[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာ ၁၀၀,၀၀၀ ေက်ာ္သြားပါၿပီ။ ဒီေန႔ ဒီဇင္ဘာလ ၇ ရက္အတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ ၁,၂၇၆ ေယာက္႐ွိတဲ့အတြက္ စုစုေပါင္း အတည္ျပဳလူနာ ၁၀၀,၄၃၁ ေယာက္ျဖစ္ပါတယ္။
ဒီေန႔စာရင္းအရ ေသဆံုးသူကလည္း ေနာက္ထပ္ ၂၂ ေယာက္တာေၾကာင့္ စုစုေပါင္း ၂,၁၃၂ ေယာက္ျဖစ္ပါတယ္။ ကိုဗစ္ေရာဂါနဲ႔ ေသဆံုးသူ ၂၂ ေယာက္မွာ ၁၉ ေယာက္က ေရာဂါအခံ႐ွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔အတြက္ စမ္းသပ္ စစ္ေဆးခဲ့တဲ့ ဓါတ္ခြဲနမူနာကေတာ့ ၁၉,၃၇၉ ခုျဖစ္ပါတယ္။
ကိုဗစ္ေရာဂါနဲ႔ ေဆး႐ံုတက္ ကုသမႈခံယူခဲ့သူေတြထဲက ေနေကာင္းလို႔ ေဆး႐ံုကေန ဆင္းႏိုင္သူ စုစုေပါင္းကေတာ့ ဒီေန႔အထိ ၇၉,၂၄၀ ေယာက္႐ွိပါတယ္။
အတည္ျပဳလူနာအမ်ားဆံုးက ရန္ကုန္တိုင္းထဲမွာျဖစ္ပါတယ္။ ရန္ကုန္တိုင္းထဲမွာ မလိုအပ္ရင္ အိမ္ျပင္မထြက္ရ ကန္႔သတ္ခ်က္ထုတ္ထားေပမဲ့ သြားလာသူမ်ားေနဆဲျဖစ္တာမို႔ အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ ပန္းၿခံေတြ အပန္းေျဖေနရာေတြကို ဒီေန႔ကစၿပီး ရက္အကန္႔အသတ္မ႐ွိ ပိတ္ထားပါတယ္။
[Unicode Version]
မြန်မာကိုဗစ်ကူးစက်မှု ဓါတ်ခွဲအတည်ပြုနိုင်သူ တသိန်းကျော်ရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၀၀,၀၀၀ ကျော်သွားပါပြီ။ ဒီနေ့ ဒီဇင်ဘာလ ၇ ရက်အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၂၇၆ ယောက်ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၁၀၀,၄၃၁ ယောက်ဖြစ်ပါတယ်။
ဒီနေ့စာရင်းအရ သေဆုံးသူကလည်း နောက်ထပ် ၂၂ ယောက်တာကြောင့် စုစုပေါင်း ၂,၁၃၂ ယောက်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၂၂ ယောက်မှာ ၁၉ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့အတွက် စမ်းသပ် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာကတော့ ၁၉,၃၇၉ ခုဖြစ်ပါတယ်။
ကိုဗစ်ရောဂါနဲ့ ဆေးရုံတက် ကုသမှုခံယူခဲ့သူတွေထဲက နေကောင်းလို့ ဆေးရုံကနေ ဆင်းနိုင်သူ စုစုပေါင်းကတော့ ဒီနေ့အထိ ၇၉,၂၄၀ ယောက်ရှိပါတယ်။
အတည်ပြုလူနာအများဆုံးက ရန်ကုန်တိုင်းထဲမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာ မလိုအပ်ရင် အိမ်ပြင်မထွက်ရ ကန့်သတ်ချက်ထုတ်ထားပေမဲ့ သွားလာသူများနေဆဲဖြစ်တာမို့ အများပြည်သူနဲ့သက်ဆိုင်တဲ့ ပန်းခြံတွေ အပန်းဖြေနေရာတွေကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။