲ့အတွက်ကြောင့်မို့ ကန်ထရိုက်နဲ့ ကိုယ်နဲ့ ချပေးတဲ့လူကြားမှာ ခြစားမှုပါတဲ့ ဆက်သွယ်မှုတွေ မရှိဘူးလို့ မပြောနိုင်ဘူး။
မေး ။ ။ NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာ လူဦးရေနဲ့ ဆရာဝန် အချိုးအစား ဘယ်လောက်များ တိုးလာပါသလဲ။ နှစ်စဉ်ဆရာဝန် မွေးထုတ်နိုင်မှုက ပိုပြီးတိုးလာပါသလား။ အဲဒါကို နည်းနည်းရှင်းပြပေးပါ။
ဖြေ ။ ။ စစ်အစိုးရနဲ့ နှိုင်းယှဉ်ရင်တော့ ဆရာဝန်မွေးထုတ်မှုနှုန်းကို နည်းနည်းပြန်လျှော့ချလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရည်အသွေးက တော်တော်လေး နည်းလာတယ်။ ဆေးရုံထူထောင်တဲ့ ကျနော့်မိတ်ဆွေတယောက် ပြောတာဆိုရင် နောက်ပိုင်းမှာ ဖြစ်တာတဲ့ ဆရာဝန်တွေက သူ့ဆေးရုံမှာလာပြီးတော့ အလုပ်လုပ်တဲ့အခါမှာ ဆေးနာမည်ကို အင်္ဂလိပ်လို မရေးနိုင်ဘူး။ ဥပမာ “အန်နာဂျက်ဆင်” ရင် အနယ်ဂျက်ဆင်ဆိုပြီး ဗမာလိုရေးတဲ့ဟာမျိုး - အဲဒီလိုဆေးတွေကို ဗမာလိုစာလုံးပေါင်းတဲ့အဆင့်အထိ ဆရာဝန်တွေ ဖြစ်သွားတယ်လို့ ကျနော့်သူငယ်ချင်းက ပြောတယ်။ ဒီလိုအရည်အသွေးပိုင်းဆိုင်ရာ အင်မတန်ကို နှိမ့်ကျသွားတယ်။ အရေအတွက်တွေ အများကြီးပြဖို့အတွက် စစ်အစိုးရလက်ထက်မှာ ကြိုးစားခဲ့တဲ့အတွက်ကြောင့် ဒီအတွက် ကျနော်တို့ ဒီဘက်အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက်မှ ပြန်ပြီးတော့ လျှော့ချပါတယ်။ ဒါကြောင့်မို့ အထွက်နှုန်းနဲ့တော့ တိုင်းတာလို့ မရဘူးလို့တော့ ကျနော် ထင်တယ်။ အဲဒီတော့ အရည်အသွေးပိုင်းနဲ့တော့ ကြည့်ဖို့လိုတယ်။ ကျနော်တို့တွေ လက်ထက်က ကျောင်းသုံးစာအုပ်တွေကို ဖတ်ရတယ်။ အခုနောက်ပိုင်းမှာ ကလေးတွေက အဲဒါတွေကို မဖတ်ရဘူး။ အဲဒီတော့ အရည်အသွေးဆိုင်ရာကိစ္စမှာ တော်တော်လေး စကားပြောမယ်လို့ ကျနော်ထင်တယ်။ ဒါက ကျန်းမာရေးမှ မဟုတ်ပါဘူး၊ ပညာရေးမှာလည်း အဲဒီပါပဲ။
အဲဒါကလဲ ပြဿနာတခုတည်းတော့ မဟုတ်ဘူး။ ကျန်းမာရေးအရည်အသွေးကို စောင့်ရှောက်ပေးရတဲ့ ထိန်းသိမ်းပေးရတဲ့ ဆရာကြီးတွေရဲ့ လစာကိစ္စ၊ ဝင်ငွေကိစ္စ၊ အဲဒီကနေစပြီး သူတို့တွေ ဆေးခန်းတွေမှာပဲ အချိန်ကုန်တဲ့ကိစ္စ စသည်ဖြင့် ကိစ္စပေါင်းများစွာ ပါဝင်နေတယ်။ ဒါကြောင့် လွယ်လွယ်လေးနဲ့ ကောက်ချက်လေးတော့ စလို့တော့မရဘူး။ ယေဘုယျအားဖြင့်တော့ ပြောင်းဖို့တော့ လိုတယ်လို့တော့ အသိအမြင်ရှိတဲ့ ဝန်ထမ်းတွေ၊ ခေါင်းဆောင်ပိုင်းတွေမှာတော့ တော်တော်များများ ရှိပါတယ်။ လုပ်ပိုင်ခွင့်ရှိတာက တစ်ကဏ္ဍ။
မေး ။ ။ အခုဆက်လက်ပြီး ကျနော်မေးချင်တာက ဆရာ စောစောကပြောတဲ့အထဲမှာ မန္တလေးမှာတော့ ဒါလုပ်တယ်။ ရန်ကုန်မှာတော့ ဒါလုပ်သလား မသိဘူးဆိုတာမျိုးတွေ ပြောတာတွေ ရှိတယ်။ ဆိုတော့ ကျနော်ဒီမှာတချက် သတိရလာတယ်။ မန္တလေးဝန်ကြီးချုပ်က ဆရာဝန်မိုလို့များ ဒီကိစ္စကို ပိုပြီးတော့ awareness ရှိပြီးတော့ လုပ်နိုင်သလား။ ရန်ကုန်ထက်စာရင်ဆိုပြီးတော့ စဉ်းစားမိတယ်။ ဆရာ ဒါကို ဘာပြောချင်ပါလဲ။
ဖြေ ။ ။ အဲဒီလိုတော့ ကျနော် မထင်ဘူး။ ဝူဟန်ကလာမယ့် ကျောင်းသားတွေကို ပထမဦးဆုံး တိုက်ရိုက်ခေါ်လာမှာက မန္တလေး ဖြစ်တဲ့အတွက်ကြောင့် မန္တလေးမှာ အဓိက ဖြစ်သွားတယ်။ ဒါကတော့ လက်တွေ့အကျိုးသက်ရောက်မှုပါ။ သို့သော်လဲ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ဆရာဝန်တွေ ဖြစ်ကြတဲ့အတွက်ကြောင့်မို့ ဆရာဇော်၊ ဆရာရဲ သူတို့နှစ်ယောက်စလုံးက ဆရာဝန်တွေ ဖြစ်ကြတဲ့အတွက်ကြောင့်မိုလို့ ပိုပြီးတော့ အဲဒီအတွက် ဂရုစိုက်တာမျိုးတော့ ဒါတွေတော့ ရှိနိုင်ပါတယ်။ သို့သော်လဲ ဒီလိုရောဂါဘယတွေဖြစ်ရင် ဒီလိုနိုးနိုးကြားကြားနဲ့ ရှိရမယ်ဆိုတာ ဆရာဝန်ဖြစ်ဖို့ မလိုပါဘူး။ တိုင်းပြည်အုပ်ချုပ် စီမံနေတဲ့ လူတိုင်းမှာ ဒီလိုအသိစိတ်ဓါတ်တော့ ရှိဖို့လိုပါတယ်။
==ZawGyi==
တ႐ုတ္ႏိုင္ငံ ဟူးေဘနယ္ ဝူဟန္ၿမိဳ႕က စတင္ခဲ့တဲ့ Cononavrius ဟာ အခုအခါ ဥေရာပ၊ အာဖရိကအထိ ပ်ံ႕ႏွံ႔ေရာက္ရွိေနၿပီး ဒီ Virus ပိုးေၾကာင့္ အသက္ရွႈလမ္းေၾကာင္းဆိုင္ရာ ျဖစ္ပြားမႈေတြ ရွိေနပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံနဲ႔ မိုင္ေပါင္းေထာင္ခ်ီၿပီး နယ္စပ္ခ်င္းထိေတြ႔ေနတဲ့ ျမန္မာႏိုင္ငံမွာ ကူးစက္ပ်ံ႕ႏွံ႔မႈ သိပ္မၾကားရသလို ေရာ၈ါျဖစ္ပြါးတဲ့လူနာ မေတြ႔ရေသးဘူးလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံ က်န္းမာေရးေစာင့္ေရွာက္မႈ သိပ္ေကာင္းေနလို႔လား ရွာေဖြေဖာ္ထုတ္မႈ ညံ့လို႔လား၊ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ ဒီတႀကိမ္ေတာ့ ဆရာ့ကို ဆရာဝန္တေယာက္အေနနဲ႔ ဆက္သြယ္ေမးျမန္းလိုတာ ျဖစ္ပါတယ္။ အဓိကအေၾကာင္းအရာကေတာ့ တရုတ္ျပည္က စတင္လိုက္တဲ့ ကိုရိုနာဗိုင္းရပ္နဲ႔ ပတ္သက္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ တရုတ္ႏုိ္င္ငံတုိ႔ဟာ မိုင္ေပါင္းေထာင္ခ်ီၿပီး ဆက္စပ္ေနတယ္။ ေနာက္ၿပီးေတာ့ နယ္စပ္ျဖတ္တဲ့ဂိတ္ကလည္း တေနရာတည္း မဟုတ္ပါဘူး။ ရြာတရြာထဲမွာ အလယ္ကေန နယ္စပ္မ်ဥ္းကျဖတ္ေနတဲ့၊ အိမ္တအိမ္ထဲမွာ အိမ္ဦးခန္းက ဒီဘက္မွာ၊ အိမ္ေနာက္ေဘးခန္းက ဟိုဘက္မွာ စသည္ျဖင့္ အမ်ားႀကီး ဒီနယ္စပ္မွာ ရိွေနပါတယ္။ ဒီေလာက္ နယ္စပ္ခ်င္းထိေတြ႔ေနတဲ့ ေဒသမွာ ကမာၻ႔ႏိုင္ငံေတြ ကိုရိုနာဗိုင္းရပ္ ကူးစက္မႈ ျဖစ္ပြားမႈနဲ႔ ႏိႈင္းယွဥ္လိုက္ရင္ ျမန္မာႏိုင္ငံမွာ အနည္းဆံုး ျဖစ္ေနတာကို ေတြ႔ရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာဘက္က အမွန္တကယ္ စမ္းစစ္ၾကည့္ႏိုင္ရဲ ႔လားဆုိၿပီးေတာ့ ေမးခ်င္တာ ျဖစ္ပါတယ္။ ပထမဦးဆံုး ျမန္မာႏိုင္ငံ က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ ဒီေရာဂါနဲ႔ ပတ္သက္တဲ့ အေျခအေနကို ဆရာ ဘယ္ေလာက္ သိထားပါလဲ။
ေျဖ ။ ။ ေယဘုယ်အားျဖင့္ေတာ့ တုပ္ေကြးေတြ ဘာေတြျဖစ္တယ္ဆိုရင္ ကိုရိုိနာဗိုင္းရပ္ မတိုင္ခင္ကတည္းကေတာ့ က်န္းမာေရးဝန္ႀကီးဌာနက အေလးအနက္ထားၿပီးေတာ့ လုပ္ေလ့လုပ္ထ ရိွပါတယ္။ ဥပမာ ေလယာဥ္ကြင္းေတြမွာ ကိုယ္အပူခ်ိန္ စစ္ေဆးတဲ့ဟာမ်ဳိး။ ႏုိင္ငံျခားခရီးေတြက ျပန္လာတဲ့အခါ စစ္ေဆးတာေတြကို ေတြ႔ရေလ့ရိွတယ္။ ေတြ႔ၿပီဆိုရင္လဲ ေသေသခ်ာခ်ာ စနစ္တက်ေလး လုပ္ေလ့လုပ္ထ ရိွပါတယ္။ အခု ကိုရိုနာဗိုင္းရပ္ ျဖစ္တဲ့အခ်ိန္မွာ အတတ္ႏုိင္ဆံုးေတာ့ တံု႔ျပန္ေဆာင္ရြက္ဖို႔ လုပ္ေနတယ္။ တဘက္မွာလဲ အားမရၾကတဲ့ ေျပာဆိုသံေတြကိုလည္း ၾကားရတယ္။ ဥပမာ နယ္စပ္ခ်င္း ဆက္စပ္ေနၿပီးေတာ့ နယ္စပ္ကို မပိတ္ဘူးလားလို႔ ေျပာၾကတယ္။
ေမး ။ ။ နယ္စပ္ကလဲ ပိတ္ရခက္တဲ့ အေျခအေန။ တကယ္ေတာ့ က်ေနာ္လည္း အဲဒါကို ေမးခ်င္တာ။ ဆရာက ေလဆိပ္အဝင္အထြက္ဆိုရင္ေတာ့ ဒီေနရာကေတာ့ သိပ္သိသာတယ္။ Facility လည္း ထားႏိုင္တယ္။ အဲဒီ နယ္စပ္မွာ မိုင္ေထာင္ခ်ီၿပီးေတာ့ ဆက္စပ္ေနတာ ဘယ္လိုလုပ္ၿပီးေတာ့ အဲဒါကို မွန္မွန္ကန္ကန္ စစ္ေဆးႏုိင္တယ္လို႔ ေျပာလို႔ရမလဲ။
ေျဖ ။ ။ နယ္စပ္ေထာင္ခ်ီၿပီး ရိွတယ္ဆိုေပမယ့္ ဝူဟန္က အေရွ ႔ပိုင္း။ က်ေနာ္တို႔ ျမန္မာႏိုင္ငံနယ္စပ္က တရုတ္ျပည္ရဲ ႔ အေနာက္ပိုင္း။ အဲဒီေတာ့ တရုတ္ျပည္ အေရွ ႔နဲ႔ အေနာက္ဆိုတာကိုက အေတာ္ေလး ေဝးကြာေသးတယ္။ ေလယာဥ္စီးၿပီး သြားမယ္ဆိုရင္ေတာင္ က်ေနာ္ထင္တယ္ ေလးနာရီ။ ငါးနာရီ ခရီးေလာက္ ရိွမယ္။ ဒါေၾကာင့္မို႔ တရုတ္ျပည္နဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာေပမယ့္ ပိုၿပီးတိတိက်က်ေျပာရင္ ဝူဟန္နဲ႔ အဆက္အစပ္ရိွလားဆိုတာ ပိုၿပီးမွန္မယ္၊ ပိုၿပီးေျပာသင့္တယ္လို႔ က်ေနာ္ ဒီလိုေလး စဥ္းစားပါတယ္။
ေမး ။ ။ က်န္းမာေရးဝန္ႀကီးဌာနက ေဖေဖၚဝါရီလ (၂၃) ရက္ေန႔ ထုတ္တဲ့အထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ ကူးစက္ပ်ံ ႔ပြားသူ လံုးဝမရိွေသးဘူးဆိုတဲ့ သေဘာမ်ဳိး ေရးထားတာကို ေတြ႔ရပါတယ္။ အဲဒီေလာက္အထိ မွန္ႏိုင္ပါသလား။
ေျဖ ။ ။ ျမန္မာႏုိင္ငံမွာ ကူးစက္မႈ မရိွေသးဘူးလို႔ ဆိုလိုတဲ့ စာေၾကာင္းေပၚ နားလည္မႈေပၚ မူတည္မွာေပါ့။ က်န္္းမာေရးဝန္ႀကီးဌာနအေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ သူတုိ႔စစ္ေဆးမိသမွ်အထဲမွာေတာ့ မေတြ႔ေသးဘူးဆိုတဲ့ အဓိပၸါယ္ပါ။ ျမန္မာတႏုိင္ငံလံုးမွာ မရိွေသးဘူးလို႔ ေျပာတဲ့အဓိပၸါယ္လို႔ က်ေနာ္ မယူပါဘူး။ ဒါေပမဲ့ ေတာင္ကိုရီးယား Tourist တေယာက္ ျမန္မာျပည္ကိုလာတယ္။ ေတြ႔တယ္၊ ျပန္သြားတယ္၊ သူနဲ႔ဆက္စပ္ခဲ့တဲ့လူေတြ ဘယ္သူေတြရိွလဲဆိုတာကို ေတာင္ကိုရီးယားက ျပန္ၿပီးသတင္းပို႔ေပးတယ္။ က်န္းမာေရးဌာနက သြားၿပီးေတာ့ၾကည့္တယ္။ ဆိုေတာ့ ၾကည့္ရတာကေတာ့ အိမ္မွာပဲ ဒီလူေတြကို ေစာင့္ၾကည့္တဲ့ သေဘာမ်ဳိး ရိွလိမ့္မယ္ထင္တယ္။ က်န္းမာေရးပညာေပးေတာ့ ေပးခဲ့တယ္။ ဒါထက္ပိုၿပီး လုပ္ဖုိ႔လိုမလား။ ဥပမာ မႏၱေလးမွာ ဝူဟန္က ျပန္လာတဲ့လူေတြအတြက္ထားတဲ့ ေနရာကိုဖြင့္တယ္။ ရန္ကုန္မွာဖြင့္တယ္လို႔ က်ေနာ္ မၾကားရေသးဘူး။ မႏၱေလးမွာ ျပင္ဆင္တဲ့ေကာ္မတီဖြဲ႔တယ္။ ရန္ကုန္မွာ ဖြဲ႔သလား။ ေနာက္ၿပီးေတာ့ အခု တရုတ္၊ ကိုရီးယားခရီးသြားေတြ လာသြားလို႔ ျဖစ္လာတယ္ဆိုရင္ အဲဒီ Tourism Site ပုဂံ၊ ေညာင္ဦး၊ ေတာင္ႀကီး၊ အင္းေလး အစေဒသေတြမွာေကာ ဒီလိုျပင္ဆင္ခ်က္ေတြ အသင့္ထားသလား။ quarantine လုပ္တယ္ - လူေတြကို သီးျခားထားလိုက္မယ္ဆိုရင္ အဲဒီအတြက္ ျပင္ဆင္ထားမႈမွာ မႏၱေလးကလြဲ က်န္တဲ့ေနရာေတြမွာ မေတြ႔ရဘူး။
ေမး ။ ။ က်ေနာ္လည္း အဓိက အဲဒါကို ေမးခ်င္တာပါ။ ျမန္မာႏိုင္ငံမွာ အဲဒီေလာက္ လုပ္ႏိုင္တဲ့ facility ေတြ ရိွရဲ ႔လား။ လုပ္ေကာလုပ္ႏိုင္ရဲ ႔လားဆိုတာ အဓိကေမးစရာ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဘယ္ေလာက္ က်န္းမာေရးဝန္ႀကီးဌာနက သူတို႔ေတြ႔တဲ့စာရင္းအရသာ ေျပာလိုက္တာ တျပည္လံုးမွာ တကယ္ျဖစ္ေနတဲ့ အေျခအေနနဲ႔ ေတာ္ေတာ္ေလးမ်ား ကြာဟေနသလား။
ေျဖ ။ ။ က်ေနာ္တို႔ ေျပာလို႔ေတာ့ မရဘူး။ ဒါေပမဲ့ မ်ားေသာအားျဖင့္ အခုလို ပညာေပးထားၿပီးဆိုလို႔ရိွရင္ေတာ့ ဖ်ားနာလို႔ ျပင္ပေဆးခန္းေတြကို ေရာက္တယ္ဆိုရင္လဲ ျပင္ပေဆးခန္းမွာထိုင္တဲ့ ဆရာဝန္ေတြက ဒီဟာကို ခ်က္ခ်င္းအေၾကာင္းၾကားေလာက္ေအာင္ေတာ့ အသိပညာ ႏိုးၾကားမႈ ရိွတယ္လို႔ေတာ့ ထင္ပါတယ္။
ေမး ။ ။ ေနာက္တခုက လူထုရဲ ႔ တံု႔ျပန္မႈ - လူထုကလည္း တခ်ဳိ ႔က ျမန္မာႏုိင္ငံလူေတြရဲ ႔ က်န္းမာေရးအသိ၊ ဘယ္ေလာက္ျမင့္မားသလဲ။ မ်ားေသာအားျဖင့္ တခ်ဳိ ႔ကိစၥေတြမွာ မ်က္စိကန္းတေစမေၾကာက္လို႔ ဟိုတုန္းက ေျပာခဲ့တာ ရိွပါတယ္။ အခုအခါမွာေကာ လူထုက လက္ကိုသန္႔စင္ဖို႔၊ လိုအပ္တဲ့ ႏွားေခါင္းစည္း အုပ္ထားဖို႔ဆိုတာမ်ဳိး လူတုိင္းလိုလို သတိရိွၾကပါလား။ အဲဒီပစၥည္းအေရအတြက္ေကာ လံုလံုေလာက္ေလာက္ ရိွရဲ ႔လား။
ေျဖ ။ ။ လူေတြမွာ အသိရိွပါတယ္။ အခုေလာက္ေျပာေနၾကၿပီဆိုရင္ သတင္းေတြကို သူတုိ႔ၾကားေနၾကၿပီ။ Facebook ေတြကို သံုးေနၾကေတာ့ သူတုိ႔သိေနၾကပါတယ္။ ဒါေပမဲ့ အဲဒီပတ္ဝန္းက်င္ကို ဖန္တီးႏုိင္သလား။ အစိုးရရဲ ႔ အခန္းက႑က အဲဒီမွာ အေရးႀကီးပါၿပီ။ အဲဒီေနရာမွာ အားနည္းခ်က္ရိွတယ္လို႔ က်ေနာ္ ျမင္ပါတယ္။ ဥပမာအားျဖင့္ လူေတြသြားလာမ်ားတဲ့ေနရာမွာ လက္ေဆးဖို႔ ေျပာေပမယ့္ လက္ေဆးဖို႔ ဆပ္ျပာ ဒါေတြက အစိုးရက တာဝန္ယူေဆာင္ရြက္ရမွာ။ ဥပမာ က်ေနာ္တို႔က အမိႈက္ကို စနစ္တက် စြန္႔ပစ္ဖို႔ပဲေျပာတယ္။ အမိႈက္ပံုထားမေပးဘူး အစိုးရက။ အဲဒီအတြက္ အေရးေပၚဘတ္ဂ်က္ေတြကို ခ်ထားဖို႔လိုတယ္။ ေခတ္သစ္အစိုးရေတြဟာ မ်ားေသာအားျဖင့္ ပညာေရးနဲ႔ က်န္းမာေရးဟာ သူတုိ႔အတြက္ အဓိကက်တဲ့အလုပ္အျဖစ္နဲ႔ ထားၾကတယ္။ ျမန္မာႏုိင္ငံမွာက အဲဒီႏွစ္ခုကို အဓိကက်တဲ့အလုပ္အေနနဲ႔ မထားဘဲနဲ႔ အျခားေသာကိစၥေတြက ပိုမိုႀကီးက်ယ္သကဲ့သို႔ လုပ္ၿပီးေတာ့ ဘာမွအေကာင္အထည္ မေဖာ္တာမ်ဳိးကို ေတြ႔ရတယ္။
ေမး ။ ။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာ က်န္းမာေရးအသံုးစရိတ္၊ ပညာေရးအသံုးစရိတ္ေတြကို အရင္ကထက္ အမ်ားႀကီးတုိးၿပီးေတာ့ သံုးလာတယ္ဆိုၿပီးေတာ့ ေတြ႔ရပါတယ္။ အဲဒါေတြေကာ လံုလံုေလာက္ေလာက္ ရိွပါရဲ ႔လား။ အခုလို ျပည္သူလူထု အသိပညာ၊ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ သူတုိ႔ရဲ ႔အသိပညာ ႏုိးၾကားမႈအတြက္။
ေျဖ ။ ။ အဲဒီေနရာမွာေတာ့ အားနည္းခ်က္ေတြ ရိွတယ္လို႔ ျမင္တယ္။ ဘာေၾကာင့္လဲဆုိရင္ ဘတ္ဂ်က္ကို ခ်ထားေပးလိုက္ၿပီ၊ အသံုးစရိတ္ေတြ သံုးၾကၿပီဆိုရင္ ဘယ္လိုေနရာမ်ဳိးေတြမွာ သံုးသလဲဆိုၿပီးေတာ့ ျပန္လည္ခြဲျခမ္းစိတ္ျဖာမႈေတြ လိုတယ္။ ဥပမာအားျဖင့္ အေဆာက္အဦးေတြမွာ မ်ားေသာအားျဖင့္ အသံုးျပဳၾကတယ္။ အေဆာက္အဦးေတြ မလိုဘူးမေျပာလိုပါဘူး၊ လိုပါတယ္။ ဒါေပမဲ့ အေဆာက္အဦးက တဘက္က ကိုယ္ေတြအတြက္ ပိုက္ဆံက်န္တယ္။ ခ်ေပးလိုက္တဲ့ တာဝန္ခံနဲ႔ အရာရိွေတြအတြက္ ပိုက္ဆံက်န္တယ္။ ဒါေၾကာင့္မို႔ အေဆာက္အဦးေတြ တြန္းေဆာက္တယ္။ အဲဒီေတာ့ က်န္းမာေရးဆိုင္ရာကိစၥေတြ လူထုကေနယူရမယ့္ ပညာေရး။ ကေလးေတြရဲ ႔ ပညာေရးတိုးတက္ဖုိ႔ေနရာေတြမွာ သံုးသလား။ အဲဒီေတာ့ ျပန္ၿပီးေတာ့ ဘတ္ဂ်က္ကို သံုးသပ္တဲ့အခါမွာကိုက ပညာေရးဆုိင္ရာ အသံုးစရိတ္ကို ဘယ္လိုခြဲျခားၿပီး သံုးသလဲဆိုတဲ့ နံပတ္တစ္ အစိုးရမွာ ပြင့္လင္းျမင္သာမႈ အားနည္းတယ္။ က်န္းမာေရးဌာနကလည္း ဒါေတြကို ဖြင့္ျပေလ့ဖြင့္ျပမႈလည္း မရိွဘူး။ တဘက္မွာ NGO ေတြကလည္း အဲဒီေလာက္အထိ ေတာင္းဆိုေလ့ ေတာင္းဆိုတာလဲ မရိွေသးဘူး။
အဲဒီေတာ့ က်ေနာ္တို႔က အခုန ဆရာေမးတဲ့ေမးခြန္းက ေမးထိုက္တဲ့ေမးခြန္း ျဖစ္တယ္။ ပိုၿပီးအေသးစိတ္ၾကည့္ဖို႔ လိုတယ္။ ဥပမာ အေဆာက္အဦးေတြ ေဆာက္တဲ့ေနရာမွာပဲ အမ်ားႀကီးခ်ၿပီးေတာ့ က်န္းမာေရးအသံုးစရိတ္ တက္သြားသလားေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အေဆာက္အဦး ေဆာက္တဲ့အတြက္ေၾကာင့္မို႔ ကန္ထရိုက္နဲ႔ ကိုယ္နဲ႔ ခ်ေပးတဲ့လူၾကားမွာ ျခစားမႈပါတဲ့ ဆက္သြယ္မႈေတြ မရိွဘူးလို႔ မေျပာႏိုင္ဘူး။
ေမး ။ ။ NLD အစိုးရ တက္လာၿပီးေနာက္ပိုင္းမွာ လူဦးေရနဲ႔ ဆရာဝန္ အခ်ဳိးအစား ဘယ္ေလာက္မ်ား တုိးလာပါသလဲ။ ႏွစ္စဥ္ဆရာဝန္ ေမြးထုတ္ႏုိင္မႈက ပိုၿပီးတိုးလာပါသလား။ အဲဒါကို နည္းနည္းရွင္းျပေပးပါ။
ေျဖ ။ ။ စစ္အစိုးရနဲ႔ ႏိႈင္းယွဥ္ရင္ေတာ့ ဆရာဝန္ေမြးထုတ္မႈႏႈန္းကို နည္းနည္းျပန္ေလွ်ာ့ခ်လိုက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အရည္အေသြးက ေတာ္ေတာ္ေလး နည္းလာတယ္။ ေဆးရံုထူေထာင္တဲ့ က်ေနာ့္မိတ္ေဆြတေယာက္ ေျပာတာဆုိရင္ ေနာက္ပိုင္းမွာ ျဖစ္တာတဲ့ ဆရာဝန္ေတြက သူ႔ေဆးရံုမွာလာၿပီးေတာ့ အလုပ္လုပ္တဲ့အခါမွာ ေဆးနာမည္ကို အဂၤလိပ္လို မေရးႏုိင္ဘူး။ ဥပမာ “အန္နာဂ်က္ဆင္” ရင္ အနယ္ဂ်က္ဆင္ဆိုၿပီး ဗမာလိုေရးတဲ့ဟာမ်ဳိး - အဲဒီလိုေဆးေတြကို ဗမာလိုစာလံုးေပါင္းတဲ့အဆင့္အထိ ဆရာဝန္ေတြ ျဖစ္သြားတယ္လို႔ က်ေနာ့္သူငယ္ခ်င္းက ေျပာတယ္။ ဒီလိုအရည္အေသြးပိုင္းဆိုင္ရာ အင္မတန္ကို ႏိွမ့္က်သြားတယ္။ အေရအတြက္ေတြ အမ်ားႀကီးျပဖို႔အတြက္ စစ္အစိုးရလက္ထက္မွာ ႀကိဳးစားခဲ့တဲ့အတြက္ေၾကာင့္ ဒီအတြက္ က်ေနာ္တုိ႔ ဒီဘက္အေျပာင္းအလဲ ျဖစ္သြားၿပီးတဲ့ေနာက္မွ ျပန္ၿပီးေတာ့ ေလွ်ာ့ခ်ပါတယ္။ ဒါေၾကာင့္မို႔ အထြက္ႏႈန္းနဲ႔ေတာ့ တိုင္းတာလို႔ မရဘူးလို႔ေတာ့ က်ေနာ္ ထင္တယ္။ အဲဒီိေတာ့ အရည္အေသြးပိုင္းနဲ႔ေတာ့ ၾကည့္ဖို႔လိုတယ္။ က်ေနာ္တို႔ေတြ လက္ထက္က ေက်ာင္းသံုးစာအုပ္ေတြကို ဖတ္ရတယ္။ အခုေနာက္ပိုင္းမွာ ကေလးေတြက အဲဒါေတြကို မဖတ္ရဘူး။ အဲဒီေတာ့ အရည္အေသြးဆိုင္ရာကိစၥမွာ ေတာ္ေတာ္ေလး စကားေျပာမယ္လို႔ က်ေနာ္ထင္တယ္။ ဒါက က်န္းမာေရးမွ မဟုတ္ပါဘူး၊ ပညာေရးမွာလည္း အဲဒီပါပဲ။
အဲဒါကလဲ ျပႆနာတခုတည္းေတာ့ မဟုတ္ဘူး။ က်န္းမာေရးအရည္အေသြးကို ေစာင့္ေရွာက္ေပးရတဲ့ ထိန္းသိမ္းေပးရတဲ့ ဆရာႀကီးေတြရဲ ႔ လစာကိစၥ၊ ဝင္ေငြကိစၥ၊ အဲဒီကေနစၿပီး သူတုိ႔ေတြ ေဆးခန္းေတြမွာပဲ အခ်ိန္ကုန္တဲ့ကိစၥ စသည္ျဖင့္ ကိစၥေပါင္းမ်ားစြာ ပါဝင္ေနတယ္။ ဒါေၾကာင့္ လြယ္လြယ္ေလးနဲ႔ ေကာက္ခ်က္ေလးေတာ့ စလို႔ေတာ့မရဘူး။ ေယဘုယ်အားျဖင့္ေတာ့ ေျပာင္းဖို႔ေတာ့ လုိိတယ္လို႔ေတာ့ အသိအျမင္ရိွတဲ့ ဝန္ထမ္းေတြ၊ ေခါင္းေဆာင္ပိုင္းေတြမွာေတာ့ ေတာ္ေတာ္မ်ားမ်ား ရိွပါတယ္။ လုပ္ပိုင္ခြင့္ရိွတာက တစ္က႑။
ေမး ။ ။ အခုဆက္လက္ၿပီး က်ေနာ္ေမးခ်င္တာက ဆရာ ေစာေစာကေျပာတဲ့အထဲမွာ မႏၱေလးမွာေတာ့ ဒါလုပ္တယ္။ ရန္ကုန္မွာေတာ့ ဒါလုပ္သလား မသိဘူးဆိုတာမ်ဳိးေတြ ေျပာတာေတြ ရိွတယ္။ ဆိုေတာ့ က်ေနာ္ဒီမွာတခ်က္ သတိရလာတယ္။ မႏၱေလးဝန္ႀကီးခ်ဳပ္က ဆရာဝန္မိုလို႔မ်ား ဒီကိစၥကို ပိုၿပီးေတာ့ awareness ရိွၿပီးေတာ့ လုပ္ႏိုင္သလား။ ရန္ကုန္ထက္စာရင္ဆိုၿပီးေတာ့ စဥ္းစားမိတယ္။ ဆရာ ဒါကို ဘာေျပာခ်င္ပါလဲ။
ေျဖ ။ ။ အဲဒီလိုေတာ့ က်ေနာ္ မထင္ဘူး။ ဝူဟန္ကလာမယ့္ ေက်ာင္းသားေတြကို ပထမဦးဆံုး တိုက္ရိုက္ေခၚလာမွာက မႏၱေလး ျဖစ္တဲ့အတြက္ေၾကာင့္ မႏၱေလးမွာ အဓိက ျဖစ္သြားတယ္။ ဒါကေတာ့ လက္ေတြ႔အက်ဳိးသက္ေရာက္မႈပါ။ သို႔ေသာ္လဲ က်န္းမာေရးနဲ႔ ပတ္သက္ရင္ေတာ့ ဆရာဝန္ေတြ ျဖစ္ၾကတဲ့အတြက္ေၾကာင့္မို႔ ဆရာေဇာ္၊ ဆရာရဲ သူတို႔ႏွစ္ေယာက္စလံုးက ဆရာဝန္ေတြ ျဖစ္ၾကတဲ့အတြက္ေၾကာင့္မိုလို႔ ပိုၿပီးေတာ့ အဲဒီအတြက္ ဂရုစိုက္တာမ်ဳိးေတာ့ ဒါေတြေတာ့ ရိွႏိုင္ပါတယ္။ သို႔ေသာ္လဲ ဒီလိုေရာဂါဘယေတြျဖစ္ရင္ ဒီလိုႏိုးႏုိးၾကားၾကားနဲ႔ ရိွရမယ္ဆိုတာ ဆရာဝန္ျဖစ္ဖို႔ မလိုပါဘူး။ တုိင္းျပည္အုပ္ခ်ဳပ္ စီမံေနတဲ့ လူတုိင္းမွာ ဒီလိုအသိစိတ္ဓါတ္ေတာ့ ရိွဖို႔လိုပါတယ္။