သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္ကလာတဲ့ မူးယစ္ေဆးဝါးေတြ ထိုင္းမွာ ဆက္တုိက္ဖမ္းမိေန


ထိုင္းနယ္ျခားေစာင့္တပ္က မူးယစ္ေဆးေတြနဲ့ မူးယစ္ေမွာင္ခိုသမားေတြကို ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - နယ္ျခားေစာင့္တပ္ - ဒီဇင္ဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံဘက္ကေန ေမွာင္ခုိသယ္ေဆာင္လာတဲ့ မူးယစ္ေဆး၀ါး အေျမာက္အမ်ားနဲ႔အတူ မသကၤာသူတခ်ဳိ႕ကုိ ဒီရက္ပုိင္းအတြင္း ဆက္တုိက္ဆုိသလုိ ထုိင္းအာဏာပုိင္ေတြ ဖမ္းဆီးမိေနတဲ့ သတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ကုိဗစ္ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြကုိ တင္းၾကပ္ထားခ်ိန္မွာပဲ ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံမွာ မူးယစ္ေဆး၀ါး အေျမာက္အမ်ား ဆက္တုိက္ ဖမ္းဆီးမိေနပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာတုန္းကလည္း ထုိင္းႏုိင္ငံ ခ်င္းရိုင္ခရိုင္ မဲဖါလြင္ေဒသ ဘန္႔အကူ ေက်းရြာအနီးမွာ Ice မူးယစ္ေဆး ကီလုိ ၁၆၀ နဲ႔အတူ ထုိင္းႏုိင္ငံမွာ ေနထုိင္ခြင့္ရထားတဲ့ ျမန္မာႏုိင္ငံက အာခါတုိင္းရင္းသား လူငယ္အမ်ိဳးသား ၈ ဦးကို ထိုင္းနယ္ျခားေစာင့္တပ္က ဖမ္းဆီးလိုက္ပါတယ္။ အသက္ ၁၆ ႏွစ္နဲ ့၁၈ ႏွစ္ၾကား ဖမ္းဆီးမိတဲ့ လူငယ္ေတြကုိေတာ့ ဆက္လက္ စစ္ေဆးေနေၾကာင္းလည္း အာဏာပုိင္ေတြက သတင္းထုတ္ျပန္ထားပါတယ္။ ဒီမတုိင္ခင္ ၿပီးခဲ့တဲ့လကုန္ပုိင္းမွာလည္း ခ်င္ရိုင္ခရိုင္က နာမည္ႀကီး ဘုန္းေတာ္ႀကီးေက်ာင္းတုိက္တခုက ေက်ာင္းထိုင္ဆရာေတာ္နဲ ့ စာခ်ကိုယ္ေတာ္ ၂ ပါးနဲ႔အတူ အမ်ိဳးသား ၃ ဦးကုိ စိတ္ၾကြေဆးျပား ၄,၈၀၀,၀၀၀ နဲ႔အတူ ဖမ္းဆီးမိခဲ့ပါတယ္။ ဗင္ကားတစင္းေပၚမွာ ကဒ္ထူပုံးေတြနဲ႔ ထည့္ၿပီး ကားနဲ႔အျပည့္ သယ္ေဆာင္လာတာကုိ ထုိင္းရဲတပ္ဖဲြ႔က ဖမ္းဆီးမိခဲ့တာပါ။

ထုိင္းႏုိင္ငံ ရဲတပ္ဖဲြ႔က ဒုရဲခ်ဳပ္ Phakphong Phongphetra ကေတာ့ နယ္စပ္ေဒသမွာ မူးယစ္ေဆး၀ါးေတြ ဆက္တုိက္ဆုိသလုိ ဖမ္းဆီးမိေနတဲ့ အေျခအေနနဲ႔ ပတ္သက္လုိ႔ အခုလုိ ေျပာဆုိခဲ့ပါတယ္။

"ပထမ မူးယစ္ေဆး၀ါးနဲ႔ ဆက္ႏြယ္တဲ့ ကြန္ယက္တခုကို ဖမ္းမိထားျပီး ေစာင့္ၾကည့္ေနတာ အဲဒီေနာက္အဲဒီ ဘုန္းႀကီးေတြရဲ့ သြားလာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ခဲ့ပါတယ္။ သူတို႔ေတြဟာေရႊႀတိဂံေဒသကေန လာတဲ့ မူးယစ္ေဆး၀ါးေတြကို သယ္ေဆာင္လာခ်ိန္ ထိုင္းႏိုင္ငံထဲမွာ လဲြေျပာင္းမႈေတြ မလုပ္ခင္မွာ သူတို႔ေတြကို ဖမ္းမိေအာင္လုပ္ေဆာင္ႏုိင္ခဲ့တယ္ဆုိျပီးေျပာဆုိသြားတာပါ။ ဒီလိုလုပ္တာ ၄ ႀကိမ္မနည္းရွိျပီဆိုတာကိုလည္း ဘုန္းႀကီးေတြက ၀န္ခံခဲ့တယ္။" ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ကပ္ေရာဂါကာလမွာ အသြားအလာေတြ ကန္႔သတ္ထိန္းခ်ဳပ္ထားေပမဲ့ မူးယစ္ေဆး၀ါး ေမွာင္ခုိသူေတြကေတာ့ လမ္းေၾကာင္းသစ္ေတြနဲ႔ တင္သြင္းေနဆဲျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က ေျပာဆုိထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲ ျမန္မာႏုိင္ငံအပါအ၀င္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွ ေဒသမွာ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈပမာဏဟာ ေဒၚလာ ၇၁ ဘီလီယံထက္မနည္း ရွိခဲ့ၿပီး၊ ဒီအထဲမွာ Methamphetamine စိတ္ၾကြေဆး ေမွာင္ခုိမႈက ၆၁ ဘီလီယံအထိ ရွိတယ္လုိ႔လည္း UNODC က ခန္႔မွန္းထားပါတယ္။ ေရႊႀတိဂံေဒသမွာ မူးယစ္ေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀န္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း UNODC က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဘက်ကလာတဲ့ မူးယစ်ဆေးဝါးတွေ ထိုင်းမှာ ဆက်တိုက်ဖမ်းမိနေ

မြန်မာနိုင်ငံဘက်ကနေ မှောင်ခိုသယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အမြောက်အများနဲ့အတူ မသင်္ကာသူတချို့ကို ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးမိနေတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေကို တင်းကြပ်ထားချိန်မှာပဲ မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး အမြောက်အများ ဆက်တိုက် ဖမ်းဆီးမိနေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတုန်းကလည်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖါလွင်ဒေသ ဘန့်အကူ ကျေးရွာအနီးမှာ Ice မူးယစ်ဆေး ကီလို ၁၆၀ နဲ့အတူ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရထားတဲ့ မြန်မာနိုင်ငံက အာခါတိုင်းရင်းသား လူငယ်အမျိုးသား ၈ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။ အသက် ၁၆ နှစ်နဲ့၁၈ နှစ်ကြား ဖမ်းဆီးမိတဲ့ လူငယ်တွေကိုတော့ ဆက်လက် စစ်ဆေးနေကြောင်းလည်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့လကုန်ပိုင်းမှာလည်း ချင်ရိုင်ခရိုင်က နာမည်ကြီး ဘုန်းတော်ကြီးကျောင်းတိုက်တခုက ကျောင်းထိုင်ဆရာတော်နဲ့ စာချကိုယ်တော် ၂ ပါးနဲ့အတူ အမျိုးသား ၃ ဦးကို စိတ်ကြွဆေးပြား ၄,၈၀၀,၀၀၀ နဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ဗင်ကားတစင်းပေါ်မှာ ကဒ်ထူပုံးတွေနဲ့ ထည့်ပြီး ကားနဲ့အပြည့် သယ်ဆောင်လာတာကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာပါ။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဒုရဲချုပ် Phakphong Phongphetra ကတော့ နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးမိနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

"ပထမ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ကွန်ယက်တခုကို ဖမ်းမိထားပြီး စောင့်ကြည့်နေတာ အဲဒီနောက်အဲဒီ ဘုန်းကြီးတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့ပါတယ်။ သူတို့တွေဟာရွှေတြိဂံဒေသကနေ လာတဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာချိန် ထိုင်းနိုင်ငံထဲမှာ လွဲပြောင်းမှုတွေ မလုပ်ခင်မှာ သူတို့တွေကို ဖမ်းမိအောင်လုပ်ဆောင်နိုင်ခဲ့တယ်ဆိုပြီးပြောဆိုသွားတာပါ။ ဒီလိုလုပ်တာ ၄ ကြိမ်မနည်းရှိပြီဆိုတာကိုလည်း ဘုန်းကြီးတွေက ဝန်ခံခဲ့တယ်။" ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ကပ်ရောဂါကာလမှာ အသွားအလာတွေ ကန့်သတ်ထိန်းချုပ်ထားပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုသူတွေကတော့ လမ်းကြောင်းသစ်တွေနဲ့ တင်သွင်းနေဆဲဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး၊ ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ်လို့လည်း UNODC က ခန့်မှန်းထားပါတယ်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်း ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း UNODC က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG