သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူးယစ္ေမွာင္ခိုေတြအတြက္ ေငြေၾကးခဝါခ်ကြန္ယက္ ထိုင္းရဲႏွိမ္နင္း


ေငြမည္းခဝါခ်လုပ္ငန္းမွ သိမ္းဆည္းရမိေငြမ်ား။ (ဓာတ္ပံု - ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံက မူးယစ္ေမွာင္ခုိဂုိဏ္းေတြအတြက္ ေငြေၾကးခ၀ါခ်ေပးေနသူေတြအျဖစ္ သံသယရွိတဲ့ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕က ေနရာတခုကုိ ၀င္ေရာက္စီးနင္း ဖမ္းဆီးခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ဘန္ေကာက္ျမိဳ႕ မင္ဘူရီအရပ္မွာ မူးယစ္ေဆးေမွာင္ခုိ္သူေတြအတြက္ ေငြေၾကးခ၀ါခ်ေနတဲ့ အဓိကကြန္ယက္တခုကုိ ထုိင္းအာဏာပုိင္ေတြ ၀င္ေရာက္စီးနင္းၿပီး ေငြေၾကးအေျမာက္အမ်ားနဲ႔ သံသယရွိသူ အမ်ဳိးသမီးတဦးကုိလည္း ဖမ္းဆီးလုိက္တာပါ။ မေန႔တုန္းက စီးနင္းရွာေဖြရာမွာ ထုိင္းဘတ္ေငြ ၁၈၆ သန္းေက်ာ္ တန္ဖိုးရွိတဲ့ ပုိင္ဆုိင္မႈေတြကုိ သိမ္းဆည္းခဲ့ေၾကာင္းလည္း ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးအဖဲြ႔ အႀကီးအကဲ ၀ိခ်ိဳင္ ခ်ိဳင္ရမြန္ကသတင္းေထာက္ေတြကုိ ေျပာခဲ့ပါတယ္။

သိမ္းဆည္းေငြမ်ားႏွင့္အတူ ဖမ္းဆီးခံရသူ။ (ဓာတ္ပံု - ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)
သိမ္းဆည္းေငြမ်ားႏွင့္အတူ ဖမ္းဆီးခံရသူ။ (ဓာတ္ပံု - ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)

"စီးနင္းရွာေဖြခဲ့တဲ့ လုပ္ငန္းဟာ မူးယစ္ေဆး၀ါးေမွာင္ခုိရာက တရားမ၀င္ရရွိထားတဲ့ ေငြမည္းေတြကို ခ၀ါခ်ေပးေနသူေတြျဖစ္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံဘက္က မူူးယစ္ေမွာင္ခိုသမားေတြကို ေငြေၾကးလြဲေျပာင္းေနသူေတြျဖစ္ေၾကာင္း" ေျပာဆိုသြားတာပါ။

အာဏာပုိင္ေတြ ဖမ္းဆီးတဲ့အခ်ိန္မွာ ျမန္မာႏုိင္ငံက ဘဏ္စာရင္းေတြကုိ ထုိင္းဘတ္ေငြ သန္း ၂,၀၀၀ ေက်ာ္ လႊဲေျပာင္းေပးၿပီး ျဖစ္တာကုိ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ ေဒၚလာ ၃,၀၀၀,၀၀၀ ကိုလည္း ေတြ ့ရွိ သိမ္းဆည္းခဲ့ျပီး စက္ရံုပိုင္ရွင္ အမည္ခံထားသူ တရုတ္ႏြယ္ဖြားအသက္ ၃၄ ႏွစ္အရြယ္ ထိုင္းနိုင္ငံသူ လင္ Lin Charles, ကုိလည္း ဖမ္းဆီးခဲ့တယ္လုိ႔ ထုိင္းမူးယစ္ေဆး၀ါးႏွိမ္နင္းေရး တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဖမ္းဆီးမိတဲ့ ေငြေတြကုိေတာ့ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ မဲေဆာက္ကတဆင့္ ျမန္မာနိုင္ငံတြင္းကို ပါဆယ္စနစ္နဲ ့ ပို႔ဖို ့ ျပင္ဆင္ေနတာျဖစ္ေၾကာင္း ၀န္ခံထြက္ဆိုခဲ့တယ္လို႔လည္း ထိုင္းအာဏာပုိင္ေတြကို ကုိးကားျပီး ေဒသခံသတင္းေတြက ေဖၚျပၾကပါတယ္။

မေန႔တုန္းက တေန႔တည္းမွာပဲ ဘန္ေကာက္ - ႏံြထဘူရီနဲ ့ -ခ်င္းမိုင္ တာ့ခရိုင္ မဲေဆာက္စတဲ့ ေနရာေပါင္း ၁၃ ေနရာကို ၀င္ေရာက္ ရွာေဖြခဲ့ျပီး မူးယစ္ကြန္ယက္နဲ႔ ဆက္ႏြယ္ေနသူ ၁၁ ဦး ဖမ္းမိခဲ့ေပမဲ့ ႏွစ္ ဦးကေတာ့တဘက္နိုင္ငံကို ထြက္ေျပးသြားခဲ့တာေၾကာင့္ ဖမ္း၀ရမ္းထုတ္ထားတယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ထဲ ျမန္မာႏုိင္ငံအပါအ၀င္ အေရွ႕နဲ႔ အေရွ႕ေတာင္အာရွ ေဒသမွာ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈပမာဏဟာ ေဒၚလာ ၇၁ ဘီလီယံထက္မနည္း ရွိခဲ့ၿပီး ဒီအထဲမွာ Methamphetamine စိတ္ၾကြေဆး ေမွာင္ခုိမႈက ၆၁ ဘီလီယံအထိ ရွိတယ္လုိ႔လည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈ တုိက္ဖ်က္ေရး႐ုံး UNODC က ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူးယစ်မှောင်ခိုတွေအတွက် ငွေကြေးခဝါချကွန်ယက် ထိုင်းရဲနှိမ်နင်း

မြန်မာနိုင်ငံက မူးယစ်မှောင်ခိုဂိုဏ်းတွေအတွက် ငွေကြေးခဝါချပေးနေသူတွေအဖြစ် သံသယရှိတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နေရာတခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မူးယစ္ေဆး၀ါးေမွာင္ခုိရာက တရားမ၀င္ရရွိထားတဲ့ ေငြမ်ား။ (ဓာတ္ပံု - ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)
မူးယစ္ေဆး၀ါးေမွာင္ခုိရာက တရားမ၀င္ရရွိထားတဲ့ ေငြမ်ား။ (ဓာတ္ပံု - ထုိင္းႏုိင္ငံမူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရးအဖဲြ႔ - ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)

ဘန်ကောက်မြို့ မင်ဘူရီအရပ်မှာ မူးယစ်ဆေးမှောင်ခိုသူတွေအတွက် ငွေကြေးခဝါချနေတဲ့ အဓိကကွန်ယက်တခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး ငွေကြေးအမြောက်အများနဲ့ သံသယရှိသူ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးလိုက်တာပါ။ မနေ့တုန်းက စီးနင်းရှာဖွေရာမှာ ထိုင်းဘတ်ငွေ ၁၈၆ သန်းကျော် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ကြောင်းလည်း ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အကြီးအကဲ ဝိချိုင် ချိုင်ရမွန်ကသတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"စီးနင်းရှာဖွေခဲ့တဲ့ လုပ်ငန်းဟာ မူးယစ်ဆေးဝါးမှောင်ခိုရာက တရားမဝင်ရရှိထားတဲ့ ငွေမည်းတွေကို ခဝါချပေးနေသူတွေဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဘက်က မူူးယစ်မှောင်ခိုသမားတွေကို ငွေကြေးလွဲပြောင်းနေသူတွေဖြစ်ကြောင်း" ပြောဆိုသွားတာပါ။

အာဏာပိုင်တွေ ဖမ်းဆီးတဲ့အချိန်မှာ မြန်မာနိုင်ငံက ဘဏ်စာရင်းတွေကို ထိုင်းဘတ်ငွေ သန်း ၂,၀၀၀ ကျော် လွှဲပြောင်းပေးပြီး ဖြစ်တာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

အမေရိကန် ဒေါ်လာ ၃,၀၀၀,၀၀၀ ကိုလည်း တွေ့ရှိ သိမ်းဆည်းခဲ့ပြီး စက်ရုံပိုင်ရှင် အမည်ခံထားသူ တရုတ်နွယ်ဖွားအသက် ၃၄ နှစ်အရွယ် ထိုင်းနိုင်ငံသူ လင် Lin Charles, ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ ငွေတွေကိုတော့ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ကတဆင့် မြန်မာနိုင်ငံတွင်းကို ပါဆယ်စနစ်နဲ့ ပို့ဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖေါ်ပြကြပါတယ်။

မနေ့တုန်းက တနေ့တည်းမှာပဲ ဘန်ကောက် - နွံထဘူရီနဲ့ -ချင်းမိုင် တာ့ခရိုင် မဲဆောက်စတဲ့ နေရာပေါင်း ၁၃ နေရာကို ဝင်ရောက် ရှာဖွေခဲ့ပြီး မူးယစ်ကွန်ယက်နဲ့ ဆက်နွယ်နေသူ ၁၁ဦး ဖမ်းမိခဲ့ပေမဲ့ နှစ် ဦးကတော့တဘက်နိုင်ငံကို ထွက်ပြေးသွားခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံအပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှ ဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုပမာဏဟာ ဒေါ်လာ ၇၁ ဘီလီယံထက်မနည်း ရှိခဲ့ပြီး ဒီအထဲမှာ Methamphetamine စိတ်ကြွဆေး မှောင်ခိုမှုက ၆၁ ဘီလီယံအထိ ရှိတယ်လို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG