သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ အလုပ္လုပ္ေနတဲ့ ထုိင္းႏုိင္ငံသားတခ်ဳိ႕ ကုိဗစ္ေၾကာင့္ ေနရပ္ျပန္ေရးအခက္ႀကံဳ


Photo- ၂၀၂၀ ဒီဇင္ဘာလ၄ ရက္ေန႔က ေနရပ္ျပန္ ထုိင္းမ်ား (CNCMC)

(Zawgyi/Unicode)

ထိုင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ့ကေန ေနရပ္ျပန္ဖို႔ စာရင္းေပးသြင္းတဲ့ ၄၀ေက်ာ္ထဲက ၁၆ ဦးသာ ေနရပ္ျပန္ခြင့္ရပါတယ္။ နယ္စပ္ျဖတ္ေက်ာ္လက္မွတ္မပါပဲ တရားမ၀င္ ၀င္ေရာက္လာတဲ့ ထုိင္းႏိုင္ငံသားေတြ ကုိေတာ့ အေရးယူသြားမွာျဖစ္တယ္လို႕ ျမန္မာအာဏာပိုင္ေတြကဆုိပါတယ္။ ဒီသတင္းကို ထိုင္း-ျမန္မာနယ္စပ္ကေန မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕က ေနရပ္ျပန္ထိုင္းေတြ မွာ ကိုဗစ္ကပ္ေရာဂါကူးစက္မူ လူဦးေရ ၁၀ဦးေက်ာ္လာခိ်န္မွာ ထိုင္းေတြ တရား၀င္ေနရပ္ျပန္ဖို႔ ထုိင္းအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ဒီေနာက္မွာေတာ့ ထုိင္းေတြ ေနရပ္ျပန္ရာမွာ ေသာၾကာေန႕မွာေတာ့ ထုိင္းသံရံုးရဲ ့ခြင့္ျပဳစာပါေပမယ့္တံတားျဖတ္ေက်ာ္ လက္မွတ္မပါတဲ့သူေတြကေတာ့ေနရပ္ျပန္လို႕ မရေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏိုင္းေရးေကာ္မတီ (CNCMC) အတြင္းေရးမႉး ဦးစည္သူေမာင္က အခုလိုေျပာျပပါတယ္။

“တံတားပိတ္တဲ့ ကာလတေလ်ာက္လံုးမွာ ေနရပ္ျပန္ထုိင္းႏိုင္ငံသားေတြကို သံရံုးခြင့္ျပဳခ်က္နဲ႕ ေထာက္ခံစာနဲ႔ ျပန္ပို႔ေပးတယ္။ တခါတရံမွာလည္း သံရံုးေထာက္ခံစာသာပါတယ္။ တံတားျဖတ္ေက်ာ္တဲ့စာ မပါဘူး ဒါေပမယ့္ တဖက္ႏိုင္ငံကသူတို႔ ႏိုင္ငံသားမွန္ရင္ၿပီးေရာ လာေရာက္လဲႊေျပာင္းႏုိင္ပါတယ္ ဆိုေတာ့ က်ေနာ္တို႔ က လက္ခံျပီးေတာ့ ျပန္လည္ လဲႊေျပာင္းေပးလိုက္တာေပါ့။ ဒီေန႕က်ေတာ့အစီစဥ္တမ်ိဳးျပန္ေျပာင္းသြားတယ္။ သံရံုးေထာက္ခံစာပါၿပီး တံတားကူးတဲ့စာမပါရင္ တဖက္ႏိုင္ငံကုိ ျပန္မပို႔ေတာ့ဘူးဆိုၿပီး ႏႈတ္မိန္႔ ေျပာင္းသြားေတာ့ အေယာက္ ၃၀ေက်ာ္ထဲမွာ စီစစ္ၿပီးထုတ္လိုက္ေတာ့ ၁၆ေယာက္ပဲ ဟုိဘက္ကို လဲႊေပးႏုိင္ခဲ့တယ္။ က်န္တဲ့လူေတြ ပိတ္မိတဲ့အဖဲြ ့ေတြကေတာ့ၿမိဳ ့ထဲမွာေလ်ာက္သြားႏုိင္ရင္ အႏၱရာယ္ ရွိႏိုင္တာေပါ့။ ဟုိတယ္ေတြျပန္ပို႔ေတာ့လည္း ဟိုတယ္ေတြက lock down လုပ္ထားတယ္ သူတို႔က လက္မခံၾကဘူး။ ေစာင့္ၾကည့္ေရးစင္တာပို႕ေတာ့လည္း ေစာင့္ၾကည့္စင္တာေတြက လက္မခံဘူး။ အခုေတာ့ ၿမိဳ ့ထဲမွာပတ္ေနႀကတယ္ ဘယ္မွာေနၾကမသိဘူး။”

အခုဆိုရင္ ကိုဗစ္ကပ္ေရာဂါကာလမွာ ျမန္မာျပည္က ေနထုိင္းကိုေနရပ္ျပန္သူေတြ ကုိ မတ္လက စျပီး ျပန္လည္ လဲႊေျပာင္းေပးတာလူ၈၀၀ေက်ာ္သြားၿပီလုိ႕ ဦးစည္သူေမာင္ကေျပာပါတယ္။

တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ကေတာ့ ျမန္မာႏိုင္ငံထဲကို တရားမ၀င္ ခိုး၀င္ေနထုိင္ အလုပ္လုပ္ကိုင္ေနတဲ့ သူေတြကေတာ့ အခု လဲႊေျပာင္းတဲ့အစီစဥ္မွာ မပါပဲ အေရးယူျပီးမွ လဲႊေျပာင္းေပးမယ္လုိ႕ ဆိုပါတယ္ ။

“အခုျပန္မရဘူးဆိုတဲ့သူေတြကေတာ့ ဘာစာရြက္စာတမ္းမရွိသူေတြ ျမန္မာႏိုင္ငံကုိ ခုိး၀င္လာတဲ့သူေတြေပါ့့။ ျမန္မာႏုိင္ငံထဲကုိ ခိုး၀င္လာသူေတြ ေပါ့။ ျမန္မာႏိုင္ငံထဲကို ခိုး၀င္ျပီး ၊ ခိုးျပီးအလုပ္လုပ္ေနတဲ့သူေတြ ဒီလူေတြကေတာ့ တံတားေပၚကျပန္တဲ့ အစီစဥ္ထဲမွာ ဘယ္အက်ံဳး၀င္မလဲ။ ဘာလုပ္ရမလဲဆုိေတာ ့ဒီလူေတြက ျမန္မာႏိုင္ငံထဲကုိ ခိုး၀င္လာတာ ျဖစ္တဲဲ့အတြက္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မူနဲ႔ အေရးယူဖို႔လိုတယ္ေလ။ လ၀က ကေန ျပည္၀င္ခြင့္ ဥပေဒနဲ႔ အေရးယူမွ တရားရံုးကျပစ္ဒဏ္ခ်ၿပီးမွ သက္ဆုိင္ရာ လ၀က နယ္ႏွင္တဲ့ ဥပေဒနဲ႔မွ သူတို့ကိုျပန္လည္လဲႊေျပာင္းေပးရတာေပါ့။”

ထုိင္းႏိုင္ငံရဲ႕ သတင္းေတြမွာေတာ့ ျမန္မာႏိုင္ငံ တာခ်ီလိတ္ ၿမိဳ႕မွာ ေနထုိင္အလုပ္လုပ္ကိုင္ေနတဲ့ ထုိင္းႏိုင္ငံသား ေထာင္ဂဏန္းေလာက္ရွိတယ္လို႔ ဆိုပါတယ္။ ေလာေလာဆည္မွာေတာ့ ထုိင္း- ျမန္မာနယ္စပ္ၿမိဳ႕ ျဖစ္တဲ့ တာခ်ီလိတ္ၿမိဳ ့မွာကူးစက္သူ ၆၅ဦး ထိ ရိွသြားပါျပီ။

ဒီကပ္ေဘးကာလမွာ အေထာက္အထားမျပည့္စံုတဲ့ ထုိင္းေရာ၊ ျမန္မာေရာ၊ တရုတ္ႏိုင္ငံသားမ်ားပါ ျမန္မာႏိုင္ငံထဲကေန ထုိင္းႏုိင္ငံထဲကို အမ်ားအျပားခိုး၀င္လာေနႀကပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄ ေထာင္ေက်ာ္ ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိး ကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂ ၀၂၈ ဦးနဲ႔ ကူးစက္သူ ၉၅,၀၀၀ ေက်ာ္ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

(Unicode)

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ကနေ နေရပ်ပြန်ဖို့ စာရင်းပေးသွင်းတဲ့ ၄၀ကျော်ထဲက ၁၆ ဦးသာ နေရပ်ပြန်ခွင့်ရပါတယ်။ နယ်စပ်ဖြတ်ကျော်လက်မှတ်မပါပဲ တရားမဝင် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေ ကိုတော့ အရေးယူသွားမှာဖြစ်တယ်လို့ မြန်မာအာဏာပိုင်တွေကဆိုပါတယ်။ ဒီသတင်းကို ထိုင်း-မြန်မာနယ်စပ်ကနေ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့က နေရပ်ပြန်ထိုင်းတွေ မှာ ကိုဗစ်ကပ်ရောဂါကူးစက်မူ လူဦးရေ ၁၀ဦးကျော်လာချိန်မှာ ထိုင်းတွေ တရားဝင်နေရပ်ပြန်ဖို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ဒီနောက်မှာတော့ ထိုင်းတွေ နေရပ်ပြန်ရာမှာ သောကြာနေ့မှာတော့ ထိုင်းသံရုံးရဲ့ခွင့်ပြုစာပါပေမယ့်တံတားဖြတ်ကျော် လက်မှတ်မပါတဲ့သူတွေကတော့နေရပ်ပြန်လို့ မရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC) အတွင်းရေးမှူး ဦးစည်သူမောင်က အခုလိုပြောပြပါတယ်။

“တံတားပိတ်တဲ့ ကာလတလျောက်လုံးမှာ နေရပ်ပြန်ထိုင်းနိုင်ငံသားတွေကို သံရုံးခွင့်ပြုချက်နဲ့ ထောက်ခံစာနဲ့ ပြန်ပို့ပေးတယ်။ တခါတရံမှာလည်း သံရုံးထောက်ခံစာသာပါတယ်။ တံတားဖြတ်ကျော်တဲ့စာ မပါဘူး ဒါပေမယ့် တဖက်နိုင်ငံကသူတို့ နိုင်ငံသားမှန်ရင်ပြီးရော လာရောက်လွဲှပြောင်းနိုင်ပါတယ် ဆိုတော့ ကျနော်တို့ က လက်ခံပြီးတော့ ပြန်လည် လွဲှပြောင်းပေးလိုက်တာပေါ့။ ဒီနေ့ကျတော့အစီစဉ်တမျိုးပြန်ပြောင်းသွားတယ်။ သံရုံးထောက်ခံစာပါပြီး တံတားကူးတဲ့စာမပါရင် တဖက်နိုင်ငံကို ပြန်မပို့တော့ဘူးဆိုပြီး နှုတ်မိန့် ပြောင်းသွားတော့ အယောက် ၃၀ကျော်ထဲမှာ စီစစ်ပြီးထုတ်လိုက်တော့ ၁၆ယောက်ပဲ ဟိုဘက်ကို လွဲှပေးနိုင်ခဲ့တယ်။ ကျန်တဲ့လူတွေ ပိတ်မိတဲ့အဖွဲ့တွေကတော့မြို့ထဲမှာလျောက်သွားနိုင်ရင် အန္တရာယ် ရှိနိုင်တာပေါ့။ ဟိုတယ်တွေပြန်ပို့တော့လည်း ဟိုတယ်တွေက lock down လုပ်ထားတယ် သူတို့က လက်မခံကြဘူး။ စောင့်ကြည့်ရေးစင်တာပို့တော့လည်း စောင့်ကြည့်စင်တာတွေက လက်မခံဘူး။ အခုတော့ မြို့ထဲမှာပတ်နေကြတယ် ဘယ်မှာနေကြမသိဘူး။”

အခုဆိုရင် ကိုဗစ်ကပ်ရောဂါကာလမှာ မြန်မာပြည်က နေထိုင်းကိုနေရပ်ပြန်သူတွေ ကို မတ်လက စပြီး ပြန်လည် လွဲှပြောင်းပေးတာလူ၈၀၀ကျော်သွားပြီလို့ ဦးစည်သူမောင်ကပြောပါတယ်။

တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကတော့ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ သူတွေကတော့ အခု လွဲှပြောင်းတဲ့အစီစဉ်မှာ မပါပဲ အရေးယူပြီးမှ လွဲှပြောင်းပေးမယ်လို့ ဆိုပါတယ် ။

“အခုပြန်မရဘူးဆိုတဲ့သူတွေကတော့ ဘာစာရွက်စာတမ်းမရှိသူတွေ မြန်မာနိုင်ငံကို ခိုးဝင်လာတဲ့သူတွေပေါ့။ မြန်မာနိုင်ငံထဲကို ခိုးဝင်လာသူတွေ ပေါ့။ မြန်မာနိုင်ငံထဲကို ခိုးဝင်ပြီး ၊ ခိုးပြီးအလုပ်လုပ်နေတဲ့သူတွေ ဒီလူတွေကတော့ တံတားပေါ်ကပြန်တဲ့ အစီစဉ်ထဲမှာ ဘယ်အကျုံးဝင်မလဲ။ ဘာလုပ်ရမလဲဆိုတော့ဒီလူတွေက မြန်မာနိုင်ငံထဲကို ခိုးဝင်လာတာ ဖြစ်တဲ့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်မူနဲ့ အရေးယူဖို့လိုတယ်လေ။ လဝက ကနေ ပြည်ဝင်ခွင့် ဥပဒေနဲ့ အရေးယူမှ တရားရုံးကပြစ်ဒဏ်ချပြီးမှ သက်ဆိုင်ရာ လဝက နယ်နှင်တဲ့ ဥပဒေနဲ့မှ သူတို့ကိုပြန်လည်လွဲှပြောင်းပေးရတာပေါ့။”

ထိုင်းနိုင်ငံရဲ့ သတင်းတွေမှာတော့ မြန်မာနိုင်ငံ တာချီလိတ် မြို့မှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ထောင်ဂဏန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ လောလောဆည်မှာတော့ ထိုင်း- မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ တာချီလိတ်မြို့မှာကူးစက်သူ ၆၅ဦး ထိ ရှိသွားပါပြီ။

ဒီကပ်ဘေးကာလမှာ အထောက်အထားမပြည့်စုံတဲ့ ထိုင်းရော၊ မြန်မာရော၊ တရုတ်နိုင်ငံသားများပါ မြန်မာနိုင်ငံထဲကနေ ထိုင်းနိုင်ငံထဲကို အများအပြားခိုးဝင်လာနေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄ ထောင်ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုး ကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂ ၀၂၈ ဦးနဲ့ ကူးစက်သူ ၉၅,၀၀၀ ကျော်ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG