သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း ျမန္မာနယ္စပ္ျဖတ္ေက်ာ္ျပန္လာသူေတြထဲ ကိုဗစ္ကူးစက္မႈေတြ႕ရွိ


ဒီဇင္ဘာလ ၇ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္သူ အတည္ျပဳလူနာသစ္ေတြထဲမွာ ၆ ဦးဟာ မၾကာေသးခင္က ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြ ျဖစ္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ဒီဇင္ဘာလ ၇ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၀၇၊ ၂၀၂၀)
ဒီဇင္ဘာလ ၇ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ ျမန္မာႏုိင္ငံကေန နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူ ၆ ဦး အပါအ၀င္ ေနာက္ထပ္ အတည္ျပဳလူနာသစ္ ၁၉ ဦး ေတြ႔ရွိခဲ့ေၾကာင္း ဘန္ေကာက္ၿမိဳ႕ေတာ္က ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ ထုိင္းက်န္းမာေရးဆုိင္ရာ တာ၀န္ရွိသူေတြက ေျပာဆုိလုိက္တာပါ။ ကူးစက္ခံရသူေတြထဲက ၆ ဦးဟာ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕က ေဖ်ာ္ေျဖေရးလုပ္ငန္းေတြမွာ လုပ္ကုိင္ၿပီး မၾကာေသးခင္ကမွ နယ္စပ္ျဖတ္ေက်ာ္ၿပီး ထုိင္းႏုိင္ငံကုိ ျပန္လာသူေတြ ျဖစ္ေၾကာင္းလည္း ထုိင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ၀ိထရာကုန္ အာႏြန္က သတင္းေထာက္ေတြကုိ ေျပာပါတယ္။

"ထိုင္းႏိုင္ငံမွာ ေနာက္ထပ္စစ္ေဆးေတြ႔ရွိခဲ့တဲ့ ကိုဗစ္အတည္ျပဳလူနာသစ္ (၁၉) အနက္ ၆ ဦးဟာ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ကေန ထုိင္းႏုိင္ငံ ခ်င္းရိုင္ခ႐ုိင္ကုိ နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြျဖစ္ေၾကာင္း" ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ခ်င္းရိုင္ခရိုင္မွာ အတည္ျပဳ လူနာ ၈ ဦး ေတြ႔ရွိခဲ့ၿပီး ေနာက္ဆက္တဲြအျဖစ္ လူေပါင္း ၄,၅၀၀ ေက်ာ္ကုိ ေရာဂါပုိး ရွိ၊မရွိ စမ္းသပ္စစ္ေဆးရာမွာ ၃,၀၀၀ ေက်ာ္က ေရာဂါပုိးကင္းရွင္းေၾကာင္း အတည္ျပဳႏုိင္ခဲ့ၿပီး က်န္သူေတြရဲ႕ အေျဖကုိေတာ့ ေစာင့္ဆုိင္းေနဆဲ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။ ခ်င္းရိုင္ခရိုင္မွာ ကပ္ေရာဂါကူးစက္မႈအႏၱရာယ္ကုိ ကာကြယ္ဖုိ႔ မျဖစ္မေန အျပင္ထြက္တဲ့သူေတြ ႏွာေခါင္းစည္း ၀တ္ဆင္ဖုိ႔လည္း ေဒသခံ အာဏာပုိင္ေတြက ညႊန္ၾကားထားပါတယ္။

ကုိဗစ္ေရာဂါကူးစက္မႈေတြ ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ကေန ေနရပ္ျပန္္မယ့္ ထုိင္းႏုိင္ငံသားေတြကုိေတာ့ တရား၀င္ နယ္စပ္ျဖတ္ေက်ာ္ ျပန္ခြင့္ရဖုိ႔ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ စီစဥ္ေနေပမဲ့ အခက္အခဲေတြလည္း ရွိေနပါတယ္။ ေနရပ္ျပန္မယ့္ ထုိင္းနဲ႔ ျမန္မာႏုိင္ငံသားေတြကုိ အကူအညီေပးေနတဲ့ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးနဲ႔ ေစ့စပ္ညႇိႏိုင္းေရးေကာ္မတီ (CNCMC) အတြင္းေရးမႉး ဦးစည္သူေမာင္က ေျပာပါတယ္။

“မေန႔က ၄၂ ေယာက္လဲႊမယ္ ေျပာျပီး၊ လာျပီး သတင္းပုိ႔တာ ၁၀ ေယာက္ပဲ သတင္းပုိ႔တာရွိတယ္။ ၃၂ ေယာက္က မလာရဲၾကတာလား မသိဘူး။”

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄,၁၀၀ ေက်ာ္ ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၁၃၂ ဦးနဲ႔ ကူးစက္သူ ၁၀၀,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။ နယ္စပ္ေဒသမွာ လုံၿခံဳေရးတုိးျမွင့္ကန္႔သတ္ထားတဲ့ ၾကားကပဲ မၾကာေသးခင္ရက္ေတြက တရားမ၀င္ ေနရပ္ျပန္လာၾကတဲ့ ထုိင္းႏုိင္ငံသားတခ်ဳိ႕မွာ ကုိဗစ္ေရာဂါပုိး ကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက ကပ္ေရာဂါ ကာကြယ္ေရး စည္းကမ္းေတြနဲ႔ လုံၿခံဳေရးေတြကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံတွင်း မြန်မာနယ်စပ်ဖြတ်ကျော်ပြန်လာသူတွေထဲ ကိုဗစ်ကူးစက်မှုတွေ့ရှိ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အတည်ပြုလူနာသစ်တွေထဲမှာ ၆ ဦးဟာ မကြာသေးခင်က မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေ ဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ပြန်လာသူ ၆ ဦး အပါအဝင် နောက်ထပ် အတည်ပြုလူနာသစ် ၁၉ ဦး တွေ့ရှိခဲ့ကြောင်း ဘန်ကောက်မြို့တော်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။ ကူးစက်ခံရသူတွေထဲက ၆ ဦးဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့က ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ပြီး မကြာသေးခင်ကမှ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို ပြန်လာသူတွေ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝိထရာကုန် အာနွန်က သတင်းထောက်တွေကို ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ နောက်ထပ်စစ်ဆေးတွေ့ရှိခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာသစ် (၁၉) အနက် ၆ ဦးဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ကို နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေဖြစ်ကြောင်း" ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံနဲ့နယ်စပ် ချင်းရိုင်ခရိုင်မှာ အတည်ပြု လူနာ ၈ ဦး တွေ့ရှိခဲ့ပြီး နောက်ဆက်တွဲအဖြစ် လူပေါင်း ၄,၅၀၀ ကျော်ကို ရောဂါပိုး ရှိ၊မရှိ စမ်းသပ်စစ်ဆေးရာမှာ ၃,၀၀၀ ကျော်က ရောဂါပိုးကင်းရှင်းကြောင်း အတည်ပြုနိုင်ခဲ့ပြီး ကျန်သူတွေရဲ့ အဖြေကိုတော့ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ချင်းရိုင်ခရိုင်မှာ ကပ်ရောဂါကူးစက်မှုအန္တရာယ်ကို ကာကွယ်ဖို့ မဖြစ်မနေ အပြင်ထွက်တဲ့သူတွေ နှာခေါင်းစည်း ဝတ်ဆင်ဖို့လည်း ဒေသခံ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ နေရပ်ပြန်မယ့် ထိုင်းနိုင်ငံသားတွေကိုတော့ တရားဝင် နယ်စပ်ဖြတ်ကျော် ပြန်ခွင့်ရဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်နေပေမဲ့ အခက်အခဲတွေလည်း ရှိနေပါတယ်။ နေရပ်ပြန်မယ့် ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC) အတွင်းရေးမှူး ဦးစည်သူမောင်က ပြောပါတယ်။

“မနေ့က ၄၂ ယောက်လွဲှမယ် ပြောပြီး၊ လာပြီး သတင်းပို့တာ ၁၀ ယောက်ပဲ သတင်းပို့တာရှိတယ်။ ၃၂ ယောက်က မလာရဲကြတာလား မသိဘူး။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၁၀၀ ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၁၃၂ ဦးနဲ့ ကူးစက်သူ ၁၀၀,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။ နယ်စပ်ဒေသမှာ လုံခြုံရေးတိုးမြှင့်ကန့်သတ်ထားတဲ့ ကြားကပဲ မကြာသေးခင်ရက်တွေက တရားမဝင် နေရပ်ပြန်လာကြတဲ့ ထိုင်းနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက ကပ်ရောဂါ ကာကွယ်ရေး စည်းကမ်းတွေနဲ့ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG