သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ေသဆံုးသူေပါင္း ၉၂% ေက်ာ္ ရန္ကုန္တိုင္းမွာျဖစ္ေန (ေဒၚေအာင္ဆန္းစုၾကည္)


Myanmar State Counsellor Office

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္မႈေပါင္း ၁ သိန္းေက်ာ္လာေနတာနဲ႔အမ ွ် ကူးစက္မႈေတြ အမ်ားဆံုး ရွိေနတဲ့ ရန္ကုန္ျမိဳ႕မွာ ေရာဂါထိန္းခ်ဳပ္ေရး ပိုမို သတိထားၾကဖို႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ထပ္မံ တိုက္တြန္းလိုက္ပါတယ္။

“အခု ကိုဗစ္ ၁၉ ရဲ႕ ေနာက္ဆံုးေအျခအအေနေျပာရမယ္ဆိုရင္ ရန္ကုန္တိုင္းကေတာ့ အထူးသတိထားရမယ္ဆိုတာ က်မ အရင္လည္း ေျပာျပီးပါၿပီ။ ထပ္ေလာင္းၿပီးေတာ့လည္း ေျပာခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခု ရန္ကုန္တိုင္းမွာဆိုရင္ အတည္ျပဳလူနာအားလံုးေပါ့၊ ဒီေရာဂါစၿပီးျဖစ္ကတည္းက အတည္ျပဳလူနာအားလံုးရဲ႕ ၇၄ ရာခိုင္ႏႈန္းဟာ ရန္ကုန္တုိင္းက ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ေသဆံုးသူအားလံုးရဲ႕ ၉၂ ဒသမ ၇ ရာခိုင္ႏႈန္းဟာလည္း ရန္ကုန္တုိင္းကပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရန္ကုန္တုိင္းက အထူးသတိထားဖို႔ လိုတယ္လို႔ က်မတို႔ ထပ္တလဲလဲ ေျပာတာပါ။”

ျပည္သူလူထုေတြ အေနနဲ႔ ေရာဂါထိန္းခ်ဳပ္ေရး စည္မ်ဥ္းစည္းကမ္းေတြကို ပိုမို လိုက္နာၾကဖို႔ နဲ႔ ျပည္သေူတြ ပူးေပါင္းေဆာင္ရြက္မွသာ ဒီေရာဂါကို ထိန္းခ်ဳပ္ႏုိင္မွာ ျဖစ္တယ္လို႔လည္း COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ တာ၀န္ယူထားတဲ့ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏုိင္ငံတြင္း ဒီေရာဂါ ကူးစက္မႈ အေျခေနေတြနဲ႔ ပတ္သက္လို႔ ျပည္သူေတြကို တနလၤာေန႔က အစီရင္ခံ တင္ျပခ်ိန္မွာ ေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ တနလၤာေန႔က ဓာတ္ခြဲစမ္းသပ္မႈနမူနာ ၁ ေသာင္း ၉ေထာင္ေက်ာ္ စစ္ေဆးခဲ့တာမွာ ေရာဂါ ကူးစက္သူ ၁၂၇၆ ေယာက္နဲ႔ ေသဆံုးသူ ၂၂ ဦး တိုးလာတဲ့အေၾကာင္း က်န္းမာေရးနဲ႔အားကစား ၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။ အခုဆိုရင္ ႏုိင္ငံတ၀ွမ္း ကူးစက္သူေပါင္း ၁ သိ္န္းေက်ာ္သြားျပီ ျဖစ္ျပီး ေသဆံုးသူကေတာ့ ၂၁၀၀ ေက်ာ္ ရွိပါတယ္။ ေရာဂါ စမ္းသပ္ စစ္ေဆးမႈေပါင္းကေတာ့ တနလၤာေန႔အထိဆိုရင္ ၁ သန္း ၃ သိန္းေက်ာ္ စစ္ေဆးခဲ့ျပီး ျဖစ္ပါတယ္။

...............

ကိုဗစ်ကြောင့်သေဆုံးသူပေါင်း ၉ ၂% ကျော် ရန်ကုန်တိုင်းမှာဖြစ်နေ (ဒေါ်အောင်ဆန်းစုကြည်)

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုပေါင်း ၁ သိန်းကျော်လာနေတာနဲ့အမ ျှ ကူးစက်မှုတွေ အများဆုံး ရှိနေတဲ့ ရန်ကုန်မြို့မှာ ရောဂါထိန်းချုပ်ရေး ပိုမို သတိထားကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

“အခု ကိုဗစ် ၁၉ ရဲ့ နောက်ဆုံးအေခြအအနေပြောရမယ်ဆိုရင် ရန်ကုန်တိုင်းကတော့ အထူးသတိထားရမယ်ဆိုတာ ကျမ အရင်လည်း ပြောပြီးပါပြီ။ ထပ်လောင်းပြီးတော့လည်း ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရန်ကုန်တိုင်းမှာဆိုရင် အတည်ပြုလူနာအားလုံးပေါ့၊ ဒီရောဂါစပြီးဖြစ်ကတည်းက အတည်ပြုလူနာအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ နောက်ပြီးတော့ သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်းကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းက အထူးသတိထားဖို့ လိုတယ်လို့ ကျမတို့ ထပ်တလဲလဲ ပြောတာပါ။”

ပြည်သူလူထုတွေ အနေနဲ့ ရောဂါထိန်းချုပ်ရေး စည်မျဉ်းစည်းကမ်းတွေကို ပိုမို လိုက်နာကြဖို့ နဲ့ ပြည်သေူတွ ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့လည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း ဒီရောဂါ ကူးစက်မှု အခြေနေတွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို တနင်္လာနေ့က အစီရင်ခံ တင်ပြချိန်မှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ တနင်္လာနေ့က ဓာတ်ခွဲစမ်းသပ်မှုနမူနာ ၁ သောင်း ၉ထောင်ကျော် စစ်ဆေးခဲ့တာမှာ ရောဂါ ကူးစက်သူ ၁၂၇၆ ယောက်နဲ့ သေဆုံးသူ ၂၂ ဦး တိုးလာတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် နိုင်ငံတဝှမ်း ကူးစက်သူပေါင်း ၁ သိန်းကျော်သွားပြီ ဖြစ်ပြီး သေဆုံးသူကတော့ ၂၁၀၀ ကျော် ရှိပါတယ်။ ရောဂါ စမ်းသပ် စစ်ဆေးမှုပေါင်းကတော့ တနင်္လာနေ့အထိဆိုရင် ၁ သန်း ၃ သိန်းကျော် စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG