သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု ၉၉,၁၅၅ ဦး၊ သေဆုံး ၂,၁၁၀ ဦး


ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ COVID-19 ရောဂါ အပြင်းအထန် ခံစားနေရသူတွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀။ ဓာတ်ပုံ -MOHS)
ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ COVID-19 ရောဂါ အပြင်းအထန် ခံစားနေရသူတွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀။ ဓာတ်ပုံ -MOHS)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူဦးရေဟာ ၉၉,၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၁၀၈ ယောက် ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ကူးစက်သူဦးရေဟာ ၉၉,၁၅၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၅၄၁ ခုကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ နောက်ထပ် ၂၉ ယောက်ရှိတာကြောင့် သေဆုံးသူအရေအတွက် ၂,၁၁၀ ရှိသွားပြီလို့လည်း ပြောပါတယ်။ အဲဒီသေဆုံးသူ ၂၉ ယောက်ထဲက ၂၅ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီနေ့မှာ ဆေးရုံကဆင်းခွင့်ရသူ နောက်ထပ် ၁,၂၅၄ ယောက်ရှိတဲ့အတွက် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ဦးရေဟာလည်း ၇၇,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

မနေ့ကတော့ ဗိုင်းရပ်စ်ကူးစက်သူ ၁,၅၂၇ ယောက်ရှိခဲ့ပြီး ပြည်ပက ပြန်လာတဲ့သူ ၅ ယောက် ပါဝင်ပါတယ်။ ဒီထဲမှာ ရန်ကုန်တိုင်းက ၈၄၈ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းက ၂၆၈ ယောက်နဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၈၆ ယောက်နဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG