သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း အထိနာ


ႏိုင္ငံျခားသား ခရီးသြားဧည့္သည္မ်ားနဲ႔ ဧည့္လမ္းညႊန္ တဦး

(Zawgyi/Unicode)

တကမၻာလံုးမွာ ကူးစက္ပ်ံ႔ႏွံ ႔ေနတဲ့ COVID-19 ကပ္ေရာဂါ ႐ိုက္ခတ္မႈက ျမန္မာ့ ခရီးသြားလုပ္ငန္းမွာ အေမရိကန္ ေဒၚလာ သန္း ၅၀၀ ေလာက္နစ္နာမႈ ရွိမယ္လို႔ ခရီးသြားလုပ္ငန္းရွင္ေတြက ခန္႔မွန္းထားပါတယ္။ ကပ္ေရာဂါေၾကာင့္ ရပ္ဆိုင္းသြားတဲ့ ျမန္မာ့ခရီးသြားလုပ္ငန္းေတြနဲ႔ ပတ္သတ္လို႔ ေျပာျပေပးပါမယ္။

ျမန္မာႏို္င္ငံတြင္းလာမယ့္ ႏိုင္ငံျခားသားေတြအတြက္ ျပည္၀င္ခြင့္ဗီဇာ ပိတ္ပင္လိုက္သလို ျမန္မာေလဆိပ္ေတြမွာ အ၀င္အထြက္ ခရီးသည္တင္ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြကိုပါ ပိတ္လိုက္တာမို႔ ျမန္မာ့ခရီးသြားလုပ္ငန္း အေတာ္ေလး ထိခိုက္ခဲ့ပါတယ္။ ႏိုင္ငံတကာမွာျဖစ္ေနတဲ့ ကပ္ေဘးဂရိုက္ေၾကာင့္ ျမန္မာ့ ခရီးသြားလုပ္ငန္းဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီထဲက က်ဆင္းလာခဲ့တယ္လို႔ခရီးသြားလုပ္ငန္းရွင္အသင္းရဲ႕ အဖဲြ႔၀င္တဦးျဖစ္တဲ့ ဦးၿဖိဳး​ေ၀ရာဇာ ကဆိုပါတယ္။

"လူေတြကေတာ့ ဒီေရာဂါ လံုး၀ ရွင္းသြားျပီ။ ဒါမွမဟုတ္ ကာကြယ္ေဆးေပၚၿပီဆိုတဲ့ အေျခအေနမ်ိဳးေလာက္ထိ ျဖစ္မွပဲ ေကာင္းေကာင္းျပန္ ခရီးသြားလိမ့္မယ္လို႔ ထင္ပါတယ္။ အဲ့ဒါအျပင္ကို ဒီလက္ရွိ အေျခအေနေၾကာင့္မို႔လို႔ စီးပြားေရးကို ထိခိုက္မႈက ျပင္းထန္တဲ့အတြက္ လူေတြမွည ပိုက္ဆံကို အလုပ္မလုပ္ဘဲနဲ႔ ထိုင္ေနရတဲ့လူေတြ အမ်ားႀကီးျဖစ္ေနတာ ျဖစ္တဲ့အတြက္ အဲ့ေပၚကို မူတည္ၿပီး ခရီ္းသြားဖို႔ဆိုတာ သူတို႔ျပန္ၿပီး ေငြစုဖို႔အခ်ိန္ေပးရမွာေပါ့"

အခုလို ကပ္ေဘးအေျခအေနေၾက၈ာင့္ ျမန္မာႏိုင္ငံရဲ႕ခရီးသြားက႑ပိုင္းမွာ သန္း ၅၀၀ နီးပါး ဆုံးရႈံးဖို႔ရွိတယ္လို႔ဆိုလာသူကေတာ့ ဟိုတယ္လုပ္ငန္းရွင္အသင္း ဒုဥကၠ႒ ဦးခင္ေအာင္ထြန္းပါ။

"သေဘာကေတာ့ က်ေနာ္တို႔ ဇန္န၀ါရီ last week ေလာက္မွာ က်ေနာ္တို႔ တရုတ္ေလယာဥ္ေတြ ရပ္တယ္။ ေဖေဖာ္၀ါရီ first week ေလာက္မွာ တရုတ္ေတြ အကုန္ ရပ္သြားတာ စတာေပါ့ေနာ္။ စတာ အခု မတ္လ ဒီေန႔ဆို ကုန္သြားတယ္။ အဲ့မွာ အမ်ားႀကီးဆံုးရံႈးရတယ္။ ဒီႏွစ္ ကာလခန္႔မွန္းခ်က္ကေတာ့ က်ေနာ္တို႔က သန္း၂၀၀ ေလာက္မွန္းတယ္။ အခု ဧၿပီ၊ ေမ၊ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာဟာနဲ႔ ေပါင္းလိုက္လို႔ရွိရင္ သန္း၅၀၀ ေလာက္ရွိမယ္လို႔ မွန္းတယ္။ ဒါစက္တင္ဘာလ အကုန္အထိ မွန္းထားတာေနာ္။"

ကိုဗစ္ေၾကာင့္ ႏိုင္ငံ့စီးပြားေရးလည္ပတ္မႈကို ထိခိုက္မႈအနည္းဆုံးျဖစ္ဖို႔ အေကာက္ခြန္ေျဖေလ်ာ့တာ အတိုးႏႈန္းေျဖေလွ်ာ့တာေဆာင္႐ြက္ေပးမယ္လို႔ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ဆိုထားပါတယ္။

ဒါေပမဲ့ လက္ရွိခရီးသြားလုပ္ငန္းေတြဟာ ဘယ္ခ်ိန္မွ လုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္မလဲ ဆိုတာ မေျပာႏိုင္ေသးဘူးလို႔ လုပ္ငန္းရွင္ေတြက ဆိုပါတယ္။

လုပ္ငန္းေတြျပန္လည္ ပတ္ႏိုင္ ဖို႔တိက်တဲ့ စနစ္ေတြ ထားရွိဖို႔လိုအပ္တယ္လို႔ ဟိုတယ္လုပ္ငန္းရွင္ ဦးခင္ေမာင္ထြန္းက အႀကံျပဳပါတယ္။

"ဟိုတယ္နဲ႔ Tourism တခုထဲကို အနည္းဆံုး 3 to 500 ဘီလီယံေလာက္ ထုတ္ေပးႏိုင္ဖို႔ လိုတယ္။ က်ေနာ္တို႔က ေလ်ာ့က်သြားတာ မဟုတ္ဘူး။ က်ေနာ္တို႔က သုည ျဖစ္သြားတာ။ အလုပ္သမားေတြကိုလည္း ထိန္းထားရတယ္။ အခုက်ေနာ္တို႔ တခ်ိဳ႕ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္းေတြ အရင္ေခ်းထားတဲ့ဟာကလည္း လုပ္ငန္းေတြ စေဆာင္ေနရတာရွိတယ္ေလ။ .5 က ေန ေနာက္ထပ္ 1 percent ျဖစ္ေတာ့ 11 ရွိေနတုန္းပဲ။ အရင္တုန္းကေတာ့ လည္ေနေတာ့ ေပးႏိုင္တယ္။ အခုခ်ိန္မွာ သုည ရွိလို႔ မေပးႏိုင္ေတာ့ဘူးေပါ့ဗ်။ ဒါမွမဟုတ္လည္း ေပၚလစီပိုင္းဆိုင္ရာေလွ်ာ့ၿပီးေတာ့ income tax ေတြကို ေရႊ႕ေပးလိုက္တာမ်ိဳးမဟုတ္ဘဲ ရပ္ေပးလိုက္တာမ်ိဳးေပါ့ေနာ္။"

လက္ရွိတြင္ ခရီးသြားလုပ္ငန္းမ်ားႏွင့္ ဟိုတယ္လုပ္ငန္းမ်ား ဆက္လက္ရပ္တည္ႏိုင္ဖို႔ ေငြေၾကးဆိုင္ရာ အေထာက္အပံ့မ်ားရဖို႔ အတိုးမဲ့ေခ်းေငြမ်ားနဲ႔ အခြန္အခမ်ား ကင္းလြတ္ခြင့္ကို တစ္ႏွစ္ဆိုင္းငံ့ေပးဖို႔ ခရီးသြားလုပ္ငန္းမ်ားက အစိုးရကို ေတာင္းဆိုထားပါတယ္။

ကမာၻဘဏ္က ထုတ္ျပန္တဲ့ မတ္လ ၃၀ ရက္ေန႔ အစီရင္ခံစာတေစာင္အရေတာ့ ကိုဗစ္ကပ္ေဘးေၾကာင့္ အျခားေဒသတြင္းႏိုင္ငံေတြနည္းတူ ျမန္မာစီးပြားေရးအတြက္ ျပင္းထန္တဲ့သက္ေရာက္မႈေတြ ရွိလာႏိုင္ေပမဲ့ ကပ္ေဘးမတိုင္ခင္ စီးပြားေရးေကာင္းမြန္ခဲ့တာမို႔ အနည္းငယ္ခံသာမယ္လို႔ ဆိုထားပါတယ္။ ဒါေပမဲ့လည္း ျပည္တြင္းမွာ ဗိုင္းရပ္ပိုးကူးစက္ျပန္႔ပြားမႈ ဆိုးလာမယ္ဆိုရင္ စီးပြားေရးၾကပ္တည္းမႈေတြ ႀကီးလာၿပီး ဒါကို အခ်ိန္ယူ ကုသရလိမ့္မယ္လို႔ဆိုပါတယ္။

COVID-19 ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္း အထိနာ
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း အထိနာ

တကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကပ်ရောဂါ ရိုက်ခတ်မှုက မြန်မာ့ ခရီးသွားလုပ်ငန်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ လောက်နစ်နာမှု ရှိမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။ ကပ်ရောဂါကြောင့် ရပ်ဆိုင်းသွားတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သတ်လို့ ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတွင်းလာမယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်သလို မြန်မာလေဆိပ်တွေမှာ အဝင်အထွက် ခရီးသည်တင်နိုင်ငံတကာလေကြောင်းလိုင်းတွေကိုပါ ပိတ်လိုက်တာမို့ မြန်မာ့ခရီးသွားလုပ်ငန်း အတော်လေး ထိခိုက်ခဲ့ပါတယ်။ နိုင်ငံတကာမှာဖြစ်နေတဲ့ ကပ်ဘေးဂရိုက်ကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီထဲက ကျဆင်းလာခဲ့တယ်လို့ခရီးသွားလုပ်ငန်းရှင်အသင်းရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဖြိုးဝေရာဇာ ကဆိုပါတယ်။

"လူတွေကတော့ ဒီရောဂါ လုံး၀ ရှင်းသွားပြီ။ ဒါမှမဟုတ် ကာကွယ်ဆေးပေါ်ပြီဆိုတဲ့ အခြေအနေမျိုးလောက်ထိ ဖြစ်မှပဲ ကောင်းကောင်းပြန် ခရီးသွားလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ဒါအပြင်ကို ဒီလက်ရှိ အခြေအနေကြောင့်မို့လို့ စီးပွားရေးကို ထိခိုက်မှုက ပြင်းထန်တဲ့အတွက် လူတွေမှည ပိုက်ဆံကို အလုပ်မလုပ်ဘဲနဲ့ ထိုင်နေရတဲ့လူတွေ အများကြီးဖြစ်နေတာ ဖြစ်တဲ့အတွက် အဲ့ပေါ်ကို မူတည်ပြီး ခရီ်းသွားဖို့ဆိုတာ သူတို့ပြန်ပြီး ငွေစုဖို့အချိန်ပေးရမှာပေါ့"

အခုလို ကပ်ဘေးအခြေအနေကြေ၈ာင့် မြန်မာနိုင်ငံရဲ့ခရီးသွားကဏ္ဍပိုင်းမှာ သန်း ၅၀၀ နီးပါး ဆုံးရှုံးဖို့ရှိတယ်လို့ဆိုလာသူကတော့ ဟိုတယ်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းပါ။

"သဘောကတော့ ကျနော်တို့ ဇန်နဝါရီ last week လောက်မှာ ကျနော်တို့ တရုတ်လေယာဉ်တွေ ရပ်တယ်။ ဖေဖော္ဝါရီ first week လောက်မှာ တရုတ်တွေ အကုန် ရပ်သွားတာ စတာပေါ့နော်။ စတာ အခု မတ်လ ဒီနေ့ဆို ကုန်သွားတယ်။ အဲ့မှာ အများကြီးဆုံးရှုံးရတယ်။ ဒီနှစ် ကာလခန့်မှန်းချက်ကတော့ ကျနော်တို့က သန်း၂၀၀ လောက်မှန်းတယ်။ အခု ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာဟာနဲ့ ပေါင်းလိုက်လို့ရှိရင် သန်း၅၀၀ လောက်ရှိမယ်လို့ မှန်းတယ်။ ဒါစက်တင်ဘာလ အကုန်အထိ မှန်းထားတာနော်။"

ကိုဗစ်ကြောင့် နိုင်ငံ့စီးပွားရေးလည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့ အကောက်ခွန်ဖြေလျော့တာ အတိုးနှုန်းဖြေလျှော့တာဆောင်ရွက်ပေးမယ်လို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆိုထားပါတယ်။

ဒါပေမဲ့ လက်ရှိခရီးသွားလုပ်ငန်းတွေဟာ ဘယ်ချိန်မှ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မလဲ ဆိုတာ မပြောနိုင်သေးဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

လုပ်ငန်းတွေပြန်လည် ပတ်နိုင် ဖို့တိကျတဲ့ စနစ်တွေ ထားရှိဖို့လိုအပ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင် ဦးခင်မောင်ထွန်းက အကြံပြုပါတယ်။

"ဟိုတယ်နဲ့ Tourism တခုထဲကို အနည်းဆုံး 3 to 500 ဘီလီယံလောက် ထုတ်ပေးနိုင်ဖို့ လိုတယ်။ ကျနော်တို့က လျော့ကျသွားတာ မဟုတ်ဘူး။ ကျနော်တို့က သုည ဖြစ်သွားတာ။ အလုပ်သမားတွေကိုလည်း ထိန်းထားရတယ်။ အခုကျနော်တို့ တချို့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ အရင်ချေးထားတဲ့ဟာကလည်း လုပ်ငန်းတွေ စဆောင်နေရတာရှိတယ်လေ။ .5 က နေ နောက်ထပ် 1 percent ဖြစ်တော့ 11 ရှိနေတုန်းပဲ။ အရင်တုန်းကတော့ လည်နေတော့ ပေးနိုင်တယ်။ အခုချိန်မှာ သုည ရှိလို့ မပေးနိုင်တော့ဘူးပေါ့ဗျ။ ဒါမှမဟုတ်လည်း ပေါ်လစီပိုင်းဆိုင်ရာလျှော့ပြီးတော့ income tax တွေကို ရွှေ့ပေးလိုက်တာမျိုးမဟုတ်ဘဲ ရပ်ပေးလိုက်တာမျိုးပေါ့နော်။"

လက်ရှိတွင် ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ဖို့ ငွေကြေးဆိုင်ရာ အထောက်အပံ့များရဖို့ အတိုးမဲ့ချေးငွေများနဲ့ အခွန်အခများ ကင်းလွတ်ခွင့်ကို တစ်နှစ်ဆိုင်းငံ့ပေးဖို့ ခရီးသွားလုပ်ငန်းများက အစိုးရကို တောင်းဆိုထားပါတယ်။

ကမ္ဘာဘဏ်က ထုတ်ပြန်တဲ့ မတ်လ ၃၀ ရက်နေ့ အစီရင်ခံစာတစောင်အရတော့ ကိုဗစ်ကပ်ဘေးကြောင့် အခြားဒေသတွင်းနိုင်ငံတွေနည်းတူ မြန်မာစီးပွားရေးအတွက် ပြင်းထန်တဲ့သက်ရောက်မှုတွေ ရှိလာနိုင်ပေမဲ့ ကပ်ဘေးမတိုင်ခင် စီးပွားရေးကောင်းမွန်ခဲ့တာမို့ အနည်းငယ်ခံသာမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းမှာ ဗိုင်းရပ်ပိုးကူးစက်ပြန့်ပွားမှု ဆိုးလာမယ်ဆိုရင် စီးပွားရေးကြပ်တည်းမှုတွေ ကြီးလာပြီး ဒါကို အချိန်ယူ ကုသရလိမ့်မယ်လို့ဆိုပါတယ်။

XS
SM
MD
LG