သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံး အသုံးပြုခွင့်ပေးဖို့ FDA ကို အိမ်ဖြူတော် ဖိအားပေး


(Zawgyi/Unicode)

အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမဏီက BioNTech တို့က ထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ်အခြေနေအတွက် အသုံးပြုခွင့် သောကြာနေ့မှာ အတည်ပြုပေးဖို့ သမ္မတအိမ်ဖြူ ဝန်ထမ်းအကြီးအကဲ Mark Meadows က အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေး ဆိုင်ရာ ဌာန FDA ကို ဖိအားပေးနေပါတယ်။

ဒီကာကွယ်ဆေးကို ပြင်ပအကြံပေးတွေ ပါဝင်တဲ့ FDA အဖွဲ့က ကြာသပတေးနေ့မှာ အရေးပေါ်အခြေနေ သုံးခွင့် အတည်ပြခဲ့တာ ဖြစ်ပြီး နောက်တဆင့်အနေနဲ့ ဒီဆေးကို လူုထုကို ထိုးပေးနိုင်ရေး အတွက် FDA က ချထားပေးရမှာ ဖြစ်ပါတယ်။

FDA အကြီးအကဲ Stephen Hahn ကို သောကြာနေ့မှာ Mark Meadows က တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး ပြောကြားခဲ့တာ ဖြစ်ကြောင်း အကြီးတန်း အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းမှာ ဖေါ်ပြပါတယ်။ ပြောကြားတဲ့ အကြောင်းရာ အသေးစိတ်ကို ထုတ်မပြောပေမယ့် စည်းကမ်းသတ်မှတ်ချက် ချမှတ်သူတွေကို Hahn က တင်ပြဖို့ရှိကြောင်းလည်း ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီကာကွယ်ဆေး အတွက် အတည်ပြုချက် အမြန်ချထားပေးရေး ဖိအားပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)





XS
SM
MD
LG