သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၁၀၁,၇၃၉ ဦး၊ ေသဆံုး ၂၁၅၁ ဦး


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ႏွာေခါင္းစည္းတပ္ လာသြားလမ္းလာတခ်ိဳ႕ကို ေတြ႔ရ။ (ဒီဇင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ COVID 19 လူနာ အသစ္ ၁,၃၀၈ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ အခုထိကူးစက္သူေပါင္းက ၁၀၁,၇၃၉ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ ဒီဇင္ဘာလ ၈ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ ၂၃,၃၄၈ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ေရာဂါကူးစက္ထားသူ ၁၃၀၀ ေက်ာ္ကိုေတြ႕ရွိခဲ့တာပါ။

ဒီကေန႔ ေသဆုံးသူက ၁၉ ေယာက္ရွိတဲ့ အတြက္ စုစုေပါင္း ေသဆုံးသူ ၂,၁၅၁ ေယာက္ရွိပါတယ္။

အတည္ျပဳလူနာေတြထဲ ျပန္လည္က်န္းမာလာၿပီး ေဆး႐ုံကဆင္းခြင့္ရသူက အခုထိ ၈၀,၇၂၆ ေယာက္ရွိပါတယ္။

ဒီကေန႔ ေသဆုံးတဲ့ လူနာ ၁၉ ေယာက္မွာ ၁၇ ေယာက္က ေရာဂါ အခံရွိတဲ့ သူေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံတြင္း COVID 19 ေရာဂါ ကူးစက္မႈႏႈန္း က်ဆင္းမသြားေသးတာေၾကာင့္ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ႀကီးေတြမွာ ကန႔္သတ္မႈအသစ္ေတြတိုးျမႇင့္လုပ္ေဆာင္ေနသလို၊ COVID19 ကူးစက္မႈ သံသယရွိသူေတြကို ထားမယ့္ သီးျခားခြဲေစာင့္ၾကည့္ေနရာေတြနဲ႔ ကုသေရးစင္တာေတြကိုလည္း တိုးျမႇင့္ဖြင့္လွစ္ေနရပါတယ္။

ျပည္သူလူထုအေနနဲ႔ ၫႊန္ၾကားခ်က္ေတြကို အခုထက္ပိုၿပီး တိတိက်က် လိုက္နာေဆာင္႐ြက္ႏိုင္ရင္ ေရာဂါျဖစ္ပြါးတဲ့ႏႈန္း က်ဆင္းလာမွာျဖစ္တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးတိုက္တြန္းထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၀၁,၇၃၉ ဦး၊ သေဆုံး ၂၁၅၁ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID 19 လူနာ အသစ် ၁,၃၀၈ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိကူးစက်သူပေါင်းက ၁၀၁,၇၃၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၃,၃၄၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်ထားသူ ၁၃၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။

ဒီကနေ့ သေဆုံးသူက ၁၉ ယောက်ရှိတဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၂,၁၅၁ ယောက်ရှိပါတယ်။

အတည်ပြုလူနာတွေထဲ ပြန်လည်ကျန်းမာလာပြီး ဆေးရုံကဆင်းခွင့်ရသူက အခုထိ ၈၀,၇၂၆ ယောက်ရှိပါတယ်။

ဒီကနေ့ သေဆုံးတဲ့ လူနာ ၁၉ ယောက်မှာ ၁၇ ယောက်က ရောဂါ အခံရှိတဲ့ သူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း COVID 19 ရောဂါ ကူးစက်မှုနှုန်း ကျဆင်းမသွားသေးတာကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကန့်သတ်မှုအသစ်တွေတိုးမြှင့်လုပ်ဆောင်နေသလို၊ COVID19 ကူးစက်မှု သံသယရှိသူတွေကို ထားမယ့် သီးခြားခွဲစောင့်ကြည့်နေရာတွေနဲ့ ကုသရေးစင်တာတွေကိုလည်း တိုးမြှင့်ဖွင့်လှစ်နေရပါတယ်။

ပြည်သူလူထုအနေနဲ့ ညွှန်ကြားချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရင် ရောဂါဖြစ်ပွါးတဲ့နှုန်း ကျဆင်းလာမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားပါတယ်။

XS
SM
MD
LG