သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၁၀၃,၁၆၆ ဦး၊ ေသဆံုး ၂,၁၇၄ ဦး


ႏွာေခါင္းစည္းတပ္ သြားလာေနသူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတေနရာတြင္ေတြ႔ရ။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၄၂၇ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၃ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ ညထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၁၈ ေယာက္က ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၂၀,၈၂၆ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၃၅၁,၉၁၈ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၂,၁၇၄ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၀၃,၁၆၆ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၉၈၉ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၈၁,၇၁၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၆.၈၅% ရွိၿပီး ျပန္ေကာင္းလာသူ ၇၉.၂% ၊ ေသဆုံးႏႈန္းက ၂.၁% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၇၈.၃% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

ျမန္မာႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ တာဝန္ရွိသူေတြ အျပင္းအထန္ ႀကိဳးစားေနရဆဲျဖစ္ၿပီး ပိတ္ပင္ကန္႔သတ္ခ်က္ေတြကိုလည္း ပိုၿပီး တင္းတင္းၾကပ္ၾကပ္ ခ်မွတ္ထားပါတယ္။

ဒါေပမဲ့လည္း ကပ္ေရာဂါပိုးပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လူထုၾကား လိုက္နာတဲ့အပိုင္းမွာ အားနည္းခ်က္ေတြ ရွိေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၃,၁၆၆ ဦး၊ သေဆုံး ၂,၁၇၄ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၈ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၈၂၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၃၅၁,၉၁၈ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၁၇၄ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၀၃,၁၆၆ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၉၈၉ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၈၁,၇၁၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၆.၈၅% ရှိပြီး ပြန်ကောင်းလာသူ ၇၉.၂% ၊ သေဆုံးနှုန်းက ၂.၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၈.၃% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဖို့ တာဝန်ရှိသူတွေ အပြင်းအထန် ကြိုးစားနေရဆဲဖြစ်ပြီး ပိတ်ပင်ကန့်သတ်ချက်တွေကိုလည်း ပိုပြီး တင်းတင်းကြပ်ကြပ် ချမှတ်ထားပါတယ်။

ဒါပေမဲ့လည်း ကပ်ရောဂါပိုးပျံ့နှံ့မှု ထိန်းချုပ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူထုကြား လိုက်နာတဲ့အပိုင်းမှာ အားနည်းချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG