[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာ ၁၀၄,၀၀၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔ ဒီဇင္ဘာလ ၁၀ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ ၁,၃၂၁ ေယာက္႐ွိတာေၾကာင့္ အတည္ျပဳလူနာ စုစုေပါင္း ၁၀၄,၄၈၇ ေယာက္ျဖစ္ပါတယ္။
ေသဆံုးသူကလည္း ဒီေန႔ ေနာက္ထပ္ ၂၇ ေယာက္ျဖစ္ပါတယ္။ အဲဒီထဲမွာ ၂၁ ေယာက္က ေရာဂါအခံ႐ွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ အခုခ်ိန္အထိ ေသဆံုးသူ စုစုေပါင္းက ၂,၂၀၁ ေယာက္ျဖစ္ပါတယ္။
ဒီေန႔ ဓာတ္ခဲြနမူနာ စုစုေပါင္း ၂၂,၂၄၁ ခု စစ္ေဆးခ့ဲတယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ပိုးေတြ႔႐ွိမႈ ရာခိုင္ႏႈန္းကေတာ့ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ ၇.၈% ႐ွိခဲ့ၿပီး ဒီေန႔ ၁၀ ရက္ေန႔မွာ ၅.၉% ျဖစ္ပါတယ္။
ကိုဗစ္အတည္ျပဳလူနာေတြထဲမွာ ဒီေန႔အထိ ေဆး႐ံုကဆင္းခြင့္ရသူ စုစုေပါင္းက ၈၂,၈၁၃ ေယာက္ပါ။
ေလာေလာဆယ္ အတည္ျပဳလူနာအမ်ားဆံုးက ရန္ကုန္တုိင္းထဲမွာျဖစ္ပါတယ္။ ဖားကန္႔ေဒသအပါအဝင္ ကပ္ေရာဂါကူးစက္မႈ တိုးလာတဲ့ ကခ်င္ျပည္နယ္ထဲမွာ သြားလာလႈပ္႐ွားမႈ ကန္႔သတ္ခ်က္ေတြ၊ ေစာင့္ၾကည့္စစ္ေဆးမႈေတြ ပိုလုပ္ေနတယ္လို႔ ဖားကန္႔ၾကက္ေျခနီအသင္းက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံကလည္း ျမန္မာႏိုင္ငံဘက္က တင္ပို႔မယ့္ ေရထြက္ကုန္ပစၥည္းေတြကို ေရာဂါပိုးကင္း႐ွင္းေၾကာင္း အေထာက္အထားျပရမယ္လို႔ ကန္႔သတ္လိုက္ပါတယ္။
[Unicode Version]
မြန်မာ COVID-19 ရောဂါကူးစက်သူ ၁၀၄,၀၀၀ ကျော်၊ သေဆုံးသူ ၂,၂၀၀ ကျော်ရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၀၄,၀၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၁,၃၂၁ ယောက်ရှိတာကြောင့် အတည်ပြုလူနာ စုစုပေါင်း ၁၀၄,၄၈၇ ယောက်ဖြစ်ပါတယ်။
သေဆုံးသူကလည်း ဒီနေ့ နောက်ထပ် ၂၇ ယောက်ဖြစ်ပါတယ်။ အဲဒီထဲမှာ ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အခုချိန်အထိ သေဆုံးသူ စုစုပေါင်းက ၂,၂၀၁ ယောက်ဖြစ်ပါတယ်။
ဒီနေ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၂,၂၄၁ ခု စစ်ဆေးခဲ့တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပိုးတွေ့ရှိမှု ရာခိုင်နှုန်းကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ၇.၈% ရှိခဲ့ပြီး ဒီနေ့ ၁၀ ရက်နေ့မှာ ၅.၉% ဖြစ်ပါတယ်။
ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ဒီနေ့အထိ ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်းက ၈၂,၈၁၃ ယောက်ပါ။
လောလောဆယ် အတည်ပြုလူနာအများဆုံးက ရန်ကုန်တိုင်းထဲမှာဖြစ်ပါတယ်။ ဖားကန့်ဒေသအပါအဝင် ကပ်ရောဂါကူးစက်မှု တိုးလာတဲ့ ကချင်ပြည်နယ်ထဲမှာ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေ၊ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့ ဖားကန့်ကြက်ခြေနီအသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံဘက်က တင်ပို့မယ့် ရေထွက်ကုန်ပစ္စည်းတွေကို ရောဂါပိုးကင်းရှင်းကြောင်း အထောက်အထားပြရမယ်လို့ ကန့်သတ်လိုက်ပါတယ်။