သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ရဲ႕ ပထမဆံုး ကိုဗစ္ကာကြယ္ေဆး FDA အတည္ျပဳၿပီ


Pfizer နဲ႔ BioNTech တို႔ ပူးတြဲထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆး။ (ဒီဇင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

Pfizer နဲ႔ ဂ်ာမန္ကုမၸဏီ BioNTech တို႔ ပူးတြဲထုတ္လုပ္တဲ့ COVID-19 ကာကြယ္ေဆးကို အေမရိကန္ျပည္ေထာင္စုမွာ အသံုးျပဳဖို႔အတြက္ ပထမဆံုးအႀကိမ္အျဖစ္ ခြင့္ျပဳလိုက္ပါၿပီ။

ဒီကာကြယ္ေဆးဟာ ေဘးရန္ကင္းၿပီး ဗိုင္းရပ္စ္ကူးစက္မႈကို အခုိင္အမာ ကာကြယ္ႏုိင္တယ္လုိ႔ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာန (FDA) က ေသာၾကာေန႔မွာေျပာၿပီး အတည္ျပဳေပးလိုက္တာပါ။

အခုလို ပထမဆံုး ကာကြယ္ေဆးကို သံုးစြဲဖို႔ အတည္ျပဳေပးလိုက္တဲ့အေပၚ သမၼတ Donald Trump က ဂုဏ္ယူေျပာဆိုခဲ့ပါတယ္။

"ဒီကေန႔မွာ က်ေနာ္တုိ႔ႏုိင္ငံဟာ ေဆးဘက္ဆိုင္ရာ အံ့မခန္းအေျခအေနတခု ေအာင္ျမင္ရရွိခဲ့ပါၿပီ။ ေဘးကင္းၿပီး ထိေရာက္တဲ့ ကာကြယ္ေဆးတခုကုိ ၉ လအတြင္းမွာ က်ေနာ္တုိ႔ ထုတ္ႏုိင္ခဲ့ပါၿပီ။ ဒါဟာ သမိုင္းမွာ အႀကီးမားဆံုး သိပၸံပညာရပ္ဆိုင္ရာ ေအာင္ျမင္မႈႀကီးတခုပါ။ ဒီေဆးဟာ လူသန္းေပါင္းမ်ားစြာရဲ႕ အသက္ကုိ ကယ္တင္မွာျဖစ္ၿပီး ကပ္ေရာဂါကို သိပ္မၾကာခင္မွာပဲ လံုးဝခ်ဳပ္ၿငိမ္းသြားေစမွာ ျဖစ္ပါတယ္။" လို႔ သမၼတ Trump က ဗီြဒီယုိ႐ိုက္ကူးေျပာဆိုၿပီး တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။

အေရးေပၚအေျခအေနအျဖစ္ အသံုးျပဳဖို႔ FDA က အတည္ျပဳေပးလိုက္တဲ့ ကာကြယ္ေဆးကို ၂၄ နာရီအတြင္း ထိုးေပးမွာျဖစ္ၿပီး အေမရိကန္ႏုိင္ငံသား အားလံုးအတြက္ အခမဲ့ထိုးေပးမွာျဖစ္တယ္လို႔ သမၼတက ဆိုပါတယ္။

သမၼတ Trump ရဲ႕ အခုေျပာဆိုခ်က္က က်န္းမာေရးတာဝန္ရွိသူေတြ ေျပာဆိုထားတာနဲ႔ေတာ့ ဆန္႔က်င္ေနပါတယ္။ အေမရိကန္ႏုိင္ငံသား အမ်ားအျပား ကာကြယ္ေဆး ထိုးရဖို႔အတြက္က ေနာက္ထပ္ လေပါင္းမ်ားစြာၾကာႏုိင္ၿပီး COVID-19 ခ်ဳပ္ၿငိမ္းသြားဖို႔ ဆိုတာကေတာ့ အေဝးႀကီး လိုေသးတယ္လုိ႔ က်န္းမာေရးပညာရွင္ေတြ၊ တာဝန္ရွိသူေတြက ေျပာထားတာပါ။

ေရြးေကာက္ခံသမၼတ Joe Biden က သူ႔အစိုးရအဖြဲ႔ ပထမရက္ေပါင္း ၁၀၀ အတြင္းမွာ ကာကြယ္ေဆး သန္း ၁၀၀ ထက္မနည္း ထိုးေပးမယ္လုိ႔ ဒီသီတင္းပတ္အေစာပိုင္းက ကတိေပးခဲ့ၿပီး အခုကာကြယ္ေဆးကို အတည္ျပဳလိုက္တာနဲ႔ ပတ္သက္လို႔ေတာ့ ဘာမွေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အမေရိကန်ရဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး FDA အတည်ပြုပြီ

Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါပြီ။

ဒီကာကွယ်ဆေးဟာ ဘေးရန်ကင်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကို အခိုင်အမာ ကာကွယ်နိုင်တယ်လို့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က သောကြာနေ့မှာပြောပြီး အတည်ပြုပေးလိုက်တာပါ။

အခုလို ပထမဆုံး ကာကွယ်ဆေးကို သုံးစွဲဖို့ အတည်ပြုပေးလိုက်တဲ့အပေါ် သမ္မတ Donald Trump က ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

"ဒီကနေ့မှာ ကျနော်တို့နိုင်ငံဟာ ဆေးဘက်ဆိုင်ရာ အံ့မခန်းအခြေအနေတခု အောင်မြင်ရရှိခဲ့ပါပြီ။ ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးတခုကို ၉ လအတွင်းမှာ ကျနော်တို့ ထုတ်နိုင်ခဲ့ပါပြီ။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုကြီးတခုပါ။ ဒီဆေးဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်မှာဖြစ်ပြီး ကပ်ရောဂါကို သိပ်မကြာခင်မှာပဲ လုံးဝချုပ်ငြိမ်းသွားစေမှာ ဖြစ်ပါတယ်။" လို့ သမ္မတ Trump က ဗွီဒီယိုရိုက်ကူးပြောဆိုပြီး တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

အရေးပေါ်အခြေအနေအဖြစ် အသုံးပြုဖို့ FDA က အတည်ပြုပေးလိုက်တဲ့ ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးပေးမှာဖြစ်ပြီး အမေရိကန်နိုင်ငံသား အားလုံးအတွက် အခမဲ့ထိုးပေးမှာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

သမ္မတ Trump ရဲ့ အခုပြောဆိုချက်က ကျန်းမာရေးတာဝန်ရှိသူတွေ ပြောဆိုထားတာနဲ့တော့ ဆန့်ကျင်နေပါတယ်။ အမေရိကန်နိုင်ငံသား အများအပြား ကာကွယ်ဆေး ထိုးရဖို့အတွက်က နောက်ထပ် လပေါင်းများစွာကြာနိုင်ပြီး COVID-19 ချုပ်ငြိမ်းသွားဖို့ ဆိုတာကတော့ အဝေးကြီး လိုသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေ၊ တာဝန်ရှိသူတွေက ပြောထားတာပါ။

ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရအဖွဲ့ ပထမရက်ပေါင်း ၁၀၀ အတွင်းမှာ ကာကွယ်ဆေး သန်း ၁၀၀ ထက်မနည်း ထိုးပေးမယ်လို့ ဒီသီတင်းပတ်အစောပိုင်းက ကတိပေးခဲ့ပြီး အခုကာကွယ်ဆေးကို အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့တော့ ဘာမှပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG