သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ျမန္မာ့စီးပြားေရး ဘယ္ေလာက္ထိခုိက္ေနသလဲ


(Zawgyi/Unicode)

COVID 19 ေၾကာင့္ ျမန္မာႏုိင္ငံ အေနနဲ႔ စီးပြားေရးမွာ သိသိသာသာ ရိုက္ခတ္မႈေတြ ရွိေနၿပီ၊ ျပည္တြင္း အလုပ္လက္မဲ႔ ျဖစ္မႈ အျပင္ ျပည္ပက ျပန္လာသူေတြ အတြက္ အလုပ္အကိုင္ကိုလည္း စဥ္းစားေဆာင္ရြက္ဖို႔ လိုၿပီလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္က သတိေပးလိုက္ၿပီး ဒီအေပၚ အစိုးရဘက္က ဘာေတြ ျပင္ဆင္ေဆာင္ရြက္ေနလဲ ဆိုတာ မ သိဂၤ ီထုိက္ တင္ျပေပးပါမယ္။

COVID 19 ကပ္ေဘးေရာဂါ ကူးစက္ ပ်ံ႔ႏွံ႔မႈ မဆိုးရြားေပမယ့္ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးအပိုင္းမွာေတာ့ သိသိသာသာ ထိခိုက္တယ္လို႔ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဥကၠဌ ဦးေဇာ္မင္း၀င္းက အဂၤါေန႔ ေဆြးေႏြးပြဲမွာ ေျပာဆို သတိေပးတာ ျဖစ္ပါတယ္။

“ စီးပြားေရး အရ ထိခိုက္မႈေတြကေတာ့ သိသိသာသာ ႀကံဳေတြ႔ေနရတာ ျဖစ္ပါတယ္။ ေရာဂါကူးစက္မႈေၾကာင့္ ျပည္ပနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနတဲ႔ အပိုင္းမွာေကာ ျပည္တြင္းမွာပါ စီးပြားေရး လုပ္ငန္းမ်ား လည္ပတ္ ရာမွာ အကန္႔အသတ္မ်ား ရွိလာတဲ႔ အတြက္ က်ေနာ္တို႔ အေနနဲ႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ”

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စု ၀န္ႀကီး ဦးေသာင္းထြန္း၊ ဒုတိယ ၀န္ႀကီး ဦးဆက္ေအာင္တို႔ ပါ၀င္တဲ႔ အြန္လိုင္းက တဆင့္ ေဆြးေႏြးပြဲမွာ ကုန္သည္ စက္မႈ အသင္းခ်ဳပ္ ဥကၠဌက အခုလို ေျပာခဲ႔တာပါ။ ဒါ႔အျပင္ ျပည္တြင္း လုပ္ငန္းေတြက အလုပ္လက္မဲ႔ျဖစ္မႈေတြ အျပင္ ျပည္ပကေန ေရႊ႕ေျပာင္းလုပ္သား ထုနဲ႔ ထည္နဲ႔ ႏုိင္ငံတြင္း ျပန္ေရာက္လာတဲ႔ အေရးကိုလည္း ေထာက္ျပသြားပါတယ္။

COVID 19 ကာလ စီးပြားေရး ထိခုိက္မႈေတြ ကုစားေရး အေနနဲ႔ စိုက္ပ်ိဳးေရးက႑၊ လုပ္သားအင္အား အသံုးျပဳရတဲ႔ လုပ္ငန္းေတြ ျပန္လည္ လည္ပတ္ႏုိင္ေရးတို႔ အပါအ၀င္ စီးပြားေရး ျပန္လည္ ႏိုးထေရး ေဆာင္ရြက္ဖို႔ အစိုးရဘက္က လုပ္ဖို႔ ဦးေဇာ္မင္း၀င္းက တိုက္တြန္းသလို ျပည္ပက ၀င္လာတဲ႔ လုပ္သား အင္အားထုကို အသံုးျပဳႏုိင္မယ့္ အလားအလာကိုပါ ေျပာသြားပါတယ္။

“ ျပည္ပက ၀င္ေရာက္လာတဲ႔ လုပ္သားမ်ားဟာ သက္ဆိုင္ရာ လုပ္ငန္းမ်ား အလုိက္ အထိုက္အေလ်ာက္ ကြ်မ္းက်င္ၿပီး အေတြ႔အႀကံဳရွိသူမ်ား ပါ၀င္သည့္ အတြက္ အေကာင္းဘက္က ၾကည့္မယ္ဆိုရင္ ၄င္းတို႔ရဲ႕ အေတြ႔အႀကံဳ ကြ်မ္းက်င္မႈ အလုိက္ လုပ္ငန္းေတြမွာ အဆင္သင့္ အသံုးျပဳႏုိင္ဖို႔လည္း က်ေနာ္တို႔ စီစဥ္ရမွာ ျဖစ္ပါတယ္။ ”

ဒီလိုလုပ္ဖို႔က ျပန္လည္၀င္ေရာက္လာတဲ႔ လုပ္သားေတြရဲ႕ ကြ်မ္းက်င္မႈေတြကို စစ္တမ္း တရပ္ ေကာက္ယူၿပီး အလုပ္အကိုင္ ရရွိေရး အတြက္ အစိုးရနဲ႔ ပုဂၢလိကပိုင္း ခ်ိတ္ဆက္ ေဆာင္ရြက္ရမယ္လို႔ ေထာက္ျပသြားပါတယ္။

အစိုးရဘက္ကေတာ့ ျပန္လည္ ၀င္ေရာက္လာသူေတြ အလုပ္အကိုင္ ရရွိေရး အတြက္ လက္ေတြ႔ အစီအစဥ္ေတြ တင္ျပတာ မေတြ႔ရပါဘူး။ ဒါေပမယ့္ ၀န္ႀကီး ဦးေသာင္းထြန္းဘက္ကေတာ့ ျပည္တြင္းမွာ အလုပ္အကိုင္ေတြ ေဖာ္ေဆာင္ေရး အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ပိုေရာက္လာဖို႔ ေဆာင္ရြက္ေနတဲ႔ အေၾကာင္း၊ အလုပ္အကိုင္ တသိန္းေက်ာ္ ဖန္တီးေပးႏုိင္ခဲ႔ေၾကာင္း ေဆြးေႏြးသြားပါတယ္။ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမႈကေတာ့ လ်ာထားတဲ႔ အတိုင္း ျဖစ္လာဖို႔ သူက ေမွ်ာ္လင့္ေနတာပါ။

ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ျပည္ပက ျပန္လည္ ၀င္ေရာက္လာသူေတြ အေရး အစိုးရရဲ႕ စဥ္းစားခ်က္ကို ေျပာျပပါတယ္။

ျပည္ပက ျပန္လာတဲ႔ က်မတို႔ တေတြ ျပန္လာဖို႔ရာ ရွိတယ္ ဆိုကတည္းက က်မတို႔ တေတြ ဒါေတြ စၿပီး စီစဥ္ပါတယ္။ ဘယ္လို က်မတို႔ က်န္းမာေရး အရ ကာကြယ္မႈေတြ ယူမလဲ၊ ေနာက္ ေရရွည္မွာ ျပန္လာတဲ႔ ျပည္သူေတြရဲ႕ စား၀တ္ေနေရး အတြက္ ဘယ္လို ပံ႔ပိုးေပးမလဲ ဆိုတာေတြကို စဥ္းစား ရပါတယ္။”

ဒါ႔အျပင္ COVID 19 ရဲ႕ သက္ေရာက္ ရိုက္ခတ္မႈေတြက လာမယ့္ လပိုင္းေတြ အတြင္း ပိုမ်ားလာမယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က သတိေပးပါတယ္။

“ဒီ COVID ရဲ႕ အက်ိဳးသက္ေရာက္မႈေတြက ဒုတိယ ေလးလပတ္ဆိုတာ က်မတို႔ အခု ၀င္ေနၿပီေပါ့ေနာ္။ ဒုတိယ ေလးလပတ္ထဲမွာ နည္းနည္း ထြက္လာၿပီ။ ဒါေပမယ့္ အမ်ားဆံုး ျဖစ္မွာကေတာ့ ေနာက္ဆံုး ေလးလပတ္မွာ တတိယ ေလးလပတ္မွာ အမ်ားဆံုး ျဖစ္ဖို႔က ရွိတယ္ဆိုေတာ့ အဲဒါ အတြက္လည္း က်မတို႔ ျပင္ဆင္ထားပါတယ္။ ”

COVID 19 ကပ္ေရာဂါေၾကာင့္ ျပည္ပမွာ ေရႊ႕ေျပာင္းအလုပ္လုပ္ကိုင္ေနတဲ႔ ျမန္မာႏုိင္ငံသားေတြ ျပန္လည္ ၀င္ေရာက္လာေပမယ့္ အေရအတြက္ ဘယ္ေလာက္ရွိေနလဲ ဆိုတာေတာ့ တိတိက်က် မသိရပါဘူး။ ျမန္မာ ေရႊ႕ေျပာင္း လုပ္သား အမ်ားစု အလုပ္လုပ္ေနတဲ႔ မေလးရွားနဲ႔ ထိုင္းႏုိင္ငံတို႔ကေန ျပန္လာေနသူေတြ၊ ျပန္လာလိုသူေတြ ရွိေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ဘယ်လောက်ထိခိုက်နေသလဲ

(Unicode)

COVID 19 ကြောင့် မြန်မာနိုင်ငံ အနေနဲ့ စီးပွားရေးမှာ သိသိသာသာ ရိုက်ခတ်မှုတွေ ရှိနေပြီ၊ ပြည်တွင်း အလုပ်လက်မဲ့ ဖြစ်မှု အပြင် ပြည်ပက ပြန်လာသူတွေ အတွက် အလုပ်အကိုင်ကိုလည်း စဉ်းစားဆောင်ရွက်ဖို့ လိုပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သတိပေးလိုက်ပြီး ဒီအပေါ် အစိုးရဘက်က ဘာတွေ ပြင်ဆင်ဆောင်ရွက်နေလဲ ဆိုတာ မ သိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

COVID 19 ကပ်ဘေးရောဂါ ကူးစက် ပျံ့နှံ့မှု မဆိုးရွားပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးအပိုင်းမှာတော့ သိသိသာသာ ထိခိုက်တယ်လို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းက အင်္ဂါနေ့ ဆွေးနွေးပွဲမှာ ပြောဆို သတိပေးတာ ဖြစ်ပါတယ်။

“ စီးပွားရေး အရ ထိခိုက်မှုတွေကတော့ သိသိသာသာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် ပြည်ပနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ အပိုင်းမှာကော ပြည်တွင်းမှာပါ စီးပွားရေး လုပ်ငန်းများ လည်ပတ် ရာမှာ အကန့်အသတ်များ ရှိလာတဲ့ အတွက် ကျနော်တို့ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယ ဝန်ကြီး ဦးဆက်အောင်တို့ ပါဝင်တဲ့ အွန်လိုင်းက တဆင့် ဆွေးနွေးပွဲမှာ ကုန်သည် စက်မှု အသင်းချုပ် ဥက္ကဌက အခုလို ပြောခဲ့တာပါ။ ဒါ့အပြင် ပြည်တွင်း လုပ်ငန်းတွေက အလုပ်လက်မဲ့ဖြစ်မှုတွေ အပြင် ပြည်ပကနေ ရွှေ့ပြောင်းလုပ်သား ထုနဲ့ ထည်နဲ့ နိုင်ငံတွင်း ပြန်ရောက်လာတဲ့ အရေးကိုလည်း ထောက်ပြသွားပါတယ်။

COVID 19 ကာလ စီးပွားရေး ထိခိုက်မှုတွေ ကုစားရေး အနေနဲ့ စိုက်ပျိုးရေးကဏ္ဍ၊ လုပ်သားအင်အား အသုံးပြုရတဲ့ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ရေးတို့ အပါအဝင် စီးပွားရေး ပြန်လည် နိုးထရေး ဆောင်ရွက်ဖို့ အစိုးရဘက်က လုပ်ဖို့ ဦးဇော်မင်းဝင်းက တိုက်တွန်းသလို ပြည်ပက ဝင်လာတဲ့ လုပ်သား အင်အားထုကို အသုံးပြုနိုင်မယ့် အလားအလာကိုပါ ပြောသွားပါတယ်။

“ ပြည်ပက ဝင်ရောက်လာတဲ့ လုပ်သားများဟာ သက်ဆိုင်ရာ လုပ်ငန်းများ အလိုက် အထိုက်အလျောက် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသူများ ပါဝင်သည့် အတွက် အကောင်းဘက်က ကြည့်မယ်ဆိုရင် ၎င်းတို့ရဲ့ အတွေ့အကြုံ ကျွမ်းကျင်မှု အလိုက် လုပ်ငန်းတွေမှာ အဆင်သင့် အသုံးပြုနိုင်ဖို့လည်း ကျနော်တို့ စီစဉ်ရမှာ ဖြစ်ပါတယ်။ ”

ဒီလိုလုပ်ဖို့က ပြန်လည်ဝင်ရောက်လာတဲ့ လုပ်သားတွေရဲ့ ကျွမ်းကျင်မှုတွေကို စစ်တမ်း တရပ် ကောက်ယူပြီး အလုပ်အကိုင် ရရှိရေး အတွက် အစိုးရနဲ့ ပုဂ္ဂလိကပိုင်း ချိတ်ဆက် ဆောင်ရွက်ရမယ်လို့ ထောက်ပြသွားပါတယ်။

အစိုးရဘက်ကတော့ ပြန်လည် ဝင်ရောက်လာသူတွေ အလုပ်အကိုင် ရရှိရေး အတွက် လက်တွေ့ အစီအစဉ်တွေ တင်ပြတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဝန်ကြီး ဦးသောင်းထွန်းဘက်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖော်ဆောင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုရောက်လာဖို့ ဆောင်ရွက်နေတဲ့ အကြောင်း၊ အလုပ်အကိုင် တသိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ဆွေးနွေးသွားပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကတော့ လျာထားတဲ့ အတိုင်း ဖြစ်လာဖို့ သူက မျှော်လင့်နေတာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ပက ပြန်လည် ဝင်ရောက်လာသူတွေ အရေး အစိုးရရဲ့ စဉ်းစားချက်ကို ပြောပြပါတယ်။

ပြည်ပက ပြန်လာတဲ့ ကျမတို့ တတွေ ပြန်လာဖို့ရာ ရှိတယ် ဆိုကတည်းက ကျမတို့ တတွေ ဒါတွေ စပြီး စီစဉ်ပါတယ်။ ဘယ်လို ကျမတို့ ကျန်းမာရေး အရ ကာကွယ်မှုတွေ ယူမလဲ၊ နောက် ရေရှည်မှာ ပြန်လာတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် ဘယ်လို ပံ့ပိုးပေးမလဲ ဆိုတာတွေကို စဉ်းစား ရပါတယ်။”

ဒါ့အပြင် COVID 19 ရဲ့ သက်ရောက် ရိုက်ခတ်မှုတွေက လာမယ့် လပိုင်းတွေ အတွင်း ပိုများလာမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။

“ဒီ COVID ရဲ့ အကျိုးသက်ရောက်မှုတွေက ဒုတိယ လေးလပတ်ဆိုတာ ကျမတို့ အခု ဝင်နေပြီပေါ့နော်။ ဒုတိယ လေးလပတ်ထဲမှာ နည်းနည်း ထွက်လာပြီ။ ဒါပေမယ့် အများဆုံး ဖြစ်မှာကတော့ နောက်ဆုံး လေးလပတ်မှာ တတိယ လေးလပတ်မှာ အများဆုံး ဖြစ်ဖို့က ရှိတယ်ဆိုတော့ အဲဒါ အတွက်လည်း ကျမတို့ ပြင်ဆင်ထားပါတယ်။ ”

COVID 19 ကပ်ရောဂါကြောင့် ပြည်ပမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည် ဝင်ရောက်လာပေမယ့် အရေအတွက် ဘယ်လောက်ရှိနေလဲ ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ မြန်မာ ရွှေ့ပြောင်း လုပ်သား အများစု အလုပ်လုပ်နေတဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကနေ ပြန်လာနေသူတွေ၊ ပြန်လာလိုသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG