သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆးရတာနဲ႔ အျမန္ဆုံးအသုံးျပဳမယ္လုိ႔ အတုိင္ပင္ခံပုဂၢဳိလ္ေျပာ


ဓါတ္ပံု- Myanmar State Counsellor Office

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ကိုဗစ္ ကာကြယ္ေဆး ရတဲ့အခါ အျမန္ဆုံး စၿပီး သုံးဖို႔ စီစဥ္ေနၿပီ ျဖစ္ေပမယ့္ ကာကြယ္ေဆး အက်ိဳးသက္ေရာက္မႈ အျပည့္အဝ ရွိဖို႔ ျပည္သူလူထု အေနနဲ႔ သတိထားဖို႔ လိုတယ္လို႔ နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“အခုဆိုရင္ ကာကြယ္ထိုးေဆးကို တခ်ိဳ႕ႏိုင္ငံေတြမွာ စၿပီးေတာ့ သံုးေနပါၿပီ။ သံုးေနတယ္ဆိုတာ တခ်ိဳ႕ႏိုင္ငံေတြမွာ က်ယ္က်ယ္ျပန္႕ျပန္႔ ဒီအပတ္ကစၿပီးေတာ့ သံုးေတာ့မယ္ဆိုၿပီးေတာ့့ ေၾကညာထားတာရွိတယ္။ တခ်ို႕ေတြက စၿပီးေတာ့ေတာင္မွ စမ္းၿပီးေတာ့ သံုးေနပါၿပီ။ ဒီေတာ့ က်မတို႕ႏိုင္ငံဟာလည္း ကာကြယ္ေဆးရတဲ့အခါမွာ ကာကြယ္ေဆးသံုးလို႔ အဆင္ေျပမယ့္ အခ်ိန္မွာဆိုရင္ အျမန္ဆံုးစၿပီးသံုးဖို႔ က်မတို႔ စီစဥ္ေနပါၿပီ။ သို႔ေသာ္ျငားလည္း ျပည္သူလူထုအေနနဲ႔ ဒီကာကြယ္ေဆးရဲ႕ အက်ိဳးသက္ေရာက္မႈကို အျပည့္အ၀ ခံစားဖုိ႔ဆိုရင္ အခုအခ်ိန္မွာ သိပ္ၿပီးေတာ့ သတိထားဖို႔ လိုတယ္။ က်မတို႕ဘာျဖစ္လို႔ဒီလိုေျပာရတာလဲဆိုရင္ တခ်ိဳ႕ကေနၿပီးေတာ့ ကာကြယ္ေဆး ရေတာ့မွာပဲ ဆိုၿပီးေတာ့ ေပါ့သြားမွာကို က်မ စိုးရိမ္ပါတယ္။ ဒီလိုေပါ့သြားလို႔ မျဖစ္ပါဘူး။”

ကိုဗစ္ေရာဂါရဲ႕ ေနာင္ အက်ိဳးဆက္ ဘယ္လိုရွိလဲဆိုတာ မသိတဲ့အတြက္ ေပါ့ဆလို႔ မရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ ေနာက္ဆုံး အေျခအေန ျပည္သူကို အစီရင္ခံ တင္ျပရာမွာ ထည့္သြင္း ေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ မေန႔က ကိုဗစ္ေၾကာင့္ ေသဆုံးသူက ၁၉ ေယာက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္ စုစုေပါင္း ေသဆုံးသူ ၂,၁၅၁ ေယာက္ ရွိၿပီ ျဖစ္ပါတယ္။

ကိုဗစ္ ကူးစက္မႈ ဆက္လက္ ျမင့္တက္ေနတဲ့ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ႀကီးေတြမွာ ကန႔္သတ္မႈအသစ္ေတြတိုးျမႇင့္လုပ္ေဆာင္ေနသလို၊ COVID19 ကူးစက္မႈ သံသယရွိသူေတြကို ထားမယ့္ သီးျခားခြဲေစာင့္ၾကည့္ေနရာေတြနဲ႔ ကုသေရးစင္တာေတြကိုလည္း တိုးျမႇင့္ ဖြင့္လွစ္ေနရပါတယ္။

ဒီအေတာအတြင္း ျမန္မာနိုင္ငံမွာ မေန႔ အဂၤါည ၈ နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ COVID 19 လူနာ အသစ္ ၁,၃၀၈ ေယာက္ထပ္မံ ေတြ႕ရွိတာ ေၾကာင့္ ကူးစက္သူေပါင္း ၁၀၁,၇၃၉ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ ဒီဇင္ဘာလ ၈ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ ၂၃,၀၀၀ ေက်ာ္ကို စစ္ ေဆးခဲ့တာမွာ အခုလို ေရာဂါကူးစက္ထားသူ ၁၃၀၀ ေက်ာ္ကိုေတြ႕ရွိခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်ကာကွယ်ဆေးရတာနဲ့ အမြန်ဆုံးအသုံးပြုမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေး ရတဲ့အခါ အမြန်ဆုံး စပြီး သုံးဖို့ စီစဉ်နေပြီ ဖြစ်ပေမယ့် ကာကွယ်ဆေး အကျိုးသက်ရောက်မှု အပြည့်အဝ ရှိဖို့ ပြည်သူလူထု အနေနဲ့ သတိထားဖို့ လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခုဆိုရင် ကာကွယ်ထိုးဆေးကို တချို့နိုင်ငံတွေမှာ စပြီးတော့ သုံးနေပါပြီ။ သုံးနေတယ်ဆိုတာ တချို့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဒီအပတ်ကစပြီးတော့ သုံးတော့မယ်ဆိုပြီးတော့ ကြေညာထားတာရှိတယ်။ တချို့တွေက စပြီးတော့တောင်မှ စမ်းပြီးတော့ သုံးနေပါပြီ။ ဒီတော့ ကျမတို့နိုင်ငံဟာလည်း ကာကွယ်ဆေးရတဲ့အခါမှာ ကာကွယ်ဆေးသုံးလို့ အဆင်ပြေမယ့် အချိန်မှာဆိုရင် အမြန်ဆုံးစပြီးသုံးဖို့ ကျမတို့ စီစဉ်နေပါပြီ။ သို့သော်ငြားလည်း ပြည်သူလူထုအနေနဲ့ ဒီကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို အပြည့်အ၀ ခံစားဖို့ဆိုရင် အခုအချိန်မှာ သိပ်ပြီးတော့ သတိထားဖို့ လိုတယ်။ ကျမတို့ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုရင် တချို့ကနေပြီးတော့ ကာကွယ်ဆေး ရတော့မှာပဲ ဆိုပြီးတော့ ပေါ့သွားမှာကို ကျမ စိုးရိမ်ပါတယ်။ ဒီလိုပေါ့သွားလို့ မဖြစ်ပါဘူး။”

ကိုဗစ်ရောဂါရဲ့ နောင် အကျိုးဆက် ဘယ်လိုရှိလဲဆိုတာ မသိတဲ့အတွက် ပေါ့ဆလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် နောက်ဆုံး အခြေအနေ ပြည်သူကို အစီရင်ခံ တင်ပြရာမှာ ထည့်သွင်း ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က ကိုဗစ်ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း သေဆုံးသူ ၂,၁၅၁ ယောက် ရှိပြီ ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်မှု ဆက်လက် မြင့်တက်နေတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကန့်သတ်မှုအသစ်တွေတိုးမြှင့်လုပ်ဆောင်နေသလို၊ COVID19 ကူးစက်မှု သံသယရှိသူတွေကို ထားမယ့် သီးခြားခွဲစောင့်ကြည့်နေရာတွေနဲ့ ကုသရေးစင်တာတွေကိုလည်း တိုးမြှင့် ဖွင့်လှစ်နေရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ မနေ့ အင်္ဂါည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID 19 လူနာ အသစ် ၁,၃၀၈ ယောက်ထပ်မံ တွေ့ရှိတာ ကြောင့် ကူးစက်သူပေါင်း ၁၀၁,၇၃၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၃,၀၀၀ ကျော်ကို စစ် ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်ထားသူ ၁၃၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG